04 November 2011

တရုတ်-မြန်မာ ပူးပေါင်း၍ အလတ်စားရေအားလျှပ်စစ် တည်ဆောက်မည်

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ဒီဇိုင်းဌာနတို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အလတ်စား ရေအား လျှပ်စစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ လယ်/ဆည် ဝန်ကြီးဌာနမှ တည်ဆောက်ပြီးဖြစ်သည့် ဆည်တာတမံ ၃ ခုတွင် ရေအားလျှပ်စစ်စီမံကိန်း စက်ရုံများတည်ဆောက်နိုင်ရန် တရုတ်နိုင်ငံ ဒီဇိုင်းဌာနမှ ဒီဇိုင်းရေးဆွဲပေးရေးအတွက် ပြီးခဲ့သည့်လက သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်နေသည့် ရေလှောင်တမံများမှာ မြန်အောင်မြို့အနီးရှိ ကညင်ရေလှောင်တမံ၊ ဖောင်ကြီးမြို့ အနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် သာယာဝတီမြို့အနီးရှိ သုံးဆယ်ရေလှောင်တမံတို့ ဖြစ်ကြောင်း သိရသည်။

၎င်း ရေလှောင်တမံများ တည်ဆောက်ပြီးစီးသွားပါက တည်တာတမံတစ်ခုစီတွင် နှစ်မဂ္ဂါဝပ်ခန့် စက်နှစ်လုံးစီ တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ပြီး ထိုသို့ တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံမှ အကူအညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်-မြန်မာ ပူးပေါင်း၍ တည်ဆောက်မည့် အလတ်စားရေအားလျှပ်စစ် စီမံကိန်း၌ လက်ရှိအချိန်တွင် တရုတ် ယွမ်သန်း ၂၆၀ ခန့် ကုန်ကျမည်ပာု သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး ဆည်တာတမံများမှ ဆည်ရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ကိုပါ ပူးတွဲ ထုတ်လုပ်သွားရန်အတွက် လိုအပ်သည့် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းကို China Water Resources Beifang Investigation Design and Research ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရေအားလျှပ်စစ် တည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံဘက်မှ အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ထိုသတင်းအား 7day News Journal တွင်ဖော်ပြထားပါသည်.။

02 November 2011

ဇတ်ဆရာ အလိုကျ ဦးကျော်ဆန်း ရဲ့ တခန်းရပ် ဇတ်သိမ်းခန်း....


ထို သတင်းအရ ဆိုရင်တော့ဖြင့် ၀န်ကြီး ဦးကျော်ဆန်းမှာ ဇတ်ဆရာ အလိုကျ တခန်းရပ်ပြဇတ် ရဲ့ ဇတ်သိမ်းခန်း အပြီးတိုင် သွားပြီးဟု ယူဆရပါသည်။

ကလေး ငါးယောက်ဆုံးရှုံးခဲ့ရသော မိဘနှစ်ပါးနှင့် တွေ့ဆုံခြင်း


ပခုက္ကူမြို့ ရွှေ ချောင်း ရေ လျှပ်တစ်ပြက် ရေကြီး စဉ်သားသမီး ငါးဦး ရေထဲ သို့မျှော်ပါဆုံးရှုံးခဲ့သော အမှတ်(၃)ရပ်ကွက် ကလေးများ၏ မိဘ များဖြစ် သောဦးဇော်ထွန်း (၃၈နှစ်)နှင့် ဒေါ်ပပစိုး(၃၃နှစ်)တို့အား အောက်တို ဘာ ၂၄ရက်တွင် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။ သားသမီး ခြောက်ဦး ရှိသော ဒေါ်ပပစိုးနှင့် ဦးဇော်ထွန်းတို့ မှာ အငယ်ဆုံးကလေး ငယ် တစ်ဦး သာ ကျန်ခဲ့ပြီး ငါးဦးကိုဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ချောင်းရေကျတဲ့ညက အဖြစ်အ ပျက်ကို ပြန်ပြောပြပေးပါလား။

ဒေါ်ပပစိုး- တစ်ညလုံး ကလေး တွေရော ကျွန်မတို့ရော မအိပ်နိုင် ဘူး ။ မနက်မိုးလင်းခါနီးမှ အိပ်ပျော် သွားတာ။ အိမ်နီးနားချင်းတွေက နှိုးမှ ကြည့်လိုက်တော့ ချောင်းရေ တွေက စီးနေပြီ။ ချောင်းအလယ် မှာရှိတဲ့ အိမ်အမြင့်ကြီးတစ်လုံး ပေါ်ကို ကျွန်မရော ကလေးတွေ ရော မနက် ၅ နာရီလောက်မှာ ပြေး တက်ခဲ့တယ်။ မနက် ၆ နာရီ လောက်ကျတော့ အိမ်ကြီးကို အနောက်က ရေစီးထဲမျောလာ တဲ့ အဆောက်အအုံကြီးတစ်ခုက ဝင်တိုက်တော့ အိမ်ကြီးလဲသွား ပြီး ကလေးတွေ ချောင်းရေထဲပါ သွားတော့တာပဲ။

ချောင်းထဲမှာ ဘယ်အချိန်လောက် အထိ အစ်မကလေးတွေနဲ့ အတူတူရှိနေခဲ့သလဲ။

ဒေါ်ပပစိုး- ၆ နာရီလောက်အထိ ပါပဲ။ ကလေးတစ်ယောက်ကိုချီ ထားပြီး ကလေးတစ်ယောက်ကို လက်က ဆွဲထားတာ။ လှိုင်းပုတ် လိုက်တော့ အကုန်လုံး လွင့်ကုန် တယ်။ အင်္ကျီစတွေ လှမ်းဆွဲလိုက် ပေမယ့် မမီတော့ဘူး။

ကလေးတွေနဲ့ ကွဲပြီးနောက်ပိုင်း လွတ်မြောက်လာပုံလေးပြောပေး ပါဦး။

ဒေါ်ပပစိုး -ကျွန်မရေထဲ မျာသွား ပြီး ၊ သစ်ပင်တွေကြားရောက်လုက်၊သဲတွေပါးစပ်ထဲဝင်လိုက်၊ရေတွေ ဝင်လိုက်နဲ့ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေတာ။ ကြိုးတစ်ချောင်းကို တွေ့လို့ လှမ်းဆွဲပြီးတော့ ကမ်း ပေါ်တက်လာရတယ်။ ကမ်းစပ် မှာ သီလရှင်ဆရာလေးတွေက အ၀တ်တွေ ပေးတယ။် အဝတ် အစားတွေလည်း မပါတော့ဘူး။

