15 September 2010

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်တို့မှ ဟောပြောမည်ဆိုပါခုနစ်ရက်ကြိုတင်ရမည်




၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ဟောပြောမည် ဆိုပါက ခုနစ်ရက် ကြိုတင်၍ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြရာတွင် ဟောပြောတင်ပြခွင့် အချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ပြီး ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြရာတွင်လည်း ဟောပြောချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် ပါတီ၏ သီချင်းများကိုလည်း ထုတ်လွှင့်လိုပါက သတ်မှတ်ထားသည့် ၁၅ မိနစ်အချိန်အတွင်း ထုတ်လွှင့်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရန် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ထုတ်လွှင့်လိုပါက ပါတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူး က သတ်မှတ် ခွင့်ပြုပေးသည့် ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက်ကြိုတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အဆိုပါစာမူသည် A4 အရွယ်အစား စက္ကူ ခုနစ်မျက်နှာထက် မပိုရကြောင်း သိရသည်။

ယင်းကဲ့သို့ လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ ဟောပြောတင်ပြ နိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့်ရရှိမည့် နေ့ရက်နှင့်အချိန်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြုမိန့် ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း ပြုနိုင်ကြောင်းနှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြ၍ လျှောက်ထားသူထံ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဟောပြောတင်ပြရာတွင် ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရသည့် တားမြစ်ချက် ကိုးချက်ကိုလည်း သတ်မှတ်ထားရာ ယင်းတားမြစ်ချက်များအနက် အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောပြုလုပ်ခြင်းနှင့် လူမျိုးရေး (သို့ မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခွင့်ဲပုမည်ဟုeleven.ဂျာနယ်တွင်ပါရှိပါသည်.။

စစ်အာဏာပိုင် သတင်းဌာန မြန်မာအသံ မှယနေ့ညနေခင်းသတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၀)ခုအား တရားဝင်ဖျက်သိမ်းပါသည်ဟုကြေငြာ

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တည်ဆဲ ပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပြီး ထိုပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ကြေညာသွားသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည့် ပါတီသစ်များထဲမှ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကို လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖျက်သိမ်းကြောင်း ကြေညာခံရသည့် ၁၀ ပါတီတို့သည် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားခြင်း၊ မှတ်ပုံမတင်ခြင်း၊ လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် တရားဝင် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဘဲ ဖျက်သိမ်းလိုက်သည်ဟု စစ်အာဏာပိုင်သတင်းဌာန မြန်မာအသံ မှ ကြေငြာ သွားသည်။

14 September 2010

ပွဲကြိုက်ခင် အမေရိကန် ရောက် မြန်မာများအတွက် နောက်ထပ်ပြုလုပ်အုံးမည့် စတိတ်ရှိုးပွဲ တစ်ပွဲ အားပေးလိုက်ကြပါအုန်းလား



ကိုယ့်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ အရေးတော်ပုံတွေကို အရုဏ်ဦးမှာဖူးသည်ကြာ ဆိုသောဇတ်ကားမှာ မဟုတ်မမှန် လုပ်ကြံမှုတွေ နဲ့ ပြောဆိုပြီးသရုပ်ဆောင် နေသော မြန်မာသရုပ်ဆောင်ပျက် များကိုအားပေးအားမြှောက် ပြုလုပ်နေသော ၊တကိုယ်ကောင်းဆန်သော ၊စိတ်ဓာတ် အပြည့်အဝ ရှိနေကြသော ပြည်ပအားကိုးပုဆိန်ရိုး ဆိုသူများအတွက် နောက်ထပ်စတိတ်ရှိုးပွဲ တစ်ပွဲ အား ကြေငြာ ပေးလိုက်ပါသည်.။

့မြန်မာပြည်သူက ကျွေး မြန်မာပြည်သူက အားပေးပြီး မြန်မာပြည်သူတွေရဲ့ ထမင်းကိုစား ၊မြန်မာလူငယ်တွေ အတွက်ထင်ယောင်ထင်မှားပြုလုပ်နေသောမြန်မာသရုပ်ဆောင်ပျက်များ၏သရုပ်ဆောင်မှုများကိုစစ်အာဏာရှင် အလိုကျ ပီပြင်စွာသရုပ် ဆောင်ထားသော အထူးသဖြင့် ထိုဇတ်ကားတွင် ကလျာမျိုးချစ် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သော ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်အားလုံးဝလုံးဝ ရွံရှာမိခဲ့ပါတယ်။ စစ်အာဏာပိုင်တွေကတော့ မြန်မာပြည်သူတွေရဲ့ ငွေကြေးတွေကိုအလွှဲသုံးစားပြုလုပ်နေပြီး ယခုလို အသက်ငယ်ငယ် မြန်မာသရုပ်ဆောင်အမျိုးသမီးများအား စပွန်ဆာ ပေးပြီးဟောတစ်ယောက် ဟောတစ်ယောက်ဆိုပြီး သားသမီးချင်းမစာနာဘဲ ၊တွဲချင်တိုင်းတွဲ၊ကဲချင်တိုင်းကဲ၊အပြိုင်ကဲပြီး အင်တာနက် စာမျက်နှာများတွင်လည်း ယိုသူမရှက် မြင်သူရှက်၊ အများပြည်သူတွေမြင်တွေ့နေကြဖြစ်ပါသည်။

ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်မှာ မြန်မာ့သမိုင်း အားတကယ်ဘဲ မသိတာလား၊ဒါမှမဟုတ် စစ်အာဏာပိုင်များဆီက စပွန်ဆာ မရရှိမှကြောက်ပြီး မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုတော့ သူကိုယ်တိုင်သာသိမှာဖြစ်ပါသည်.။ထို့အတွက်ကြောင့် ပြည်ပသို့ရောက်ရှိနေချိန်တွင် ပြည်ပမှာ ရှိသောမြန်မာ့ သမိုင်း နဲ့ပါတ်သက်သော ၈၈၈၈ လုံးအရေးတော်ပုံကြီး၏ ဗွီဒီယိုဖိုင်များ နှင့် သံဃာတော်အရေးအခင်းမှ ဗွီယိုဖိုင်များအားစစ်အာဏာရှင်တွေဟာဘယ်လောက်ရက်စက်စွာ ကျောင်းသားလူငယ်များ ၊မြန်မာပြည်သူများ၊ သံဃာတော်များကို သတ်ဖြတ်ထားသောသမိုင်းမှတ်တမ်းများကို လွတ်လပ်စွာကြည့်ရှုပြီး ခံစားနားလည် ပေးစေချင်ပါသည်.။ထိုဇတ်ကား ၏ဇတ်ဝင်ခန်းတွေမှာလို မေးနေသည့် မေးခွန်းများအား ကိုယ်တိုင်မျက်စေ့ဖြင့် လေ့လာ သွားသင့်ပါသည်.။

ပြည်ပ သို့ရောက်ရှိနေချိန်တွင် အမျိုးသားများအပေါ် မပေါ်တပေါ်တွေဝတ်ပြ၊ လှုပ်ပြ၊ ခါပြ၊ သီချင်းတွေဆိုပြ၊ ရောနှောမှုများပြုလုပ်နေပြီး စပွန်ဆာရှာ နေမည့်အစား ကိုယ့်ကမြန်မာသရုပ်ဆောင် အမျိုးသမီးတစ်ဦးဖြစ်သော ကြောင့် မြန်မာ့ သမိုင်း အားသေချာ လေ့လာသင့်ပါသည်။ဝိုင်းစုခိုင်သိန်းဆိုသော မြန်မာအမျိုးသမီးသရုပ်ဆောင်အားမနာလိုချင်အလျှင်မရှိသလို၊မစာနာလို့ပြောနေချင်းလည်းအလျှင်မရှိပါ.။

