07 March 2011

အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။



















အာဏာရူး သန်းရွှေတို့ အတွက် အသက်ပေးဆုံးရှုံးခဲ့ရပေမယ့် အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။

နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ ယနေ့ ထုတ် နအဖ၀ါဒဖြန့် ချီရေးသတင်းစာမှာ ပါရှိလာပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ဘာတာဝန်ကို ထမ်းဆောင်နေရင်း ဘယ်လိုဖြစ်လို့  ကွယ်လွန်ရတာလည်းဆိုတာကို လုံးဝဖေါ်ပြထားခြင်းမရှိဘဲ “ကွယ်လွန်သွားပါသဖြင့်” ဆိုတာလောက်လေးဘဲ နာရေးကြော်ငြာထဲ ဖေါ်ပြတာ တွေ့ ရှိရပါတယ်။


















နအဖက ရုရှနိုင်ငံလုပ် လေယာဉ်တွေကို ၀ယ်ယူတဲ့အခါမှာ လေယာဉ်ရဲ့  အရည်အသွေးပြည့်စုံမှု၊ ဘေးအန္တရာယ်ကင်းစေဖို့  စိတ်ချလုံခြုံမှုသတ်မှတ်ချက်စံနှုန်း မှီမှုရှိ မရှိတို့ ကို အဓိကမထားတော့ဘဲ ဈေးပေါပေါနဲ့  အချောင်ရပြီး ကောင်းတယ်ဆိုရုံမျှရှိရင်ပြီးရောဆိုတဲ့ ပေါချောင်ကောင်း ပုံစံနဲ့ သာ ၀ယ်ယူလေ့ရှိကြပါတယ်။ ဒီလို အခြားနိုင်ငံရဲ့  တစ်ပတ်သိုး အဆင့်နိမ့် ကျနေပြီး အရည်အချင်းမမှီတဲ့ ရောင်းမထွက်တွေကို ၀ယ်ယူခဲ့လို့ လည်း မကြာခဏ လေယာဉ်တွေ ပျက်ကြီးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာလေယာဉ်မှူးတွေ မနည်းတော့ပါဖူး။

ယခုလည်းဘဲ ရုရှနိုင်ငံက An-148 လေယာဉ် ပျက်ကျခဲ့ရာမှာလည်း နအဖလေတပ်က လေယာဉ်ဝယ်ယူဖို့ အတွက် စမ်းသပ်ပျံသန်းတဲ့အခါမှာ နအဖလေတပ်ရဲ့  ကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ နှစ်ဦး လေယာဉ်ပျက်ကျရာမှာ ပါရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  အမည်ကို လေယာဉ်ပျက်ကျမှုသတင်းဖေါ်ပြခဲ့တဲ့ ပြင်ပနိုင်ငံခြားသတင်းဌာနတစ်ခုကနေ ထုတ်ဖေါ်ရေးသားခဲ့လို့ သာ သိရှိရပေမယ့် နအဖကတော့ တာဝန်မဲ့စွာနဲ့  အများပြည်သူမသိရှိရလေအောင် သတင်းမှောင်ချကာ နေနေပါတယ်။

ယနေ့ ထုတ် နအဖဒါဒဖြန့် သတင်းစာထဲမှာ သမန်ကာလျှံကာမျှသာ ကွယ်လွန်သွားကြောင်းရေးသားခွင့်ပြုပြီး အဖြစ်အပျက်မှန်တွေကို ဖုံးဝှက်ထားပါတယ်။


















အာဏာရူး နအဖ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ ခိုင်းစေပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးနေကြရတဲ့ တပ်မတော်အတွင်းက အရာရှိအရာခံ ဗိုလ်အကြပ်တပ်သားတွေဘ၀ဟာ သန်းရွှေတို့ ရဲ့  လစ်လျှူရှုတာဝန်မဲ့မှု၊ သတင်းဖုံးကွယ်ခံရမှု၊ ရေငုံနှုတ်ပိတ်ခံနေရမှုတွေနဲ့  အသက်ပေးဆုံးရှုံးမှုတွေ ကြုံရပေမယ့် အာဏာရူးသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေအတွက်ကတော့ စည်းစိမ်ခံတောင် မပျက်ဖူးဖြစ်နေပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာပါအတိုင်း “ကွယ်လွန်သွားပါသဖြင့်” သာ ပြီးဆုံးသွားပြီးဖြစ်တာမို့  အာဏာရူးနအဖသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ စေခိုင်းနေတဲ့ မတရားအမိန့် တွေနဲ့  အသုံးချခံနေရမှုကြောင့် အသက်ဆုံးရှုံးနေရသူများနဲ့  ကျန်ရစ်သူ မိသားစုတွေ ဘ၀တွေကတော့ တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးမရှိဘဲ သန်းရွှေတို့ အတွက်သာ အကျိုးရှိနေစေတဲ့ ပေးဆပ်ရင်းနှီးမှုတွေနဲ့  ဆုံးရှုံးနေပါတော့တယ်။