မြတ်လေးငုံ
06 December 2010
မြန်မာနိုင်ငံ ၏ ခေတ်အဆက်ဆက် အကြွေ ဒင်္ဂါးစေ့ များနှင့် ငွေစက္ကူပိုက်ဆံ များ
ဒီငွေစက္ကူတွေကတော့ လူတော်တော်များများသိကြမှာပါ.။
ပြန်လည် မျှဝေ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။
ယနေ့ တောင်ဒဂုံရှိ HIV ဝေဒနာရှင်များ ဂေဟာသို့ ပြည်တွင်း ဂျာနယ်လစ်များ လာရောက် လှူဒါန်း(သတင်း၊ဓာတ်ပုံ).
တရားမဝင် နိုင်ငံရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်သည်ဟု ဆိုကာ နိုင်ငံခြားသူ (၂)ဦးအား ပြည်နှင်ဒဏ်ပေး..
Black List
အထက်ပါ သတင်းဟာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ညွှန်ကြားချက် စာပါတဲ့..။ အပေါ်ပိုင်းမှာတော့ တရားမဝင် နိုင်ငံရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆက်သွယ်ခဲ့လို့ ပြည်နှင်ဒဏ်ပေးတယ်လို့ ရေးသားဖော်ပြထားပြီး အောက်ဘက်မှာတော့ နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များသို့လို့ ထပ်မံရေးသား ဖော်ပြထားပြန်ပါတယ်..။ ရှေ့နောက်မညီမှုပါပဲ.. မြန်မာပြည်ကို လာတဲ့ နိုင်ငံခြားဧည့်သည်တွေဟာ လက်ရှိတရားဝင်တယ် ဆိုတဲ့ ကြံ့ဖွတ်ပါတီကို စိတ်ဝင်စားလား တဘက်သတ် တရားမဝင်ဘူးလို့ တဖက်သတ် ကြေငြာထားတဲ့ ပါတီကို စိတ်ဝင်စားလားဆိုတာ အထူးပြောနေစရာမလိုပါဘူး..။
ရှေ့နောက်မညီတဲ့ အမိန့်ကြော်ငြာစာမျိုးစုံ၊ ကန့်သတ်မှုမျိုးစုံနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပါ..။ ပါးစပ်ဖျားက စကားလုံးလှလှတွေ မတန်မရာသုံးပြီး လေဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပါ..။ ယခုလို လုပ်ပြလိုက်ခြင်းဟာလည်း ခရီးသွားလုပ်ငန်းတွေ ဧည့်လမ်းညွှန်တွေကို တမင်ထိန်းချုပ်လိုက်တာပါ..။ နိုင်ငံခြားသားတွေ မလာနိုင်အောင် လုပ်နေတာ အတိုက်အခံအဖွဲ့အစည်းတွေ မဟုတ်ပါဘူး.။ လေဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်တွေ ကိုယ်တိုင်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်..။
05 December 2010
ကျောင်းသားတွေကို ဘဝတက္ကသိုလ် ရောက်အောင် မတရားပို့ခဲ့တဲ့ ဦးခင်ညွှန့် ရဲ့ မျက်နှာအသံ ကြေကွဲဟန်တွေပါ..။
ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့် ဗွီဒီဖိုင် (အသံပါသောဖိုင်)
ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွန့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား။
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး။
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ်
ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့။
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်။
ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။
