02 January 2014
ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။
" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊
ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊
အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊
အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့"
သတင်း... RFA
01 January 2014
၂၀၁၄ နှစ်သစ် ဆုတောင်း
၂၀၁၄ နှစ်သစ် မှ စ၍ လူသားတိုင်း လူသားတိုင်း အောင်မြင်မှုတွေ နဲ့ ပြည့်စုံပြီး ... အဓိပ္ပါယ် ရှိသော ဘဝ တွေ ဖြင့် ၂၀၁၄ ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန် ကောင်းတောင်း လိုက်ပါတယ်...။
လေးစားစွာဖြင့်
မြတ်လေးငုံ
31 December 2013
နှစ်ပေါင်း ၆၇ ခုနှစ်အတွင်း ၁၉၄၇ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲများ တူညီနေကြောင်း။
နှစ်ပေါင်း(၆၇) ခုနှစ်ရဲ.ထူးခြားချက်
==================
၁၉၄၇ ခုနှစ် နဲ. ၂၀၁၄ ခုနှစ် ရက်လနေ.များတူညီ
=================================
နှစ်ပေါင်း ၆၇ ခုနှစ်အတွင်း ၁၉၄၇ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲများ တူညီနေကြောင်း။
ကမ္ဘာပေါ်မှာ များသောအားဖြင့် လူသားတိုင်း ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းမှာ အချိန်ကို နောက်ပြန်လည်လို့မရတော့ဘူး၊ ဒီနေ့ဒီလ လို ရက်စွဲမျိုး တူညီမှုတွေ မရှိနိုင်တော့ဘူးဆိုတဲ့ လက်သုံးစကားကို ၂၀၁၄ ခုနှစ် ပြက္ခဒိန် ရက်စွဲများက တော်လှန်လိုက်တာကို တွေ့ရပါသည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ်ထဲက ရက်လများက ပြီးခဲ့သောနှစ်ပေါင်း (၆၇)နှစ်က ပြက္ခဒိန်ရက်စွဲများအတိုင်း ထပ်တူထပ်မျှ ကျစေတာတွေကြောင့်ပါ။
ကမ္ဘာလောကကြီးထဲ ထူးခြားမှုတွေဟာ အံ့သြတုန်လှုပ်စရာအဖြစ် အမြဲဖြစ်ပေါ်နေသည့်အတွက် အခုလည်း မထင်ထားတဲ့ ခုနှစ်သက္ကရာဇ်တစ်ခုစီက ရက်စွဲကို ပြန်လည်၍ တစ်ထပ်တည်း ကျရောက်စေတော့မှာ ဖြစ်တဲ့အတွက် များသောအားဖြင့် မည်သူမျှ မယုံကြည်နိုင်စရာ တခုဖြစ်နေတာကို တွေ့ရပါသည်။
၁၉၄၇ ခုနှစ် ပြက္ခဒိန် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်တို့ရဲ့ နေ့လရက်တွေ တွက်ချက်ပုံ သွားတူနေပေမဲ့လည်း မတူညီသည်က လပြည့်/လကွယ်ရက်များဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရလည်း သိရပါသည်။
"၁၉၄၇ ခုနှစ်က ပြက္ခဒိန်ရက်စွဲနဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲ တူတယ်ဆိုတော့ နိုင်ငံရေးအရ ပြောရရင် ၁၉၄၇ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲ့လိုပဲ ၁၉၄၇ခုနှစ်က ဒီမိုကရေစီ အရေးနဲ့ ၂၀၁၄ ရဲ့ ဒီမိုကရေစီအရေးရော တူညီနိုင်ပါ့မလား ဆိုတာလေးကိုတော့ စိတ်ဝင်စားမိတယ် "ဟု ပြည်ပရောက်နိုင်ငံရေးသမားတစ်ဦးမှ တာချီလိတ်အွန်လိုင်း သို့သုံးသပ်ပြောဆိုလာသည်။
"တကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်တို့လည်း မယုံနိုင်လို့ သေချာတိုက်ကြည့်တော့ လပြည့်လကွယ်က လွဲရင်နေ့ ရက် လ တွေကအစ သွားတူနေတာကို တွေ့ရတယ်"ဟု တာချီလိတ်မြို့မှ မြို့မိမြို့ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အံ့သြမှုဖြင့် ပြောကြားလာသည်။
လေ့လာတင်ပြသူ ။ ။ ကိုဇောင်း
Tachileik Online News.
