22 October 2013

စစ်ကိုင်းမြို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲ

၂၂၊၁၀၊၂၀၁၃ အင်္ဂါနေ့ ကစစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှုးကျင်းပရာ စစ်ကိုင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်၊ကျေးရွာအသီးသီးရှိအလွှာပေါင်းစုံ မှလူထုအများ၊ တက်ရောက်ကြပြီး အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးကြည်ဝင်း(လပ္ပတ္တာ) ကနေပြီးရှင်း လင်းပြောကြားခဲ့ပါသည်။ ၄င်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြော ပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲသို့ စာရင်းရှိအင်အား(၁၀၁၇) ဦးတက်ရောက်ပြီး မတ်တပ်ရပ်
ဆန္ဒပြု စနစ်ဖြင့်ဆန္ဒခံယူရာ၊ ပြင်ဆင်ရေးအတွက်(၁၀၁၃) ယောက် နှင့် အသစ်ရေးဆွဲရေးအတွက်(၄) ဦး ဆန္ဒပြုခဲ့ ကြပါသည်။'