ကျမတို့ ကျောင်းသားတွေကို ခဏလိုက်ခဲ့လို့ ခေါ်ခဲ့တုန်းက နေ့စဉ်သောက် နေကြဆေးတောင် ယူခွင့်မပြုတဲ့ စစ်ထောက်လှမ်းရေးတွေ၊အေးတဲ့ရာသီဆိုရင်အနွေးထည်တောင် ယူခွင့် မပေးခဲ့တဲ့ စစ်ထောက်လှမ်းရေး တွေ၊စစ်ကြောရေးစခန်းရောက်တော့လည်း နည်းမျိုးစုံနဲ့ ကောင်းကောင်းနှိပ်စက်ကြသေး၊ ခုမှ သူ့သမက်၊သူ့သား၊သူ့သမီး၊သူ့မြေး၊သူ့စီးပွားရေး၊ ဆိုပြီး ပြောနေသေးတယ် မရှက်မကြောက်တဲ့ လူဘီးလူးကြီးဦးခင်ညွှန့်၊ ၊လသားကလေးငယ် တွေကိုထားခဲ့ရတဲ့ ကျမတို့ ကျောင်းသားတွေ၊အခုမှသူ့မြေးတွေ ကျောင်း မနေရတာ လေးကို များပြော နေရတာ မလွမ်းလောက်ပါဘူး.။ကိုယ်ဝန်အရင့်အမာကြီးနဲ့ ထောင်ထဲမှာ ချို့တဲ့စွာနဲ့နေခဲ့ စားခဲ့ ရတာတွေ နှိပ်စက်တာခံခဲ့ရတဲ့ အမျိုးသမီးတွေ မနည်းခဲ့ပါဘူး၊ ခုသူ့၏မြေးတွေက အဘိုးမနည်းတဲ့ တိုက်ကြီးတွေနဲ့ နေရပါ သေးတယ်၊တန်းဘိုးမနည်းတဲ့ အသုံးဆောင်တွေနဲ့ သုံးနေရပါသေးတယ်။
မိဘတွေ ထောင်ထဲမှာ မတရားအဖမ်းခံခဲ့ရလို့ ထောင်ထဲ ရောက်နေစဉ် ဘဝတွေ စတေးခဲ့ရတဲ့သားသမီးတွေ၊ကိုယ့်ယောင်္ကျားထောင်ဝင်စာကိုတွေ့ဘို့ မနည်းကြိုးပမ်းပြီး အလုပ်ကို လုပ်နေရတဲ့အမျိုးသမီးတွေ၊ ကိုယ့်မိန်းမထောင်ဝင်စာတွေ့ဘို့ ခလေးတွေ ကျောင်းထားဘို့ ကြုံရာကျပန်းလုပ်နေကြတဲ့ အမျိုးသားတွေ၊ ထောင်ထဲက သားတွေသမီးတွေ အတွက် မိဘ တွေရဲ့ ပူဆွေးမှုတွေ၊အိမ်ထောင်ရေးတွေလည်းဖရိုဖရဲ တွေဖြစ်ခဲ့ကြတယ်၊မိသားစုတွေလည်းကွဲကွာခဲ့ကြတယ်၊ လူငယ် တွေရဲ့ ဘဝတွေကို ရိုက်ချိုးခဲ့တဲ့ လူကြမ်းကြီး ခုတော့ သူ့အလှည့်ပေါ့.။
ကျောင်းနေရမယ့် အရွယ်တွေမှာ ထောင်ထဲက ဘဝတက္ကသိုလ် တွေမှာ နေခဲ့ရတဲ့ လူငယ်ပေါင်း မြောက်များစွာစစ်ကြောရေးစခန်းတွေ မှာစစ်ဆေးမေးမြန်းရင်း အသက်တွေ စတေးခဲ့ရတဲ့ ကျောင်းသားတွေ၊ထောင်တွေထဲမှာမသေသင့်ဘဲ အသက်တွေ သေခဲ့ရတဲ့ ကျောင်းသားတွေ၊ ထောင်ထဲမှာဆေးထိုးအပ်ကြောင့် ရောဂါရခဲ့ကြတဲ့ ကျောင်းသား တွေမြောက်များစွာတည်းက တယောက်ဖြစ်တဲ့ကိုဘိုနီအောင် ဆိုရင်တကယ်ကြေကွဲစွာနဲ့သေဆုံး ခဲ့ရတယ်..၊ စစ်ကြောရေးစခန်း မှာမတရားရိုက်ခဲ့လို့ ခုထိ နားလုံးဝ မကြားတော့ တဲ့ ကိုသက်ဦး (သုံးရောင်ခြယ်)..။ ကိုသက်ဦး လိုကျောင်းသားတွေလည်း အများကြီးပါတချို့ဆို မိဘမွေးဖွားခဲ့စဉ်ကကိုယ်လက်အင်္ဂါ အကောင်းကနေစစ်ကြောရေးရောက်မှ ခြေသလုံးတွေကို တလှိမ့်တုန်းတွေနဲ့ ခြေခဲ့လို့ ကိုယ်တပိုင်းသေခဲ့ရတဲ့ လူငယ်ကျောင်းသားတွေ ၊မျက်စေ့အလင်းကွယ်သွား ရတဲ့ ကျောင်းသားတွေ ထမင်းမကျွေးဘဲစစ်ဆေးမေးမြန်းခဲ့တာတွေ အများကြီးပါ။စစ်ကြောရေးစခန်းမှာ ထောင်ထဲမှာ မနည်းတဲ့ နှစ်တွေနဲ့ ကျောင်းသား လူငယ်တွေကို ပြစ်ဒဏ်အမိန့် တွေချခဲ့တဲ့ လူမဆန်ခဲ့တဲ့ ဦးခင်ညွှန့်.။
