26 January 2012

မြန်မာခေါင်းဆောင်များအား ဥရောပသမဂ္ဂ ပြည်ဝင်ခွင့်ပြုပြီ

မြန်မာနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များအား ဥရောပသမဂ္ဂနိုင်ငံများက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်သော ဥရောပသမဂ္ဂနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ကောင်စီက ပထမအဆင့်အနေနှင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ် များအား ဥရောပသမဂ္ဂဝင် နိုင်ငံ ၂၇ နိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ယခု ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း၊ ဆက်လက် ဖြေလျှော့ရန်ကိုမူ ဆက်လက်ဆွေးနွေးကြဦးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ ပယ်ဖျက်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သိသာထင်ရှားသည့် အပြောင်းအလဲများကြောင့် ဖြစ်ကြောင်းလည်း ယင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂကောင်စီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ခေါင်းဆောင် ကက်သရင်းအက်ရှ်တန် ကလည်း "အခုလ အတွင်းမှာကို အတော်ထူးခြားတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်”ဟု ပြောကြားသည်။

၎င်းသည် ဧပြီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ရန်ရှိကြောင်း သိရသည်။

သတင်း.... yangonchronicle