30.12.2013
30 December 2013
မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် မိုးသီးဇွန် ရိုက်စားနေပြီလား သိချင်နေကြပြီ
``မိကျောင်းကန်
မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့
မိုးသီးဇွန်၏တပည့်ဖြစ်သူကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို
ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲပေးတယ်လေ´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။
သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင် မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ ဖြတ်တယ် အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ အပြင်က လာလှူ တဲ့ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံ ပယ်ဘဲလေ။ အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့တောင်းကြ တာပေါ့။ ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူကိုကျော်လင်းသောင်းက ပြောပြသွားသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။
အောင်မြင့်(သင်္ကန်းကျွန်း)
The Yangon Time via မြန်မာ့လင်းရောင်ခြည်.
သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင် မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ ဖြတ်တယ် အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ အပြင်က လာလှူ တဲ့ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံ ပယ်ဘဲလေ။ အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့တောင်းကြ တာပေါ့။ ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူကိုကျော်လင်းသောင်းက ပြောပြသွားသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။
အောင်မြင့်(သင်္ကန်းကျွန်း)
The Yangon Time via မြန်မာ့လင်းရောင်ခြည်.
29 December 2013
မတရားတာတွေ လုပ်နေဆဲ လုပ်နေတုန်းပါပဲ...
ဇေကမ္ဘာဦးခင်ရွှေ့နှင့် ရှေးဟောင်းဦးစီးတို့က မောင်တီးစေတီတော်ကိုသိမ်းထားသဖြင့် မောင်တီးဆရာတော်
က သတင်းစာရှင်းလင်းပွဲပြုလုပ်လိုပ
မနက် ကိုးနာရီအရောက် ဒလမြို့ တစ်ဖက်ကမ်းထိပ် ဒေါ်ရှမ်း ထမင်းဆိုင်သို့ အရောက်လို့သိရပါတယ် ။
ဆက်သွယ်မေးမြန်းလိုပါက ဖုန်း - 09 420315697
Kyi Naing
06 November 2013
ဗိုလ်ကြီးဟောင်းသား မူးရစ်ရမ်းကားပြီး အလုပ်မှပြန်လာသည့် မိန်းကလေး ၂ ဦး အားရိုက်နှက် ခဲ့မှုအပေါ် ရွှေပေါက်ကံရဲတပ်ဖွဲ့  ထိရောက်စွာအရေးယူနိုင်ခြင်းမရှိ
၃၀.၁၀.၂၀၁၃ရက်နေ့ည ၁၀ နာရီခန့်တွင် မမျိုးချိုချိုခိုင် ( ဘ ) ဦးမျိုးဝင်း နှင့်
အတူနေ ညီအမ၀မ်းကွဲတော်စပ်သူ မနှင်းသက်ဝေခိုင် ( ဘ ) ဦးသက်ခိုင်ဦး တို့ 
နှစ်ဦးသည် ၎င်းတို့  အလုပ်တည်ရှိရာ မြောက်ဥက္ကလာပမြို့ နယ်မှနေ၍ နေအိမ်ရှိရာ
ရွှေပေါက်ကံမြို့နယ် ၊ ၂၀ ရပ်ကွက် ၊
ကျန်စစ်သားလမ်းရှိ ၎င်းတို့  နေအိမ်သို့  ပြန်လာကြစဉ် တလမ်းထဲနေ
အောင်ကျော်မြင့် ( ဘ ) ဦးမောင်မောင် ( ဗိုလ်ကြီး- ငြိမ်း ) သည်
အရက်မူးနေပြီး လမ်းမထက်တွင် ၎င်းဝတ်ဆင်ထားသော ပုဆိုးအား ပေါင်းရင်းအထိ
