21 October 2012

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

            ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့လည် ၁၂နာရီတွင် ဆန္ဒပြမည်ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်း တစ်ဦး က Yangon Chronicle သို့ ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားလှုပ်ရှားမှုအဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒပြခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်မရရှိသော် ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်းနှင့် ဆန္ဒပြရခြင်းမှာ ဘင်္ဂါလီလူမျိုးများသည် လူဦးရေတိုးပွားနှုန်း မြန်ဆန်လွန်းသ ဖြင့် ယခုအချိန်တွင်ပင် ရခိုင်ပြည်နယ်၏ ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင်ထားကြောင်း သိရသည်။
“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန်ထမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေမှာလည်း ပြင်းထန်သော အရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။
“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံသူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေရန်ကော၊ လူဥိးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟု ကိုတင်ထူးအောင်က ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ ယခုအချိန်ထိ အားနည်းနေသေးမှုနှင့် ယခင်အစိုးရလက်ထက်တွင် ကိုယ်ကျိုးစီးပွားရှာခဲ့သော အစိုးရဝန်ထမ်းများ ကြောင့် ဘင်္ဂါလီလူမျိုးတို့သည် ရခိုင်လူမျိုးတို့အား ဝါးမျိုသွားနိုင်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က “လူမျိုးမျိုရင် လူမျိုးပြုတ်မယ်”ဟု ညွှန်းဆိုခဲ့သည်။

သတင်း.....Yangon Chronicle

နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား???

 
 လက်ရှိမြန်မာ့ပညာရေးလောကတွင် စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာအဆင့်မီမှုမမီမှုတိုင်း တာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ပြေမှုရှိမရှိ တိုင်းတာမှုမျိုး မှာမတွေ့ရသေး သည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း လေ့လာသူများကထောက်ပြလိုက်သည်။

တိုက်တွန်း အားပေးမှုများ ရှိနေပြီး ပုဂ္ဂလိကစာသင်ကျောင်းများဖွံ့ဖြိုးစေရန် ကူညီအားပေးမှုများလည်း အစိုးရပိုင်းကလုပ်ဆောင်နေသည်။ ငွေကြေးတတ်နိုင်သည့် မိဘအသိုင်းအ၀ိုင်းများကလည်း မိမိတို့ ကလေးများကို နိုင်ငံတကာအဆင့်မီသည်ဟုဆိုသော နိုင်ငံခြားဘာသာဦးစားပေးသင်သည့် ကျောင်းများတွင် တက်ရောက်စေကြသည်မှာလည်း ခေတ်စားနေသော ကြွားစရာပြယုဂ်တစ်ခုဖြစ်နေပါတယ်။သို့သော် ထိုကျောင်းများကပင် မိခင်စာပေ၊ ဘာသာစကားကို ထိခိုက်အောင် စိန်ခေါ်မှုများရှိနေသည်ကိုလည်း မငြင်းနိုင်ပေ။ လက်ရှိအစိုးရလက်ထက်တွင် ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန်
 
 နိုင်ငံတကာသင်ရိုးနှင့်အညီသင်ကြားနေသည်ဆိုသော သံရုံးကျောင်းတစ်ကျောင်းမှ ကျောင်းသား မိဘတစ်ဦးက " ကျွန်မကလေးကို ဒီကျောင်းမှာထားရတာ တော်တော်အဆင်ပြေတယ်၊ ဒီကျောင်းက သင်ကြားမှုစနစ်လည်းကောင်းတယ်။ အင်္ဂလိပ်စာကို အသားပေးသင်တော့ ကလေးက အင်္ဂလိပ် စကားတော်တော်ကျွမ်းကျင် လာတယ်။ တစ်ခြား ဘာသာရပ်တွေမှာလည်း မဆိုးဘူး။ ကျွန်မတော့ ကလေးအတွက် တော်တော်စိတ်ချရပြီ။ ဒီကျောင်းကပြီးလို့ ကလေးကြီးလာရင် နိုင်ငံခြားကကျောင်းမှာ ထားဖို့ကျတော့လည်း အဆင်ပြေတယ်လေ " ဟုပြောကြားသွားသလို သာမန်အစိုးရကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသာ မိဘတစ်ဦးကမူ " ကျွန်မတို့က ငွေကြေးအရမ်းကြီးမတတ်နိုင်တော့ ရိုးရိုးကျောင်းမှာပဲထားရတာပေါ့။ 
 