ခုတော့ အဲလိုတွေ ကျောင်းသားတွေကို လုပ်ဘို့ စေခိုင်းခဲ့တဲ့လူဘီးလူးကြီး၊၊နိုင်ငံရေး သမားဆိုရင် ထုမယ်၊ရိုက်မယ်၊နှိပ်စက်မယ်၊သတ်မယ်၊ဆိုတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့် တစ်ယောက်သူကိုယ်တိုင် ခုလို ပြန်ခံနေရတော့ ဘယ်နဲ့ ရှိစပါလဲ ..?လို့ ဒီနေရာ ကနေပြန်ပြီးမေးလိုက်ချင်ပါရဲ့လားရှင်.။ ဦးသန်းရွှေ အလှည့်လဲ လာပါ တော့မယ်.။ဦးသန်းရွှေ လည်း ဦးခင်ညွှန့်လို့ ခံစားရဘို့ကို ပြင်ဆင်ထားပါတော့လို့..။
မြတ်လေးငုံ
04 December 2010
ဒေါက်တာစင်သီယာမောင် ၏ ( ၅၁ ) နှစ်ပြည့်မွေးနေ့ မင်္ဂလာဖိတ်ကြားလွှာ
ဒေါက်တာစင်သီယာမောင် ၏ ( ၅၁) နှစ်ပြည့်မွေးနေ့ မင်္ဂလာဖိတ်ကြားလွှာ
၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်နေတွင်ကျရောက်မည့် မယ်တော် ဆေးခန်းကို စတင် ထူထောင် ခဲ့သူ၊ထိုင်းမြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းများကို စွမ်စွမ်တံမံ လုပ်ကိုင်ဆောင်ရွက်ပေးနေသူ ဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်ပြည့် မွေးနေ့ မင်္ဂလာအခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်ဝေး၊ ရပ်နီးမှ မိတ်ဆွေများအားတတ်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
မွေးနေ့မင်္ဂလာ နေရက်- ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်
မွေးနေ့မင်္ဂလာ အချိန်- နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ
မွေးနေ့မင်္ဂလာ နေရာ- စီဒီစီ အထက်တန်းကျောင်း၊ မယ်တော်
မွေးနေ့ပွဲကျင်းပရေးကော်မတီ
ပြည်တွင်းက အင်တာနက်ဆိုင်များအတွက် စည်းကမ်းချက် အသစ်များ ထုတ်ပြန်
အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လုံခြုံရေးကင်မရာ စီစီတီဗီ ကင်မရာများ တပ်ဆင်ရန်နှင့် ဝန်ထမ်းလေးဦး ခန့်ထားရန် သက်ဆိုင်ရာက အစည်းအဝေးခေါ်ယူ၍ အသိပေး ပြောကြားခဲ့ကြောင်း အင်တာနက်ဆိုင်ရှင် အချို့က ပြောသည်။ “တနင်္ဂနွေနေ့လယ်က(နိုဝင်ဘာ ၂၁) မ.ယ.က ရုံးမှာ ဆိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး ပြောတာ”ဟု ကမာရွတ်မြို့နယ်၌ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။ “ဒီလ ဒုတိယပတ်လောက်ကစပြီး အဲဒီကိစ္စ ဆိုင်တွေကို ပြောသွားတာ။
အဓိက ကတော့ မြို့တော်ခန်းမနားက (အင်တာနက်ဆိုင်) Sky Net မှာ ဗုံးတွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်တွေပိုပြီးတော့ လုံခြုံရေးကို အာရုံစိုက်လို့ရအောင်လို့ ပြောသွားတယ်”ဟု ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ ထို့အပြင် ဆိုင်တွင်းရှိ အမှိုက်ပုံးနှင့် အိမ်သာအား စစ်ဆေးရန်၊ သုံးစွဲသူများက အွန်လိုင်းမှ အချက်အလက်များ ဆွဲချခြင်း(ဒေါင်းလော့)၊ အပ်(ပ်)ဒိတ် လုပ်ခြင်းအား ကြည့်ရှုမှတ်သားရန်နှင့် အင်တာနက်ဆိုင်များတွင် ညအိပ်နေထိုင်သူများအား ဧည့်စာရင်း တိုင်ကြားရန် ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။
