Thangyat Booklet 2010
29 March 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတ်ပုံတင်ရေး မတင်ရေးဆုံးဖြတ်ချက်
ဆုံးဖြတ်ချက်ဒီနေ့နေ့လည်(၁၂)နာရီကအဖွဲ့ချုပ်ရုံးမှာကျင်းပပြုလုပ်ရာမှတ်ပုံမတင်ရေး ဘက်ကအားသာသွားသောကြောင့်အများရဲ့ဆန္ဒအရ၂၀၁၀ရွေးကောက်ပွဲအားလုံးဝ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပါဝင်မှုမရှိတော့ပါကြောင်းကိုတရားဝင်
သိရှိရပါတယ်။
ပြည်နယ်နဲ့တိုင်း က CC အများစုက ကန့်ကွက်ကြတဲ့ အတွက်မှတ်ပုံမတင်ရေးဘက်ကိုဝိုင်းထောက်ခံ
နေကြတော့ ၊မဲမခွဲရဲတော့ ဘဲ Mandate တွေကိုသုံးမယ်လုပ်ပါတယ်။ နဂိုပေးထားတဲ့ Mandate
တွေကိုပါ။MPအချို့ကတော့သူတို့ပေးခဲ့တဲ့Mandateတွေကိုပြန်ရုတ်ကြပါတယ်။ပြန်ရုတ်တဲ့သူတွေက
ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းတင်ဆီကိုသူတို့Mandateကိုပြန်ပေးကြတယ်လို့သိရပါတယ်။
ပါတီဝင်တော်တော်များများက ကန့်ကွက်ကြတဲ့ အတွက် မဲခွဲဆုံးဖြတ်မှုကို မပြုလုပ်တော့ပဲ
အများဆန္ဒအရ မှတ်ပုံမတင်ရေးကို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီကနေ့အစည်းအဝေးသို့
ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ကျန်းမာရေးကြောင့်မလာနိုင်ခဲ့ပါဘူး။ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေသည်
မှတ်ပုံတင်ဖို့ ကြိုးပမ်းခဲ့သူတဦးလည်းဖြစ်ပါသည်ဟုလည်းသတင်းရရှိပါသည်.။
ယနေ့ ၂ နာရီအချိန် သတင်းရရှိသည့် အခြေအနေများအရ
တင်သင့် မတင်သင့် ကို ၀ိုင်းဝန်းဆုံးဖြတ် ဆန္ဒပေးကြရာ ပါတီမှတ်ပုံမတင်ရေးကို ၉၅
ရာခိုင်နှုန်းဖြင့် အပြတ်အသတ် ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း ကြားသိရသည်။ ယနေ့
အစည်းအဝေးတွင် ဦးအောင်ရွှေ တဦးမှအပ စီအီးစီ၊ စီစီ ၁၁၀နှင့် လူငယ်ငါးဦး
စုစုပေါင်း ၁၁၅ ဦး တက်ရောက်အတည်ပြုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
“ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု
ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ
ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း
ပါတီကိုမဖျက်သိမ်းဘူး”ဟုဒုဥက္ကဋ္ဌဦးတင်ဦးကပြောလိုက်သည်ကိုရုံးချုပ်ရှေ့တွင်ပါတီခေါင်းဆောင်များ
၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်.
ယင်းအစည်းအဝေးတွင် ဦးဝင်းတင်က.. “ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုရင်
ပါတီအနေနဲ့ ခြေပြတ်မယ်.. လက်ပြတ်မယ်.. မှတ်ပုံတင်မယ်ဆိုရင်တော့ ခေါင်းပြတ်မယ်..
ခြေပြတ်တာ လက်ပြတ်တာ အတု လုပ် ပြီး အလုပ်ဆက်လုပ်လို့ရတယ်..