သူ၏ ထိုဇတ်ကားတွင် ပြောဆိုခဲ့သော စကားများမှာလည်း မြန်မာအရေးတော်ပုံများတွင် သွေးမြေကျပြီး သေဆုံးသွားခဲ့သော မြန်မာပြည်သူများ၊ ကျောင်းသားလူငယ်များ၊ သံဃာတော်များ နှင့် ယနေ့အချိန်ထိ စစ်အာဏာရှင်တွေ မတရားအကျဉ်းချထားသော မြန်မာနိုင်ငံအတွင်း ရှိစစ်အာဏာပိုင်တွေရဲ့ အကျဉ်းထောင်ထဲမှကျောင်းသားလူငယ်များ၊မြန်မာပြည်သူများ၊သံဃာ တော်များအား သူမအနေနဲ့ အရင် ကိုယ်ချင်း စာနာသင့် ပါသည်.။
လူတိုင်းတွင် စိတ်ခံစားမှု၊နားလည်တတ်မှုဆိုသိမှာ သင်ပေးစရာမလိုပါ၊ကိုယ်တိုင်စာနာ နားလည် မှသာ သိရပါသည်။

ယခုလို အမျိုးသမီးချင်း ဤကဲ့သို့ ရေးသားရသည်မှာ ဝိုင်းစုခိုင်သိန်းအနေနှင့်ကိုယ်ချင်းစာနာ သင့်ကြောင်း သူ့လို သူ့အရွယ် မြန်မာ မိန်းကလေးများ အရေးတော်ပုံတည်းတွင်ကျဆုံးသွားခဲ့ရခြင်း၊ အကျဉ်းထောင်ထဲ တွင် ယနေ့အချိန်ထိ မတရားဖမ်းဆီးခံထားရဆဲရှိပါသည်။ထိုမြန်မာမိန်းကလေးများသည် ပြည်သူများကမြှောက်ပေးလို့ ပြုလုပ်နေခြင်း မဟုတ်သလို အရေးတော်ပုံတိုင်းတွင်လည်း လူငယ် ဆိုသော စိတ်ဓာတ် တစ်ခုဖြင့်သာ ပါဝင် ခဲ့ခြင်းဖြစ်ပါသည်.။ထိုသို့သော မြန်မာမိန်းကလေးများအား စော်ကားသော အသုံးအနှုန်းများဖြင့် ထိုအမျိုးသမီး ဝိုင်းစုခိုင်သိန်း ကမပြောဆိုသင့်ပါ။

ထိုကားတွင် ပြောဆိုသုံးနှုန်းခဲ့ခြင်း အတွက် ကျမ အနေဖြင့် ယခုလို သူမ အားပြန်လည် ရေးသားခဲ့ခြင်း သာဖြစ်ပါသည်။ထိုအမျိုးသမီး ဝိုင်းစုခိုင်သိန်း ဆိုသူသည် သူကိုယ်တိုင် ဘာတွေ ပြုလုပ်နေပါသနည်း၊မြန်မာအမျိုးသမီး လူငယ်တစ်ဦး ဖြစ်ပြီး၊ လူငယ် စိတ်ဓာတ် မ ပြောပါနဲ၊့ပြည်သူတွေ အတွက်တောင် သမိုင်းအမှန် မပြောရဲဘဲ သမိုင်းအမှားတွေကို မဟုတ်မဟပ် လုပ်ဇတ်ခင်းပြီးပြောဆို နေခြင်းသာဖြစ်ပါသည်။

အရုဏ်ဦးမှာဖူးသည့်ကြာ ဇတ်ကားတွင် ပါဝင်ခဲ့ သောသရုပ်ဆောင်များအားလုံး အားအပြတ်အသတ်ကို ရွံ့ရှာမိပါကြောင်း....။

အရုဏ်ဦးမှာဖူးသည့် ကြာ ဇတ်ကားတွင် စစ်အာဏာရှင်အလိုကျ ပီပြင်စွာပါဝင်သရုပ်ဆောင်ပြခဲ့သော ဝိုင်းစုခိုင်သိန်း လို သရုပ်ဆောင်ပျက်များအား အမေရိကန် ရောက် မြန်မာများ မလိုလားကြောင်း ဆန္ဒပြခြင်းအား အပြည့်အဝကို ထောက်ခံ အပ်ပါသည်။

မြတ်လေးငုံ

ဘီဘီစီ ဟဲလို သတင်းလွှာ

September Hello BBC

ယနေ့အချိန်ထိ သံဃာတော်များအားစောင့်ကြည်ခံနေရဆဲ(ရုပ်သံ)

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံခြားမှာ ဆေးကုသမှု ခံယူမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ ရန်ကုန်မြို့ ပန်းလှိုင်ဆေးကုခန်းရဲ့ စီစဉ်ချက်အရ မကြာခင် ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသတာကို ခံယူဖို့ ရှိနေပါတယ်။ ဦးတင်ဦး မြန်မာနိုင်ငံကူးလက်မှတ် ရရှိခဲ့တာ အပါအ၀င် မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဦးတင်ဦးက အခုလို စပြီး ပြောကြားခဲ့ပါတယ်။

“ကျနော်က အသက်အရွယ် နည်းနည်းလည်း ကြီးလာပြီပေါ့။ မတော်လို့ ခွဲစိတ်ကုတဲ့အခါ အချိန်ကြာရင်လည်း မေ့ဆေး ကြာကြာပေးရမယ့် ကိစ္စမှာ စဉ်းစားစရာ ရှိတယ်တဲ့။ တိုင်းပြည်အတွက် လူကြီးတယောက်လို ဖြစ်နေတဲ့ အတွက်ကြောင့် အစစအရာရာ ကောင်းကောင်းမွန်မွန် ကုသပေးချင်တယ်ဆိုတာ ရှိတယ်တဲ့။ ချောချောမောမော၊ အောင်အောင်မြင်မြင် ဖြစ်သွားအောင် လုပ်ချင်တာ ရှိတယ်ပေါ့ဗျာ။ ဒီ့ထက်ပိုပြီး သင့်တော် ကောင်းမွန်တဲ့ နေရာကို Refer လုပ်ချင်တယ်တဲ့။ အဲဒီလို သူတို့က ပြောတယ်ဗျ။

“ဒီနေ့တော့ ကျနော့်ဇနီး သွားပြီး ညှိတော့ ကျနော့်ကို မနက်ဖြန် ခေါ်ထားတယ်ဗျ။ အမှန်က သူတို့က ထိုင်း၊ စင်ကာပူ မပြောနဲ့ ဒီမှာလုပ်နေတဲ့ ပုဂ္ဂိုလ်ကလည်း တပတ်နှစ်ပတ်လောက် လုပ်လိုက်၊ ဒီမှာ ကုသလိုက်၊ ခွဲစိတ်လိုက်၊ ပြီးရင် သူက စင်ကာပူမှာ သူတို့ဆေးရုံ ရှိတယ်လေ၊ အဲဒီမှာလည်း သူက ပါရဂူပဲလေ။ အဲဒီမှာ လုပ်မယ်ဆိုရင် ပစ္စည်းပစ္စယ စုံတဲ့အတွက် သူ စိတ်ပိုအေးတယ်ပေါ့ဗျာ။ သူတို့ဘက်ကလည်း အင်မတန် ကောင်းကောင်းမွန်မွန် စေတနာနဲ့ ပြောတာပါ။ အဲတော့ ကျနော် မနက်ဖြန် သူတို့နဲ့ သွားပြီး တိုင်ပင်ရမယ်။ အဲဒီဟာပါပဲ။”

ပြည်ပကိုထွက်ပြီး ဆေးကုဖို့အတွက် အန်ကယ့်အနေနဲ့ မြန်မာနိုင်ငံကူး လက်မှတ်ကို အစိုးရဆီမှာ လျှောက်ထားဖို့ လိုအပ်မှာပေါ့။ အဲဒီကိစ္စရော အန်ကယ် ဘယ်လို စီစဉ်ပါလဲခင်ဗျ။