အဆိုပါ စည်းကမ်းများအား သက်ဆိုင်ရာက စစ်ဆေးသည့်အခါ လိုက်နာထားခြင်း မရှိပါက ဆိုင်ပိတ်သည်အထိ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ယခုလ ၂ ရက်က ရန်ကုန်မြို့ Sky Net အင်တာနက်ဆိုင်တွင် ချိန်ကိုက်မိုင်း ၄ လုံးကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းချိန်ကိုက်မိုင်း ထောင်ခဲ့သူများကို ဆိုင်၏ စီစီတီဗီကင်မရာမှ မှတ်တမ်းတင်နိုင်မှုကြောင့် နောက်ပိုင်းတွင် အလားတူကိစ္စများ ကြုံရပါက အထောက်အပံ့ ရနိုင်ရန် တပ်ဆင်စေခြင်းဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကျောင်းသားလူငယ်များကိုစစ်ကြောရေးစခန်းတွေမှာရက်ရက် စက်စက်စစ်ဆေးမေးမြန်းခိုင်းတဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်း နေအိမ်အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်
ယနေ့ (၄.၁၂.၂၀၁၀)စနေနေ့ နံနက် ၅ နာရီ ခွဲတွင် နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင်ဖမ်းဆီး ခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားနိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။
ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့်၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကားတွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့တယ်။ပြီးတော့ သူ ခြံတံခါးရှေ့က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို့ ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်အပေါင်ဆိုင် များ တွင် သွားရောက် ရောင်းချရသည်.။
FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း တိုးတက်ဖြစ်ထွန်းသမျှကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
သတင်း..freedomnewsgroup.
....................................................................................................။
ဒီဇင်ဘာ ၃ရက်နေ့ရ အဖွဲ့ချုပ်သတင်း.. အမေစုသတင်းများ..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သံအမတ်ကြီးများ လာရောက်တွေ့ဆုံ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် သြစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။
လူထုခေါင်းဆောင် အမေစုသတင်းများ
လာမည့် ဒီဇင်ဘာလ ၈ရက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်မှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဆွမ်းလောင်းလှူမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက် လေ့လာမှာ ဖြစ်ကြောင်း အဖွဲ့ချုပ် နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ ပြောဆိုပါတယ်..။
နိုဝင်ဘာလ (၂၃)ရက်နေ့က မိခင်နှင့်သား တွေဆုံစဉ် ဓာတ်ပုံ..
ကိုထိန်လင်း လာမည့် အင်္ဂါနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်..