ဒါတောင်ကျူရှင်စရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကိုလိုက်ပြီး တတ်နိုင်သမျှဖြည့်ဆည်းပေးသွားမယ်လို့တော့ စိတ်ပိုင်းဖြတ်ထားတယ်။ ပုဂ္ဂလိကကျောင်းမှာထားဖို့ကျတော့ ကျမတို့က တတ်နိုင်သူတွေမဟုတ်ဘူးလေ။ တော်ကြာ ဖြုန်းနိုင်သုံးနိုင်တဲ့ကလေးတွေနဲ့ ပေါင်းပြီး ကျမကလေးပျက်စီးသွားမှာလဲကြောက်တယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါနိုင်ငံခြားဘာသာဦးစားပေးသင်သောကျောင်းများနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက "ကျွန်တော် တစ်နေ့က အလှူတစ်ခုမှာ မိဘတွေပြောနေတဲ့စကားတစ်ခုကြားလိုက်ရတယ်။ ပြောနေတဲ့ သူက သူ့ကလေးကို Private ကျောင်းတစ်ခုမှာထားတဲ့အကြောင်း၊ အဲဒီကျောင်းကတော်တော်ကောင်းကြောင်း ကလေးတွေ ကိုလည်း စနစ်တကျသင်တဲ့အကြောင်း။ အဲဒီအထိကြားရတာအဆင်ပြေသေးတယ်။
 
 နောက်သူက ဘာပြောလဲဆိုရင် ကလေးက အင်္ဂလိပ်စာကို တော်တော်ကျွမ်းကျင်နေပြီတဲ့ ဘယ်လောက်တောင်လဲဆိုရင် မြန်မာစာကိုတောင် အင်္ဂလိပ်စာလောက်ကောင်းကောင်းမဖတ်နိုင်ဘူးတဲ့။ သူပြောနေတာတော့်တော့်ကို ၀မ်းပန်းတသာနဲ့ကိုပြောနေတာ။ ဒီဟာလေးကိုကြည့်ပြီးပြောလို့ရတာတစ်ခုကတော့ မိဘတွေအနေနဲ့ ပညာရေးအားပေးတာ လမ်းကြောင်းလွဲလာပြီလို့ပြောလို့ရတယ်။ 
 
 ကိုယ့်ရဲ့ မိခင်ဘာသာကို မကျွမ်းကျင်ဘဲနဲ့ တခြားဘာသာကျွမ်းကျင်တာကို မိဘတွေအနေနဲ့ ဂုဏ်ယူနေကြပြီလားလို့ ကျွန်တော်မေးချင်တယ်။ ဒါဟာ ကိုယ့်ရဲ့ မိခင်ဘာသာစကား ပျောက်သွားတော့ မယ့် ရှေ့ပြေးနမိတ်ပုံပဲ။ ဒီလိုအပြောအဆိုမျိုး ရပ်ကွက်ထဲမှာ အပြောများလာပြီ။ ကိုယ့်ရဲ့ကလေး မိခင်ဘာသာစကားထက် နိုင်ငံခြားဘာသာစကားကို ပိုကျွမ်းကျင်တယ်ဆိုတဲ့ ကြွားစရာမဟုတ်တဲ့ အကြွားမျိုးတွေ ခေတ်စားလာတယ်။ ဘယ်နိုင်ငံမှာမဆို မိမိတို့ရဲ့ မိခင်ဘာသာစကားကို ပထမဦး စားပေးစာပေ အနေနဲ့ သင်ကြားရတာပါ။ မြန်မာဖြစ်ပြီး မြန်မာစာ၊စကားမကျွမ်းကျင်ရင် ကိုယ့်ယဉ်ကျေး မှုကို ဘယ်လိုထိန်းသိမ်းမလဲ။ မိဘတွေစဉ်းစားဥာဏ်ရှိရင် စဉ်းစားကြဖို့ကောင်းတယ်။ 
 