“တော်တော် စောစော လွန်ခဲ့တဲ့ ၂ လလောက်က စီမံထားတော့ ကျနော်နဲ့ ဆက်သွယ်တဲ့ ဆေးရုံက အစစအရာရာ အကုန်လုပ်ပေးတယ်။ သူတို့က Refer လုပ်တယ်ဆိုရင်၊ သူတို့က ဒီမှာထက် ဟိုမှာ သင့်တော်တာမို့၊ ခွဲစိတ်မယ့် ပုဂ္ဂိုလ်ကလည်း ဒီက ပါရဂူပဲလေ၊ အဆက်အသွယ် လုပ်ထားတဲ့ ဆေးရုံကိုး။ အဲဒီတော့ အဲဒီမှာလုပ်မယ်ဆိုရင် Passport နဲ့ ပတ်သက်လို့ အဆင်ပြေဖို့ရယ်၊ ဗီဇာကိစ္စ အဆင်ပြေဖို့ရယ်၊ သွားတာလာတာ အဆင်ပြေဖို့ရယ်၊ ဟိုမှာ ခွဲစိတ်ဖို့ အဆင်ပြေဖို့ရယ်၊ ဒါတွေအကုန်လုံး သူတို့ ထည့်လုပ်တယ်။”

အဲဒီတော့ ပန်းလှိုင်ဆေးရုံရဲ့ စီစဉ်ပေးချက်အရ အန်ကယ်ရဲ့ မြန်မာနိုင်ငံကူး လက်မှတ်က အန်ကယ့်လက်ဝယ်မှာ လွန်ခဲ့တဲ့ ၂ လလောက် ကတည်းက ရရှိထားခဲ့ပြီးပြီဆိုတဲ့ သဘောလားခင်ဗျ။

“ရပြီးသားလက်မှတ်က အခု အစိုးရကပေးတဲ့ လက်မှတ်၊ အဲဒါကို မနက်ဖြန် သူတို့က ယူလာပါတဲ့။ အဲတော့ ယူလာပြီးရင် သူတို့က အကုန် ဆက်လုပ်မယ့် သဘောရှိတယ်။”

မြန်မာနိုင်ငံကူး လက်မှတ်ကို အန်ကယ် ဘယ်လောက်တုန်းက လျှောက်ထားပြီး ဘယ်လောက်လောက်ကြာအောင် စောင့်ခဲ့ရပါလဲခင်ဗျ။

“လျှောက်တာ ကြာတော့ ကြာတယ်ဗျ။ ဒါပေမဲ့ သူတို့ကလည်း ဒီမှာ ဓာတ်ပုံရိုက်တာတို့ ဘာတို့ တလောက လာပြီး လုပ်ကိုင်ပေးသွားပြီးတော့ မကြာမတင်မှာပဲ လာပေးတဲ့ သဘောတော့ ရှိပါတယ်။”

အန်ကယ့်ကို ပြည်ပကိုထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတဲ့ အခါကြတော့ နိုင်ငံရေး အခြေအနေနဲ့ ပြန်ပြီး သုံးသပ်မယ်ဆိုရင် အန်ကယ်တို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိအစိုးရ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အချိန်မှာ အဲဒီပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန်ကယ့်ကို ပြည်ပကို ထွက်ပြီး ဆေးကုသခွင့် ပေးတယ်ဆိုတော့ ဒါဟာ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့အခါမှာ စိတ်စေတနာကောင်းနဲ့ပဲ ထုတ်ပေးတာလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ တဘက်နဲ့တဘက် အချေအတင် ဖြစ်တာက သတ်သတ်၊ လူမှုရေးအရ အန်ကယ့်ကို ခွင့်ပြုတာက တပိုင်းလို့ အဲဒီလိုမျိုး ခွဲပြီး မြင်လို့ရပါသလား၊ အန်ကယ် ဘယ်လိုသုံးသပ်ပါသလဲခင်ဗျ။

“ခွဲမြင်လို့ မရပါဘူးဗျာ။ ဒါကတော့ သူတို့ ဆေးရုံက ခါတိုင်း လူနာတွေမှာ မြင်ရိုးမြင်စဉ်အတိုင်း မြင်တဲ့အပေါ်မှာ သူတို့ စီစဉ်တဲ့ သဘောပဲဗျ။ နိုင်ငံရေးသဘော အယူအဆတွေ အပေါ်မှာ ထင်မြင်လို့၊ ပြုလို့၊ ဒါတွေအပေါ်မှာတော့ ထူးခြားမှုရှိမယ် မဟုတ်ပါဘူး။ သူတို့ပေးထားတဲ့ ဆေးစာတမ်းတွေအရ၊ သူတို့ ကျနော့်ကို လုပ်ကိုင်ထားတာတွေအရ ဒီအပေါ်မှာပဲ မူတည် ဆုံးဖြတ်ပြီး သူတို့ရဲ့ ဆေးရဲ့ သဘောသဘာဝ၊ ဆေးကုထုံးရဲ့ သဘောသဘာဝ အတိုင်း လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဘာမှ နိုင်ငံရေး၊ လူမှုရေး အကြောင်းကြီးငယ်ကြောင့်တော့ မဟုတ်ပါဘူး။”

အန်ကယ် ဘယ်တော့လောက် မြန်မာနိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားပါသလဲခင်ဗျ။

“မသိသေးပါဘူး။”

အခုလိုမျိုး မြန်မာနိုင်ငံကူးလက်မှတ် ချောချောမောမော ထုတ်ပေးလိုက်တဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ မှတ်ချက်ပေး ပြောချင်ပါသလဲခင်ဗျ။

“ဘာမှ မှတ်ချက်မပေးချင်ပါဘူး။ သာမန် အရပ်သားတယောက်ကို ပေးတဲ့သဘောပါပဲ။ ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ ပေးတဲ့ Passport ကလည်း အနီ၊ သာမန် ရိုးရိုးလေးပါ။ သာမန် အရပ်သားတယောက် ရတဲ့၊ မောင်ဖြူ၊ မောင်ဝါ ရတဲ့ လက်မှတ်မျိုးပါ၊ ဒါပါပဲ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြည်ပကို သွားရောက်ပြီး မျက်စိခွဲစိတ် ကုသခံယူမယ့် အခြေအနေတွေကို ကိုရော်နီညိမ်းက ဦးတင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်....VOA

13 September 2010

၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးရေး သပိတ်မှောက် လှုပ်ရှားကြဖို့ အဖွဲ့ချုပ်လူငယ်များပြည်သူလူထုထံဖြန့်ဝေနေသောလက်ကမ်းစာစောင်

37366080-Pamphlet

37366057-Sticker

စစ်အာဏာပိုင်တွေလုပ်တဲ့တရားမျှတမှုလုံးဝလုံးဝမရှိတဲ့၂၀၁၀ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုမပြုလုပ်တော့ဘူးဆိုတဲ့ပါတီတွေရဲ့အသံ


ရွေးကောက်ပွဲသဘောတူညီချက် ဖောက်ဖျက်သည်ဆိုခြင်းကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ငြင်းဆို

မြန်မာဒီမိုကရေစီ ကွန်ဂရက်သည် သတ်မှတ်ရက်အတွင်း လွှတ်တော်ကိုယ် စားလှယ်သုံးဦး အမည်စာရင်း မတင်သွင်းနိုင်ခဲ့သည့် အတွက် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ဘဲ ပျက်ပြယ်သွားပြီဖြစ်သည်။

ပါတီတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးကောင်းမြင့်ထွဋ် တစ်ဦးတည်းသာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

မဲဆန္ဒနယ်တစ်ခုတည်း၌ ဒီမိုကရေစီ အင်အားစုများ၏ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ယှဉ်ပြိုင် အရွေးခံခြင်းမပြုကြရန် အခြားသော ဒီမိုကရေစီအင်အားစုများနှင့် အလွတ်အားဖြင့် သဘော တူညီထားသည်ကို ၎င်းတို့ပါတီက ချိုးဖောက်သည်ဟူသော ပြစ်တင် ပြောဆိုချက်များအား အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (အင်န်ဒီ အက်ဖ်)ဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

