
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို တွေ့ရစဉ်

ဆာဖာရီဥယျာဉ်(နေပြည်တော်) အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ထင်ရှားသော အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ လှော်ကားဥယျာဉ်တို့ အပါအ၀င် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့အား သစ်တောရေးရာဝန်ကြီးဌာန ထံမှ ထူးကုမ္ပဏီက နှစ်ရှည်ငှားရမ်း လုပ်ပိုင်ခွင့် ရရှိထားကြောင်း သတင်း ရရှိသည်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)နှင့် လှော်ကား ဥယျာဉ်တို့အား ယခင်ကတည်းက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကိုမူ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)နဲ့ နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကို ၁၀ နှစ် အတိုင်းအတာနဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် သတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြထားသည်.။