အခုဥပမာအနေနဲ့ပြရင် ကိုရီးယားတို့ တရုတ်တို့ ဂျပန်တို့ပေါ့။ သူတို့ရဲ့မိခင်ဘာသာစကားကို နိုင်င်္ငတကာက အသိအမှတ်ပြုအောင် လက်ခံသုံးစွဲလာအောင် ကြိုးစားနေတာ။ ကျွန်တော်တို့နိုင်ငံက မိခင်စာပေ၊ ဘာသာစကားမရှိတဲ့နိုင်ငံမဟုတ်ပါဘူး။ ခိုင်မာတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှေးရိုးစဉ်ဆက် စာပေ၊ဘာသာ စကားထွန်းကား တဲ့နိုင်ငံပါ။ ကျွန်တော်က ခေတ်လူငယ်ပါ။ နိုင်ငံခြားဘာသာရဲ့အသုံးဝင်ပုံကို အများကြီးသိတယ်။ ဒါပေမယ့် သုံးသင့်တဲ့နေရာမှာ သင့်တော်သလိုသုံးတာပဲကောင်းတယ်။ ဥပမာဒေါ်အောင်ဆန်းစုကြည်လိုပေါ့။ အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ ကျွမ်းကျင်လိမ်မာစွာပြောနိုင်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချင်းစကားပြောရာမှာ အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြား မှာ ရောက်နေတဲ့ မြန်မာ လူမျိုးတွေနဲ့ တွေ့တဲ့အခါ မြန်မာလို ကြိုးစားပြောခိုင်းတာ အားလုံးအသိပါ။ 
 
အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သင့်ပါတယ်။ တစ်ချို့ကျောင်းတွေဆို မြန်မာစာကို ပြီးပြီးရောသင်တယ်။ ၄တန်းလောက်ထိပဲ မြန်မာစာသင်တယ်၊ အဲဒီကျောင်း ကလေးကို မြန်မာဆေး အညွှန်းကို ဖတ်ခိုင်းတာ မဖတ်တတ်တော့ဘူး။ မြန်မာစာ ပါဍ်ဆင့်တွေကို မဖတ်တတ်တော့ဘူး။ ဘုရားစာဖတ်ခိုင်းလိုက်တာ ဂုဏ်တော်ကိုးပါးကိုတောင် ဖတ်ခိုင်းလို့မ ရတော့ဘူး။ ဒီလိုမဖတ်တတ်တာကို ပဲ မိဘတွေက ဂုဏ်ယူနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာလိုမ၀တ်စားတတ်တာကို ဂုဏ်ယူနေမယ့် မိဘတွေပေါ်ထွက်များပြားလာတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲဘူး"လို့ ဝေဖန်ပြောဆိုသွားပါတယ်။
 

ပုသိမ်ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများ ဒဏ်ငွေချမှတ်ခံရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကုန် ဈေးနှုန်းကျဆင်းရေး ဆန္ဒဖော် ထုတ်ခဲ့ကြသူ (၁၄)ဦးကို ပုသိမ် မြို့နယ် တရားရုံးက ပုဒ်မ (၁၅၃) ရုန်းရင်းဆန်ခတ်မှုကျူးလွန်ရန် ကြံရွယ်မှုနဲ့ အောက်တိုဘာ ဒုတိယအပတ်တွင် ဒဏ်ငွေ ၁ထောင် သို့မဟုတ် ထောင်ဒဏ် ၁လကျ ခံဖို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဆန္ဒပြသမားများကို စည် ပင်သာယာဌာနက မူလက၀တ္ထ ရားနှောင့်ယှက်မှုနဲ့ တရားစွဲထား တာဖြစ်ပေမဲ့ တရားသူကြီးပုဒ်မ (၁၃၅)အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်ဟု ပြစ်ဒဏ်ချ ခံရသူ ကိုချစ်အေးကပြောဆို သည်။