စည်းရုံးခွင့်ပေးထားသောအချိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်း တင်သွင်းရန် အချိန် တိုတောင်းမှုကြောင့် အချို့မဲဆန္ဒနယ်များ၌ ဒီမိုကရေစီ အင်အားစုများနှင့် ကိုယ်စားလှယ်ထပ်ခြင်းမျိုး 'မလွှဲမရှောင် သာ' ဖြစ်ခဲ့ရကြောင်း စက်တင်ဘာလ ၃ ရက်၌ မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောသည်။

အင်န်ဒီအက်ဖ်ပါတီက ထောက်ခံမှု ရအောင် စည်းရုံးဆောင်ရွက်နေသည့် အချို့မဲဆန္ဒနယ်များတွင်ဝင်မပြိုင်ကြရန် မေတ္တာရပ်ခံခဲ့ သော်လည်း ထိုမေတ္တာရပ်ခံချက်ကို လျစ်လျူရှုကြသည့် အချို့သော ပါတီများ (မည်သူမည်ဝါဟူ၍ကား အမည်ထုတ်မပြော)၏ လုပ်ကိုင် ဆောင်ရွက်ပုံကို စိတ်ပျက်မိကြောင်းလည်း ၎င်းက ပြောသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ၊ တချို့မဲဆန္ဒနယ်တွေကို သူတို့ရဲ့ ခေါင်းဆောင်တွေအတွက်ကျွန်တော်တို့ ချန်ထားတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့စကားကို မနာယူဘူး။ သူတို့ကကျွန်တော်တို့ အင်အားတောင့်တင်းတဲ့၊ ကျွန်တော်တို့အတွက် အလွန် အရေး ပါတဲ့ ကိုယ်စားလှယ်ဝင်ပြိုင်မယ့် နေရာမှာဝင်ပြိုင်ကြတယ်ဗျာ။ ကျွန်တော်တို့ ဌာနချုပ်ရုံးလည်းဖွင့်ထားတဲ့နေရာ၊ ကျွန်တော်ကိုယ်တိုင် ရုံးခွဲသွားဖွင့်ထားပြီး မိန့်ခွန်းပြောခဲ့တဲ့နေရာမှာ ပြိုင်ကြတာဗျာ"ဟုလည်း ဒေါက်တာသန်းငြိမ်း က ဆက်ပြောသည်။

"ကျွန်တော်တို့က အဲဒီလိုမြို့နယ်မှာ ရှောင်ပါလို့ ပြောတယ်။ ခင်ဗျားတို့ ဒီနေရာကိုလာရင် ခင်ဗျားတို့ လွှတ်တော် ကိုယ်စားလှယ် အတွက် ရွေးချယ်စရာ မရှိဘူး။ ဒါကြောင့် တခြားနေရာမှာ သွားပြိုင်ပါလို့ ပြောပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရွေးချယ်ပြိုင်နိုင် မယ့်နေရာ တွေကို အများကြီးချပြပါတယ်။ ဒါပေမယ့် သူတို့က လက်မခံဘဲ ရွေးကောက် ပွဲကော်မရှင်ရုံးကိုသွားပြီး မှတ်ပုံတင်ကြ တယ်"ဟု ၎င်းကပြောသည်။

ပါတီအတွင်း၌ 'အလွတ်တမ်း သဘောတူညီချက်' ရှိခဲ့သည်မှန်သော် လည်း ပါတီများ လွှတ်တော်ကိုယ်စား လှယ်စာရင်းတင်ရန် အချိန်တိုတောင်း သောကြောင့် အဆိုပါကိစ္စများအား နက်နက်နဲနဲ ဆွေးနွေးနေရန် နည်းလမ်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

"ဆွေးနွေးဖို့က မဖြစ်တော့ဘူး။ ကျွန်တော်တို့က လျှောက်လွှာတွေ တင် လိုက်ရတော့တယ်။ ဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ လူတွေကို 'နေကြပါဦးဗျာ၊ ဆိုင်းထားပါဦး။ ကျွန်တော် ဘယ်ပါတီနဲ့ ဒီမဲဆန္ဒနယ်မှာ ဘယ်သူ ပြိုင်သင့်တယ်ဆိုတာ ဆွေးနွေးနေတုန်း ပါ'လို့ ဘယ်လိုပြောလို့ဖြစ်ပါ့မလဲ။လက်တွေ့က လုပ်လို့မရဘူးလေ။ ဒါဟာအဓိပ္ပာယ်မရှိပါဘူး"ဟု ဒေါက်တာ သန်းငြိမ်းက ပြောသည်။

သို့ပင်ဖြစ်သော်လည်း ဤပြဿနာကြောင့် သက်ဆိုင်ရာ ပါတီများဟု ဆိုနိုင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းပါတီတို့အတွင်း ဆက်ဆံရေးပျက်မသွားသင့်ကြောင်းလည်း ဒေါက်တာသန်းငြိမ်းက ပြောသည်။

အင်န်ဒီအက်ဖ်သည် ဩဂုတ်လ ၃၀ နောက်ဆုံးသတ်မှတ်ရက်တွင် ကိုယ်စားလှယ်လောင်း ၁၆၁ ဦး စာရင်းတင် ထားသည်။

ဤအရေအတွက်သည် မိမိတို့ပါတီက မျှော်မှန်းထားသည့်အရေအတွက်ထက် ပိုသော်လည်း စာရင်းတင်ရာ၌ မပါလိုက်သော ကိုယ်စားလှယ်လောင်း အနည်းငယ် ကျန်ရှိနေသေးကြောင်း လည်း ဒေါက်တာသန်းငြိမ်းက ပြောသည်။

"ကျွန်တော်တို့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုပဲ အာရုံ စိုက်ထားတယ်။ ဘာကြောင့်လဲဆိုရင် လွှတ်တော်တွေဟာ ဥပဒေပြုနိုင်တဲ့၊ ပိုပြီး အာဏာရှိတဲ့ လွှတ်တော်တွေ ဖြစ်လို့ပါပဲ။ တစ်ချိန်တည်းမှာပဲ တိုင်းဒေသ ကြီးလွှတ်တော်တွေအတွက် ငွေကြေး ရော၊လွှတ်တော်ကိုယ်စားလှယ်လောင်းရော အလုံအလောက် မရနိုင်ဘူးလေ"

အင်န်ဒီအက်ဖ်၏ လွှတ်တော်ကိုယ် စားလှယ်လောင်း အများစုသည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

သို့ရာတွင် စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများနှင့် ကချင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်တို့ တွင်လည်း အနည်းငယ် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။

"တခြား ပါတီကြီးဆိုတာတွေနဲ့ စာရင်တော့ ဒီအရေအတွက်ဟာ ဘာမှမဖြစ် လောက်ပါဘူး"ဟု ၎င်းကပြောသည်။

"ကျွန်တော်တို့က အဆုံးအဖြတ်ပေးနိုင်မယ့် အနေအထားမရနိုင်ပေမယ့် ဒီအရေအတွက်ဟာလည်း လာမယ့် လွှတ်တော်မှာ အတော် အတန်အင်အား ရှိလာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"။
..................................................................................................................................

မြန်မာဒီမိုကရေစီ ကွန်ဂရက် နိုင်ငံရေးပါတီ အဖြစ်မှ ပျက်ပြယ်

"ကိုယ်စားလှယ်လောင်း ၁၀ ဦး လောက် ၀င်ပြိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ပိုက်ဆံက ကိုယ်စားလှယ်တစ်ဦးစာ ငါးသိန်းပဲရတယ်"ဟု ၎င်းကပြောသည်။

ဦးကောင်းမြင့်ထွဋ်သည် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားဒီမိုကရေစီအင်အားစုများထံမှလည်း အကူအညီများရရှိရန် မျှော်လင့်လျက်ရှိသည်။

၎င်းသည် တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အဆိုပါမဲဆန္ဒ နယ်တွင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

..............................................................................................................................