လှန်တင်ကာ ယိမ်းယိုင်နေသဖြင့် ဆက်လက်မသွားရဲပဲရှိနေစဉ်
အခြားလမ်းသွားလမ်းလာဖြစ်သည့်  လူငယ် ၁ ဦးမှ အဆိုပါ မိန်းကလေး ၂ ဦးအား ၀င်ရောက် ကူညီရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု သိရသည် ။
အခင်းဖြစ်ပွားစဉ်က အောင်ကျော်မြင့်သည် ၀င်ရောက်ကူညီသူ( အမည်မသိ ) အား ထိုးကျိတ်ခဲ့သဖြင့် အဆိုပါလူငယ်မှလည်း ပြန်လည်လုံးထွေးသတ်ပုတ်ပြီး
ထွက်ခွာသွားခဲ့ရာ မမျိုးချိုချိုခိုင်နှင့် မနှင်းသက်ဝေခိုင်တို့  ၂
ဦးသည်လည်း နေအိမ်သို့ အခြားလမ်းမှ ပါတ်ပြန်လာခဲ့ကြရာတွင် ၎င်း
အောင်ကျော်မြင့်မှ မိန်းကလေးများ၏နေအိမ် အနီးမှ ထပ်မံစောင့်ဆိုင်းကာ
အသင့်ယူဆောင်လာသော သံပြားပိုင်းကဲ့သို့  သော အရာဝတ္တုဖြင့်
အချက်ပေါင်းမြောက်များစွာ ရိုက်နှက်ခဲ့သဖြင့် မိန်းကလေး နှစ်ဦးမှာ
ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံတွင် ဓါတ်ပုံပါအတိုင်း ဒါဏ်ရာများ
ရရှိခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည် ။
အဆိုပါ မိန်းကလေး ၂ ဦးအနက်မှ မမျိုးချိုချိုနိုင်၏ ဖခင်ဖြစ်သူမှာ လေငန်းရောဂါသည်ဖြစ်သဖြင့် သမီးဖြစ်သူအား ရိုက်နှက်ခံနေရခြင်းကို မြင်တွေ့နေရသော်လည်း ၀င်ရောက်တားဆီးနိုင်ခြင်းမရှိဟု သိရသည် ။
အခင်းဖြစ်ပွားစဉ်က အောင်ကျော်မြင့်သည် ၀င်ရောက်ကူညီသူ( အမည်မသိ ) အား ထိုးကျိတ်ခဲ့သဖြင့် အဆိုပါလူငယ်မှလည်း ပြန်လည်လုံးထွေးသတ်ပုတ်ပြီး
အဆိုပါ မိန်းကလေး ၂ ဦးအနက်မှ မမျိုးချိုချိုနိုင်၏ ဖခင်ဖြစ်သူမှာ လေငန်းရောဂါသည်ဖြစ်သဖြင့် သမီးဖြစ်သူအား ရိုက်နှက်ခံနေရခြင်းကို မြင်တွေ့နေရသော်လည်း ၀င်ရောက်တားဆီးနိုင်ခြင်းမရ
အောင်ကျော်မြင့်သည် ၎င်း နေထိုင်ရာ ရပ်ကွက်တွင်း ခံဝန်ချက်များဖြင့် နေထိုင်ရသူဖြစ်ပြီး မကြာသေးမီအချိန်ကလည်း မူးရစ်ရမ်းကားသဖြင့် ခံဝန်ချက်ထိုးခဲ့ရသူတဦးဖြစ
ယခုဖြစ်ရပ်အား ကာယကံရှင်မိန်းကလေးများ၏ မိခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းသို့  အကြောင်းကြားတိုင်ကြားခဲ့ပြ
၎င်း မိန်းကလေး ၂ ဦးနှင့် မိသားစု သည် နယ်မြို့  တခုမှ ရန်ကုန်မြို့ သို့  မကြာသေးမီကမှ ပြောင်းရွှေ့အခြေချလာကြခြင်း
22 October 2013
စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ
စစ်ကိုင်းမြို့၏ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇာမဏိစူဠာ ကောင်းမှုတော်မြတ်စွာဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ဆွမ်းတော်ကြီး အရုဏ်တော်အသင်းအဖွဲ့များက ၀တ်အသင်းများနှင့် ဖျော်ဖြေရေး ကားများ၊အလှပြယာဉ်များ စုံလင်စွာဖြင့် သွားရောက်၍ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ကြသည်မှာ စစ်ကိုင်းမြို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။ ဘုရားသို့ ကပ်လှူပူဇော်ပြီး နောက်တနေ့ အပြန်တွင် လမ်းတလျှောက်လုံးပျော်ပျော်ပါးပါးဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ကြရာ မြို့လူထုကလည်း စောင့်ကြည့်အားပေးကြပါသည်။ ယခုနှစ်ပွဲတွင် ပန်းဘဲတန်းရပ်ကွက် လူငယ်များက ဇာတိမာန်တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေရာ ပန်းဘဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို မှ လာရောက်တားမြစ်ပြီး ယင်းသီချင်းကို ဆက်လက်ဆိုခွင့်မပြုဘဲ ချက်ချင်းရပ်ရန် ပိတ်ပင်၍ ဆက်ဆိုပါက ကားနှင့်အတူ တစ်ဖွဲ့ လုံးအား ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ပန်းဘဲတန်းလူငယ်များ၊ ရပ်ကွက်သူရပ်ကွက်သားများနှင့် စေတနာရှင်၊ အလှူရှင် မြို့ခံလူထုများမှာ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း သိရပါသည်။ ယခုကဲ့သို့ ဘာသာရေးပွဲများတွင် အာဏာဖြင့် ၀င်ရောက်စွက်ဖက်မှုများ မဖြစ်သင့် ကြောင်း၊ အာဏာအလွဲသုံးစားပြုလုပ်မှုများ အောက်ခြေကအစ ရှိနေသေးကြောင်း အများက ဝေဖန်ပြောဆိုနေကြောင်း သိရှိရပါသည်။
စစ်ကိုင်းမြို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲ
၂၂၊၁၀၊၂၀၁၃ အင်္ဂါနေ့ ကစစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့်
ပြည်သူ့ဆန္ဒသဘောထားရယူပွဲ ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှုးကျင်းပရာ စစ်ကိုင်းမြို့နယ်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အဖွဲ့အစည်းအသီးသီးနှင့်
ရပ်ကွက်၊ကျေးရွာအသီးသီးရှိအလွှာပေါင်းစုံ မှလူထုအများ၊ တက်ရောက်ကြပြီး
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးကြည်ဝင်း(လပ္ပတ္တာ)
ကနေပြီးရှင်း လင်းပြောကြားခဲ့ပါသည်။ ၄င်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ရှင်းလင်းဟောပြော ပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲသို့
စာရင်းရှိအင်အား(၁၀၁၇) ဦးတက်ရောက်ပြီး မတ်တပ်ရပ်
ဆန္ဒပြု စနစ်ဖြင့်ဆန္ဒခံယူရာ၊
ပြင်ဆင်ရေးအတွက်(၁၀၁၃) ယောက် နှင့် အသစ်ရေးဆွဲရေးအတွက်(၄) ဦး ဆန္ဒပြုခဲ့
ကြပါသည်။'
20 October 2013
11 October 2013
မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မဟုတ်ဟု ပွဲစီစဉ်သူပြော
မယ်စကြာဝဠာမြန်မာ အဖြစ် တရားဝင်ရွေးချယ်ခံထားရတဲ့ မိုးစက်ဝိုင်ရဲ့မိဘနှစ်ပါးဟာ တရုတ်
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။
"အစ်မတို့က မိုးစက်ဝိုင်ကို Miss Universe Organization ရဲ့အကြီးအကဲရှေ့နဲ့ ပရိသတ်တွေ
ပေးတဲ့ မဲအရေအတွက်၊ ဒိုင်တွေရဲ့ သုံးသပ်ချက်တွေပေါ်မှာ အားလုံးပေါင်းပြီး အကောင်းဆုံးရွေး
ချယ်ထားတဲ့ အလှမယ်ဖြစ်တဲ့အတွက် ထပ်ရွေးဖို့အစီအစဉ်မရှိပါဘူး။ လူသိရှင်ကြား၊ ငွေကုန်ကြေး
ကျခံပြီး ဂုဏ်သိက္ခာရှိရှိလုပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်"လို့ မယ်စကြာဝဠာမြန်မာပွဲကြီးကို စီစဉ်သူ တစ်ဦး
ဖြစ်တဲ့ Hello Madam မီဒီယာမှ အထွေထွေမန်နေဂျာ မသိန်းယုဝေက ပြောပါတယ်။
ပေးတဲ့ မဲအရေအတွက်၊ ဒိုင်တွေရဲ့ သုံးသပ်ချက်တွေပေါ်မှာ အားလုံးပေါင်းပြီး အကောင်းဆုံးရွေး
ချယ်ထားတဲ့ အလှမယ်ဖြစ်တဲ့အတွက် ထပ်ရွေးဖို့အစီအစဉ်မရှိပါဘူး။ လူသိရှင်ကြား၊ ငွေကုန်ကြေး
ကျခံပြီး ဂုဏ်သိက္ခာရှိရှိလုပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်"လို့ မယ်စကြာဝဠာမြန်မာပွဲကြီးကို စီစဉ်သူ တစ်ဦး