 ““ကျွန်တော်တို့ကို ထောင် ပဲချမယ်လို့ ဆုံးဖြတ်ထားတာ၊ မနေ့က အမိန့်တွေအစုံဖတ်ပြပြီး နောက်ဆုံးပုဒ်မ (၁၅၃)နဲ့ ဒဏ်ငွေ တစ်ယောက် ၁ထောင်ဒဏ်ကြေး ရိုက်တယ်။ ဒဏ်မဆောင်နိုင်ရင် ၁လ ပုံစံနဲ့လုပ်လိုက်တယ်။ ကျွန် တော်တို့က မတရားအပြစ်ပေးခံ ရတာပဲ၊ ဥပဒေချိုးဖောက်ပြီး ကျွန်တော်တို့ကို မတရားလုပ် လိုက်တာ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင် ပင်ဆွေးနွေးပြီး ပြန် ထပ်ဖော်ထုတ် ဦးမယ်””ဟုပြော သည်။ ပြစ်ဒဏ်ပေးခံရသူတွေ က တော့ ကိုချစ်အေး၊ ကိုဇော်မိုး၊ ကို ၀င်းဇော်စတဲ့ ပုသိမ်မြို့ခံတွေနဲ့ လူ့ အခွင့်အရေးလှုပ်ရှားသူတွေပါဝင် ပြီးတရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ သည်ဟု သိရသည်။ အခုနှစ် ဆန်းပိုင်းဖေဖော်ဝါရီ ၂ ရက်နေ့ ပုသိမ်မြို့ မြို့နယ်စည်ပင်သာယာ ရေးရုံးရှေ့မှာ လူ ၁၆ ယောက် လောက်က ကိုန်ဈေးနှုန်းကျဆင်း ရေးအတွက် ပိုစတာတွေကိုင် ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ဆန္ဒပြပွဲအပြီး တွင် ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ပြီး စည်ပင်သာယာတရားစွဲဆို ထားခဲ့ရာက အခု (၈)လလောက် အကြာမှာ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း..... Hot News

20 October 2012

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်


ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။


ဆန္ဒပြသူများသည် အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုရာကျော်က ပြောသည်။
“ အိုအိုင်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ဂဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခုလက်ရှိတွင်လည်း ကားလမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ခရီးသွားကားများအား တိုက်ခိုက်မူများ ရှိပါသလားဟု မေးမြန်းရာ ယခုအခါ မရှိတော့ကြောင်း၊ သို့သော် လွန်ခဲ့သော လအထိ ယခုလို နှောင့်ယှက် တားဆီးမူများ ရှိခဲ့ကြောင်း ပြောဆိုသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ ဈေးဟောင်းပိုင်း ကမ်းနားလမ်းရှိ ဓမ္မာရုံမှစတင်ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ပြီး ဆန္ဒပြပြီး   ဓမ္မာရုံ သို့ပြန်လှည့်လာ ကာ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်ခဲ့ကြသည်ဟု ပြောသည်။

သတင်း.....  Narinjara News

19 October 2012

မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။
“ကြေးနီတောင်စီမံကိန်းပာာ ကုမ္ပဏီရဲ့ပြယုဂ်ဖြစ်တဲ့အပြင် တရုတ်အစိုးရရဲ့ ပြယုဂ်နဲ့ပါ ပတ်သက်နေပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရနဲ့ ပြည်သူ တွေက တားဆီးမယ်ဆိုရင်တောင် တရုတ်အစိုးရက ခွင့်ပြုမှာမပာုတ်ပါဘူး။ စက်မှုဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေလုပ်ရမှာပါ”ပာု ၎င်းက ပြောကြား သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် Myanmar Wanbao Mining Copper Ltd တို့မှ အကျိုးအမြတ် ခွဲဝေခံစားသည့်ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းကြောင့် ရွာများပြောင်းရွှေ့ရခြင်း၊ ဒေသခံတို့၏လယ်ယာမြေများ ဆုံးရှုံးခြင်း၊ ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှုများနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံပြည်သူများမှ မြစ်ဆုံစီမံကိန်းကဲ့သို့ ကန့် ကွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ကလည်း ဘယ်လိုမှလက်မခံနိုင်ပါဘူး။ မြစ်ဆုံစီမံကိန်းလိုပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွား မှာပါ။ ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူထုနစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စတွေအတွက် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို တရားစွဲဆိုသွားဦးမှာပါ။ သူတို့ဘက်က လုံးဝမဖျက်သိမ်းဘူးလို့ပြောရင် ကျွန်တော်တို့ဘက်ကလည်း လုံးဝလက်ခံမှာမပာုတ်ပါဘူး။ ကြေးနီစီမံကိန်းကိစ္စကို လုံးဝကန့်ကွက်ပါတယ်”ပာု ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရသစ် ဦးသိန်းစိန်လက်ထက်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်သူလူထုမှ တခဲနက် ကန့်ကွက်ခဲ့သည့် မြစ်ဆုံစီမံကိန်းအား ၎င်း၏လက်ထက်တွင် ဆက်လက်လုပ်ဆောင်မည်မပာုတ်ကြောင်း ၂၀၁၂ မေလက ပြောကြားခဲ့သည့် မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သတင်း....yangonchronicle 

တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု




တကယ်တော့ …
ခံစားမှုဟာအာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ …
ပေါက်ကွဲမှုဟာစည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။

တကယ်တော့ …
ရဲရင့်မှုဟာကမ္ဘာမြေကြီးကိုသွေးချောင်းစီးစေနိုင်သလို
မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …
မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။

(မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက် မြို့နေ ပန်းချီ မင်းကျော်ခိုင် တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်း ဂုဏ်ပြုသည်။)
ကျော်သူ

18 October 2012

အစိုးရသတင်းစာများရောင်စုံစာမျက်နှာဖြင့်ထွက်ရှိ။


အစိုးရထုတ်နေ့စဉ်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light Of Myan mar သတင်းစာများ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှစတင်၍ ရောင်စုံစာမျက်နှာများဖြင့် စတင်ဖြန့်ချိ။ အစိုးရထုတ်နေ့စဉ်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light Of Myanmar သတင်းစာများ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှစတင်၍ ရောင်စုံစာမျက်နှာများဖြင့် စတင်ဖြန့်ချိ။ ရန်ကုန်မှာတော့ ပုံနှိပ်စက်တည်ဆောက်နေမှု အခြေအနေအရ မြန်မာ့အလင်းနဲ့ ကြေးမုံကို တစ်ပတ်စီ အလှည့်ကျ ရောင်စုံနဲ့ ထုတ်ဝေနေရကြောင်း သတင်းရရှိ။

 ဓာတ်ပုံ - ကျော်ဇေယျာဝင်း

သတင်း....DVB TV News

မြန်မာ့ဆက်သွယ်ရေး ADSL အင်တာနက် တပ်ဆင်ခ ၁၂ ဆလျော့ချပြီ


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း နကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။
...
မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။

ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများအကြား အမြင့်ဆုံးသော နှုန်းထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။

တဦးချင်းဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ADSL အင်တာနက်လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

သတင်း.....  YPI

ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား

မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။



ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။

သူက ပြောကြားရာတွင် သူတို့ထံသို့ နယ်စပ်ရေးရာ ၀န်ကြီး ဌာမှ တဆင့် အကြောင်းကြားစာ ရောက် လာခြင်း ဖြစ်ပြီး အစိုးရထံမှ တရားဝင် မဟုတ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စကို နောက်လတွင် ကျင်းပမည့် အိုအိုင်စီ အစည်းဝေးတွင် ဆွေးနွေး မည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စကို မြန်မာ တ၀န်းလုံးတွင် ကန့်ကွက် ဆန္ဒပြမူများ ပေါ်ပေါက် လာသဖြင့် ပြည်သူများ၏ ဆန္ဒကို လေးစား လိုက်နာသဖြင့် ယခုလို ရုံးများ ဖွင့်လှစ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် အိုအိုင်စီ ကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံ စစ်တွေနှင့် ရန်ကုန်မြို့တို့တွင် ရုံးများ ဖွင့်လှစ်ရန် ယခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့က  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုး ပြီးနောက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ရဟန်းတော်များမှ ဦးဆောင်ပြီး အိုအိုင်စီ ရုံးများ ဖွင့်လှစ်ရေးကို ကန့်ကွက် ဆန္ဒပြသည့် လူပ်ရှားမူများ နေ့စဉ် ရက်ဆက် ပေါ်ပေါက်ခဲ့သည်။

သတင်း......  Narinjara News

17 October 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေး NLD ပါဝင်မှသာ ငြိမ်းချမ်းမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံပြောကြား

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံ က အောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NLD ငြိမ်းချမ်းရေး အဖွဲ့ ၀င်ရောက်မှသာလျှင် ကချင် တိုင်းရင်းသားလူမျိုးစု အသက်ရှူ ချောင်မည်ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

““ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ငြိမ်းချမ်းရေး လက်မှတ် ခဏခဏရေးထိုးခဲ့ပေ မယ့် နိုင်ငံတော်အစိုးရက သူတို့ အပေါ် သစ္စာမရှိဘဲ ထိုးထားတဲ့ လက်မှတ်ကို ချိုးဖောက်ခဲ့တဲ့ အတွက် ကချင်အမျိုးသားလူထု တွေဟာ လက်ရှိဒုက္ခတွေ ခံစား နေရတယ်။ တကယ်လို့များ နိုင်ငံ တော်အစိုးရက ကချင်အမျိုးသား တွေနဲ့ ထိုးထားတဲ့ လက်မှတ်တွေ အပေါ်မှာ ကတိတည်မည်ဆိုရင် ဒီလိုမျိုး လူထုတွေ ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကတိမတည် ခဲ့ရင် ကချင်တပ်နဲ့ နိုင်ငံတော် အစိုးရကြား ယုံကြည်မှုကင်းမဲ့ သွားမယ်။ သူတို့ကြားမှာ ငြိမ်းချမ်း ရေးရအောင် တွန်းအားပေးပို့မယ့် လူလိုတယ်။ KNU/KNLA  အဖွဲ့ အစည်းကိုယ်စား ပြောချင်တာ  ကတော့ NLD ငြိမ်းချမ်းရေးအဖွဲ့ အစည်း ၀င်ရောက်မှသာလျှင် ကချင်တိုင်းရင်းသားတွေ အသက် ရှူချောင်သွားတယ်။ အခြားအဖွဲ့ အစည်းတွေနဲ့ မဖြစ်ဘူးလို့ ယူဆ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျွန်တော့်အနေနဲ့ ငြိမ်း ချမ်းရေးမိခင်လို့ မြင်ပါတယ်””ဟု ပြောပါသည်။

သတင်း...  Hot News

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း


မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့နယ် ဒေါင်းနေကျေးရွာတွင်ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။
“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွားကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့အခမ်းအနားကိုလည်း လုပ်ပြီးသွားပါပြီ။ ပါတီကူးလာတဲ့သူတွေကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်ပေးပြီးသွားပါပြီ။ ဒီအခမ်းအနားကို မကွေးတိုင်းဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါတယ်”ပာု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်းသွားရခြင်းမှာ NLD ဗပိာု၏ ဆက်ဆံမှုများနှင့် NLD ကျေးရွာအုပ်စုရုံး ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအပေါ် မကျေနပ်မှုများကြောင့်ဖြစ်ကြောင်း ပါတီကူးပြောင်းခဲ့သူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံးမှုများအတွက် နေရာဒေသအတော်များများတွင် ပါတီဝင်များမှ ဆန္ဒထုတ်ဖော်မှုများ၊ ပါတီကူးပြောင်းမှုများကို ပြုလုပ်ခဲ့ပြီး ဗပာိုကော်မတီအနေဖြင့်လည်း ယင်းကိစ္စရပ်များအပေါ် ထိထိရောက်ရောက် ကိုင် တွယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သတင်း...  yangonchronicle

15 October 2012

ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့်
ပတ်သက်ပြီး ပခုက္ကူမြို့တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင်တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ရန်ကုန်မြို့တွင် ယနေ့၌ ဆန္ဒ ဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒ ဖော်ထုတ်မည့် လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော် အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပါသည်။ 

 သတင်း.... EMG

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌ငွေကြေးလွှဲပြောင်း ၀န်ဆောင်မှုများ လုပ်ကိုင်နေ သည့် Western Union သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်Myanmar Oriental Bank (မြန်မာအရှေ့ 
တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

ကနဦးသဘောတူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေး ထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင် ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