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်



မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် လာမည့် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ် ကြောင်း ပါတီဥက္ကဋ္ဌ ဦးဇင်အောင်က စက်တင်ဘာလ ၃ ရက်နေ့က ပြောသည်။

"ကျွန်တော်တို့ပါတီ ရွေးကောက်ပွဲ မ၀င်ဖြစ်တဲ့ အဓိကအကြောင်းရင်းက ပါတီကွဲသွားတဲ့အတွက်ရယ်၊ နောက်ပြီး ပါတီ ရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းကြောင့်ပါ" ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်းတစ်ဦးမျှ တင်သွင်းနိုင်ခြင်းမရှိသော မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ခွဲထွက်ခဲ့သော အဖွဲ့ဝင် ဟောင်းများက ပြည်သူ့ လူ့ဘောင်သစ် ပါတီအမည်ဖြင့် ပါတီ တစ်ခုထူထောင်ခဲ့သည်။

ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးက ပါတီဝင်အချင်းချင်းကြားတွင် သွေးကွဲအောင် သပ်လျှိုဖြိုခွဲသလိုလုပ်ခဲ့ သည့်အတွက် ခုံအဖွဲ့က စစ်ဆေးပြီး တာဝန်မှ ဆိုင်းငံ့ထားကြောင်း၊ အဆိုပါ အဖွဲ့ဝင်က ပါတီသစ်ထူထောင်ခြင်းဖြစ်ကြောင်း ဦးဇင်အောင်က ပြောသည်။

ပါတီသစ်တွင်ပါဝင်သော အဖွဲ့ဝင် အများစုမှာလည်း ၎င်းတို့ပါတီမှ တရားဝင်နုတ်မထွက်ရသေးကြောင်း ၎င်းကပြောသည်။

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် မေလ ၁၉ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယင်းပါတီမှ ခွဲထွက်ခဲ့သော ပြည်သူ့လူ့ဘောင်သစ် ပါတီသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ပါတီ တည်ထောင်ခွင့် ရရှိခဲ့သည်။

............................................................................................................................

ခေတ်သစ် ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၃၀ ၀င်ပြိုင်မည်


ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ခေတ်သစ်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ် စားလှယ်လောင်း ၃၀ အတွက် မှတ်ပုံတင်ကြေးများ ပေး သွင်းပြီးဖြစ်ကြောင်း ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ဒေါ်ရီရီစံ က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ကိုယ်စား လှယ်လောင်း လေးဦး၊ ပြည်သူ့လွှတ် တော်တွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် တိုင်း ဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၁၉ ဦး ယှဉ်ပြိုင်မည်ဟု ဒေါ်ရီရီစံက ပြောသည်။

"ဘဏ္ဍာရေးအခက်အခဲရယ်၊ အလှမ်း ဝေးလို့ အချိန်မရတာရယ် စတဲ့ အခက် အခဲတွေကြောင့် နောက်ထပ် ကိုယ်စားလှယ်လောင်း ၆၇ ဦး ကျန်ခဲ့တယ်။ ၁၀၀ နီးပါးလောက် ၀င်ပြိုင်နိုင်ဖို့ဟာ ကျန်ခဲ့ တဲ့လူက နှစ်ဆလောက်ဖြစ်နေတယ်။ "စည်းရုံးရေးကိုတော့ ၁၀ ရက်နေ့ နောက်ပိုင်း ဆင်းနိုင်မယ်" ဟု ဒေါ်ရီရီစံ က ဆိုသည်။

စည်းရုံးရေးအသုံးစရိတ်နှင့်ပတ်သက် ပြီး ၎င်းက ငွေကြေးအမြောက်အမြား သုံးစွဲနိုင်ခြင်းမရှိဘဲ လက်ကမ်းစာစောင် ဝေငှရန်နှင့် ခရီးစရိတ်အတွက်သာ အကုန်အကျခံနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

"ငွေကြေးပေးပြီး၊ မက်လုံးပေးပြီး စည်းရုံးတာမျိုး လုံးဝမရှိပါဘူး။ ဒါက လိမ်လည်လှည့်ဖြားတာပဲလေ။ လွှတ်တော်အမတ်လုပ်မယ့်သူ တွေက ဒါမျိုး လုပ်တာ မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ ပါတီက ကိုယ်ပေးဆပ်နိုင်တဲ့အတိုင်း အတာအထိ ပြည်သူကို ပေးဆပ်သွား မှာပါ" ဟု ဒေါ်ရီရီစံကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ခေတ်သစ်ပြည်သူ့ပါတီကို မေလ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ခဲ့သည်။

သတင်းရင်းမြစ်..မြန်မာတိုင်းမ်
.........................................................................................................................

မြန်မာပြည်မှာငွေစက္ကူအတုများရှိခဲ့၍ဘဏ်အချို့ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင်ပိုမိုသတိရှိလာ၊ငွေစက္ကူအတုများသည် အစစ်နှင့်သိသာစွာကွဲပြားခြားနားကြောင်းသိရ


ပုဂ္ဂလိကဘဏ်တစ်ခုတွင် ငွေလွှဲဆောင်ရွက်နေစဉ်


ငွေလက်ခံရာတွင် ငွေစက္ကူအတု ပါလာသည့်ဖြစ်ရပ်အချို့ ရှိခဲ့၍ ဘဏ်အချို့ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုသတိရှိလာကြောင်း နှင့် ငွေစက္ကူအတုများသည် အစစ်နှင့် သိသာစွာ ကွဲပြားခြားနားကြောင်း သိရသည်။


ဘဏ်များတွင် ငွေလွှဲကိစ္စနှင့် ငွေလက်ခံ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စများဆောင်ရွက်ရာ၌ လာလွှဲသည့် ငွေများထဲတွင် ကျပ်တစ်ထောင်တန်အတုတို့ ပါလာတတ်ခြင်းဖြစ်ပြီး အရေအတွက်မှာ တစ်ရွက်၊ နှစ်ရွက်ဝန်းကျင်သာရှိ၍ အရေအတွက်လွန်စွာ နည်းပါးကြောင်း သိရသည်။


"အစစ်နဲ့ အတုက သိသိသာသာ ကွာတာကို ကိုယ်တိုင်ကြုံပြီး ကြည့်လိုက်တော့မှ သိရတယ်။ စက္ကူ သားရော၊ ကြိုးရော ကွာပါတယ်။ အတုက အစစ်ကို စကန်ဖတ်ပြီး သာမန်စက္ကူအဖြူနဲ့ ကာလာပရင့်ထုတ်ထားတဲ့သဘော ဆိုတာ ဘဏ်ကရှင်းပြလို့ သိရပါတယ်။ ညဘက်တွေမှာ သုံးတာနဲ့ ပိုက်ဆံအုပ်လိုက်ထဲ ညှပ်ပါလာမှသာ သတိမထားမိတာ ဖြစ်နိုင်မှာပါ"ဟု ကိုယ်တိုင်ကြုံရသူ တစ်ဦးက ဆိုပါသည်။


ငွေစက္ကူအစစ်၏ အသားမှာ အနည်းငယ်ကြမ်းပြီး အတုအသားမှာ ပြောင်ချောနေခြင်းသာ ဖြစ်နိုင်ခြင်း၊ ငွေစက္ကူအစစ်အတွင်း ထည့်ထားသော ငွေကြိုးကဲ့သို့ အတုတွင် မထည့်နိုင်ကြောင်း၊ ဆေးရောင်မှာလည်း အတု သည် အစစ်ကဲ့သို့ အရောင်မမြဲနိုင်ကြောင်း ..