ဖြစ်တဲ့ Hello Madam မီဒီယာမှ အထွေထွေမန်နေဂျာ မသိန်းယုဝေက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲနဲ့ပတ်သက်ပြီးတော့လည်း သူက "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကတော့ ဘာမှပြော
စရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူတို့က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိပါတယ်။
အဲသလိုမလုပ်ကြပါနဲ့လို့ အစ်မတို့ဘက်က တောင်းဆိုခွင့်မရှိဘူးလေ။ အစ်မတို့ ပြိုင်ပွဲအတွက်
ဆက်လုပ် စရာရှိတာတွေကို ဆက်လုပ်သွားမှာပါ"လို့ပြောပါတယ်။ မိုးစက်ဝိုင်ရဲ့ဖခင်ဖြစ်သူမှာ
တရုတ်စပ်ဖြစ်ပြီး မိခင်ဖြစ်သူမှာ ရှမ်းတရုတ်ဖြစ်ကာ မိုးစက်ဝိုင်ရော သူ့အမေပါ မြန်မာနိုင်ငံမှာ
မွေးဖွားတဲ့ မြန်မာနိုင်ငံသားများသာဖြစ်တယ်လို့လည်း မသိန်းယုဝေက ပြောပါတယ်။
စရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူတို့က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိပါတယ်။
အဲသလိုမလုပ်ကြပါနဲ့လို့ အစ်မတို့ဘက်က တောင်းဆိုခွင့်မရှိဘူးလေ။ အစ်မတို့ ပြိုင်ပွဲအတွက်
ဆက်လုပ် စရာရှိတာတွေကို ဆက်လုပ်သွားမှာပါ"လို့ပြောပါတယ်။ မိုးစက်ဝိုင်ရဲ့ဖခင်ဖြစ်သူမှာ
တရုတ်စပ်ဖြစ်ပြီး မိခင်ဖြစ်သူမှာ ရှမ်းတရုတ်ဖြစ်ကာ မိုးစက်ဝိုင်ရော သူ့အမေပါ မြန်မာနိုင်ငံမှာ
မွေးဖွားတဲ့ မြန်မာနိုင်ငံသားများသာဖြစ်တယ်လို့လည်း မသိန်းယုဝေက ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် ကာယကံရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကို
မြန်မာတိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုမှုကို မရရှိခဲ့ပါဘူး။ မယ်စကြာဝဠာ
မြန်မာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ
ကျင်းပခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်မှာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု
အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာတိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုမှုကို မရရှိခဲ့ပါဘူး။ မယ်စကြာဝဠာ
မြန်မာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ
ကျင်းပခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်မှာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု
အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
သတင်း....မြန်မာတိုင်း (မ်)
09 October 2013
03 October 2013
“ နယူးဇီလန်ပြည်သူ့လွှတ်တော်ဥက္ကဌ Hon. David Carter ဦးဆောင်သော ပါလီမန်အမတ်များ အဖွဲ. မြန်မာနိုင်ငံသို.သွားရောက်မည်။”
( Ref: New Zealand Parliament )
လက်ရှိလုပ်ဆောင်လျက်ရှိသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် များအားလေ့လာရန်နှင့်မကြာခင် ကလာရောက်ခဲ့သော မြန်မာသမ္မတနှင့်ပြည်သူ့လွှတ်တော်ဥက္ကဌတို.နှင့်ဆက်စပ်သောအပြန်အလှန်ခရီးစဉ်
ဖြစ်ပြီး၊နေုပြည်တော်တွင် သမ္မတဦးသိန်းစိန်၊
နိုဘယ်ငြိမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၊
