30 December 2013

မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် မိုးသီးဇွန် ရိုက်စားနေပြီလား သိချင်နေကြပြီ

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်၏တပည့်ဖြစ်သူကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲပေးတယ်လေ´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက်  စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။  ဆန္ဒပြပွဲပြီးတော့  ငွေရှစ်ထောင် မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ ဖြတ်တယ် အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ အပြင်က လာလှူ တဲ့ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံ ပယ်ဘဲလေ။ အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့တောင်းကြ တာပေါ့။ ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူကိုကျော်လင်းသောင်းက ပြောပြသွားသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)
The Yangon Time via မြန်မာ့လင်းရောင်ခြည်.