ကလေးတွေက ဘယ်အရွယ်တွေ ရှိပြီလဲ။

ဒေါ်ပပစိုး -သားအကြီးက ၁၈ နှစ် ၊ ဒုတိယသမီးက ၁၂နှစ်၊ သားအ ငယ်လေး သုံးယောက်က ငါးနှစ်၊ သုံးနှစ်နဲ့ နှစ်နှစ်ရှိပြီ။

ကလေးတွေ ပြန်လာမယ်လို့မျှော် လင့်သေးလား။

ဒေါ်ပပစိုး - အကြီးဆုံးသားနဲ့သမီး ကိုတော့မျှော်တယ်။ ပြန်လာ မလားလို့။ အငယ်လေးတွေကို တော့ မမျှော်လင့်တော့ဘူး။ အခု ထိတော့ အလောင်းတွေ မတွေ့ သေးဘူး။ ငိုရလွန်းလို့လည်း မျက် ရည်တွေ မထွက်တော့ဘူး။

ကလေးတွေအတွက် ကောင်းမှု ကုသိုလ်ပြုဖို့ အစီအစဉ်ရှိလား။

ဒေါ်ပပစိုး- ကျွန်မတို့ကို လာလှူ တာတွေထဲက ဖယ်ပြီး ပြန်လှူပြီး သူတို့ ဘဝကူးကောင်းအောင် အမျှပေးဝေပါတယ်။

ကလေးတွေရဲ့ ဖခင်တစ်ယောက် အနေနဲ့ ဘယ်လိုခံစားရပါလဲ။

ဦးဇော်ထွန်း- ယောကျာ်းတစ် ယောက်ဖြစ်နေတော့ မျက်ရည် တော့မကျဘူး။ ခံစားရတာက တော့ ရင်ကွဲမတတ်ပါပဲ။

အခုလို ဖြေကြားပေးတာ ကျေးဇူး တင်ပါ တယ်။၎င်းအင်တာဗျူး 7DAY JOURNAL တွင်ဖော်ပြထားပါသည်.။

သုံးနှစ်ဝန်းကျင် ကလေးတစ်ဦး ဗဟန်း၃လမ်းထိပ်တွင်ကောက်ရ


သီတင်းကျွတ်လပြည့်နေ့ နေ့လယ်ပိုင်းတွင် ရွှေတိဂုံစေတီတော် အနီး ဗဟန်း ၃ လမ်းထိပ်၌ သုံးနှစ်ရွယ်ကလေးတစ်ဦး ကောက် ရခဲ့ကြောင်းသတင်းရရှိသည်။ “ကလေးကား လမ်းဖြတ်ကူး

ခါနီးကို မိန်းမတစ်ယောက် က အော်ပြောတော့မှ ပြေးဆွဲထားပြီး လမ်းထိပ်ဆိုင်မှာ ခေါ်ထား တာ။ ညနေအထိလာရှာတဲ့လူလည်းမတွေ့တာနဲ့ သက်ဆိုင်ရာ ရဲစခန်းနဲ့ရပ်ကွက်ရုံးကို သွားအကြောင်းကြားခဲ့ပါတယ်” ဟု ကလေးအား တွေ့ရှိထိန်းသိမ်းထားသူ ဗဟန်း ၃ လမ်းမှ ကိုဝေလွင် ကဆိုသည်။ ကလေးငယ်အား သက်ဆိုင်ရာသို့အပ်နှံရာ ထိုရက်တွင် မိန်းကလေးလူပျောက်တိုင်ကြားမှုသာရှိပြီး ထိုကလေးအား လူပျောက်တိုင်ကြားမှု မရှိသေးသဖြင့်တွေ့ရှိထားသူက ထပ်မံ ထိန်းသိမ်းထားရန်ဟုဆိုသဖြင့် ဗဟန်း၃ လမ်းတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ထားသော ကိုဝေလွင်နှင့် အခြားတစ်ဆိုင်တို့က ဆက် လက်ထိန်းသိမ်းထားခဲ့၇ပြီး ယခုချိန်တွင် ပ၇ဟိတ ဂေဟာတစ်ခု သို့ ပို့ဆောင်ထားကြောင်းသိရသည်။ အဆိုပါကလေးမှာ အသက်သုံးနှစ်ဝန်းကျင်ရှိ ယောကျာ်း လေးဖြစ်ကာ မိဘအမည်နှင့်သူ၏အမည်တို့ ကိုမေးမြန်းမရ သော်လည်း ကျန်သည့်ပြောဆိုဆက်ဆံမှုတွင် သွက်လက်ချက် ချာရှိပြီး ပြောဆိုရာ တိုင်းရင်းသားသွေးစပ်သည့်ပြောဆိုဟန် များရှိကြောင်း သိရသည်။ကလေးပျောက်ဆုံးနေသူများသည် ကေ ဝိုလေငွ် (ဗဟန်း ၃လမ်း )၊ ကိုဝေယံ(ဖုန်းး -ဝ၉ ၄၉၃၁၁၁၃၉) နှင့် ဗဟန်းမြို့နယ် ရဲစခန်းတို့သို့ မေးမြန်းစုံစမ်းနိုင်သည်ဟု 7Day News Journal တွင်ဖော်ပြပါရှိပါသည်.။

နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မြန်မာနိုင်ငံရဲ့ တိမ်မြုပ်နေတဲ့ သူရဲကောင်းတွေပါ

(IPS သတင်းဌာနမှ၊ 27 Oct 2011 ရက်စွဲပါ၊ Christian Papesch ၏ "Political Prisoners Are Burma's Unsung Heros" ကို yangonchronicle မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကျဉ်းသား ၆၃၅၉ ဦးအား လွှတ်ပေးမည်ဟု ကြေညာခဲ့ခြင်းသည် စံချိန်စံနှုန်း ပြည့်မီမှု မရှိသည့် လူ့အခွင့်အရေး မှတ်တမ်းတစ်ခုကို ဖော်ကျူးလိုက်နိုင်သည်။ သို့သော်ခန့်မှန်းခြေ ၅၀၀ မှ ၂၀၀၀ အထိရှိသော နိုင်ငံရေး အကျဉ်းသားများ ဦးရေထဲမှ မည်၍မည်မျှ လွတ်မြောက်ခွင့်ရရှိမည်ဟူသော ကိစ္စမှာ မသေချာ မရေရာဖြစ်နေဆဲပင်။ယင်းကြေညာချက်ထွက်ပေါ်လာပြီး