၎င်းအပြင် အထက်နှင့်အောက် လွှတ်တော်ဥက္ကဌများအားလည်းတွေ.ဆုံမည်ဖြစ်ကြောင်းသိရှိရသည်။
ရန်ကုန်ုမြို့တွင် နယူးဇီလန်စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များအားတွေဆုံရန် ရှိကာ ထောက်ကြံစစ် သချိုင်း သို.လည်းဂါဝရပြုသွားရောက်မည်ဖြစ်သည်။
ထိုခရီးစဉ်တွင် မြန်မာ့အရေးအစဉ်ထောက်ခံအားပေးလျက်ရှိသော Dr Rajen Prasad (Labour)။ David Clendon (Green) တို.ပါဝင်ကာ Hon Philip Heatley (National) ။ Tracey Martin (NZ First) တို.လိုက်ပါသွားကြသည်။
01 October 2013
ဆူးလေတွင် သပိတ်စခန်းဖွင့်သည့် ဟုန်ရှင်း အလုပ် သမား ခေါင်းဆောင်လေးဦး ကို ကျောက်တံတား ရဲစခန်းက အမှုဖွင့်
မဟာ
ဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စ ခန်းဖွင့်ခဲ့သည့် ဟုန်ရှင်းအအေး ခန်းစက်ရုံမှ
အလုပ်သမားခေါင်း ဆောင်လေး ဦး ကို ကျောက်တံ တားရဲစခန်းမှ
ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့်
ဥပဒေပုဒ်မ ၁၈ဖြင့်အ မှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ
သပိတ်စခန်းဦး ဆောင်ဖွင့်သူလေးဦးကို စက်တင် ဘာ ၂၈ရက်တွင် အမှုဖွင့်ခဲ့ခြင်း
ဖြစ်ကြောင်း ကျောက်တံတားမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက
ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။
ယင်းက ''သူတို့လေးဦးကို လဲ အခြားလူတွေလိုပဲ ဥပဒေအရ အမှုဖွင့်ရတာပါ။ ဥပဒေကို အား လုံးလိုက်နာလေးစားဖို့လိုတယ်ဆို တာ သိစေချင်လို့ပါ''ဟု ပြော သည်။
ဟုန်ရှင်းစက်ရုံမှ အလုပ်သ မားခေါင်းဆောင် ဦးမင်းမင်းက ''ကျွန်တော်
တို့တော့ ဘာမှ မသိရ သေးပါဘူး။ ရဲစခန်းက ခေါ်ယူစစ် ဆေး တာလဲမရှိသေး ပါဘူး။ သ
ပိတ်စခန်းဖွင့်တာနဲ့ပတ်သက်ပြီး တော့ လာပြီးဖြေရှင်းပေးတဲ့ လူ
ကြီးတွေအကုန်လုံးက ဘာမှမဖြစ် စေရပါဘူး။ တရားလဲမစွဲပါဘူးလို့
ကျွန်တော်တို့အလုပ်သမားတွေ အားလုံးရှေ့မှာ ပြောထားခဲ့ပါ တယ်''ဟု ပြောသည်။
အလုပ်သမားများအနေ ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ် သက်၍
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးတို့ကိုသာ အ ကူအညီတောင်းခံသွားရန်ရှိ ကြောင်း၊ အလုပ်သမားများအ
နေဖြင့် အမှုဖွင့်တရားစွဲဆိုပါက လည်း အကူအညီတောင်းခံသွား ခြင်းမှအပ
မည်သည့်တုံ့ပြန်ချက် မှ ပြန်လည်လုပ်ဆောင်သွားမည် မဟုတ်ကြောင်း
အမှုဖွင့်ခံရခြင်း နှင့်ပတ်သက်၍ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ''ကျွန်မကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝအ
ကြောင်းကြားလာခြင်းမရှိတဲ့အ တွက် ကျွန်မအနေနဲ့ ကတော့အ တည် မပြုသေးပါဘူး။
အလုပ်သ မားတွေအနေနဲ့ကတော့ သူတို့ ကျူးလွန်ထားတာ ဖြစ်တဲ့အတွက်
သူတို့ကိုခေါ်ရင် သွားရမှာပါပဲ။ ကျွန်မကို အကူအညီတောင်းလာ ရင်တော့
ဥပဒေလမ်းကြောင်းအ တိုင်း အကူအညီပေးသွားမှာပါ'' ဟုပြောသည်။
အဆိုပါဟုန်ရှင်းစက်ရုံမှ အလုပ်သမားများသည်လည်း စက်တင်ဘာ ၂၂ရက်မှ စတင်ကာ
မဟာဗန္ဓုလပန်းခြံရှေ့တွင် နှစ်ရက် တာ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ပြီး
အလုပ်သမားများအရေး ကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှဝန်ကြီး
