11 March 2011

“တပ်မတော်သည် ပြည်သူဘက်မှ ရပ်ရမည်။ ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပြီဆိုလျှင် ပြည်သူဘက်က ပါရမည်သာ ဖြစ်တယ်”













































၁၉၈၈ ခုနှစ် ပြည်သူလူထုလှုပ်ရှားမှုကြီး ဖြစ်တဲ့ ဒီမိုကရေစီရရှိရေးနဲ့  လူ့ အခွင့်အရေးရရှိရေး တော်လှန်တိုက်ပွဲဝင် ၈၈၈၈ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီင်္းကာလအတွင်းက ပြောကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လက်ရှိ ဒုဥက္ကဌဖြစ်သူ (ကာကွယ်ရေးဦးစီးချူပ်ဟောင်း၊ ဗိုလ်ချူပ်ကြီးဟောင်း) သူရ ဦးတင်ဦးရဲ့  တိုက်တွန်းပြောဆိုချက်ကို သမိုင်းမှတ်တမ်းအနေနဲ့  ဖေါ်ပြအပ်ပါတယ်။

“တပ်မတော်သည် ပြည်သူဘက်မှ ရပ်ရမည်။ တပ်မတော်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းဖွဲ့ စည်းခဲ့သော တပ်မတော်ဖြစ်တယ်။ ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပြီဆိုလျှင် ပြည်သူဘက်က ပါရမည်သာ ဖြစ်တယ်” လို့  ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက သမိုင်းမှတ်တမ်းအနေနဲ့ ရော၊ လက်ရှိအခြေအနေမှာလည်း တပ်မတော်အတွင်းက မျိုးချစ်တပ်မတော်သားတွေဟာ ပြည်သူတွေဘက်ကို မားမားမတ်မတ် ရပ်တည်ပြရတော့မယ့် နောက်ဆုံးသော အချိန်အခါဖြစ်နေပါပြီ။ အာဏာရူးသန်းရွှေတို့ ဘက်ကို မရပ်တည်တော့ဘဲ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော်ကြီးအဖြစ် ပြသဖို့  ပြည်သူတွေဘက် ပြည်သူတွေအတွက် ရပ်တည်ပေးကြဖို့  လက်တွေ့ ပြဖို့  အချိန်ဟာ ကျရောက်နေပါပြီ။

ယနေ့  အချိန်အခါမှာ တိုင်းပြည်က တပ်မတော်ကို ပြည်သူတွေဘက် မားမားမတ်မတ်ရပ်ဖို့  အထူးလိုအပ်နေပါတယ်။