ငွေစက္ကူအတုများ ရှိခဲ့ခြင်းကြောင့် ဘဏ်များအနေဖြင့် ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင် ယခင်ထက်ပိုမို သတိရှိလာရကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။ အတုပြုလုပ်ရာတွင် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ အသုံးပြုကာ အစစ်ကို စကန်ဖတ်၍ ကာလာပရင်တာဖြင့် ပရင့်ထုတ်ထားခြင်းသာ ဖြစ်ကြောင်း နှင့် ငွေစက္ကူအတုနှင့် အစစ် ကွဲပြားခြားနားသော အချက်များမှာ ငွေစက္ကူ အတုများသည် အစစ်၏ စက္ကူအသားကဲ့သို့ ကြမ်းမနေဘဲ ပြောင်ချောနေခြင်း၊ အတုသည် အစစ်ကဲ့သို့ငွေမှင်ကြိုးအား စက္ကူထဲတွင်မြှုပ်ထား၍ မရနိုင်ခြင်း၊ အတုသည် အစစ်ကဲ့သို့ ခြင်္သေ့ရုပ်အရိပ်များ မထည့်နိုင်ခြင်းတို့ဖြစ်ကြောင်း မှုခင်းဖြစ်စဉ်များ အရ သိရသည်။


ငွေစက္ကူအတု ပြုလုပ်မှုများကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ငွေစက္ကူအတုများသည် အစစ် နှင့်သိသာစွာ ကွဲပြားခြားနားကြောင်း၊ ငွေစက္ကူအတုပြုလုပ်ပါက ပြစ်မှုဆိုင်ရာဥပဒေအရ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံ ရနိုင်ကြောင်း သိရသည်။


ငွေစက္ကူအတုအား အစစ်ကဲ့သို့ပြုလုပ်၍ မဖြစ်နိုင်သောကြောင့် လက်တည့်စမ်း ပြုလုပ်ချင်သူများအနေဖြင့် အချိန်အနည်းငယ်အတွင်း ဖမ်းဆီးခံရနိုင်သည်ဖြစ်ရာ ယခုကဲ့သို့ လုပ်ရပ်များအား ရှောင်ကြဉ်သင့်ကြောင်း ဥပဒေပညာရှင်အချို့က သတိပေးပြောကြားခဲ့သည်။


ငွေစက္ကူအတုများ ပြုလုပ်ရာတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ပရင်တာများ အသုံးပြုကာ ပြုလုပ်လေ့ရှိပြီး အတုနှင့်အစစ်သိသာစွာ ကွဲပြားခြားနားနိုင်သည့်အချက်မှာ အစစ်တွင်ပါဝင်သောကြိုး၊ စက္ကူ သားနှင့်ဆေးရောင်တို့ ဖြစ်ကြောင်း အမှုဖြစ်စဉ်များနှင့် နှိုင်းယှဉ်လေ့လာခဲ့သူများက ဆိုပါသည်။


ငွေစက္ကူအစစ်၏ အသားမှာ အနည်းငယ်ကြမ်းပြီး အတုအသားမှာ ပြောင်ချောနေခြင်းသာ ဖြစ်နိုင်ခြင်း၊ ငွေစက္ကူအစစ်အတွင်း ထည့်ထားသော ငွေကြိုးကဲ့သို့ အတုတွင် မထည့်နိုင်ကြောင်း၊ ဆေးရောင်မှာလည်း အတု သည် အစစ်ကဲ့သို့ အရောင်မမြဲနိုင်ကြောင်း ဘဏ်လုပ်ငန်းနှင့် နီးစပ်သူများက သုံးသပ်ခဲ့သည်။


လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ကျန်စစ်သားအိမ်ရာနေ အသက် ၂၇ နှစ်ရှိ ငွေစက္ကူအတုပြုလုပ်သူ တစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၎င်းအသုံးပြုသော ငွေစက္ကူများရရှိခဲ့သူတစ်ဦးက မသင်္ကာ၍ သက်ဆိုင်ရာသို့ အကြောင်းကြားရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် တစ်ထောင်တန် ငွေစက္ကူအတုပြုလုပ်သူ တရားခံငါးဦးကိုလည်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သည့်ဖြစ်ရပ် ၂၀၀၇ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ၂၀၀၆ ခုနှစ် မေ လ ၆ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းအ တွင်းရှိ တီဗီ၊ ဗီစီဒီပြုပြင်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ဖြစ်သူသည် တီဗီတစ် လုံးနှင့်ဆောင်းဘောက်တစ်စုံ ရောင်းရငွေ တစ်ထောင်တန်များမှာ မူမမှန် ၍ ရဲသို့အပ်နှံခဲ့ရာမှ တရားခံငါးဦး အား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားခံငါးဦးမှာ တစ်ထောင်တန်အတုများအား ကွန်ပျူတာဆက်စပ်ပစ္စည်းများ အပါအ၀င် ငွေမှင်ရောင်ဘောပင်တစ်ချောင်း အသုံးပြုကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


မည်သူမျှ ငွေစက္ကူများ၊ ဒင်္ဂါးများ သို့မဟုတ် ဗဟိုဘဏ်က ထုတ်ဝေသော တောင်းဆိုသည့်အခါ ကိုင်ဆောင်သူသို့ ပေးချေရမည်ဖြစ်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို ထုတ်ဝေခြင်း သို့မဟုတ် အတုပြုလုပ်ခြင်း သို့မဟုတ် အတုကို ပြည်ပမှ တင်သွင်းလာခြင်း မပြုရဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၈၆ တွင် ပြ ဋ္ဌာန်းထားပြီး မည်သူမဆိုပုဒ်မ ၈၆ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ရမည်ဟူ၍ လည်းကောင်း၊ ထို့အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟူ၍လည်းကောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ၈၉ ပြဋ္ဌာန်းချက်အရ သိရှိရကြောင်း eleven. ဂျာနယ် တွင်ဖော်ပြထားသည်.။

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )




လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

ဘဘဦးဝင်းတင် အဆုတ်ပွရောဂါကြောင့် အာရှတော်ဝင်ဆေးခန်းမှာ တက်ရောက်ကုသနေရ...


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တည်ထောင်သူထဲမှ တစ်ဦးဖြစ်ပြီး အဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဘဘဦးဝင်းတင်ဟာ ယနေ့နေ့လည် (၁၂)နာရီက အဆုတ်ပွရောဂါကြောင့် အာရှတော်ဝင်ဆေးရုံမှာ တက်ရောက်ကုသနေကြောင်း ယနေ့ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တဲ့ အဖွဲ့ချုပ် CEC အဖွဲ့ဝင်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။ ၂ရက် ၃ရက်ခန့်ဆေးရုံမှာ အနားယူရမှာ ဖြစ်ပြီးစိုးရိမ်ဖွယ် မရှိကြောင်း ဆက်လက်ပြောဆိုသွားပါတယ်...။

အသက်(၈၀)ကျော်ပြီ ဖြစ်တဲ့ အဘဦးဝင်းတင်ဟာ ယနေ့အချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယနေ့အထိကြံ့ကြံ့ခံကာ ဦးဆောင်မှုပေးနေပါတယ်။


မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှ မုဒိန်းကျင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာု(ဘ)ဦးဇော်ကြီး-(မိ)ဒေါ်ချို တို့၏ သမီးဖြစ်သူ မပြည့်ဇော်ချို အသက်(၁၃)နှစ်သည် (၃-၉-၂၀၁၀)နေ့က ကျေးရွာတောင်စပ်အတွင်း ဆိတ်ကျောင်းနေစဉ် မိချောင်းမြို့ အခြေစိုက်တပ်ရဲတပ်- ခလ၇(၈၃)တပ်သား ..အမည်မရသေးက အလိုမတူအတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပါသည်။ ယခုအချိန်တွင် မပြည့်ဇော်ချိုမှာ မကွေးဆေးရုံတွင် ဆေးရုံတက်ကုသနေရပါသည်။ ၎င်းသတင်းကို ခလ၇(၈၃)တပ်မှ အရာရှိစစ်ဗိုလ်များက မပြည့်ဇော်ချို၏ ဖခင်အား မကွေးသို့ခေါ်သွားပြီး သတင်းမပြန့် နှံ့ရန် လုပ်ဆောင်နေကြောင်း သတင်းရရှိပါသည်။

မှတ်ချတ်။ ။ ရုပ်သံဖိုင် နောက်(၂)ရက်အတွင်း အစဉ်ပြေလျှင်တင်မည်ဖြစ်ပါသည်။

သတင်း။ ။ ဦးအေးမြင့် (လမ်းပြကြယ်)


ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

12 September 2010

မြန်မာပြည်ရှိ အမျိုးသမီးသရုပ်ဆောင်၊ အဆိုတော်များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင် ဆေးမင်ကြောင် (Tattoo) တက်တူးထိုးခြင်းကိုဖက်ရှင်တခုအဖြစ်ပြုလုပ်လာ


ဆုရွှန်းလဲ့
မြန်မာပြည်ရှိ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင် ဆေးမင်ကြောင် (Tattoo) တက်တူး ထိုးခြင်းကို ဖက်ရှင်တခုအဖြစ် လက်ခံ ထိုးလာကြကြောင်း တွေ့ရသည်။

“ထိုးချင်တဲ့ စိတ်ကူး ပေါ်လာတာနဲ့ ပခုံးရယ်၊ ခါးရယ် ၊ ခြေထောက်ရယ်မှာ ထိုးဖြစ်သွားတာ။ တခြား သူတွေလိုတော့ ဘာကြောင့်ရယ် မရှိဘူး။ ပြည်ပမှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေက အစ ထိုးနေပေမယ့် မြန်မာပြည်မှာ ကတော့ အခုမှ ခေတ်စား လာတယ်လို့ ပြောရမယ်”ဟု သရုပ်ဆောင် ဆုရွှန်းလဲ့က ပြောသည်။

ဆုရွှန်းလဲ့က ဆက်လက်၍ “အဘိုး အဘွားတွေ ခေတ်တုန်းကတော့ ဆေးမင်ကြောင်ထိုးတာ သတ္တိရှိတဲ့ လူတွေ ထိုးတာပေါ့ ၊ ကိုယ်တွေ ငယ်ငယ်က ဆိုရင် ဆေးမင်ကြောင်ထိုးတာ လူဆိုး လူမိုက်ပေါ့။ အခု ကျတော့လည်း ဖက်ရှင်တခုလို ပြောင်းသွားတာ ကိုယ်တွေပါ ထိုးလိုက်တဲ့ အထိ ဖြစ်သွားတယ်။ တခါထိုးပြီး ထပ်ထပ် ထိုးချင်တဲ့ စိတ်ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။

ဆေးမင်ကြောင်ကို ယခင် ကာလများက ဘုရားပွဲ ဈေးတန်းများတွင်သာ အများဆုံးထိုးနိုင်သကဲ့သို့ အသုံးပြုသည့် ဆေး၊ အပ်နှင့် ထိုးသည့် ပုံဒီဇိုင်းများလည်း ကောင်းမွန်မှုမရှိကြောင်း သိရသည်။

“အမျိုးသားက သူထိုးထားတဲ့ ပုံဟောင်းကို နည်းနည်းပြင်မယ်ဆိုတာနဲ့ ကိုယ်ကလည်းထိုးချင်တယ်ဆိုတော့ ထိုးဖြစ်သွားတာ။ပခုံးမှာ ကိုယ့်ရာသီခွင် ကင်းမြီးကောက်ရယ် အဲဒီအောက်မှာ ကနုတ်ပုံရယ် ထိုးထားတယ်”ဟု မော်ဒယ် ခင်မဉ္ဖူခိုင်က ပြော သည်။

“ကိုယ်တိုင်လည်း တက်တူး (Tattoo) ထိုးတာကို ကြိုက်သလို ကောင်မလေးတွေ ထိုးထားတာမြင်ရင် သဘောကျတယ်။ ကောင်းတယ် မကောင်းဘူး မဝေဖန်ချင်ပေမယ့် မြန်မာပတ်ဝန်းကျင်မှာ မိန်းကလေး တက်တူးထိုးထားရင် တမျိုးအမြင်ခံရတာ မျိုး ရှိတော့။ ကိုယ် အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အမျိုးသားက ဒါကို လက်ခံတဲ့ သူမျိုးဆိုရင်တော့ ကိစ္စမရှိဘူး။ မိန်းကလေးတွေ တက်တူး ထိုးချင်တယ်ဆိုရင် အိမ်ထောင်ကျပြီးမှ ထိုးစေချင်တယ်”ဟု ခင်မဉ္ဖူခိုင်က ဆက်ပြောသည်။

တက်တူးထိုးခြင်းသည် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဟု ဝေဖန်ပြောဆိုမည်ဆိုလျှင် မြန်မာဝတ်စုံဝတ်၍ အကျင့်စာရိ တ္တ ပျက်ပြားနေသည့် အမျိုးသမီးများကို ယဉ်ကျေးမှုနှင့်လျော်ညီသည်ဟု သတ်မှတ်နိုင်လားဟု မေးခွန်း ထုတ်စရာများ ရှိကြောင်း အမျိုးသမီး အဆိုတော် တဦးက ပြောဆိုသည်။

“လူကြီးတွေနဲ့ တွေ့ရမယ့် အခါမျိုးတွေ ရှိနိုင်တော့ အမျိုးသမီးတွေ ထိုးမယ်ဆိုရင် ဖုံးလို့လွယ်မယ့် နေရာမျိုးတွေမှာ ထိုးစေချင် တယ်။ မြန်မာဝတ်စုံနဲ့ တက်တူးနဲ့ ကတော့ ဘယ်လိုမှ မလိုက်ဘူးလို့ထင်တယ်။ တက်တူးထိုးထားလို့တော့ မကောင်းတဲ့ အ မျိုးသမီးလို့ မမြင်ဘဲ လက်ခံသင့်တယ်လို့ ထင်တယ် ”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍“အခုခေတ်က တက်တူးဆိုင်တွေ သီးသန့်ဖွင့်လာတာရှိပါတယ်။ တော်တော်များများကတော့ ထိုးတဲ့သူ ခေါ်ပြီး အိမ်မှာ ထိုးတာလည်း များတယ် ။ ကိုယ်တိုင်လည်း အိမ်မှာ ခေါ်ထိုးတာ”ဟု ပြောသည်။

ရန်ကင်းမြို့နယ်နေ အသက် ၂၀ အရွယ် သဲမွန်ထွေးက“သူငယ်ချင်း ယောကျာ်းလေးတွေ ထိုးတာကိုကြည့်ပြီး အားကျတာနဲ့ လိုက်ထိုးဖြစ်တာ။ ခါးမှာ နဂါးရုပ် ထိုးထားတယ် ။ မိဘတွေကတော့ သူတို့ အမြင်နဲ့ မကြိုက်ပေမယ့် တားလို့မှ မရတာ”ဟု ပြောဆိုသည်။

တက်တူထိုးခြင်းအပေါ် အမြင်ပြောင်းလဲ လက်ခံလာခြင်းကြောင့် မြန်မာပြည်တွင် ဈေးကွက်တခု အနေဖြင့်ပါ ကျယ်ပြန့် လာ ကြောင်း ဗိုလ်ချူပ်ဈေးတွင် တက်တူး ဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။

“မိန်းကလေးအနေနဲ့ ဆိုရင်တော့ လက်ခံမှု နည်းနေသေးတာတွေ ရှိသေးတော့ ဆိုးဆိုးဝါးဝါး ဒီဇိုင်းခပ်ကြီးကြီးမျိုးတွေနဲ့ မ လိုက်ဖက်ဘူး။ အခုခေတ်မိန်းကလေးတွေ တော်တော်များများက ဖန်စီပုံစံ ကနုတ်လေးတွေ၊ လခြမ်းလေးတွေလို ထိုး တာ များပါတယ်။ အများဆုံးလာကြတာတော့ လူလတ်တန်းစားနဲ့ ပိုက်ဆံရှိ သားသမီးတွေများတယ်”ဟု ၎င်းက ပြောပြသည်။

ဝန်ဆောင်ခ အနေနှင့် ဒီဇိုင်းပေါ်နှင့် အရုပ်အကြီးအသေး၊ ဆေး အမျိုးအစားအပေါ် မူတည်၍ ရှိသည်ဟု အိမ်တိုင်ရာရောက် လိုက်၍ တက်တူး ထိုးသည့် လုပ်ငန်းလုပ်ကိုင်နေသော ကိုဖိုးကျော် ပြောသည်။