ခေါင်းပြတ်သွားရင်တော့ ခေါင်းအတုလုပ်လို့မရဘူး.. ”ဟု ပြတ်ပြတ်သားသား
မိန့် ကြား ခဲ့သည်။
လက်ရှိအချိန်အထိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူငယ်များ နှင့် ပြည်သူလူထု ၅၀၀ ကျော်သည်
အဖွဲ့ချုပ် ရုံးရှေ့ တွင် အခြေအနေကို စောင့်ဆိုင်းလျက်ရှိနေပြီး နအဖ ဘက်မှ လုံခြုံရေးများလည်း
အများအပြား ၀န်းရံစောင့်ကြပ်လျက် ရှိနေသည်။ ယနေတက်ရောက်သူ အဖွဲ့ဝင်တဦးက…
“ကျမတို့ ပါတီ ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိရပြီ.. ရှေ့ ကျမတို့
ဘာဆက်လုပ်မယ်..ဘာလုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်ကြမယ်..လုပ်သင့်လုပ်ထိုက်တာ
ကို ဆက်လုပ်သွားရမယ်.. ရှေ့ကို ကျမတို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်စရာရှိတာတွေ
လုပ်ရတော့မယ်..” ဟု ပြောသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မနက်ဖြန် မတ်လ ၃၀ ရက်နေ့ထိ ဆက်လက်
ဆွေးနွေးသွား မည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား အဖြေရှာ ဆောင်ရွက်ဖွယ်
ရှိသည်ဟု လူထုက မျှော်လင့်လျက်ရှိ သည်ဟုသတင်းရရှိပါသည်.။
.....................................................။။......................................................................။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ..
အန်ကယ်တို့ဒီနေ့ ဆုံးဖြတ်ချက်(၂)ခုချပါတယ်.. ပထမဆုံးဖြတ်ချက်က နအဖက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကတရားမျှတမှုမရှိဘူး အဲ့ဒီလို တရားမျှတမှုမရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို မှတ်ပုံမတင်ဖို့ အများစုက ဆုံးဖြတ်ပါတယ်....။ အများစုဆိုတာ အားလုံးပါ ကန့်ကွက်သူ မရှိဆုံးဖြတ်တယ်။ ဒုတိယတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးဖို့တောင်းဆိုပါတယ်။ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ ဦးအောင်ရွှေက ကျန်းမာရေးကြောင့် မလာနိုင်ပေမယ့်.. သူ့ရဲ့သဘောထားကို စာနဲ့ရေးပြီး ပေးပို့ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အတူတူပါပဲလို့ပြောပါတယ်။
ယခင်နေ့များက ရွေးကောက်ပွဲဝင်ပြီး ပါတီမှတ်ပုံတင်မှာကို ထောက်ခံခဲ့သည့် အဖွဲချုပ် CEC အတွင်းမှ အချို့ပုဂ္ဂိုလ်များမှ ကန့်ကွက်မှုရှိမရှိ မေးမြန်းရာမှာ " ဒီနေ့သူတို့ ဘာမှ မပြောတော့ပါဘူး ... ဆွေးလည်း မဆွေးနွေးတော့ပါဘူး အဲ့တော့ သူတို့အများသဘော ရှိတဲ့အတိုင်း သူတို့လည်း မကန့်ကွက်တော့ပါဘူး။ အခုဆုံးဖြတ်ချက် ကပထမအဆင့်ပါ.. ဒီဆုံးဖြတ်ချက်ကျပြီးရင် ရှေ့ဆက်လုပ်ရမယ့်ဟာကို ဆက်ဆွေးနွေးသွားရမှာပါ။ နောက်တခုက အန်ကယ်ဒီနေ့ အစည်းအဝေး မစတင်ခင် အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် (၂၃ရက်) နေ့က မှာလိုက်တဲ့ အချက် (၆)ချက်ကို အန်ကယ်ဖတ်ပြပါတယ်....။
