17 October 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေး NLD ပါဝင်မှသာ ငြိမ်းချမ်းမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံပြောကြား

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံ က အောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NLD ငြိမ်းချမ်းရေး အဖွဲ့ ၀င်ရောက်မှသာလျှင် ကချင် တိုင်းရင်းသားလူမျိုးစု အသက်ရှူ ချောင်မည်ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

““ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ငြိမ်းချမ်းရေး လက်မှတ် ခဏခဏရေးထိုးခဲ့ပေ မယ့် နိုင်ငံတော်အစိုးရက သူတို့ အပေါ် သစ္စာမရှိဘဲ ထိုးထားတဲ့ လက်မှတ်ကို ချိုးဖောက်ခဲ့တဲ့ အတွက် ကချင်အမျိုးသားလူထု တွေဟာ လက်ရှိဒုက္ခတွေ ခံစား နေရတယ်။ တကယ်လို့များ နိုင်ငံ တော်အစိုးရက ကချင်အမျိုးသား တွေနဲ့ ထိုးထားတဲ့ လက်မှတ်တွေ အပေါ်မှာ ကတိတည်မည်ဆိုရင် ဒီလိုမျိုး လူထုတွေ ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကတိမတည် ခဲ့ရင် ကချင်တပ်နဲ့ နိုင်ငံတော် အစိုးရကြား ယုံကြည်မှုကင်းမဲ့ သွားမယ်။ သူတို့ကြားမှာ ငြိမ်းချမ်း ရေးရအောင် တွန်းအားပေးပို့မယ့် လူလိုတယ်။ KNU/KNLA  အဖွဲ့ အစည်းကိုယ်စား ပြောချင်တာ  ကတော့ NLD ငြိမ်းချမ်းရေးအဖွဲ့ အစည်း ၀င်ရောက်မှသာလျှင် ကချင်တိုင်းရင်းသားတွေ အသက် ရှူချောင်သွားတယ်။ အခြားအဖွဲ့ အစည်းတွေနဲ့ မဖြစ်ဘူးလို့ ယူဆ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျွန်တော့်အနေနဲ့ ငြိမ်း ချမ်းရေးမိခင်လို့ မြင်ပါတယ်””ဟု ပြောပါသည်။

သတင်း...  Hot News