24 October 2011

အနုပညာသည် ပြည်သူများစိတ်ဓာတ်မြင့်မားရေးအတွက် အထူးအရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အဓိကလှုပ်ရှားမှုဖြစ်သည့် ပြည်သူများ စိတ်ဓာတ်မြင့်မားစေရေးအတွက် အနုပညာသည် အထူး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အနုပညာပြပွဲ တစ်ခုဖြစ်သည့် အောက်တိုဘာ ၂၃ရက်နေ့တွင် NLD ရုံးချုပ်၌ပြုလုပ်သော ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားသည်။

NLD၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ပြီး ကူညီလုပ်ဆောင်ပေးသည့် အနုပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့တတ်သမျှ ပညာနဲ့ကူညီတာပါ။ ပန်းချီရောင်းလို့ရတဲ့ထဲက အရင်းကိုယူပြီး ကျန်တာတွေ အကုန်လုံး NLD ကို လှူသွားမှာပါ” ဟု အဆိုပါ ပန်းချီပြပွဲတွင် လာရောက်ပြသသူ ပန်းချီဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အနုပညာသမားများကို ဆက်လက်ကူညီကြပါရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးလုပ်ရာတွင် ကျယ်ပျံ့လွန်းသည့်အတွက် အနုပညာသည်များသည်လည်း မိမိနေရာမှနေ၍ ပံ့ပိုးနိုင်သည်ဟု ယုံကြည်ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပန်းချီဆရာ ခုနှစ်ယောက် ပြသရောင်းချနေသည့် အဆိုပါ ပန်းချီပြပွဲကို အောက်တိုဘာ ၂၃ရက်နေ့မှ ၂၅ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပြီး ပန်းချီ တစ်ကားလျှင် ကျပ်တစ်သိန်းမှ ကျပ် ဆယ်သိန်းအထိ တန်ဖိုးရှိသော ပန်းချီကားများကို ရောင်းချပေးနေကြောင်းသိရသည်။

သတင်း.. Peace Press