04 October 2010

စစ်တွေမြို့ရဲ့ လှပသာယာသည့် ပွိုင့်ကမ်းခြေ အပမ်းဖြေချင်စရာမရှိလောက်အောင်ကိုဆိုဝါးနေပါသလား


ပလက်စတိတ်အိတ်၊ ငါးအသေ၊ စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်လာသော ပွိုင့်ကမ်းခြေ

စစ်တွေမြို့သည် လှပသာယာသည့် ပွိုင့်ကမ်းခြေကို ပိုင်ဆိုင်ထားသည့် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်ပါသည်။ ပွိုင့်ကမ်းခြေတွင် အားလပ်ရက် အပမ်းဖြေ ရေကူးသူများဖြင့် အမြဲမပြတ် စည်ကားနေတတ်ပါသည်။ သို့သော်လည်း ယခုအချိန်တွင် ကမ်းခြေတွင် ရေးကူးချင် လောက်အောင် မကောင်းတော့ကြောင်း ကမ်းခြေအပမ်းဖြေသူများက မရှိသလောက် နည်းပါးလာသည်ကို တွေ့မြင်နေရပါသည်။ ကမ်းခြေတလျှောက်တွင် ဖွဲမီးစက်များမှ စွန့်ပစ်ပစ္စည်းများက သောင်ပြင်ပေါ်တွင် နေရာ ယူထားသောကြောင့် ဖြစ်ပါသည်။

ရေပြင်ပေါ်တွင်လည်း ပလစ်စတစ် အမှိုက်များက ပေါလော မျောနေကြသည်။ စီးပွားရေးအတွက် သဘာဝအလှများ ပျက်စီးမှုကို မမူပဲ စီးပွားရှာသူတို့ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ ယခင့် ယခင်က ဆိုလျှင် ကျွန်တော်တို့ ပွိုင့်ကမ်းခြေမှာ ကျန်းမာရေးအနေနဲ့ရော၊ အပမ်းဖြေအနေနဲ့ရော လမ်းလျှောက်ကြလေ့ရှိပါ၊သည်။ ယခုနောက်ပိုင်း (ဖွဲမီးစက် ဆောက်ပြီး မကြာခင်) မှာ ကမ်းခြေဖက်တွင် လမ်းလျှောက်လျှင် ကမ်းခြေတလျှောက်တွင် ဖွဲမီးစက် ရုံက စွန်ပစ်ပစ္စည်းများက စုပုံနေသောကြောင့် လမ်းလျှောက် ချင်စရာတောင် မကောင်းလောင်အောင် ဖြစ်နေပါသည်။ ၎င်းစက်ရုံက စွန့်ပစ်ပစ္စည်းများမှာလည်း အကုန်လုံး ကတ္တရာဓာတ်တွေ အများအပြားပါသည့်အတွက် ရေနေ သတ္တ၀ါများအတွက် ဆိုးကျိုးအန္တာရယ် အများကြီး ရှိနိုင်ပါသည်။ အဆိုပါ စက်ရုံများ တည်ထောင်သည်မှာလည်း အချိန်ကာလအားဖြင့် မကြာမြင့်သည့် အချိန်တွင်ပင် ယခုကဲ့သို့ ဆိုးကျိုးများ ကြုံတွေ့နေရသည်ကို တွေ့နေရပါပြီ။ သည်အခြေအနေအတိုင်း ဆက်လက် လည်ပတ်နေကြမည်ဆိုလျှင့်  ကျွန်တော်တို့ သည်ပွိုင့်ကမ်းခြေ၊ ရှုခင်းသာလမ်း တလျှောက် ပျက်စီး ဆုံးရှုံးမှု၊ လေထု၊ ရေထု ညစ်ညမ်းမှုများ ယခုထက် ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပြီး သဘာဝအလှများ ပျက်စီး သွားနိုင်ပါသည်။ စစ်တွေမြို့ မီးရရှိရေးအတွက် “ထူး” ကုမ္ပဏီမှ စစ်တွေမြို့ သမ္ဗာန်ချောင်း အထက်ပိုင်း “ခိုင်သဇင်ပန်းခြံ” (ယခင် ပြည်နယ်ကွင်း) နောက်ဖက်တွင် တည်ဆောက်ထားပြီး ၎င်းစက်ရုံမှ စွန့်ပစ်ပစ္စည်း (ကာဗွန်၊ ကတ္တရာများ) ကိုလည်း ချောင်းမှတစ်ဆင့် ဂစ္ဆပနဒီသို့ စီးဆင်းစေပြီး ပင်လယ်တွင်းသို့ (၂၄) နာရီ ပတ်လုံး စွန့်ပစ်နေပါသည်။ စစ်တွေမြို့တွင် ဖွဲမီးစက်များမှာ “ထူး”ကုမ္ပဏီပိုင် ဖွဲမီးစက်၊ ရွှေသဇင်ဟိုတယ်ပိုင် ဖွဲမီးစက်၊ ကုန်တုန်းရပ်ကွက် ဖွဲမီးစက် (ယခု ပျက်စီး)၊ ရူပမြောက်ရပ်ကွက် ဖွဲမီးစက် (ယခုပျက်စီး)တို့ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရမယ့်အစား ယခုကဲ့သို့ ဖျက်စီးနေလျှင် (ဖွဲစက်ရုံတွေအား ညွှန်းပါသည်)၊ နောက်ဆိုလျှင် ပင်လယ်နားတွင် နေထိုင်ရသော ကျွန်တော်တို့ မြို့သူမြို့သားများသည် ငါးဆိုသည်ကို ဓာတ်ပုံ ထဲတွင်သာ မြင်ရလာနိုင်ပါသည်။


ပလက်စတိတ်အိတ်ခွံများဖြင့် ပြည့်နှက်နေသော ရေပြင်

စစ်တွေမြို့တွင် ယခုနှစ်အစောပိုင်းက ပလစ်စတိအိတ် မသုံးစွဲရေး နှိုးဆော်ခဲ့သော်လည်း ပြည်သူအများက ဆက်လက် သုံးစွဲနေဆဲဖြစ်ပါသည်။ စွန့်ပစ် ပလစ်စတိတ်အိတ်များကလည်း ကမ်းခြေတွင် အမှိုက်များအဖြစ် အပမ်းဖြေစရာကမ်းခြေမဟုတ်ဘဲ အမှိုက်များဖြင့် ပြည့်နှက်နေသော ကမ်းခြေတစ်ခုနှင့် ဆင်တူနေပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအား တစ်ဦး တစ်ယောက်စိတ်ထားနှင့် မဟုတ်ဘဲ လူတိုင်း အသိစိတ်ဓာတ်ရှိရှိ စုပေါင်း လုပ်ဆောင်မှသာလျှင် မိမိတို့ မြို့တော်၏ အလှအား ထိန်းသိမ်းနိုင်ပါမည်။ စစ်တွေမြို့တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်မှုမှာ အလွန်အမင်း အားနည်းကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား တနိုင်တပိုင် လုပ်ဆောင်နေသူ အချို့က သုံးသပ်ကြပါသည်။ သက်ဆိုင်ရာကလည်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို ယခုအချိန်ထိ လုံးဝ လျှစ်လျူ နေဆဲ ဖြစ်ပါသည်။


ကျွန်းသားဖြူ