11 January 2011

မနေ့က ညနေ ဆောင်းမိုး ရန်ကုန်မြို့ မှာ ရွာသွန်းဖြိုးခဲ့သော ဓာတ်ပုံသတင်း






(၁၀)ရက်နေ့ နေ့လည် (၁)နာရီက စစ်အစိုးရ သတင်းဋ္ဌာနတွေက တိုင်းပြည်ပြုလွှတ်တော် ၃ရပ်လုံးကို လာမယ့် (၃၁)ရက်နေ့မှာ လွှတ်တော် ခေါ်မယ်လို့ ဆိုပါတယ်..။ အဲ့လိုကြေငြာပြီး မကြာမီ ညနေ (၄)နာရီလောက်က ရန်ကုန်မှာ ဆောင်းတွင်းကြီး မိုးတွေသဲသဲမဲမဲ ရွာပြီး ကန့်ကွက်မိုး ရွာပါတော့တယ်။ ညနေ၄နာရီကနေ စရွာတာ ၆နာရီကျော်ကျော်မှာ ခဏစဲသွားတယ်။ ခုည ၈ နာရီခွဲမှာလည်း ထပ်ရွာနေပါတယ်..။ ဆောင်းညချမ်းချမ်းမှာ မိုးရွာတော့ တော်တော်လေးကို အေးပါတယ်..။ ဆောင်းတွင်းကြီး မိုးရွာမယ်လို့ ဘယ်သူမှ မထင်ထားတော့ ရန်ကုန် ဆင်ခြေဖုန်းရပ်ကွက် တွေမှာ ဘာမှအဆင်သင့် မဖြစ်တော့ မိုးမလုံလေမလုံနဲ့ ရွှဲရွှဲစိုပေါ့...။ နောက်ပြီး ရန်ကုန်မြို့ထဲပိုင်းမှာ မီးဖြတ်ထားတာ နှစ်ရက်ရှိနေပြီ.. ဘာကြောင့်ဆိုတာလည်း မသိရသေးပါဘူး။

မိုးရွာပြီဆိုတော့ သိတဲ့အတိုင်း ရေလျှံပြီလေ...။ တောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ် မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့ကတော့ အေးအေးဆေးဆေးပေါ့။ ဆောင်းတွင်းကြီး မိုးရွာတော့ ကြိုတင်မိုးဆိုပြီး ကြံဖန် ဂုဏ်ယူနေမလားတော့မသိ..။ ရန်ကုန်သူ ရန်ကုန်သား ပြည်သူ ပြည်သား တွေကတော့ ရာသီဥတုဒဏ်၊ မိုးဒဏ်၊ လေဒဏ်၊ မင်းဆိုး မင်းညစ်ဒဏ် ရန်သူမျိုးငါးပါး ဒဏ်တွေ ကြားမှာ အသားကျနေပါပြီ..။ အသားကျပြီး အရိုးပဲ ကျန်တော့တယ် ဆိုသလိုပေါ့။ ဒီကြားထဲ စားဝတ်နေရေးတွေ ရုန်းကန် နေရတဲ့ ကြားထဲမှာ စစ်မှုထမ်းရဦးမယ် ဆိုရင်ဖြင့် ...... နှူရာဝဲစွဲ လဲရာစစ်မှုထမ်း ဆိုသလို လုံးပါးပါးရတော့မှာ သေချာနေပါပြီ။ ၂၀၁၁မှာ မြန်မာပြည်သူ ပြည်သားတွေ (ကြံ့ဖွတ်နဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းမပါ) ဘေးဒုက္ခအပေါင်းက အမြန်ကင်းဝေးကြပါစေ...။

သတင်း ဓာတ်ပုံ.....ဒီမိုဝေယံ