26 November 2012

မိုးထိမိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ လမ်းလျှောက်ချီတက်စဉ် လူတစ်စုနှင့် ရဲတပ်ဖွဲ့တို့က၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးဟုဆို

နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်တွင် မိုးထိမိုးမိ ရွှေလုပ်သား ၇၆ဦးတို့ နေပြည်တော် သို့ လမ်းလျှောက်ချီတက်နေစဉ် ရေနီ ရွာနှင့် မြို့လှမြို့ကြားတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ နှစ်ဖက်အပြန်အလှန် ရိုက်နှက်မှုများရှိခဲ့ကြောင်းသိရသည်။

''မြို့လှနဲ့ ရေနီကြား လူပြတ် တဲ့ ကြားရွာအရောက်မှာ အရပ်ဝတ် အရပ်စားနဲ့ လူတွေရယ်။ ရဲတပ်ဖွဲ့ ဝင်တွေက ကျွန်မတို့လူစုကို အတင်း ဝင်ဆွဲပြီး လက်ထိပ်နဲ့ ခတ်တယ်။ သုံတုတ်တွေနဲ့လည်း ရိုက်တယ်။ ကျွန်မက မလုပ်ပါနဲ့လို့ ဝင်တားတဲ့ အခါမှာ ကျွန်မလည်း အရိုက်ခံရ တယ်။ ခေါင်းဆောင်တွေကို အုပ်စု လိုက် ဝိုင်းဖမ်းသွားတာပါ''ဟု ၄င်း က ပြောသည်။

အဆိုပါ မိုးထိမိုးမိ ရွှေလုပ် သားများသည် နေပြည်တော်သို့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီမှစ၍ ခြေကျင်လမ်းလျှောက် ချီတက်ခြင်းဖြစ်ပြီး ၄င်းတို့ ရွှေလုပ် သားများနှင့် အမျိုးသားကြီးပွားတိုး တက်ရေး ကုမ္ပဏီတို့ကြား ပြဿနာ များအား နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ နေပြည်တော်တွင် ငြိမ်းချမ်း စွာစုဝေးမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ခြေလျင်ချီတက် လာစဉ် မြို့လှနှင့် ရေနီရွာကြား၌ ရဲတပ်ဖွဲ့အင်အား အများစုနှင့် အရပ် ဝတ်အချို့တို့က ဝိုင်းဝန်း၍ ရွှေလုပ် သားခေါင်းဆောင် ၄ ဦးအား ဖမ်း ဆီးသွားခဲ့ကြောင်း၊ လက်ထိပ်ခတ်ခြင်း အပြင် သံတုတ်များဖြင့် ရိုက်နှက်မှု ကြောင့်ဒဏ်ရာရရှိ ၍ ဆေးရုံဆေးခန်း ပြသရသူများလည်းရှိကြောင်းသိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက် ၍ ရေနီရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ၄င်းမိုးထိမိုးမိ ရွှေ လုပ်သားတို့အား တာဝန်အရ ဖမ်း ဆီးခြင်းသာဖြစ်၍ ရဲတပ်ဖွဲ့ဝင်တို့က ရိုက်နှက် နှိပ်စက်ခြင်း မပြုလုပ်ခဲ့ပါ ကြောင်း၊ ဖမ်းဆီးချိန်တွင် ရွှေလုပ် သားတို့က စတင်ထိုးသူကထိုး၊ လည် ပင်းညှစ်သူကညှစ်၍၊ မြို့လှရဲစခန်းမှ တပ်ကြပ်ကြီး ၁ ဦး မျက်ခုံးကွဲ၍ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ဖြစ်ပွားခဲ့သောကိစ္စတွင် ရဲတပ်ဖွဲ့တို့မှ လွန်လွန်ကျူးကျူးမှုလုပ် ခဲ့ကြောင်း ရှင်းလင်းပြောပြသည်။
''အခု သူတို့ ခေါင်းဆောင် အာမခံရဖို့ ခရိုင်ရဲမှူးနဲ့ လာညှိနေ ပါတယ်။ တရားစွဲတာ နောက်မှ အစွဲခံမယ်။ အာမခံပေးဖို့ NLD ကိုယ်စားလှယ်တွေလည်း လာတယ်။ ဒါကို တရားသူကြီးက စဉ်းစားနေ တယ်။ ကျွန်တော် သိရသလောက် တော့ အာမခံပေးလို့ မရတဲ့ အမှု ဖြစ်နေပါလိမ့်မယ်''ဟု ရေနီတာဝန် ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်ပွားခဲ့သော ကိစ္စရပ်များ အား ဒေါ်စန္ဒာင်း၊ ဦးဖြိုးမင်းသိန်း နှင့် ဦးမင်းသူ NLD လွှတ်တော် ကိုယ်စားလှယ်များမှ လာရောက် မေးမြန်းပြီး လက်ရှိတွင် ရွှေလုပ် သားများ၏ ခေါင်းဆောင် ဖမ်းဆီး ခံရသူ ၄ ဦးအား ပြန်လည်လွှတ်မ ပေးမခြင်း ချီတက်လမ်းလျှောက်သူ များက ရေနီအောင်မင်္ဂလာဘုန်းကြီး ကျောင်းတွင် ခေတ္တစောင့်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။