11 January 2011

စစ်အာဏာရူးလက်ထက်မှာ ရှင်သန်နေတဲ့ တောင်ငူမြို့ရဲ့ မိုးကျရွှေကိုယ် ခင်မောင်အေး နဲ့တောင်ငူနှစ် ၅၀၀ ပြည့်အလွဲများ

ဗိုလ်ချူပ်ကတော်တွေရဲ့ ရှယ်ယာတွေကို နံမည်ခံပြီး လုပ်ကိုင်ပေးနေတဲ့(CB bank) သမ၀ါယမဘဏ် လီမိတက် ဥက္ကဌ ဦးခင်မောင်အေး

တောင်ငူမြို့ရဲ့အထင်ကရ နေရာ တော်တော်များ ခင်မောင်အေး ဆိုတဲ့ကောင်မျက်စိကျရင်အကုန် ဖြစ်တယ်. တိုင်းမှူးလောက်နဲ့တော့ တက်မလာနဲ့ပေါ့.သူရဲ့နောက်မှာက အာဏာရူးကြီး သန်းရွှေ ကတော်မကြိုင်တို့ဝန်ကြီး ဗိုလ်ချူပ် ကတော်တွေရဲ့ ရှယ်ယာတွေက ဒီကောင်ကိုစိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားတော့ မိုးကျရွှေ ကို ခင်မောင်အေး အတွက်တော့အေးဆေးပေါ့ .ဒါပေမဲ့ ဒီကောင်နဲ့ပတ်သက်လို့အများစုခံလိုက်ရတာက ပြည်သူ တွေပဲပေါ့ဗျာ.သူငယ်ချင်းတစ်ယောက်ရဲ့စကားတစ်ခုရှိတယ် ခင်မောင်အေး ဆိုတဲ့ကောင် က သူရဲ့ ကားနောက်မှာ ပိုက်ဆံလုပ်တဲ့စက်များပါလာလားမသိဘူးတဲ့.ထင်လဲထင်လောက်ပါတယ်.

ပြီးတော့ တောင်ငူမြို့ရဲ့နှစ် ၅၀၀ ပြည့်ပွဲတော်ကြီးနော်..မန္တလေးမှာ တောင်နှစ် ၁၅၀ ပြည့်ပဲ ရှိသေးတာ၊ နှစ်ပေါင်း ၃၅၀ တောင်ကွာတယ်ဗျာ... .

ဒီ သမိုင်းတွေကို မလေ့လာပဲ ကျင်းပသွားတာ.ဆင်ပိန်လေး ၃ကောင်၊မြင်းပုက အကောင် ၃၀လောက်နဲ့လူတွေက အရပ်သား တွေကို နေ့စားပေးပြီး၊ ကျန်တဲ့သူတွေက ကျောင်းသား ကျောင်းသူတွေ နဲ့ပညာရေး ကောလိပ်ကဆရာမ ပေါက်စလေးတွေနဲ့ကျင်းပ သွားတာပါ.။ရယ်စရာ အတော်ကောင်းပါတယ်ဗျာ။ ဘုရင်နဲ့မိဖုရားကို ဝေါယာဉ်ပေါ်တင် ထားတယ်လေ၊ ရဲမက် ၈ ယောက် ထမ်းရတာ ထမ်းရတဲ့ ရဲမက်တွေကအောက်ကလျှာတွေထွက်လို့ပေါ့.။

ဝန်ထမ်းတွေကတော့သိတဲ့အတိုင်းပဲ ဒီလိုပွဲမျိုးမတက်လို့မရဘူးလေ၊စိတ်မပါလဲတက်ရတာပဲကို။ ရဲမက်တွေကိုင်တဲ့လက်နက်ကိုဗျာ .ကဒ်ထူစက္ကူ တွေကိုဆေးသုတ်ပြီး ဒိုင်းပုံစံလုပ်ပေးထားတယ် လှံကျတော့လည်း ၀ါးလုးံကို ဆေးနီသုတ်ပေးထားတယ်လေ ..


တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်ပွဲတော်မှမြင်ကွင်းတခု Photo.(taungoo City facebook)

နူတ်ခမ်းမွှေးကိုလဲလိုင်နာအမဲတွေနဲ့ချယ်ထားတာ စဉ်းစားတာကြည့်ပေတော့ ချွေးတွေကထွက်တော့ ပျက်တဲ့ဟာကပျက်ပေါ့.....

တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်အလွဲတွေများ.တကယ်ဆိုဖြစ်ရမှာက နှစ်၅၀၀ပြည့်မှာ ကိုယ့်ရှင် ဘုရင်တွေ အုပ်ချုပ်သွားတဲ့ခေတ်ကို လွမ်းဆွတ်တမ်းတပြီးအောင်မေ့သတိရရမှာလေ အခုဟာကရယ်စရာဖြစ်နေတယ်လေ .ကေတုမတီမှာအုပ်စိုးသွားတဲ့ရှင်ဘုရင်တွေသာ ရှင်သန်ထမြောက်လားရင် မင်းလားကွ ခင်မောင်အေးဆိုပြီး ပါးရိုက်ခံရမှာသေချာတယ် ....

.မန္တလေးမှာကျင်းပသွားတဲ့နှစ်၁၅၀ပြည့်နဲ့တောင်ငူမှာခင်မောင်အေးကျင်းပတဲ့ နှစ်၅၀၀ပြည့် ပွဲလေးကတော့ ပြောလို့ မဆုံးတော့ဘူးဗျာ။

မြို့တစ်မြို့ရဲ့သမိုင်းဆိုတာ ရမ်းပြီးလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ မန္တလေးနှစ်၁၅၀ ဆိုတာက မျိုးဆက်သိပ်မခြားသေးဘူး ..တောင်ငူနှစ်၅၀၀ပြည့်ဆိုတာက မျိုးဆက် ၅ဆက်လောက်ခြားသွားပြီး မှီတဲ့သူမရှိတော့ဘူး။ တကယ်ဆို ရင် တောင်ငူမြို့ရဲ့မြို့ခံစာပေပညာရှင်တွေ မေးမြန်းတိုင်ပင်ရမယ်.။

.ပြီးတော့ သမိုင်းပညာရှင်တွေဆီက အချက်အလက် အထောက်အထားတွေ အကြံဥာဏ်တွေမေးမြန်း တောင်းဆို ရမယ်။ အခုဟာက တောင်ငူတက္ကသိုလ်က သမိုင်းဆရာတွေ နဲ့သူနဲ့ပနာကျတဲ့ စာရေးဆရာတွေနဲ့တိုင်ပင်ပြီးလုပ်သွားတာ။ အဲ့ဒီသူတွေကတောင်ငူသမိုင်းကို ဃဃဏဏသိသိတာလဲ မဟုတ်တောင်ငူသားမဟုတ်တော့ပိုဆိုးသွားတာပေါ့ဗျာ ။

ဒီလိုနဲ့ဘုရင် မိဖုရားက အခြွေ အရံ တွေနဲ့ မြို့ထဲကို လှည့်လည်တယ့်ပေါ့..အဲ့ဒီ သူတွေရဲ့နောက်မှာက ခင်မောင်အေးနဲ့တိုင်းမှူးက ကားပေါ်မှာအတူတူပေါ့ လမ်းတွေကပိတ်ထားတယ်လေ မမြင်ချင် လဲမြင်နေရတာပါ။

