04 April 2010

အတင်းမဟုတ်သော သတင်းကဗျာ..

အတင်းမဟုတ်သော သတင်းကဗျာ

ယနေ့ နေသာ၏ ၊ လေမလာသဖြင့်ပူသည်

ရေအေးအေးတိုက်ပါ ၊ မီးမလာသောကြောင့် ရေမအေးပါ

ရေမလာသဖြင့်လည်း ရေမချိုးရပါ

မြန်မာလူမျိုးများ အလွန်ယဉ်ကျေးကြပါသည်

ကြီးကြီးငယ်ငယ် ဟူသမျှ လက်ဖက်ရည်ဖိုးပေးပါသည်

ယူနီဖောင်းလေးသာဝတ်ခဲ့ကြပါ။

ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းရောင်းသူများကို ဖမ်းနေပါသည်

ကြည့်ချင်လျှင်5 movies သာဝယ်ကြည့်ရပါမည်

နိုင်ငံခြားသူများ ခါးပေါ်လျှင် censer ဖြတ်ပါသည်

မြန်မာမလေးများ ထမီရင်လျား ရေချိုးခန်းများအား…….

လူငယ်များအတွက် ရည်စူးပါသည်။

အရက်သေစာယမကာ သောက်သုံးမှု လျှော့ချနေပါသည်

ရုပ်သံလိုင်းများ တွင်မကြေငြာရပါ ဆိုင်းဘုတ်ကြီးများ

လည်းမထောင်ရပါ ၊ ကားများတီင်သာ ဗွီနိုင်းကပ်၇ပါမည်

ကြော်ငြာမော်ဒယ်များ ရင်ညွန့်အထက် အ၀တ်မရှိစေရ

စကတ်ပေါင်လည်မကျော်စေရ

မည်သည့် position မဆိုလက်ခံပါသည်

Censer တင်ရန်မလိုအပ်ပါ

The World ကြီးပူနွေးနေပါသည်

ရေခဲတောင်များလည်း အရည်ပျော်နေပါသောကြောင့်

ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်ပြီး ရေကြီးမှုများဖြစ်နေပါသည်

ထိုဘေးများမဖြစ်စေရန်အလို့ငှာ ရန်ကုန်မြို့ တွင် မြောင်းများ

ကျယ်ကျယ်တူး ဖို့ကြိုးစားနေပါသောကြောင့် မိမိအသိစိတ်ဓာတ်ဖြင့်

မိမိဖာသာတူးရပါမည်

ဦးဦး မှော်ဆရာ