17 February 2011

ဗြဟ္မစိုရ်ခရီးသွား၍ ပန်းကောက်သူများ..

 
 
 
 
ဗြဟ္မစိုရ်ခရီးသွား၍ ပန်းကောက်သူများ
စေတနာ ၀ါသနာ အနစ်နာ အကြင်နာ … တို့ကုသိုလ် အနိမ့်ဆုံး အလုပ်နဲ့ မြတ်တဲ့ ခိုင်မာစိတ်ထားများ … ဝေဒနာ မရေရာ ဘ၀တစ်ကွေ့ဆုံလာ … တို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ခရီးတစ်ခုတည်း တို့များအတူတူ … တစ်မိုးတည်းအောက် သားချင်းတွေ ရိုင်းပင်းမလေ … ဗြဟ္မစိုရ် နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ) … ကြုံရဆုံရ လူ့ဘ၀ ခဏလေးအတွင်း ညှာတာစိတ်နဲ့ … လူသားချင်း အကြင်နာမျိုးစေ့ xxx ဘယ်အရာ မသေချာ အဖြစ်အပျက်ခန္ဓာ … ရှုမှတ်ပါ လူဖြစ်ရတဲ့အခိုက်မှာ အချိန်တွေဟာမမြဲပါ … ဝေဒနာ မရေရာ ဘ၀တစ်ကွေ့ဆုံလာ … တို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ဗြဟ္မစိုရ်နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ)
အထက်ပါ သီချင်းစာသားသည် တေးရေး - ဖိုးဆောင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ရေးစပ်၍ ထက်ဆောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်းတို့ သီဆိုပေးထားသော “ဗြဟ္မစိုရ်ခရီး” အမည်ရှိ တေးသီချင်းဖြစ်သည်။
ပန်းများလွင့်တော့ လိုက်ကောက်ခဲ့သူ သူဟာအရာရာတိုင်းကို xxx အနစ်နာခံရင်း နှစ်သိမ့်တတ်သူ လူသားတစ်ဦးရယ်ပါ xxx ဗြဟ္မစိုရ်တရားများသာ သူရင်ထဲမှာရှင်သန်ရင်း xxx ပန်းတွေမကြွေဖို့ တောင်းဆုမပြည့်တောင် အမြဲတမ်းရပ်တည်ကာ အကောင်းဆုံးရပ်တည်ကာ . . . ဒီပန်းများမနွမ်းရဖို့ သူအစဉ်ကြိုးစားနေဆဲ xxx ဥယျာဉ်မှူး စွန့်လွှတ်အနစ်နာခံခဲ့ xxx အကြွေပန်းများဖြစ်သွားတော့ လူတွေလှည့်မကြည့်ချင်လည်း xxx ဥယျာဉ်မှူး အကြင်နာထားတက်သူပဲ
အထက်ပါ သီချင်းစာသားသည်လည်း တေးရေး - ဖိုးလမှ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ရေးစပ်၍ စောသဉ္ဇာ (အသင်းသူ) သီဆိုပေးထားသော “ပန်းကောက်သူ” အမည်ရှိ တေး သီချင်းဖြစ်သည်။
ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ဗြဟ္မစိုရ်စိတ်ဓါတ်နှင့် နားလည်မှု ပြည့်ဝစွာဖြင့် သီဆိုပေးခဲ့ကြသော ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ စောသဉ္ဇာတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်များအား ပြန်လည်၍ မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သည့် DVD မှတ်တမ်းခွေအတွက် လူမှုရေးဂီတသမားများအား မှတ်တမ်းသီချင်းကို ၁၆.၂.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ရိုက်ကူးခဲ့ပါသည်။
ထိုသီချင်းစာသားများသည် တေးရေးသူ၏ စိတ်ကူးယဉ်ရေးဖွဲ့ထားသော စာသားများ မဟုတ်ပါ။ ဂီတပညာရှင်များ၊ တေးရေး/တေးဆိုများတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများ ပြည်သူတို့အပေါ် ပေးဆပ်မှု၊ အနစ်နာခံမှု၊ ဖေးမကြင်နာမှုစသည့် ဗြဟ္မစိုရ်တရား၊ အနိစ္စတရားများကို မျက်မြင်ကိုယ်တွေ့ ခံစားမိကာ ရေးဖွဲ့သီဆိုထားသော လူမှုရေးခံစားမှု သီချင်းများပင်ဖြစ်သည်။
ဂီတအနုပညာသမားများသည် ပြည်သူလူထုများထဲကပင် ပေါ်ပေါက်လာကြသော သူများပင် ဖြစ်သည်။ ထိုပြည်သူလူထုများထဲကပင် လူမှုရေးသမားများ မွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် လူသားအချင်းချင်း စာနာထောက်ထားစိတ်ကို မွေးဖွားကြပါစို့ . . . . ။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။