တောင်ငူမြို့ရဲ့အနောက်ဘက်မှာ စစ်အုပ်စုမိန်းမတွေရဲ့ ရှယ်ယာတွေနဲ့ဆောက်လုပ်ဖွင့် လှစ်ထားတဲ့ တော်ဝင် ကေတုမတီဟိုတယ်ရှိတယ်.. စစ်အာဏာရှင်တွေပျော်ရွှင်စံမြံရာနေရာလေးဖြစ်နေတာပေါ့ .။အိမ်တွေခြံမြေတွေ ဘုန်းကြီးကျောင်းတွေ ဒီကောင့်ဟိုတယ်နားနီးရင်မျက်ခုံခက်လှုပ်လှုပ်ပဲ ဆွဲသိမ်းပြစ်တာပဲ ။

တစ်လောကဖြစ်သွားတဲ့အဖြစ်လေးပါ..အိမ်တွေဆောက်ထားတဲ့ မျက်နှာစာဘက်က လှမ်းမဖေါက်ပဲ အိမ်နောက်ဖေးမှာ လမ်းသွားဖေါက်တာလေ.။ အဲ့ဒီ လမ်းထဲနေတဲ့ အိမ်ပိုင်ခြံပိုင်တွေ ဒုက္ခရောက်တာတော့တာပဲဗျာ ဘာလို့လဲဆိုတော အိမ်နောက်က အိမ်သာတွေကိုအိမ်ရှေ့ကိုရွှေ့ခိုင်းတယ်လေ ပြည်သူကတော့ ဘယ်တတ်နိုင်မလဲဗျာ ။

တောင်ငူမြို့ရဲ့အထင်ကရ နေရာများဖြစ်တဲ့ လေးကျွန်းကန်တော်ကြီကိုလည်း ဝယ်လိုက်ပြီလို့သတင်းတွေထွက်နေတယ်။ မြို့လည်မှာလည်း ဒီကောင် လက်လွတ်တယ်ဆိုတဲ့ နေရာ သိပ်မရှိတော့ဘူး.. မြို့တစ်မြို့မှာတိုးတက်တယ်ဆိုတာ လက်ခံလို့ရပါတယ်.ဒါပေမယ့် စစ်အာဏာရူးတွေရဲ့ ငွေတွေက ဘယ်သူငွေတွေလည်းပြည်သူ့ငွေတွေပေါ့။

အဲပြည်သူငွေကို ကိုင်ပြီှး စစ်ဗိုလ်ချူပ် တွေရဲ့ကတော်တွေက ဒီကောင့်ကို အမည်ခံခိုင်းပြီး လုပ်ကွက် တွေကိုချပေးနေတာပေါ့။ CB bank ကိုလည်းဒီကောင်ဘဲအမည်ခံထားတာပါ။

တောင်ငူမြို့က သူ့အမည်ခံဟိုတယ်ကို တခေါက်လာရင် ရန်ကုန်က မင်းသမီး(၂)ယောက် လောက်က မြဲပါလာတက်တယ်.. တောင်ငူမြို့ရဲ့ ရွှေဆံတော်ဘုရားကြီး ဆေးရုံဘူတာ..အဲ့ ဒီနေရာမျိုးမှာမီးပျက်တယ်. .ဒီကောင် ဟိုတယ်မှာ မီးမပျက်ဖူး.. အာဏာရူးလက်ထက်မှာ ကိုယ်အရှိန်ဝါ တဖိတ်ဖိတ် တောက်နေတဲ့ကောင် ဆိုတော့လည်းဒီလို ပေါ့ဗျာ..စစ်အာဏာရှင် လက်ထက်မှာ လက်ညိုးညွှန်ရာရေ ဖြစ်တယ်ဆိုတဲ့ သူတွေထဲမှာ ဒီကောင်လည်း ရှေ့ဆုံးကပါတယ်.. တနေ့ နေ့တချိန်ချိန်မှာတော့ တောင် ငူမြို့သူမြို့သားတွေရဲ့ ရာဇ၀င်တင်ခဲတဲ့ အကြွေးတွေကို ပြန်တောင်းရအုံးမှာပေါ့

အောင်မောင်း8888(ပြည်တွင်း)

ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။