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က ၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ဟာ ပြည်ဝင်ခွင့် ဗီဇာ(၂)ပတ်ပြည့်မယ့် လာမည့် ဒီဇင်ဘာလ (၇)ရက်နေ့ အဂါင်္နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မနေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာလည်း ကိုထိန်လင်းဟာ မြန်မာပြည်သား အနုပညာရှင်များနဲ့ တွဲဘက်ပြီး တက်တက်ကြွကြွ ပါဝင်ဖျော်ဖြေခဲ့သလို.. ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်စဉ်မှာလည်း မိခင်ဖြစ်သူ လုံခြုံရေးအတွက် အထူးစောင့်ရှောက် ပေးခဲ့ပါတယ်..။ ကိုထိန်လင်း ခေါ် Kim Aris ဟာ ယခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်...။
သတင်း.. ဒီမိုဝေယံ
ကချင်ပြည်နယ်သို့ စစ်အစိုးရ စစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။
တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။
၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြုံရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။
ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။
သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် ဈေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။
“အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။
စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် စစ်အင်အားနှင့် လက်နက်ကြီးများ တိုး၍ပို့ဆောင်ထားသလို ပြည်တွင်းရှိ KIO ဆက်ဆံရေးရုံးများအားလည်း ပိတ်ပင်လိုက်သည်။
တရုတ်နယ်စပ်အနီး KIO ဌာနချုပ်လိုင်ဇာမှတဆင့် နှစ်နိုင်ငံကုန်အ၀င်အထွက်အားလုံးကို လိုင်ဇာနှင့် အဓိကဆက်သွယ်သော မြန်မာစစ်အစိုးရထိန်းချုပ်သည့် လဂျားယန်ဂိတ်စုပေါင်းဂိတ်တွင် လုံးဝ ပိတ်ပင်ထားသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။
အခုလိုပိတ်ပင်မှုနောက်ပိုင်း KIO မှလည်း လိုင်ဇာမြို့ရှိ ကုန်သည်များအား ပြောင်းရွှေ့ကြရန် သတိပေးပြောဆိုလာသည်။
သတင်း...KNG
တက္ကသိုလ်ဝင်တန်းအတွက် အနီးကပ် ပညာဒါနသင်တန်း ဒီဇင်ဘာ ၁၁ ရက်နေ့ ဖွင့်လှစ်မည်
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက် အနီးကပ် ပညာဒါနသင်တန်းအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း The Glory ပညာဒါနသင်တန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
ယင်းသင်တန်း အတွက် တက်ရောက်မည့်သူများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးကို လက်ခံသွားမည်ဟု သိရှိရသည်။
''ဒီသင်တန်းကို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမဲ့သူတွေ အတွက် အနီးကပ်အဖြစ် မတ်လဆန်းအထိ သင်ပေးသွားမှာပါ။ ပညာဒါန သင်တန်း ဖြစ်တဲ့အတွက် စာရွက်စာတမ်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းကြေးတွေကို အကုန်လုံး ပညာဒါန ပြုသွားမှာပါ။ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို အချိန်တို အတွင်းမှာ အနီးကပ် သင်ကြားရခြင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုကို အတွေ့အကြုံများတဲ့ ဆရာ၊ဆရာမ နှစ်ဦးစီက သင်ကြားပေးသွားမှာပါ''ဟု The Glory ပညာဒါန သင်တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါသင်တန်းကို ယခုနှစ်တွင် သုံးနှစ်မြောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ကျူရှင်စရိတ် မတတ်နိုင်သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''သင်တန်းမှ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့မယ်ဆိုရင် ထိုက်တန်စွာ ဂုဏ်ပြုမဲ့အပြင် ပညာရည်ချွန်ဆု Scholarship ပေးခြင်းကိုလည်း ပြုလုပ်သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။