`ကျွန်နော်တို့တွေ အခုလို မြန်မာနိုင်ငံနဲ့ ဒီလို လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ ဒီလိုပူးပေါင်းခြင်း ဟာ နှစ်ဖက်နိုင်ငံရပ်ခြားရောက်နေတဲ့ နိုင်ငံသားတွေအချင်းချင်း ငွေလွှဲ ပြောင်းမှု အဆင်ပြေ လာမှာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကို လွယ်ကူစွာ ဆက် သွယ်နိုင်ပြီး မြန်မာနိုင်ငံလူမျိုးတွေနဲ့ ငွေကြေး ၁၀၀ ရာခိုင်နှုန်း ငွေကြေးလွှဲပြောင်းမှု တွေ လုပ်ချင်ပါ တယ်´ ဟု Western Union Asia Pacific မှ Managing and senior vice- president ဖြစ်သည့် Drina Yue မှ Western Union Wed Site တွင်ပြောကြားထားသည်။

``Western Union ရဲ့လုပ်ငန်းတွေ စတင်ရင် အရင်ကလို ဟွန်ဒီစတဲ့ တရားမ၀င် ငွေလွှဲ စနစ်တွေ နဲ့ နိုင်ငံရပ်ခြားရောက်နေ တဲ့ မြန်မာတွေက ပြည်တွင်းကို ငွေလွှဲပြောင်းပေး ပို့စရာ မလိုတော့ဘူး၊ ဒါပေမဲ့ လွှဲပြောင်းတဲ့ ငွေကြေးတွေမှာ အခွန်ကောက်ခံမှုပြုတာတို့ ၊ ၀င်ငွေခွန်လိုက်တာတွေ ဖြစ်လာမှာကို တော့ သတိထားရမှာ ဖြစ်တယ်´´ ဟု ဂျပန်နိုင်ငံ၌ သင်္ဘောသားလုပ်ကိုင်နေသူ ကိုထက်အောင်ကို က နိုင်ငံ တကာ ငွေလွှဲပြောင်းမှုဆိုင်ရာ အားသာချက်အားနည်းချက်များအား ပြောသည်။

Western Union သည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အေဂျင်စီငါးသိန်းကျော်နှင့် ပူးပေါင်း လုပ်ကိုင် နေ သည်ဖြစ်သောကြောင့် ငွေကြေးလွှဲပြောင်းမှုများစွာကို ကမ္ဘာပေါ်ရှိမည်သည့်နေရာ၌ မဆို အခက်အခဲ မရှိ ငွေလွှဲနိုင်မည်ဖြစ်သည်။

“တရားဝင်ငွေကြေးလွှဲပြောင်းမှုတွေ ဖြစ်လာတဲ့အခါ အရင်ကလို ငွေကြေးလွှဲပြောင်းမှုမှာအထစ် အငေါ့ရှိမှာ ကိုတော့ စိုးရိမ်စရာ မလိုတော့ဘူး၊ ပြီးတော ကြားထဲက တဆင့်ခံ ပွဲစားတွေလည်း မလိုတော့ ဘူးပေါ့၊ ပြီးတော့ အရင် ကဆို စီမံချက်နဲ့ဖမ်းဆီး မှုတွေ ၊ ဟွန်ဒီတွေက ထွက်ပြေး တိမ်းရှောင် မှုတွေရှိခဲလို့ငွေလွှဲသူတွေ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ကြတယ်”ဟု ရန်ကုန်မြို့မှ လျှပ်စစ်ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဟိန်းမင်းလတ်က ပြောသည်။

မြန်မာနိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှု နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ကြောင့်နိုင်ငံ ရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ရသည့် မြန်မာအလုပ်သမားများသည် ဟွန်ဒီဟု ခေါ် သည့် ငွေကြေး လွှဲပြောင်းမှုစနစ်တစ်မျိုးဖြင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုများသို့ မိမိတို့ရှာဖွေ စုဆောင်းထား သည့် ငွေကြေး များ အား ပြန်လည်လွှဲပြောင်းမှုများရှိကြောင်း သိရှိရသည်။