နောက်တစ်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟု နာမည်ပြောင်းလဲထား သည့် မြန်မာနိုင်ငံအစိုးရ က နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်အား ဗွေဆော်ဦး လွှတ်ပေးလိုက်သည်။ ယင်းနိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်တွင် အစိုးရဝေဖန်ရေးသမားနှင့် စွယ်စုံရ ဟာသအနုပညာရှင် ဇာဂနာ ခေါ် ဦးသူရလည်းပါဝင်လာသည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသသို့ ကျရောက်ခဲ့သော နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သူ ဒုက္ခသည်ပေါင်းများစွာကို ကယ်ဆယ်ရေး လုပ်ရပ်များနှင့် ပတ်သက်၍ ထိုစဉ်က စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် ၅ လခန့်အကြာတွင် ၎င်းကိုအစိုးရက ပြည်သူများအတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

နိုင်ငံတကာမှ တက်ကြွစွာလှုပ်ရှားသူများနှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) တို့က မြန်မာအစိုးရ၏ ကနဦးအကျဉ်းသားများ လွှတ်ပေးမှုအပေါ် ယေဘုယျအားဖြင့် အသိအမှတ်ပြု ကြိုဆိုခဲ့ကြသည့်တိုင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ဝေဖန်မှုများကား ဆက်လက်ထွက် ပေါ်နေဆဲပင် ဖြစ်သည်။

"လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီနဲ့ သူတို့ရဲ့ မိသားစုတွေအတွက်တော့ အခုလို လွှတ်ပေးလိုက်မှုဟာ အပြုသဘောဆောင်တဲ့ အဆင့်တစ်ခုလို့ ပြောရမှာပါ။ ဒါပေမဲ့ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြောမယ်ဆိုရင်တော့ အစိုးရအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပါတယ်" ဟု HRW အဖွဲ့၏ အာရှရေးရာ ဒုတိယဒါရိုက်တာ Elaine Pearson က IPS သတင်းဌာနသို့ပြောကြားသည်။

"တကယ်တမ်းပြောကြစတမ်းဆိုရင် ဒါဟာ အင်မတန်သေးငယ်တဲ့အဆင့်တစ်ခုပါပဲ။ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ စစ်တပ်အတွက် နိုင်ငံရေးကစားဖို့ ဓားစားခံတွေ မဟုတ်သလို အလျှော့အတင်းလုပ်ဖို့ အလေးပြားတွေလည်း မဟုတ်ပါဘူး။ သူတို့အားလုံးဟာ မတရား အကျဉ်းချ ခံခဲ့ကြရတာပါ"

ဘန်ကောက်အခြေစိုက် အမေရိကန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးရေးသမားတစ်ဦးဖြစ်သော Jeanne Marie Hallacy တင်ဆက်သည့် "Into the Current" အမည်ရ မှတ်တမ်းတင်ဇာတ်လမ်းတွင် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေး စနစ်လက်အောက်သို့ရောက်ရှိခဲ့သော မြန်မာ နိုင်ငံတွင်းမှ အဆိုပါ နိုင်ငံရေးအကျဉ်းသားအချို့၏ ဘဝအကြောင်းကို သရုပ်ဖော်ထားသလို နိုင်ငံရေးနှင့် လူမှုရေး အခြေအနေအရပ်ရပ်ကိုလည်း ဖော်ကျူးထားသည်။

"ဒီဇာတ်ကားရဲ့ အဓိကစိန်ခေါ်မှုကတော့ ကျွန်မတို့မှတ်မိသမျှအတွေ့အကြုံတွေအပေါ် အမှီပြုရမယ်ဆိုတာ ကျွန်မတို့ သိထားတယ်ဆိုတဲ့ အချက် ပါပဲ" ဟု Jeanne Marie Hallacy က IPS နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

"အကျဉ်းချခံရတဲ့ သူတွေထောင်ထဲမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အင်မတန်နက်နက်နဲတဲ့ စိတ်ခံစားချက်နဲ့ စိတ်လှုပ်ရှားမှုမျိုးတွေ ပြန်လည် ဖြစ်ပေါ် စေလာမယ့် နည်းလမ်းရှာရတာဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့ တကယ်ကြုံတွေ့ခဲ့ရတာကို လက်တွေ့ကျကျ မျက်မြင် တွေ့ရတာမျိုး မပါဘဲလုပ်ရတာမို့ပါ" ဟု သူမက ရှင်းပြသည်။ သို့သော် ယခုလို လက်တွေ့မျက်မြင် အတွေ့အကြုံများ နည်းပါးစွာဖြင့် ရိုက်ကူးခဲ့မှုကပင် Into the Current ဇာတ်လမ်း၌ ဖိနှိပ်ချုပ်ခြယ်သော၊ ထိတ်လန့်စရာကောင်းသော သဘောသဘာဝများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းဇာတ်ကားကို နိုင်ငံရေး အကျဉ်းသားဟောင်းများ ထုတ်ပြန်သော ကြေညာချက်အပေါ်မူတည်၍ရိုက်ကူးခဲ့ရာ ဖိနှိပ်ချုပ်ခြယ်သော စစ်အစိုးရ၏ နိုင်ငံရေး အကြမ်းဖက်မှုမှာ ပေါ်လွင် လှသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေးအကျဉ်းသားများအနက် ကိုသက်မှူး ဆိုသူလည်း ပါဝင်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABFSU) ၌ အဖွဲ့ဝင် ဖြစ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အဆိုပါ ABFSU သည် ၁၉၈၈ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

"ထောင်ထဲမှာတုန်းက ကျွန်တော်တို့ရဲ့အနာဂတ် ဘာဖြစ်လာမလဲဆိုတာမသိကြဘူး။ ကျွန်တော်လည်း ဒီထောင်ထဲကနေ အသေထွက် ရမလား၊ အရှင်ထွက်ခွင့် ရမလား ဆိုတာမသိဘူး" ဟု ကိုသက်မူးက၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ နိုင်ငံရေး အကျဉ်းသားအများစုအတွက် တစ်နေ့လျှင် ရုပ်ပိုင်း ဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြစ်ဒဏ်ပေးရန် ထောင်တွင်းအမိန့်ထုတ်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ဒါရိုက်တာJeanne Marie ၏ Into the Current အတွက် မြန်မာနိုင်ငံတွင်းမှ ကူညီပံ့ပိုးပေးခဲ့ကြသော သတင်းစာဆရာများသည်လည်း ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် နေ့စဉ် ကြုံတွေ့ခဲ့ကြရသည်။