ဦးစိုးမင်း၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးစော
နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းနှင့် တာဝန်ရှိ သူများ
လာရောက်ညှိနှိုင်းပေးမှု ဖြင့် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်ပြီး
ယခုတွင် ခွင့်ပြုမိန့်မ တင်ဘဲ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ခြင်းကြောင့်
ကျောက်တံ တားမြို့နယ်ရဲစခန်းမှ အမှုဖွင့် ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း.... Yangon Media Group
သံတွဲတွင် အကြမ်းဖက်မည့် သတင်းကြောင့် ဈေးဆိုင်များနှင့် ကျောင်းများ ပိတ်ထား
မီးရှို့မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မည် ဆိုသည့် ကောလာဟလ သတင်းများကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဈေးများရှိ ဈေးဆိုင်များနှင့် စာသင်ကျောင်းများ ပိတ်ခဲ့ကြကြောင်း သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။
သံတွဲမြို့ရှိ အံတော်ရပ်ကွက်တွင် ဗုဒ္ဓဘာသာဝင်များကို ယင်းနေရာက ထွက်ပေးရန်၊ ယင်းနေရာကို အကြမ်းဖက်မည်ဆိုသည့် သတင်းနှင့် ရွှေချောင်းပြင် ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်မည်ဆိုသည့် သတင်းများကြောင့် ယင်းသို့ ဈေးဆိုင်များ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းကဆိုသည်။
“ဈေးမှာ ငါးတွေတောင် မတက်တော့ဘူး။ ခြောက်ကပ်နေတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။
သံတွဲတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် ကောလာဟလ သတင်းများကြောင့် လုံခြုံရေး အင်အားကို တိုးမြှင့်ထားကြောင်း သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ဗုဒ္ဓဘာသာ သာသနာ့အလံကို ငပလီ အထွေထွေ ရောင်းဝယ်ရေးပိုင်ရှင် အစ္စလာမ် ဘာသာဝင် ကမန်လူမျိုး ဦးကျော်ဇံလှက ဖျက်ဆီးသည်ဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲနှင့်ပေါက်မှု၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် နေအိမ်ကို ခဲဖြင့် ပစ်ပေါက်ပြီးနောက် မီးရှို့မှု ထပ်မံဖြစ်ပွားခဲ့ရာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို မေးမြန်းချက်များအရ သိရှိရသည်။
မီးရှို့မှု ကျူးလွန်ခဲ့သူများကို အရေးယူရန် ရှာဖွေနေဆဲ ဖြစ်ကြောင်း သံတွဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဦးကျော်ဇံလှ နေအိမ်ကို ခဲနှင့် ပစ်ပေါက်မှုဖြင့် သံတွဲမြို့ခံ နှစ်ဦးကို ပုဒ်မ ၃၃၆/၄၂၇ အမှုဖွင့်ထားကြောင်း၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အလုပ်အမှုဆောင်လည်းဖြစ်သူ ဦးကျော်ဇံလှကိုမှု ဆဲဆိုမှု၊ သာသနာကို အကြည်ညို ပျက်စေမှု ပုဒ်မ ၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က မုဒိမ်းကျင့် ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခအရှိန် မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
သတင်း.... The Voice Weekly
Subscribe to:
Posts (Atom)