(ဒေါ်အောင်ဆန်းစုကြည်၏ စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ကြောင်း၊ မတရားသည့် ရွေးကောက်ပွဲ ဥပဒေဖြစ်သောကြောင့် NLD အနေဖြင့် မှတ်ပုံတင်ရန် လက်မခံ နိုင်ကြောင်း၊ NLDသည် ၎င်း၏ ကိုယ်ပိုင်မဟုတ်သကဲ့သို့ မည်သူ တဦး တယောက် ပိုင်မျှ မဟုတ်ကြောင်း ပါရှိသည်။ ယင်းအပြင် ပါတီအတွင်း အုပ်စုဖွဲ့သည့် လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့ လက်မခံနိုင်ကြောင်း၊ ပြည်သူလူထုကိုလည်း ဒီမိုကရေစီရရှိရန် ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ပါတီဖျက်သိမ်းခံရရုံနှင့် ပါတီပျက်စီးသွားခြင်း မဟုတ်ကြောင်း ထည့်သွင်းရေးသား ထားသည်။) မှတ်ချက်.... ဆက်သွယ်မေးမြန်းချိန်မှာ မီးပြတ်သွားတဲ့အတွက် အချက်(၆)ချက်အား ဧရာဝတီသတင်းဋ္ဌာနမှ ရယူပါသည်။
ဆက်လက်ပြီး ယနေ့အဖွဲ့ချုပ် အစည်းအဝေးအား လုံခြုံရေးအထူးသတိထားရပြီး တံခါးပိတ် ကျင်းပခဲ့ရကြောင်း ပြောဆိုသွားပါတယ်။ မနက်ဖြန်မှာလည်း တချို့အချက်တွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ယခုရွေးကောက်ပွဲဥပဒေဟာ ဘာမှလုပ်မရကြောင်း နဖါးကြိုးအထိုးခံရမှာ ဖြစ်ကြောင်း.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။
သတင်း... ဒီမိုဝေယံ
သတ္တိကြောင်သူနှင့်သတ္တိပြောင်သူများရွေးထုတ်ပွဲ...
ဘာတွေပဲပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့်ကာလတစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာတွေ့မြင်ရပေတော့မည်။ နအဖ စစ်အာဏာရူးတစ်စုက သွေးခွဲသပ်ရှိုမီးမွှေးပေးလိုက်တာ
၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံးခေါင်းကြားရွေးပွဲလို့
ထောင်ဆိုတာ သမိုင်းရဲ့ပြတိုက်တစ်ခု၊ ထောင်ကြောက်နေလို့မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင်သက်ဆိုးရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသောအဖြေ။ သတ္တိကြောင်သူများအတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ်မဟုတ်၊ ဒီမိုကရေစီသည် သတ္တိပြောင်သူများအတွက်သာ ထိုက်တန်သောဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှု အချိုးခံ၊အနှိမ်ခံ၊အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ်ပြောင်းလဲရန်မှာ လူထုခေါင်းဆောင်များ၏ အရေးကြီးသော တာဝန်တစ်ခုဖြစ်ပေသည်။
ပြည်သူတွေရဲ့တာဝန်
NLD ပါတီမှတ်ပုံမတင်၊ရွေးကောက်ပွဲ
နွားအဖွဲ့၊ လူစိတ်သူစိတ်မရှိသူများစုဝေးထား
ရွှေဝါရောင်ဘုန်းဘုန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...
" မနက်ဖြန်နေ့လည်(၁၂)နာရီမှာ အန်ကယ်တို့ CEC တွေရယ် ပြည်နယ်နဲ့တိုင်းက ဗဟိုဦးစီး CC အဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ကြပါမယ်.... ။ အခုလက်ရှိ နောက်ဆုံးအခြေအနေ အန်ကယ် သိရသလောက်က Majority *အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြတာ တွေ့ရပါတယ်....။ အန်ကယ်သိရသလောက် တော်တော်များများပါပဲ..." ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၃)ရက်နေ့က လူထုဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ တွေ့ခွင့်ရစဉ်မှာ ပါတီမှတ်ပုံတင်ရေးအတွက် လူထုခေါင်းဆောင်မှ ပြောဆိုရာမှာ မတရားတဲ့ဥပဒေ၊ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတွက် မှတ်ပုံတင်ရေးကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး.. ဒီလိုပြောဆိုတာဟာလည်း အဖွဲ့ချုပ်ကို ညွှန်ကြားခြင်း အမိန့်ပေးခြင်း မဟုတ်ကြောင်း အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ပါလို့ မှာကြားခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာမှ အထူးအာရုံဆိုက် စောင့်ကြည့်နေပါတယ်။ လက်ရှိ ရွေးကောက်ဥပဒေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ကန့်ကွက်ခဲ့ကြပါတယ်။
သတင်း.....ဒီမိုဝေယံ
28 March 2010
မန္တလေးမြို့တွင် နအဖ ရဲ့ မတရားတဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေးကိုဆေးနီမှုတ်လှုပ်ရှားမှုဆောင်ရွက်ကြ။
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma
ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ (၁/၂၀၁၀)။
၂၈၊ မတ်လ၊ ၂၀၁၀။
ကျွန်တော်တို့ အင်အားစုသည် ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီး ပေါက်ဖွားလာသည်။
ခေတ်ပညာတတ်လူငယ်များ၊ ကျောင်းသားများ၊ တော်လှန်ရေး အတွေ့အကြုံရင့်လူကြီးများ၊ ရဟန်းသံဃာများနှင့် ချိတ်ဆက်စုပေါင်းထားသော အင်အားစုဖြစ်သည်။ ဗမာပြည်တွင်း အခြေစိုက်ထားသော ကျွန်တော်တို့အင်အားစုသည် ပြည်တွင်းတွင် လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အခါအားလျော်စွာ ဆင်နွှဲလေ့ရှိသည်။
ယနေ့ချိန်ခါသည် စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်တစ်စုနှင့် ၄င်းတို့၏ အပေါင်းအပါ တွဲဘက် လူလွန်မသားများ၏ ခြစားလိမ်ညာရက်စက်ယုတ်မာမှုများအား ဗမာပြည်သူလူထုများခင်မျာ အပြင်းထန်ဆုံး ရင်ဆိုင်ခါးစည်းခံစားနေရသော ကာလဖြစ်သည်။
၂၀၀၈ နာဂစ် မတရားအခြေခံဥပဒေ အခြေပြုကာ ကျင်းပမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့အင်အားစုက အယုံအကြည်မရှိပါ။ လက်မခံပါ။ ထိုမှတစ်ဖန် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား ချောင်ပိတ်ရိုက်သလို ပြုမူထားပြန်သည့် ၂၀၁၀ ပါတီနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလည်း ကျွန်တော်တို့အင်အားစုမှ ပျက်ရယ်ပြု ရှုံ့  ချလိုက်ပါသည်။
NLD ပါတီအနေဖြင့် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့က ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်များကို မိမိတို့အရှက်၊ မိမိတို့ငဲ့ကွက်၍ ဆက်လက်လေးစားကိုင်စွဲကာ ၂၀၁၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ဆုံးဖြတ်ရာ၌ “မတရားရွေးကောက်ပွဲအား ငါတို့မ၀င်” ဟု ပြတ်ပြတ်သားသားဆုံးဖြတ်ရန် လိုအပ်သည်။
