ပြီးခဲ့ သည့် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလတွင် ကရုဏာလက် လူမှုအကျိုးပြုလူငယ်များမှ ရန်ကုန်တိုင်း မှော်ဘီမြို့ နယ်၊ ပန်းတစ်ပွင့်တောင်တရားစခန်းရိပ်သာတွင် ဧပြီလ (၁၂) ရက်နေ့ မှ (၁၉) ရက်နေ့ အထိ ကရုဏာလက် လူမှုအကျိုးပြုလူငယ်များမှ လူငယ်အင်အား (၂၄) ယောက်ဖြင့် တရားရိပ်သာ၏ ဝေယျာဝစ္စလုပ်ငန်းများဖြစ်သော ယောဂီများကို ဆွမ်းလောင်းလှူခြင်း၊ အများသုံးအိမ်သာများ ဆေးကြောပေးခြင်း၊ ဘုရားဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်းနှင့် ဘုရားစေတီများအား ရွှေသင်္ကန်းကပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
ထို့ ပြင် မဟာသင်္ကြန်အတက်နေ့ တွင်လည်း ကရုဏာလက် လူမှုအကျိုးပြုလူငယ်များ၏ အလှူဒါနအဖြစ် ရိပ်သာဝင်ယောဂီများအား အအေးစတုဒီသာများ တိုက်ကျွေးခဲ့ကြပါသည်။ ကရုဏာလက်လူမှုအကျိုးပြုလူငယ်များ၏ အလှူရှင်များနှင့် အခြားမလိုက်ပါနိုင်သော ကရုဏာလက်လူငယ်များအား ကျွန်တော် ကျွန်မတို့ နှင့်အတူ ထပ်တူထပ်မျှ ကုသိုလ်ရကြစေရန် အမျှပေးဝေအပ်ပါသည်။