19 April 2011

စစ်အာဏာရှင် ရွေးကောက်ပွဲ ကော်မရှင် မှ သတိပေးစာ

မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ တွေ အနေနဲ့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်း တွေနဲ့ မဆက်ဆံဖို့သတိပေးစာ တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့ခဲ့ပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပါတီ ၃၇ ခု ဟာ၊ ဒီသတိပေးစာတွေ အပေါ် ဘယ်လိုနားလည် ရမယ်မှန်း မသိပုံ ကို မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဥက္ကဌ တွေက ဘီဘီစီ ကို ပြောပြပါတယ်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂ နဲ့ နည်းဥပဒေ ပုဒ်မ ၁၅ ကို ချိုးဖေါက်ပါက၊ မှတ်ပုံတင်ထားခြင်း မှ ပယ်ဖျက်မယ် လို့ ဆိုထားလို့ မတရားသင်း အနေနဲ့ ဘယ်အဖွဲ့အစည်း ကို ရည်ညွှန်းမှန်း လဲ မသိပုံ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုဆိုလိုသလား လဲ မမှန်းတတ်တဲ့ အကြောင်း နိုင်ငံရေးပါတီ တွေက အခက်တွေ့နေ ကြ တယ်လို့ ဆိုပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မှတ်ပုံမတင်တဲ့ အတွက် NLD ပါတီကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာပေမဲ့ အခု အချိန်အထိ NLD နဲ့ ထိတွေ့ ဆက်ဆံတဲ့ ပါတီတွေကို အရေးယူတာ မတွေ့ရ လို့ အစိုးရ အနေနဲ့ ဘာဆက်လုပ်မယ် ဆိုတာ ကို ခန့်မှန်းရ ခက်နေကြပါတယ်။

သတင်းရင်းမြစ် ..ဘီဘီစီ