02 January 2014

ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။

" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊

ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊

အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊

အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့"


သတင်း...    RFA