"သတင်းစာဆရာတွေနဲ့ မီဒီယာတွေအတွက် မြန်မာနိုင်ငံထဲမှာ ရပ်တည်လုပ်ကိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ" ဟု ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့သော ဒါရိုက်တာ Jeanne Marie ကဆိုသည်။ "သတင်းတစ်ပုဒ်ရေးမိတဲ့အတွက် ထောင်ဒဏ် ၆၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာသတင်းစာဆရာတွေ ရှိပါတယ်။ နောက်ပြီး အဲဒီလို အဖမ်းခံလိုက်ရတဲ့ သတင်းစာဆရာတွေ အပေါ် ညှဉ်းပန်းနှိပ်စက်တဲ့ သတင်းတွေလည်း ကျွန်မတို့ ရထားပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် မြေအောက်သတင်းကွန်ယက်အဖွဲ့တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိဖို့ ညှဉ်းပန်းနှိပ်စက်ခံကြရတာပါ"

အဆိုပါ အကြောင်းတရားကြောင့် Jeanne Marie ၏ Into the Current ဇာတ်လမ်းတွင် ၁၉၉၀ ပြည်နှစ်အတွင်း သူမရိုက်ကူးခဲ့သော ပုံရိပ်များကို အများဆုံး အသုံးပြုထားရသည်။ မျက်မှောက်ခေတ်နှင့် ပတ်သက်သော မြင်ကွင်းများကိုမူ လျှို့ဝှက်စွာရိုက်ကူး ရယူထားသော မှတ်တမ်းများ၊ ပုဂ္ဂိုလ်ရေး ကြေညာချက်များ၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ စာများနှင့် ဖမ်းဆီးအကျဉ်းချခံခဲ့ဖူးသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်တိုင်သီဆိုထားသော သီချင်းများကို ထည့်သွင်းထားသည်။ "လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေကို လူတွေကပြန်ပြောပြတဲ့ ပုံစံမျိုးတွေ ပါတယ်။ ဖခင် သို့မဟုတ် မိခင် ဖြစ်သူတွေ၊ သိုမဟုတ် ညီအကို မောင်နှတွေ ဖမ်းဆီးထောင်ချခံထားရသူတွေပါပဲ"

"တကယ်တော့ ကိန်းဂဏန်းတွေကြောင့် အူကြောင်ကြောင်ဖြစ်နေရတာပါ" ဟု သူမက အသေးစိတ်ရှင်းပြရန် အစချီလိုက်သည်။ "တကယ်လို့ ရှင်တို့အနေနဲ့ စာရင်းဇယားပေါ်က ကိန်းဂဏန်းတွေကို ကိုးကားပြီး ပြောနေကြမယ်ဆိုရင် အများစုအတွက် ဘာမှအဓိပ္ပာယ်မရှိပါဘူး။ တကယ်လို့ ရှင်တို့ အနေနဲ့ သူရဲကောင်းတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်နဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိအပေါ် အလေးအနက် အာရုံစိုက်ကြဖို့ကြိုးစားမယ်ဆိုရင် ကျန်တဲ့သူ အားလုံးကို ကိုယ်စားပြုပြော ဆိုရာ ရောက်ပါတယ်" ဟု သူမကဆိုသည်။

Into the Current ဇာတ်ကားတွင် ပါဝင်သော မြန်မာနှင့်ပတ်သက်သည့် အခန်းတော်တော်များများမှာ အနုတ်လက္ခဏာဆောင်သည်ကို တွေ့ရသည်။ သို့သော်ဇာတ်ကားတစ်ကားလုံး အဆိုးမြင်သည့်သဘောမျိုး အပြည့်အဝ လွှမ်းခြုံထားခြင်းတော့ မရှိပေ။ နောက်ဆုံးခန်းတွင် ဇာတ်ဆောင် ဘိုကြည် (ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း၊ လက်ရှိထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်နေသူ) အနေဖြင့် သူ၏ဇနီးနှင့် သမီးဖြစ်သူတို့နှင့် ပြန်လည် ဆုံဆည်းခွင့် ရရှိပုံကို ရိုက်ကူးထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများအနေဖြင့် ပုံမှန်ဘဝမျိုး ပြန်လည်မရရှိသေးသည့်တိုင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲနောက်ပိုင်း ကောင်းမွန်သောအနာဂတ်တစ်ခု ထွက်ပေါ် လာနိုင်ခြေရှိ သည်ဟူသော မျှော်လင့်ချက်မျိုးတော့ ရှိနေပြီဖြစ်သည်။

"အစိုးရသစ်ရဲ့ ပြဿနာက သူရဲ့ဗျူရိုကရေစီယန္တရားက အင်မတန်နှေးကွေးလေးလံပြီး အရည်အသွေး မရှိသေးတာပါပဲ။ သူတို့ ပြောင်းလဲလာမယ့် အချိန်ကို ကျွန်တော်တို့စောင့်နေကြပါတယ်။ တကယ်လို့ သူတို့ပြောင်းလဲပြီဆိုရင် ကျွန်တော်တို့အားလုံး မြန်မာပြည် ပြန်သွားချင်ကြမှာပါပဲ" ဟု ကိုသက်မှူးက ရှင်းပြသည်။

မစ္စ Elanie Pearson ကမူ အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးအဆင့်ရှိသော မြန်မာနိုင်ငံအနေဖြင့် ခရီးရှည်ကြီးနှင်ရဦးမည်ဟု ရှုမြင်သည်။ "ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အဆိုးရွားဆုံး အခြေအနေမှာရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ လက်ရှိ အစိုးရသစ် အနေနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် ကြိုးစား လုပ်ကိုင်နေတာမျိုး ကျွန်မတို့မတွေ့ရသေးပါဘူး" ဟု သူမက ဆိုသည်။

Into the Current တွင် ထပ်လဲလဲရည်ညွှန်းဖော်ပြထားသည့် ဇာတ်သရုပ်လည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရိုးရှင်းဆုံးသော မျှော်လင့်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ "ဇာတ်လမ်းထဲမှာ အဓိကပေးထားတဲ့ Message ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံတွေရဲ့လမ်းစဉ်က အကြမ်းမဖက်သော လမ်းစဉ် ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ" ဟု ဒါရိုက်တာ Jeanne Marie ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ကြိမ်တစ်ခါမှ ထောင်သွင်းအကျဉ်းချမခံခဲ့ဖူးသော်လည်း နှစ်ပေါင်း ၂၁ နှစ်တွင် ၁၅ နှစ်တာကြာမျှ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ယင်းကိစ္စသည်ပင် နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာလူမျိုးအများစုအကြား ဖိနှိပ် ချုပ်ခြယ်မှုများကို တွန်းလှန်သော အတိုက်အခံအင်အားစု၏ ပြယုဂ်တစ်ခု ဖြစ်စေခဲ့သည်။

"နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကို လွတ်မြောက်ခွင့်ပေးလိုက်တာကို ကျွန်မတို့ တွေ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၁၈၀၀ ကျော် လွတ်မြောက်ဖို့ ကျန်နေပါသေးတယ်။ အဲဒီလို ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို ဝေဖန်ပြစ်တင်မိလို့၊ အငြင်းပွားစရာ ဆောင်းပါးတွေ ရေးသားမိလို့၊ ဆန္ဒပြမှုတွေမှာပါဝင်မိလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ သူတို့တတွေဟာ ထောင်ထဲမှာ ရှိမနေသင့်ပါဘူး။ သူတို့တွေဟာ မြန်မာလူ့အဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက် ခွင့်ရရှိသင့်တဲ့သူတွေပါ" ဟု မစ္စ Elanie Pearson က နိဂုံးချုပ်ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည့် အကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအသိပေးဖိတ်ကြား



၂၀၁၁ နိုဝင်ဘာလ ၁၃ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာခဲ့သည့် တနှစ် တင်းတင်းပြည့်မြောက်သောနေ့ဖြစ်ပါသည်။ယင်းသို့ လွတ်မြောက်လာသည့် အထိမ်းအမှတ် အဖြစ် အထွေထွေအတွင်းရေးမှူးဒေါအောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲကိုအောက်ပါ အစီအစဉ် အတိုင်းပြုလုပ် မည်ဖြစ်ပါသဖြင့် တက်ရောက် ပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်-၂၀၁၁ခုနှစ်၊နိုဝင်ဘာလ၊၁၄ရက်။

အချိန်-နေ့လည်(၁)နာရီ။

နေရာ-ဗဟိုအစည်းအဝေးခန်းမ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမှတ်(၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Mr Michael Posner နှင့် Sarah Burkley More သည် အိတ်ခ်ျအိုင်ဗီလူနာများဂေဟာကိုသွားရောက်ခဲ့


နိုဝင်ဘာလ ၁ရက်နေ့တွင် အမေရိကားမှ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr Michael Posner နှင့် Sarah Burkley More ဆာရာဘာကလေမိုရ် သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ အိတ်အိုင်ဗွီလူနာများစောင့်ရှောက်ရေးဂေဟာသို့ ညနေ သုံးနာရီခွဲခန့်တွင်သွားရောက်ကာ လူနာများကို အားပေးနှစ်သိမ့် လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Mr Michael Posner သည် မဖြူဖြူသင်းအား ယခုကဲ့သို့ လူနားများကို ကူညီစောင့်ရှောက်ဖြစ်ခဲ့ပုံ ၊ လူနာအခြေအနေများနှင့် ဆေးဝါးအထောက်အပံ့များ လိုအပ်ချက်များကိုလည်း မေးမြန်းခဲ့ကြောင်းသိရှိရသည်။

“ပထမဦးဆုံးစတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ ၂၀၀၂ မှာဒေါ်အောင်ဆန်းစုကြည်ကနေ သင်တန်းပေးလိုက်တာကြောင့် အဓိကကတော့ အဲ့တုန်းက education ပညာရေးပေါ့ နောက်ပိုင်းကျတော့ အဲ့အချိန်ကတည်းက patient လူနာက ရောက်လာပြီးတော့ အကူအညီတောင်းလာကြတော့ ကုသမှုပိုင်းကလိုလာတယ် ဒီမှာကလူနာ နှစ်ရာနီးပါးရှိတယ် တစ်နေရာတည်း မဟုတ်ဘူး နေရာက နှစ်နေရာရှိတယ် ဒဂုံမြို့သစ်မြောက်ပိုင်းမှာရောပေါ့ တစ်ယောက်နဲ့တစ်ယောက်က မတူဘူး တစ်ချို့တွေ နှစ်နဲ့ချီပြီးနေရတာရှိတယ် လူ့ကျန်းမာရေးအခြေအနေအရပေါ့ အနည်းဆုံးတော့ သုံးလ လောက်တော့ နေရတယ်” ဟု Mr Michael Posner၏ မေးမြန်းချက်ကို မဖြူဖြူသင်းမှယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံခြားမှ ကိုယ်စားလှယ်များလစဉ်လာရောက်ခြင်းသည် ကောင်းမွန်သော အခွင့်အလမ်းဖြစ်ကြောင်း မဖြူဖြူသင်းအနေဖြင့် ၀မ်းသာကြောင်းနှင့် လူနာများအတွက်လည်း စိတ်မပူရန်လိုအပ်သလိုထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်းကို အမေရိကားမှ လူ့အခွင့်အရေးနှင့် အလုပ်သမားလက်ထောက်အတွင်းရေးမှူး Mr Michael Posner မှ ပြောသွားခဲ့ကြောင်း သိရှိရသည်။

“အခုလို ပြည်ပက လူတွေလာတာ ၀မ်းသာပါတယ် နောက်ဒီမှာမြင်တဲ့အတိုင်းဘဲ လူနာတွေကို အားပေးစကားပြောသွားတယ် နှစ်သိမ့်ပေးကြတယ် နောက်စိတ်မပူဖို့ပေါ့နော် သူတို့ထောက်ပံ့နိုင်သလောက်တော့ ကူညီမယ်တဲ့ ပြီးတော့ လက်ဆောင်လည်းပေးသွားတယ် ဒီက လူနာတွေအတွက်ပေါ့ “ဟု မဖြူဖြူသင်းက ပြောသည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

အနုပညာကို စတင် အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည့် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ


နာရေးကူညီမှုအသင်း ဥက္ကဌတစ်ဦးဖြစ်သူ ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သော ဦးကျော်သူသည် လေးနှစ်ကြာမှိုတက်နေသော အနုပညာကို လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးဖန်းတီးခြင်းဖြင့် အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဦးကျော်သူထံမှ သိရသည်။

“ကျွန်တော် ဒါရိုက်တာအဖြစ်နဲ့ ၀င်ပြိုင်ဖို့ရှိတယ် ကျွန်တော်လေးနှစ်ကြာ မှိုတက်နေတဲ့ အနုပညာကို အကောင်အထည်ပြန်ဖော်ထုတ်ဖို့ ပြင်ဆင်နေပါတယ် “ဟု ဒါရိုက်တာဦးကျော်သူ ကပြောသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ပါဝင်ရခြင်းမှာ ယခင်ကဲ့သို့ ဆင်ဆာဖြတ်တောက်ခြင်းမရှိခြင်းနှင့် ဒီမိုကရေစီစနစ်အရ လွတ်လွတ်လပ်လပ် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဖန်တီးရန် ဆန္ဒရှိခဲ့ကြောင်း ဦးကျော်သူက ဆက်လက်ပြောဆိုသည်။

