21 October 2012

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

            ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့လည် ၁၂နာရီတွင် ဆန္ဒပြမည်ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်း တစ်ဦး က Yangon Chronicle သို့ ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားလှုပ်ရှားမှုအဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒပြခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်မရရှိသော် ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်းနှင့် ဆန္ဒပြရခြင်းမှာ ဘင်္ဂါလီလူမျိုးများသည် လူဦးရေတိုးပွားနှုန်း မြန်ဆန်လွန်းသ ဖြင့် ယခုအချိန်တွင်ပင် ရခိုင်ပြည်နယ်၏ ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင်ထားကြောင်း သိရသည်။
“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန်ထမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေမှာလည်း ပြင်းထန်သော အရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။
“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံသူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေရန်ကော၊ လူဥိးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟု ကိုတင်ထူးအောင်က ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ ယခုအချိန်ထိ အားနည်းနေသေးမှုနှင့် ယခင်အစိုးရလက်ထက်တွင် ကိုယ်ကျိုးစီးပွားရှာခဲ့သော အစိုးရဝန်ထမ်းများ ကြောင့် ဘင်္ဂါလီလူမျိုးတို့သည် ရခိုင်လူမျိုးတို့အား ဝါးမျိုသွားနိုင်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က “လူမျိုးမျိုရင် လူမျိုးပြုတ်မယ်”ဟု ညွှန်းဆိုခဲ့သည်။

သတင်း.....Yangon Chronicle