ရွေးကောက်ပွဲဝင်ရေးအသံပေးနေသည့် NLD ပါတီဝင်များနှင့် တတိယအုပ်စုဝင်ဆိုသူများသည် ပါတီရပ်တည်ရေး၊ ရသလောက်ယူ-ပူးသတ်တိုက်ယူရေးကို အကြောင်းပြကာ အသံကောင်းဟစ်နေကြသော်လည်း အမှန်တကယ်မှာ ထိုသူများအနေဖြင့် စစ်အာဏာရှင်များအား ဒူးထောက်အညံ့ခံ ကြောက်ရွံ့အရှုံးပေး၊ ဘက်ပြောင်းဘက်လိုက်၊ ခြံခုန်လာဘ်မျှော်နေခြင်းမျှသာ ဖြစ်ပါသည်။
ယနေ့ချိန်ခါသည် ဗမာတစ်တိုင်းတစ်ပြည်လုံးရှိ အလွှာမျိုးစုံမှ ပြည်သူများပါဝင်သော နိုင်ငံရေး၊ တော်လှန်ရေးတိုက်ပွဲများ ပြင်းထန်စွာ ဆင်နွှဲရမည့် အချိန်အခါကျရောက်ပြီဖြစ်ပါသဖြင့် ထိုကဲ့သို့ ၂၀၁၀ ခုနှစ်၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဆန့်ကျင်တော်လှန်ရေးကြီးအား ဆင်နွှဲရာတွင် NLD ပါတီနှင့် NLD ပါတီဝင်များကလည်း ဗမာပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ဦးဆောင်ဆင်နွှဲပါရန် လေးစားစွာ တိုက်တွန်းအပ်သည်။
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)။
Activists for Abolishing the Military Dictatorship (AAMD) – Burma
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
“အရှုပ်ထုပ်နှင့် ဇာတ်ရှုပ်များသို့”..
မစင် အသိုးတွေ ခွေးဝင်ဟပ်သလိုပ
ကြိုးပြတ်တဲ့ နွားသိုးတသိုက် ပမာအညီ
အဖိုးမထိုက်သကွဲ့ ဆိုးမိုက်ပါသည်
အချိုးစရိုက်မမှန် မတော်တရော် အရေးကိုမှ
အရိုးကိုက်ရန် ကမျှော်ကချော် တွေးပါလို့
ပထွေးအလိုကျ အမြီးနှံ့ပြန်သည်
နားရင်းသာ တီးချင်သကွဲ့လေး။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား
ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့တွင် မြန်မာဒီမိုကရေစီလှုပ်ရှားသူများက တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့သတင်းဓာတ်ပုံ...
နိုင်ငံခြားဧည့်သည်တော်များနှင့်နိုင်ငံတကာရှိစစ်သံမှူးများအား ဖိတ်ကြားပြီးတော်လှန်ရေးနေ့ ညစာ
စားပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်.။
မြန်မာစစ်သံမှူးအနေဖြင့် တော်လှန်းရေးနေ့ဟုတ်သတ်မှတ်ပြီးမပြောဘဲ တပ်မတော်နေ့ဟုသာပြော
ကြားခဲ့သည်ဟုသိရပါသည်.။
ညစာစားပွဲသို့တက်ရောက်လာကြသော နိုင်ငံခြားဧည်သည်တော်များနှင်နိုင်ငံခြားသံတမန်များအား
မြန်မာစစ်သံမှူးကယခုပြုလုပ်တော့မည်ဖြစ်သည့်၂၀၁၀ ရွေးကောက်ပွဲ ဟာအင်မတန်မှတရားမျှတမှု
ရှိပြီးလွတ်လပ်စွာဖြင့် ရွေးကောက်ပွဲကိုပြုလုပ်ပါမည်ဟုလည်းပြောကြားသွားပါသည်.။
အဲလိုပြောဆိုမှုကိုမြန်မာအရေးလှုပ်ရှားသူများကလုံးဝလုံးဝ လက်မခံဘဲ ဝါရှင်တန်ဒီစီ ၊နယူးယောက်၊
နယူးဂျာစီ၊ဗာဂျီးနီးယား၊မြောက်ကာရိုလိုင်းနားနှင်မေရီလန်အခြားသောစတိန်များမှာရှိကြသော
မြန်မာလူထု၁၀၀ကျော်လောက်၂၀၁၀ရွေးကောက်ပွဲဟာလုံးဝလုံးဝတရားမျှတမှုမရှိပါကြောင်းနှင့်
ကျောင်းသားများဘုန်းကြီးများပြည်သူလူထုအားသတ်ဖြတ်ထားသောအစိုးရ၊နိုင်ငံရေးအကျဉ်းသား
များနှင့်လူထုခေါင်းဆောင်းဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားခေါင်းဆောင်များအားဖမ်းဆီးထား
ဆဲဖြစ်သဖြင့်လွတ်လပ်မှုမရှိပါကြောင်း၊၂၀၁၀ရွေးကောက်ပွဲအားအသိအမှတ်မပြုဘို့ကိုဆန့်ကျင်ဆန္ဒပြ
ခဲ့ကြပါသည်.။
မြန်မာစစ်သံရုံးမှမိသားစုများနှင့်၎င်းတို့အသိုင်းအဝိုင်းများရဲ့အလိုတော်ရိများလာတဲ့အခါတွင်လည်း
နအဖစစ်တပ်မှပြုလုပ်သော၂၀၁၀ရွေးကောက်ပွဲအားဆန့်ကျင်ပါကြောင်းနှင့်ကန့်ကွက်ပါကြောင်းကို
ပြသပြုလုပ်ခဲ့ပါသည်.။
ယင်းသို့ပြုလုပ်နေစဉ်အတွင်းမြန်မာစစ်သံမှူးကိုယ်တိုင် မေတ္တာရပ်ခံပြီး ပြောဆိုမှုများပြုလုပ်ခဲ့သော်