“ဒီမိုကရေစီနိုင်ငံဆိုရင် လွတ်လွတ်လပ်လပ် ရိုက်ကူးပိုင်ခွင့်ရှိတယ်လေ အခုဟာကလည်း လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ ၀င်ပြိုင်နိုင်တယ် ပြီးတော့ ဆင်ဆာ မရှိဘူးဆိုတဲ့အတွက် အရမ်းကောင်းတယ်” ဟု ဒါရိုက်တာအဖြစ်ဝင်ပြိုင်မည့် ဦးကျော်သူကပြောသည်။

ဦးကျော်သူ ရိုက်ကူးဖန်တီးထားချက်တွင် စစ်သားများနှင့် အခြားသော အရုပ်ပုံစံများ ပါရှိထားပြီး အနုပညာရှင်များ ပါဝင်ရိုက်ကူးထားခြင်းမရှိသေးကြောင်း နှင့် အနုပညာရှင်ညီအကိုများသာမက သာမာန်ပြည်သူများအနေဖြင့်လည်း အဆိုပါပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုကြောင်းကို ဦးကျော်သူမှ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင် ပြောပြခဲ့သည်။

“ကျွန်တော် အနုပညာကြေးပေးစရာမရှိလို့ ကျွန်တော့်ရိုက်ကူးရေးထဲမှာ အနုပညာရှင်တွေမပါပါဘူး ဒါပေမဲ့ စစ်သားတွေပါမယ် ကလေးစစ်သားမဟုတ်ပါဘူး ပြီးတော့ အနုပညာဆိုတာ လူတိုင်းမှာရှိတယ် အဲ့ဒါကြောင့် အနုပညာရှင်တင်မဟုတ်ဘူး အပြင်က လူတွေလည်း မိမိအနုပညာကို လွတ်လွတ်လပ်လပ် ပါဝင်ယှဉ်ပြိုင်ပါ ဒီလို ဒီမိုကရေစီကျတဲ့ ပွဲတော်မျိုးက လုပ်သင့်တယ်လုပ်ထိုက်တယ်လို့လဲ ကျွန်တော်မြင်တယ် ” ဟု ဒါရိုက်တာ ဦးကျော်သူက ပြောသည်။

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ၊ နာရေးကူညီမှုအသင်း ဥက္ကဌတစ်ဦးလည်းဖြစ်သူ ဦးကျော်သူသည် ၁၉၈၄ခုနှစ်တွင် အနုပညာလောကသို့စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၇ စက်တင်ဘာ အရေးအခင်းတွင် သံဃာများအား ဆွမ်းလောင်းခြင်းကြောင့် ရုပ်ရှင်သရုပ်ဆောင်ခွင့်ကို ရပ်နား ထားရခြင်းမှာ လေးနှစ်ကြာခဲ့ပြီဖြစ်သည်။

သတင်းမျာအား ပြန်လည်ဝေမျှ ပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

01 November 2011

နိုဝင်ဘာ ၁၄ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခွင့်ရရှိရန် ၇၅ရာခိုင်နှုန်းမျှော်လင့်ထားကြောင်း ကိုဇာဂနာပြောဆို


၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရန် ၇၅ ရာခိုင်နှုန်းခန့် မျှော်လင့်ထားကြောင်း မောင်သူရ (ခေါ်) ဇာဂနာမှ ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်မှာပါ ၇၅ ရာခိုင်နှုန်းလောက်တော့ ကျွန်တော်မျှော်လင့်ထားပါတယ် တကယ်လွတ်လာရင် ၁၀၀ ရာခိုင်နှုန်းပေါ့လေ လာမယ့် နိုဝင်ဘာ၁၄ရက်နေ့ ပြန်လည်လွတ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာသည် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ဆယ့်လေးရက် အကြာတွင် နိုင်ငံရေးသည် အနုပညာနှင့် ဆက်နွယ်နေခြင်းကို ပေါ်လွင်စေရန်အတွက် လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကားများရုံတင်သောနေ့တွင်လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ကိုဇာဂနာမှ ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့အခု လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့လူတွရဲ့ ကားတွကိုရုံတင်တဲ့အခါမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အဲ့ရုံထဲမှာလာကြည့်ကြမှာလေ။ တစ်ယောက်မှ ထောင်ထဲမှာ ရှိတော့မှာမဟုတ်ဘူး။ အကုန်လွတ်လာပြီ အဲ့အချိန်လောက်ဆို ကျွန်တော်ပြောတာက ဒီပွဲမတိုင်ခင်မှာ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွတ်လာပြီး လာကြည့်ကြမှာပါ” ဟု ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာက ပြောသည်။

ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာသည် ပေါင်းတည်ထောင်၊ နတ်တလင်း နှင့် ပြည်ထောင် များသို့ သွားရောက်ကာ ယုံကြည်ချက်ဖြင့် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား သွားရောက်၍ အလှူငွေပေးအပ်ခြင်းနှင့် အနုပညာရှင်များမှ ၀ိုင်းဝန်းကူညီသော ထောက်ပံ့သော စာစောင်များနှင့် အ၀တ်အထည်များကို လှူဒါန်းပေးခဲ့ပြီး နိုဝင်ဘာလ တစ်ရက်နေ့တွင်လည်း အခြားသော ထောင်များသို့ သွားရောက် ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