မြန်မာအရှေ့တိုင်းဘဏ်နှင့် Western Union တို့၏ ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကိုကနဦး အဆင့်စ တင်နေပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရပ်ခြားသို့ ငွေကြေးလွှဲပြောင်းလို့ရဦးမည် မဟုတ်သေးပဲ ၊ ပြည်ပနိုင်ငံမှ မြန်မာပြည်တွင်းသို့သာ ငွေကြေးလွှဲပြောင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှငွေလွှဲပြောင်းမှုတွေကို လုပ်ဆောင်နိုင်ရန်အတွက်လည်းအမြန်ဆုံးလုပ်ကိုင်နေကြောင်း၊ နိုင်ငံ ရပ်ခြားရောက် မြန်မာ များ၏ နိုင်ငံတွင်းသို့ ငွေကြေးလွှဲပြောင်းပေးပို့ငွေမှာ တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ သိန်းခြောက်ထောင် နီးပါးရှိမည်ဟု မြန်မာအရှေ့တိုင်းဘဏ်မှ မန်နေဂျာတစ်ဦးက ပြောသည်။

မြစ်မခမီဒီယာ

တကယ်ရောက်ခဲ့ပြီ

 အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သည် မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအားလှူဒါန်းပေးအပ်ခဲ့သည်။

  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာအတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက်စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့ အမှန်တကယ် ရောက်ရှိလာခဲ့ပါပြီ။ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့တွင်ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ပြေတီဦး + အူဝဲတို့ မိသားစုတို့ တကယ်ရောက်လာကြကြသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာ စွာဖြင့် သာဓုခေါ်ဆို လိုက်ရပါတော့သည်။

14 October 2012

BLACK LIST ထဲမှ မုံရွာစီးပွားရေးတက္ကသိုလ်


 
 မြန်မာနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်ကြီးများထဲတွင် နာမည်ပျက်အကြီးဆုံးဖြစ်သော မုံရွာစီးပွားရေး တက္ကသိုလ်ကြီးသည် (၁၀)နှစ်ကျော်ကြာပြီကြာပြီဖြစ် သော်လည်း ယခုထိထက်တိုင်အောင် ပုံစံ မပြောင်းသေး ဘဲ လုပ်ချင်သလိုလုပ်ထင်ရာ စိုင်းကာ အကျင့်စာရိတ္တချိုးဖောက်တတ်သည့် ပါမော က္ခနှင့်ဌာနမှူး များကြီးစိုးနေလျှက်ရှိနေပါသည်။  

မျက်နှာလိုက် ဘက်လိုက်တတ်သော စီမီခန့်ခွဲ့မှုများနှင့် လာဘ်ပေးလာဘ်ယူမှုအများ ဆုံးသော ဒေါက်တာ ဘွဲ့ရအကြီးအမှူးကြီးများကိုယ်တိုင်ကအကျင့်ဆိုးကြီး များစွဲကပ်လျှက်ရှိနေပါသည်။

ကျောင်းသား/ကျောင်းသူများထံမှလည်းနည်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ငွေကြေးအမြောက်အများကောက်ခံရယူနေကြပြီး ဆရာ/ဆရာမတစ်ဦးလျှင် ငွေကြေးများကိုသိန်းဂဏန်းစီအထိခွဲဝေယူနေကြခြင်းသည် (၁)နှစ် တစ်ခါ ထိုင်ပြီးရှိခိုးနေကြရသောကျောင်းသား/ကျောင်းသူများကိုမှအားမနာ မရှက် ကြပါလေ။ မိန့်မိန့်ကြီးတွေနှင့် တက္ကသိုလ်ဆရာ/ဆရာမကြီးများဆိုပြီးလုပ်စား နေကြတာကို မည်သို့မည်ပုံနှင့်သက်ဆိုင် ရာကအရေးယူမလည်းဆိုတာကို စောင့်ကြည့်နေခဲ့တာ (၁၀)နှစ်ကျော်သာကြာလာခဲ့ပါပြီ။

သူတို့ ဆရာ/ဆရာမကြီးတွေက သက်ဆိုင်ရာဌာနအကြီးအကဲတွေကို လည်း သူတို့ရတဲ့ခွဲတမ်းကနေပြီး ပြန်လည်ဂါရ၀ပြုကာဝေစားမျှစားပြုလုပ် နေရလို့သာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနှင့်တစ်ကွ ပြည်ထောင်စုဝန် ကြီးများကပါ အရေးယူခြင်းမရှိဘတာပါလို့သာ ဆိုခြင်ပါတယ်။

မူရင်းလင့် http://www.facebook.com/photo.php?fbid=206976206101376&set=a.162439053888425.36755.161087474023583&type=1