လည်းမြန်မာဒီမိုကရေစီအရေးကိုပြုလုပ်ကြတဲ့လူထုကတော့လက်မခံခဲ့ဘဲနှင့် ညနေ(၅)နာရီခွဲမှနေပြီး
ည(၈)နာရီထိရွေးကောက်ပွဲအားလုံးဝအသိအမှတ်မပြုပေးဘို့လက်မခံဘို့ကိုသိအောင်ဖော်ပြခဲ့ပါသည် မြန်မာအရေးလှုပ်ရှားသူများက ည(၈)နာရီကျော်တွင် ပြီးဆုံးခဲ့ဟုသတင်းရရှိပါသည်.။
နအဖ စစ်အစိုးရလုပ်တဲ့ ရွေးကောက်ပွဲ လတ်လောမှတ်ပုံတင်ရန် ပြင်ဆင်နေသည့် နအဖလက်ပါးစေနိုင်ငံရေးပါတီများ..
အနိမ့်ဆုံး ကျပ်(၁၈)သိန်းရှိရုံဖြင့် စစ်အစိုးရရဲ့ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲမှပါတီတစ်ခုထောင်နိုင်
စစ်အစိုးရရဲ့  တရားမျှတမှုမရှိတဲ့၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်မယ့် အမျိုးသားသစ္စာဖောက် နိုင်ငံရေးပါတီများ စာရင်း။

၁။ ပြည်ထောင်စုဒီမိုကရေစီပါတီ၊
၂။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊
၃။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချူပ်၊
၎။ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ၊
၅။ မတူကွဲပြားခြင်းနဲ့  ငြိမ်းချမ်းရေးပါတီ၊
၆။ အမျိုးသားနိုင်ငံရေးအင်အားစုရခိုင်၊
၇။ ၀ံသာနု NLD မန္တလေး၊
၈။ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ ချူပ်၊
၉။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊
၁၀။ လူထုဒီမိုကရေစီပါတီ၊
၁၁။ ဒီမို NLD (စစ်ကိုင်း) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးသုတေသနနှင့် တိုးချဲ့ ထုတ်လုပ်ရေးကျောင်းတော်သားစု။
ဒီ စာရင်းမှာ ပါတဲ့ ပါတီတွေကို ကြည့်ရင် နအဖလက်ပါးစေတွေ၊ အမျိုးသားသစ္စာဖောက်တွေ၊ ဒီမိုကရေစီစကားလုံး အလွဲသုံးစားလုပ်သူတွေ၊ ကျောင်းသားအမည်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အမည်ခံ ဖောက်ပြန်သူတွေ ပါဝင်တဲ့သူတွေ ဦးဆောင်နေတဲ့ ပါတီတွေ ဖြစ်ပါတယ်။
နအဖတို့ ရဲ့  ထိပ်ပိုင်းကြီးတွေ ပါဝင်မယ့် နအဖအသွင်ပြောင်း နိုင်ငံရေးပါတီကြီးတွေနဲ့  ၂၅% နေရာရယူမယ့် နအဖစစ်တပ်ရဲ့  ကိုယ်စားလှယ်တွေ အမတ်လောင်းတွေကတော့ မကြာခင်မှာ ပေါ်ထွက်လာတော့မှာပါ။
ဒီအချက်အလက်တွေ အခြေအနေတွေကို ကြည့်ရင် နအဖတို့ ဟာ လက်ဝါးချင်းရိုက် အကွက်ဆင်ထားပြီး ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲမှာ သူတို့ သာလျှင် မောင်ပိုင်စီးပြီး လှည့်ဖြား ကောက်ကျစ်စွာနဲ့  မရ ရအောင် အနိုင်ပိုင်းယူမှာပါ။
ရဟန်းရှင်လူ ပြည်သူပြည်သားတွေအနေနဲ့  တစ်ခုတည်းသော လုပ်ဆောင်ရမည့် လုပ်ရပ်ကတော့ နအဖနဲ့  လက်ပါးစေတွေကို လူထုအုံကြွမှုလှုပ်ရှားမှုနဲ့  ဆန့် ကျင်တော်လှန်ဖို့ မှအပ အခြားရွေးချယ်စရာ မရှိပါဖူး။
ပေးပို့ ပေးသော ကိုနစ်နေမန်းအားကျေးဇူးတင်ပါသည်.။
တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင်ဆင်..
“နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေဟာ စည်းရုံးမဲဆွယ်ဖို့ အချိန် ခြောက်လလောက် ရမှာပါ။ ရွေးကောက်ပွဲကိုတော့ အောက်တိုဘာနောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလဆန်းပိုင်းလောက်မှာ လုပ်ပါလိမ့်မယ်” ဟု အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားသည်။
မြန်မာနိုင်ငံအား အနှစ် နှစ်ဆယ်ကျော် အုပ်မိုးထားသော စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်များအား တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။