သင်တန်းအချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်းကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ခ ရပ်ကွက်၊ ဦးဖေသင်လမ်း (သင်္ကန်းကျွန်းဘူတာ) အနီးတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉၅၀၈၇၇၇၄ သို့ ဆက်သွယ်နိုင်သည် ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။
ဒီမိဘမဲ့နေတဲ့ သမီးလေးက ခိုကိုးရာမဲ့ပြီး ငတ်လွန်းလို့ သူများမုန့် ခိုးစားရှာတာပါ ...။
Burma's Orphans of The Storm - Part 1 (Cyclone Nargis)
Burma's Orphans of The Storm - Part 2 (Cyclone Nargis)
ဒီမိဘမဲ့နေတဲ့ သမီးလေးက ခိုကိုးရာမဲ့ပြီး ငတ်လွန်းလို့ သူများမုန့် ခိုးစားရှာတာပါ ...။
Burma's Orphans of The Storm - Part 3 (Cyclone Nargis)
03 December 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် DVB သတင်းဌာန(၁.၁၂.၂၀၁၀) အင်တာဗျူး ရုပ်သံ မြင်ကွင်း
သတင်းညာ အသစ် တစ်စောင် ထုတ် ရန်စီစဉ်
နေပြည်တော်ကို ဗဟိုပြု၍ သတင်းစာတစ်စောင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း သတင်းစာ၏ အမည်ကို နေပြည်တော်ဟု အမည်ပေးထားကြောင်း၊ ၎င်းသတင်းစာကို ၂၀၁၁ နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းသတင်းစာနှင့်နီးစပ်သူ သတင်းစာဆရာတစ်ဦးက ပြောသည်။
နေပြည်တော်သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် အစမ်းခန့်အပ်ထားသော ဝန်ထမ်း ၆၀ ခန့်တို့သည် မန္တလေးမြို့အခြေစိုက် ရတနာပုံနေ့စဉ် သတင်းစာတိုက် သတင်းစာထုတ်ဝေမှုများကို လည်းကောင်း၊ မန္တလေးမြို့၏ သတင်းအရင်းအမြစ်များ၊ မန္တလေးမြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို လာရောက်လေ့လာလျက် ရှိကြောင်း ရတနာပုံ သတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အသစ်ထုတ်ဝေမည် နေပြည်တော်သတင်းနှင့် ပတ်သက်၍ နေပြည်တော်သတင်းစာမှ တာဝန်ရှိသူများနှင့် မန္တလေးစာနယ်ဇင်း ဆရာများ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက ၈၄ လမ်း၊ ၂၉x၃၀ လမ်းကြား၊ ရတနာပုံနေ့စဉ် သတင်းစာတိုက်၊ ကြော်ငြာဌာနတွင် ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ နေပြည်တော်သတင်းစာသည် မြဝတီရုပ်မြင်သံကြား၊ ရတနာပုံ နေ့စဉ်သတင်းစာတို့နှင့် ဆက်စပ်မှုရှိပြီး မန္တလေးမြို့တွင် တိုက်ခွဲထားမည် ဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်ခဲ့သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ရုပ်သံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် WORLD AIDS DAY အထိမ်းအမှတ်ပွဲ ဓာတ်ပုံ မှတ်တမ်း..
အမေစုနှင့် HIV ဝေဒနာရှင် ကလေးငယ်များ
အမေစု၊ မဖြူဖြူသင်း
ကဗျာဆရာ ကိုငြိမ်းသစ်
အမေစုသား ကိုထိန်လင်း
ကိုတိုးလွင်၊ ကိုရဲလွင်၊ ကိုညီညီလွင်
ဓာတ်ပုံ.. ML,DMWY
အမေစုနဲ့ အတူထိုင်နေတဲ့ ကလေးငယ် အယောက်(၂၀)ကျော်က HIV Postive ခံစားနေကြရပါတယ်..
ဝေဒနာရှင်တွေ အပေါ်မှာ ထားတဲ့ အမေ့ရဲ့မေတ္တာပါ..။
ဓာတ်ပုံ Reuters,AP
ဒီနေ့ မနက် ၁၀နာရီမှာ အခမ်းအနားကို ကျင်းပပြုလုပ်ပါတယ်..။ HIV/AIDS ဝေဒနာရှင် ၃၀၀လောက် တက်ရောက်ခဲ့ပါတယ်.. ကိုရဲလွင်.. ဒေါက်တာဦးမြင့်၊ ကိုတိုးလွင်နဲ့ ကိုထိန်လင်းတို့မှ သီချင်း သီဆိုဖျော်ဖြေခဲ့ပါတယ်..။ ကိုငြိမ်းသစ်နဲ့ ကဗျာဆရာ (၅)ဦးမှ ကဗျာ ရွတ်ဆိုခဲ့ကြပြီး အဓိက ကတော့ ဝေဒနာရှင်တွေ စိတ်ဓာတ်မကျဖို့ အတွက် အားပေးတဲ့ ကဗျာတွေကို ရွတ်ဆိုကြပါတယ်..။ လူဦးရေ ထောင်ချီ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်...။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)