သတင်းဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်.။

သရက်ထောင်တွင်း ဖိနှိပ်ခံရမှုအခြေအနေများ

သရက်ထောင်အတွင်း အကျဉ်းသားအချို့ အဓမ္မရိုက်နှက်ခံရမှုများရှိနေခြင်း

31 October 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီး လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆနေကြသလို တဘက်ကလည်း ဒီအချိန်မှာ ပြန်ပြီး မှတ်ပုံတင်လိုက်ရင် မြန်မာ့ဒီမိုကရေစီပန်းတိုင်က ပိုပြီးများ ဝေးကွာသွားလေမလား ဆိုပြီး စိုးရိမ်မှုတချို့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာရင် ပါတီ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ယတိပြတ် ဆုံးဖြတ်မယ်ဆိုပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်တာပါ။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းရဲ့ သဘောထား အမြင်က ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေးက အသစ်ပေါ်ထွက်လာမယ့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေပေါ်မှာ မူတည်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံအပြီးမှာ ပြောဆိုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကတော့ NLD အနေနဲ့ နိုင်ငံရေး ပါတီအဖြစ် တရားဝင် ပြန်ပြီး မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး၊ ပါတီ တရားဝင်မှတ်ပုံတင်ရေးလို ကိစ္စမျိုးတွေ ပြောဆို ဆွေးနွေးမှုတွေက မှန်ကန်တဲ့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယူဆတဲ့အကြောင်း CRPP ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“မှတ်ပုံတင်ခြင်းအားဖြင့် ပါတီရဲ့လုပ်ငန်းတွေ၊ စည်းရုံးရေးလုပ်ငန်းတွေ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့တော့ NLD ရဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောတာတွေလည်း ကြားဖူးပါတယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ကလည်း ဒီလို အပေးအယူလုပ်တယ်။ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှုတွေ ရှိလာတယ်ဆိုရင် ပါတီမှတ်ပုံတင်တာကတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ဒါကို ကျနော်တို့ အခုလာမယ့် လဆန်းမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ ဒါတွေကိုလည်းပဲ ဆွေးနွေးသွားဖို့ရှိပါတယ်။ NLD က အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်တာတွေ လုပ်လာမယ်၊ တရားဝင်ပါတီအဖြစ် ရပ်တည်လာမယ် ဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်တဲ့လုပ်ငန်းတွေကိုလည်း CRPP မှာလည်း လုပ်ဖို့ရှိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့အတွက် ပါတီခေါင်းဆောင်ပိုင်းက ဆုံးဖြတ်မယ်ဆိုရင် ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) အနေနဲ့ ကန့်ကွက်စရာ မရှိဘူးလို့ NLD-LA ရဲ့ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့ကိုယ်စားလှယ် ဦးဘိုသောင်းက ပြောပါတယ်။

“အဖွဲ့ချုပ်ဗဟိုကနေ ဆုံးဖြတ်ဆောင်ရွက်တာကို ကျနော်တို့ကတော့ လိုက်နာဆောင်ရွက်မှာ ဖြစ်တယ်လေ။ ကျနော်တို့မြင်တာကတော့ နိုင်ငံရေးပါတီရယ်လို့ဖြစ်လာရင်တော့ နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ နိုင်ငံရေး
အာဏာ ရယူဖို့၊ နိုင်ငံရေးအာဏာ ရယူမှ ကိုယ်လိုချင်တဲ့လူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကျနော်တို့က ဆောင်ကြဉ်းနိုင်မှာ ဖြစ်တာကိုး။ အထဲက ခေါင်းဆောင်မှုဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ရှိတယ်၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ရှိတယ်။ မြို့နယ်အသီးသီးက ခေါင်းဆောင်တွေ ရှိတယ်။ အဲဒီလို အားလုံးရဲ့ သဘောတူဆန္ဒနဲ့အညီ ဆုံးဖြတ်ဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်တို့ အလေးအနက် ယုံကြည်တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတယ်မယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ကျနော် ပြောချင်ပါတယ်။

“အဲဒီတော့ ကျနော်တို့က NLD လွတ်မြောက်နယ်မြေသည် ကျနော်တို့ ရှိနေခြင်းက အကျိုးရှိမလား၊ အကျိုးယုတ်စေနိုင်မလား။ အကျိုးယုတ်စေနိုင်မယ်ဆိုရင်တော့ ကျနော်တို့က အားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ NLD-LA ရှိသင့်မသင့်၊ ဆက်ပြီး ဆောင်ရွက်သင့်မသင့် ကျနော်တို့ ၀ိုင်းဝန်းဆုံးဖြတ်သွားကြရမှာ ဖြစ်တယ်လေ။ သို့သော်လည်း ကျနော်တို့ကတော့ NLD-LA က ယခင်ကလည်း မိခင် NLD ဆောင်ရွက်နိုင်တဲ့ ကိစ္စပေါ့။ ဥပမာ - ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့က နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ကျနော်တို့နဲ့ သူတို့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်တယ်။ အလုပ်တွေ အတူတူလုပ်နိုင်တယ်။ ဒီဟာတွေအတွက်တော့ ကျနော်တို့က NLD-LA က ရှိဖို့လိုအပ်တယ်ဆိုရင်တော့ ဆက်ရှိနေဦးမှာပဲ။”

NLD အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်တာမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားအရေး၊ တိုင်းရင်းသားအရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ထည့်သွင်း စဉ်းစားဖို့တော့ လိုတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောဆိုပါတယ်။

“ကျနော်တို့အားလုံး တိုင်းပြည်ကို ပြန်လည်ကောင်းအောင် လုပ်စေချင်တယ်ဆိုရင်တော့ အခြေခံကောင်းတဲ့ အခြေအနေတစ်ရပ် ရှိဖို့လိုပါတယ်။ အဲဒါက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရမယ်။ နောက်ပြီးတော့မှ ရန်သူတွေရဲ့အပြုအမူတွေ ရပ်ဆိုင်းတဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ရမယ်။ တွေ့ဆုံဆွေးနွေး ပွဲဆိုတာ ပေါ်ရမယ်။ အဲဒါဆိုလိုရရှိရင် တစ်ယောက်နဲ့တစ်ယောက် ရန်ရှာစရာမလိုဘဲနဲ့ အားလုံးကနေပြီးတော့ သွားလို့ရတဲ့ အနေအထားမျိုးပေါ့။ အဲဒီလိုဟာမျိုးကို အာမခံချက် အားလုံးကိုပေးတယ်ဆိုရင် အတုံ့အပြန် အနေနဲ့ ပြန်လည်တောင်းဆိုလာနိုင်တာက… ဒါဆိုလို့ရှိရင်လည်းဗျာ လောလောဆယ်တော့ ပါတီ မှတ်ပုံတင်ထားလိုက်ပါ။ ကျနော်တို့အားလုံး ကျေနပ်လို့ရအောင် ရွေးကောက်ပွဲလေးတော့ ၀င်ထားလိုက်ပါ။ သို့သော်လည်း ကျနော်တို့ နိုင်ငံရေးကို အပြင်မှာ ဆွေးနွေးပါ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေလည်း ပါသေးတာမဟုတ်ဘူး…ဆိုတဲ့ဟာမျိုး ဖြစ်တယ်ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ သူတို့ပြောပြောနေတဲ့ သူမနာကိုယ်မနာပေါ့ အားလုံးနိုင်တဲ့ အခြေအနေမှာပေါ့။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ အဲဒီအခြေအနေတွေ ဘာမှအာမခံချက် မရှိသေးဘဲနဲ့ ငါလိုချင်တဲ့ဥစ္စာကို မင်းတို့အတင်းလုပ်ဆိုရင်တော့ ဒါက တဖက်သက်အနိုင်ကျင့်တာများ ဖြစ်မလားလို့ ကျနော်တို့က အဲဒီလိုမျိုးဖြစ်မိတာပါ။”