အောက်ဒိုး အနေနဲ့ လိုက်ထိုး ပေးတယ်။ စိုးမြတ်သူဇာ၊ ခင်မဉ္ဖူခိုင် နောက် အနုပညာရှင် တွေထဲက တော်တော် များများ ထိုးခဲ့တယ်။ မစိုးကြီး (စိုးမြတ်သူဇာ) ဆို ရင်ဘတ်မှာ ကနုတ်လို ဟာမျိုးလေးပဲ။ မစိုးကို ထိုးပေး တုန်းကဆို ပုံကြမ်း အရင်ဆွဲပြတယ်၊ ပြီးတော့ သူလိုချင်တာနဲ့ ကိုယ့်အမြင်နဲ့ ပေါင်းပြီး လုပ်တာပေါ့။ ပုံတူအတိုင်း လိုက်ဆွဲတာ ရှားတယ်”ဟု ၎င်းက ရှင်းပြသည်။

“အမျိုး သမီးတွေ တက်တူး ထိုးတာကို လက်ခံမှုပိုင်းမှာ တိုးတက် လာသလို အပ်တို့ ဆေးတို့က အစ ဒီဘက်ခေတ်မှာ ပိုကောင်း လာတယ်”ဟုလည်း ၎င်းက ဆိုသည်။

ရန်ကုန် မြို့ရှိ အရေပြားဆိုင်ရာ ပါမောက္ခ ဆရာဝန်မကြီး တဦးက“ကျန်းမာရေး ရှုထောင့်အနေနဲ့ ထိုးမယ်ဆိုရင် သန့်ရှင်းတဲ့ ဆိုင် ၊ သန့်ရှင်းတဲ့ အပ်တွေသုံးသင့်တယ်။ နောက် တခုက ငယ်ရွယ် ချိန်မှာ လောပြီးလုပ်တတ်တော့ ထိုးပြီးရင် ပြန်ဖျက်လို့ မရတော့ဘူးဆိုတာကို လက်ခံနိုင်ရမယ်။ မိန်းကလေးနဲ့ တက်တူးဟာ မအပ်စပ်တဲ့ အရာလို့ မြင်နေသေးပါတယ်။ တက်တူး ထိုးလို့ မကောင်းတဲ့ မိန်းကလေးလို့တော့ ပြောလို့မရပါဘူး”ဟု ဆိုသည်။

ခေတ်အခြေအနေအရ ဖက်ရှင်တခုအနေနှင့် ပြောင်းလဲဖြစ်ပေါ်မှုကို လက်ခံသင့်ကြောင်း၊ လက်ရှိ မိမိနေထိုင်သည့် နိုင်ငံ အနေ အထားအရ အမျိုးသမီးတဦး အနေနှင့် အလွန်အကျွံတော့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

(ဓာတ်ပုံ နှင့်သတင်း- myanmarcelebrity )

မေးလ်သို့ ပေးပို့ လာသော ကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါသည်.။

တက္ကသိုလ်ကျောင်းတစ်ချို့မှာ ကျောင်းသားကျောင်းသူ များအသွင်ဖြင့် အယောင်ဆောင်ပြီး ငွေလိမ်တောင်းသူများပိုပိုများလာ

တက္ကသိုလ်ကျောင်းတစ်ချို့မှာ ကျောင်းသားကျောင်းသူ အယောင်ဆောင်ပြီး ငွေလိမ်တောင်းတဲ့ ဖြစ်ရပ်အချို့ သည်နှစ်လ၊ သုံးလအတွင်း ပိုမိုအဖြစ်များလာတယ်လို့ ဆိုပါတယ်။ သည်လိုငွေလိမ်လည် တောင်းတဲ့အခါ ပေးမယ့်သူက ပေးချင်သလောက် ပေးလို့မရဘူး။ သူတို့တောင်းသလောက် မပေးရင်တောင် စိတ်ဆိုးကြတယ်လို့ ပထမနှစ် ကျောင်းသားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

တောင်ဒဂုံမှ ဒုတိယနှစ်ကျောင်းသူ တဦးထံ “သူငယ်ချင်းတွေကို စောင့်နေတုန်း အသက် ၂၅ နှစ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံလာတောင်းတယ်၊ သူ့သူငယ်ချင်းတွေနဲ့ သည်ကျောင်းကိုလာလည်ရင်း လူစု ကွဲသွားလို့တဲ့၊ အဲဒါလမ်းစရိတ် မရှိတော့လို့ ပြန်စရာလမ်းစရိတ် ပေးပါဆိုတာနဲ့ ငါးရာပေးလိုက်တယ်၊ အဲဒါကို သူက ပြန်ရမှာဝေးလို့ မလောက်တဲ့အတွက် ကျပ် ၂၅၀၀ လောက်ပေးပါလို့ ပြောတယ်၊ အဲဒီမှာ ညီမလည်း သိပ်မသင်္ကာတော့ဘဲ ရှိတာပေးတာ မလိုချင်ရင် ပြန်ပေးလို့ပြောလိုက်မှ ထွက်သွားတယ်”လို့ ပြောပြခဲ့ကြောင်း တောင်ဒဂုံ ကျောင်းသူ တဦးက ပြောဆို ခဲ့ပါသည်.။

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း


အကြောင်းအရာ ။ ။ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်အမှတ်(၂)ရက်ကွက်အေးချမ်းသာယာ
ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးမှ စီပွားရေးလုပ်ငန်းရှင်များကို ညှိုနှိုင်းဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံခဲ့ကြောင်းကို ထို ရပ်ကွက်နေ လုပ်ငန်းကြီးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြလာပါသည်။

အကြောင်းအရာ အပြည့်အစုံမှာ မန်နေဂျာ ဖြစ်သူမှ ကျွန်တော်တို့ ကို ၂၈.၈.၂၀၁၀ ရက်စွဲ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ရဝတ ရုံးသို့ လာကြရန်ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မန်နေဂျာများမှာလည်းနေ့လည် ၁ နာရီခန့် ရဝတ ရုံးသို့ အရောက်သွားခဲ့ကြပါသည်။ နေရာကတော့ အမှတ် ၂ ရက်ကွက် မရမ်းကုန်းမြို့နယ် ပေါ်တော်မူ ဘုရားဝင်းထဲမှာပါ။ ကျွန်တော်တို့ မန်နေဂျာ များ ရောက်ရှိလာသောအခါ ဘာအစည်းအဝေးလဲလို့ မေးသောအခါ ဘာမှ မဟုတ်ပါဘူးလို့ ရဝတ အတွင်းရေးမှုး ဦးစိုးနိုင် ဆိုသူမှ ပြောပါသည်။

ငါတို့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မင်းတို့ လုပ်ငန်းရှင်တွေ ဆီမှာ အလှူခံမလို့ဟု ပြောပါ သည်။ ရွေးကောက်ပွဲတွင် မဲပေးမည့် အမည်စာရင်းတွေ မိတ္တူကူးတာရယ်၊စာအုပ်ချုပ်တာရယ်၊အတွက်ပိုက်ဆံလို လို့ ကောက်တာဟုပြောပါသည်။ အဲတော့ ကျွန်တော်တို့မှ ဘယ်လောက်သတ်မှတ်ထားပါသလဲ ဟုမေးသောအခါ မင်းတို့ စေတနာရှိသလောက်ရပါတယ်ဟုပြန်လည်ဖြေကြားပါသည်။မည်သည့်အကြောင်းအရာနှင့်အစည်းအဝေး ခေါ်သည်ကို မသိခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံအများကြီးမပါလာပါ ။

ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံထည့် ခဲ့ရ ပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှုးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေထည့်လိုက်သော ပိုက်ဆံ နှင့်ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်းလေးတောင်ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင်တွေကို လွတ်လိုက် ဟုဆိုပါသည်။

ကျွန်တော်တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံပြန်ယူကာ ထို့ထက်မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင်လာရပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကိုဆန္ဒ အမှန်ကိုလည်း ထုတ်ဖော်ပြသ ၍ လည်း မရသလို မိမိတို့၏ ပိုက်ဆံများကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း မက ကောက်ခံနေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။