လက်ရှိမြန်မာ့ပညာရေးလောကတွင် စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာအဆင့်မီမှုမမီမှုတိုင်း တာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ေ ပြမှုရှိမရှိ တိုင်းတာမှုမျိုး မှာမတွေ့ရသေး သည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း လေ့လာသူများကထောက်ပြလိုက်သည်။
တိုက်တွန်း အားပေးမှုများ ရှိနေပြီး ပုဂ္ဂလိကစာသင်ကျောင်းများဖွံ့ဖြိုးစေရန် ကူညီအားပေးမှုများလည်း အစိုးရပိုင်းကလုပ်ဆောင်နေသည်။ ငွေကြေးတတ်နိုင်သည့် မိဘအသိုင်းအ၀ိုင်းများကလည်း မိမိတို့ ကလေးများကို နိုင်ငံတကာအဆင့်မီသည်ဟုဆိုသော နိုင်ငံခြားဘာသာဦးစားပေးသင်သည့် ကျောင်းများတွင် တက်ရောက်စေကြသည်မှာလည်း ခေတ်စားနေသော ကြွားစရာပြယုဂ်တစ်ခုဖြစ်နေပါတယ်။သို့သော် ထိုကျောင်းများကပင် မိခင်စာပေ၊ ဘာသာစကားကို ထိခိုက်အောင် စိန်ခေါ်မှုများရှိနေသည်ကိုလည်း မငြင်းနိုင်ပေ။ လက်ရှိအစိုးရလက်ထက်တွင် ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန်
နိုင်ငံတကာသင်ရိုးနှင့်အညီသ င်ကြားနေသည်ဆိုသော
သံရုံးကျောင်းတစ်ကျောင်းမှ ကျောင်းသား မိဘတစ်ဦးက " ကျွန်မကလေးကို
ဒီကျောင်းမှာထားရတာ တော်တော်အဆင်ပြေတယ်၊ ဒီကျောင်းက
သင်ကြားမှုစနစ်လည်းကောင်းတယ် ။ အင်္ဂလိပ်စာကို အသားပေးသင်တော့ ကလေးက အင်္ဂလိပ် စကားတော်တော်ကျွမ်းကျင် လာတယ်။
တစ်ခြား ဘာသာရပ်တွေမှာလည်း မဆိုးဘူး။ ကျွန်မတော့ ကလေးအတွက်
တော်တော်စိတ်ချရပြီ။ ဒီကျောင်းကပြီးလို့ ကလေးကြီးလာရင်
နိုင်ငံခြားကကျောင်းမှာ ထားဖို့ကျတော့လည်း
အဆင်ပြေတယ်လေ " ဟုပြောကြားသွားသလို သာမန်အစိုးရကျောင်းတွင်
ပညာသင်ကြားနေသည့် ကျောင်းသာ မိဘတစ်ဦးကမူ " ကျွန်မတို့က
ငွေကြေးအရမ်းကြီးမတတ်နိုင်ေ တာ့ ရိုးရိုးကျောင်းမှာပဲထားရတာ ပေါ့။
ဒါတောင်ကျူရှင်စရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကိုလိုက်ြ ပီး တတ်နိုင်သမျှဖြည့်ဆည်းပေးသွားမယ်လို့တော့ စိတ်ပိုင်းဖြတ်ထားတယ်။ ပုဂ္ဂလိကကျောင်းမှာထားဖို့ကျ တော့ ကျမတို့က တတ်နိုင်သူတွေမဟုတ်ဘူးလေ။ တော်ကြာ ဖြုန်းနိုင်သုံးနိုင်တဲ့ကလေးတွေနဲ့ ပေါင်းပြီး ကျမကလေးပျက်စီးသွားမှာလဲကြောက်တယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါနိုင်ငံခြားဘာသာဦးစားပေးသင်သောကျောင်းများနှင့် ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက "ကျွန်တော် တစ်နေ့က အလှူတစ်ခုမှာ မိဘတွေပြောနေတဲ့စကားတစ်ခုကြားလိုက်ရတယ်။ ပြောနေတဲ့ သူက သူ့ကလေးကို Private ကျောင်းတစ်ခုမှာထားတဲ့အကြော င်း၊ အဲဒီကျောင်းကတော်တော်ကောင်း ကြောင်း ကလေးတွေ ကိုလည်း စနစ်တကျသင်တဲ့အကြောင်း။ အဲဒီအထိကြားရတာအဆင်ပြေသေးတယ်။