သို့ သော် ယခုလအစောပိုင်းတွင် စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေများ အရ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရစေရန် ပိတ်ပင်ထားသဖြင့် ပြည်တွင်းပြည်ပမှ ဝေဖန်မှုများရှိနေသည်။
အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီအား ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဆိုလျှင် ရွေးကောက်ပွဲဥပဒေများအရ ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသော အခြားပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။
အသက်ခြောက်ဆယ့်လေးနှစ် အရွယ် ရှိပြီဖြစ်သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ဆယ့်လေးနှစ်ခန့် နေအိမ် အကျယ်ချုပ် ကျခံနေရသည်။
သတင်းရင်းမြစ်..(မဇ္ဈိမ)။
၆၅နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကျောဇော၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး တို့နဲ့ VOAမှ ဆက်သွယ်မေးမြန်းချက်အသံဖိုင်ပါ...


27 March 2010
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး က တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို ဟုပြောကြား

လက်ရှိ စစ်အစိုးရလက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။
မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်
မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်းတယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။
''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''
''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''
''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''
မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။
“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”
“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်'''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''
''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''
''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''
''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''
မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။
“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထုအပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''
''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''
မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။
''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”
''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''
''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”
မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''
မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။ ''
အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''
''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''
မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။
''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''
''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''
ရင်းမြစ်...(မဇ္ဈိမ)။







.jpg)









