Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

25 December 2010

ငါးဆယ့်နှစ်






“ငါးဆယ့်နှစ်”


၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။

(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ နှင့် မမြင့်မြင့်ခင်ဖေ တို့ အား ကျေးဇူးပါရှင်