နောက်သူက ဘာပြောလဲဆိုရင် ကလေးက အင်္ဂလိပ်စာကို တော်တော်ကျွမ်းကျင်နေပြီတဲ့ ဘယ်လောက်တောင်လဲဆိုရင် မြန်မာစာကိုတောင် အင်္ဂလိပ်စာလောက်ကောင်းကောင်း မဖတ်နိုင်ဘူးတဲ့။ သူပြောနေတာတော့်တော့်ကို ၀မ်းပန်းတသာနဲ့ကိုပြောနေတာ။ ဒီဟာလေးကိုကြည့်ပြီးပြောလို့ ရတာတစ်ခုကတော့ မိဘတွေအနေနဲ့ ပညာရေးအားပေးတာ လမ်းကြောင်းလွဲလာပြီလို့ပြောလို့ရတယ်။
ကိုယ့်ရဲ့ မိခင်ဘာသာကို မကျွမ်းကျင်ဘဲနဲ့ တခြားဘာသာကျွမ်းကျင်တာကို
မိဘတွေအနေနဲ့ ဂုဏ်ယူနေကြပြီလားလို့ ကျွန်တော်မေးချင်တယ်။ ဒါဟာ ကိုယ့်ရဲ့
မိခင်ဘာသာစကား ပျောက်သွားတော့ မယ့် ရှေ့ပြေးနမိတ်ပုံပဲ။ ဒီလိုအပြောအဆိုမျိုး
ရပ်ကွက်ထဲမှာ အပြောများလာပြီ။ ကိုယ့်ရဲ့ကလေး မိခင်ဘာသာစကားထက်
နိုင်ငံခြားဘာသာစကားကို ပိုကျွမ်းကျင်တယ်ဆိုတဲ့ ကြွားစရာမဟုတ်တဲ့
အကြွားမျိုးတွေ ခေတ်စားလာတယ်။ ဘယ်နိုင်ငံမှာမဆို မိမိတို့ရဲ့
မိခင်ဘာသာစကားကို ပထမဦး စားပေးစာပေ အနေနဲ့ သင်ကြားရတာပါ။ မြန်မာဖြစ်ပြီး
မြန်မာစာ၊စကားမကျွမ်းကျင်ရင်
ကိုယ့်ယဉ်ကျေး မှုကို ဘယ်လိုထိန်းသိမ်းမလဲ။ မိဘတွေစဉ်းစားဥာဏ်ရှိရင်
စဉ်းစားကြဖို့ကောင်းတယ်။
အခုဥပမာအနေနဲ့ပြရင် ကိုရီးယားတို့ တရုတ်တို့
ဂျပန်တို့ပေါ့။ သူတို့ရဲ့မိခင်ဘာသာစကားကို နိုင်င်္ငတကာက အသိအမှတ်ပြုအောင်
လက်ခံသုံးစွဲလာအောင် ကြိုးစားနေတာ။ ကျွန်တော်တို့နိုင်ငံက မိခင်စာပေ၊
ဘာသာစကားမရှိတဲ့နိုင်ငံမဟုတ်ပါဘူး။ ခိုင်မာတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှေးရိုးစဉ်ဆက် စာပေ၊ဘာသာ စကားထွန်းကား တဲ့နိုင်ငံပါ။ ကျွန်တော်က ခေတ်လူငယ်ပါ။ နိုင်ငံခြားဘာသာရဲ့အသုံးဝင် ပုံကို အများကြီးသိတယ်။ ဒါပေမယ့် သုံးသင့်တဲ့နေရာမှာ သင့်တော်သလိုသုံးတာပဲကောင်း တယ်။ ဥပမာဒေါ်အောင်ဆန်းစုကြည်လိုေ ပ့ါ။
အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ
လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ
ကျွမ်းကျင်လိမ်မာစွာပြောနို င်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချ င်းစကားပြောရာမှာ
အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြား မှာ ရောက်နေတဲ့
မြန်မာ လူမျိုးတွေနဲ့ တွေ့တဲ့အခါ မြန်မာလို ကြိုးစားပြောခိုင်းတာ
အားလုံးအသိပါ။
အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း
ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သင့်ပါတယ်။ တစ်ချို့ကျောင်းတွေဆို
မြန်မာစာကို ပြီးပြီးရောသင်တယ်။ ၄တန်းလောက်ထိပဲ မြန်မာစာသင်တယ်၊
အဲဒီကျောင်း ကလေးကို မြန်မာဆေး အညွှန်းကို ဖတ်ခိုင်းတာ မဖတ်တတ်တော့ဘူး။
မြန်မာစာ ပါဍ်ဆင့်တွေကို မဖတ်တတ်တော့ဘူး။ ဘုရားစာဖတ်ခိုင်းလိုက်တာ
ဂုဏ်တော်ကိုးပါးကိုတောင် ဖတ်ခိုင်းလို့မ ရတော့ဘူး။ ဒီလိုမဖတ်တတ်တာကို ပဲ
မိဘတွေက ဂုဏ်ယူနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာလိုမ၀တ်စားတတ်တာကို
ဂုဏ်ယူနေမယ့် မိဘတွေပေါ်ထွက်များပြားလာတော့ မယ်ဆိုတာ မြေကြီးလက်ခက်မလွဲဘူး"လို့ ဝေဖန်ပြောဆိုသွားပါတယ်။