၂၀၁၀ ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ပါတီကို မှတ်ပုံတင်ဖို့ စဉ်းတောင် မစဉ်းစားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ယတိပြတ် ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီးတဲ့နောက်မှာ NLD ပါတီက မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီ ပါတီမှတ်ပုံတင်ရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကလည်း သမ္မတက လက်မှတ်ရေးထိုးပြီးရင်တော့ ပါတီမှတ်ပုံတင် ဥပဒေအဖြစ် မကြာခင်မှာ ထွက်ပေါ်လာဖွယ်ရာလည်း ရှိနေပါတယ်။

သတင်း VOA

တရုတ်-မြန်မာ ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည်

နိုင်ငံပိုင်ရုပ်သံလိုင်းများအဖြစ် ထုတ်လွှင့်ပြသလျက်ရှိသာ MRTV-4၊ Sky Net ရုပ်သံလိုင်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရုပ်သံလိုင်း တစ်ခုဖြစ်သည့် CCTV ရုပ်မြင်သံကြားတို့မှ ပူးပေါင်း၍ CCTV International ရုပ်သံလိုင်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားတွင် စတင် ပြသနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ မြန်မာ-တရုတ် ပူးပေါင်း၍ ပြန်ကြားရေးလုပ်ငန်း ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မပာာဗျူပာာမြောက် ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောင်အနာဂါတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ပြန်ကြားရေးကဏ္ဍတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ ရင်းနှီးပွင့်လင်းမှုရှိသည့် ဆက်ဆံရေးကို တိုးပွားလာနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြည်ပနှင့် ပူးပေါင်း၍ ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း ဖြစ်ပျက်လျက်ရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်း၍ ထုတ်လွှင့်သည့် CCTV International ရုပ်သံလိုင်းတွင် CCTV-4၊ CCTV-News၊ CCTV-9 Documentary ရုပ်သံလိုင်းတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အခပေး၊ အခမဲ့ ကြည့်ရှုခွင့်ရသော ရုပ်သံလိုင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်း.. yangonchronicle

ရေဘေးဒုက္ခသည်များ ဘလော့ဂါများကို အသိအမှတ်ပြု

အပူပိုင်းမုန်တိုင်း မိုးကြောင့် ပခုက္ကူခရိုင်မှ ရေးဘေးဒဏ် ခံခဲ့ရသူများသည် အင်တာနက်ပေါ်တွင် သတင်းဓါတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပေးခဲ့သော ဘလော့ဂါလူငယ်များ၏ လုပ်ဆောင်ချက်ကိုအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ဒေသခံများမှစုံစမ်းသိရှိရသည်။

အရပ်ဖက်အစိုးရ ဒေါက်တာစိုင်းမောက်ခမ်း လာရောက်စဉ် အင်တာနက်ဝက်ဆိုက်များပေါ်တွင်း ဓါတ်ပုံများ တွေ့ရသဖြင့် ဓါတ်ပုံရိုက်သူများကို သတိထား ဖော်ထုတ်ရန် ညွန်ကြားခဲ့သည်ဟု လုံခြုံရေးများပြောကြောင်း အမှန်တွင် ဘလော့ဂါများ ဓါတ်ပုံရိုက်ပြီး တင်သဖြင့် လူအများ အဖြစ်မှန်ကို သိရှိရခြင်းဖြစ်ကြောင်း ပခုက္ကူမှ အသက်၂၅နှစ် အရွယ် ဘလော့ဂါ လူငယ်တစ်ဦးက ဆိုသည်။

“ကျွန်တော် မိုးကုတ်ကျောင်းထဲ ဓါတ်ပုံ သွားခိုးရိုက်တော့ ဘယ်အင်တာနက်ကလည်း အဖွားကြီးတစ်ယောက်က မေးတယ် ပုလိပ်တွေ မလာခင် အမြန်ရိုက်လို့ ပြောတယ် အဖွားကြီးက အင်တာနက်ဆိုတာ ဘာမှန်းမသိပဲ ကူညီပေးနေတာ ရယ်ရခက်ငိုရခက်ပဲ”ဟု ၎င်း၏အတွေ့အကြုံကို ပြောကြားသည်။

အောက်တိုဘာလ ၂၀ရက်နေ့ ရေကြီးပြီးနောက် ပခုက္ကူသို့ ဖုန်းများ ခေါ်ဆိုလို့မရကြောင်း စင်္ကာပူတွင် ရောက်နေသည့် သမီးမှ အင်တာနက် ပေါ်တွင် ဘလော့ဂါများ ရေးထားသည့် ဓါတ်ပုံများကိုကြည့်ပြီး ဖုန်းဖြင့်ပြောသဖြင့် ပခုက္ကူ သတင်းများကိုသိရှိရကြောင်း ရန်ကုန်မြို့ တောင်ဒဂုံတွင် နေထိုင်သူ ပခုက္ကူဇာတိသားတစ်ဦးက ပြောကြားသည်။

မြန်မာနိင်ငံတွင် ၂၀၀၇ စက်တင်ဘာ သံဃာတော်များဆန္ဒပြမှု၊ နာဂစ်မုန်တိုင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်တို့တွင် လူငယ် ဘလော့ဂါများ ကြိုးစားမှုကြောင့် သတင်းများတက်လာပြီး အဆိုပါပုံရိပ်များ စီပွားရေးအကွက် မြင်သူများက စီဒီချပ်များဖြင့်ကူးပြီး ရောင်းချသဖြင့် အင်တာနက်ကို မသုံးတတ်သူများ မသိသူများပင် သတင်းပုံရိပ်များ တွေ့မြင်ခံစားရကြောင်း နိုင်ငံတကာတွင် ဘလော့ဂါများကို Citizen Journalist များဟု အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင်မူ အီလက်ထရောနစ်ဥပဒေအရ ဆယ်စုနှစ်ချီသည့် ပစ်ဒဏ်များ ချမှတ်လေ့ရှိသည်။

သတင်း.. yangonchronicle

30 October 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည့်တို့တွေ့ဆုံ




မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည့်တို့ အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့) မွန်းလွဲ ၁ နာရီမှ ၁နာရီ၅၅ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

သတင်းထုတ်ပြန်ချက်


ဓာတ်ပုံ..ကိုဆန်နီ

၂၉-၁၀-၂၀၁၁ (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖွဲ့အားဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံ။





၂၉-၁၀-၂၀၁၁(စနေနေ့) ည ၇း၀၀ မှ ၈း၀၀ နာရီ အထိ တစ်နာရီ ခန့်ကြာ(၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာတီ နာတာလေ ဂါဝါ အဖွဲ့အားဒေါ်အာင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့ပါသည်.။


ဓာတ်ပုံ များအတွက် ကိုဆန်နီ အားကျေးဇူးတင်ရှိပါသည်.။