04 January 2010

ယနေ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သော အခမ်းအနားဓာတ်ပုံမှတ်တမ်း...(၂)



ဒီနေ့မနက်၉နာရီမှအခမ်းအနားကိုစတင်ပါတယ်ဖျော်ဖြေရေးနဲ့ကျန်တာကတော့ပုံမှန်အခမ်းအနား
ကျင်းပပါတယ်။ "လွတ်လပ်မှု့ရှိမှ ဒီမိုကရေစီရရှိမည်" ဆိုတဲ့ခေါင်းစဉ် နဲ့ စကားရည်လုပွဲ ကျင်းပ
ပါတယ် ။ဗိုလ်လုပွဲ ရောက်ရန်ကုန်တိုင်း(က)အသင်းမှ အဆိုတင်သွင်း၍ ပဲခူးတိုင်းမှ အချေ တင်
သွင်းပါတယ်။ ထို့နောက် ပြဇာတ်တို့ ကပါတယ် ပြဇာတ် ခေါင်းစဉ် အား ကြွရောက်လာတဲ့
ပြည်သူများ အဖွဲ့ဝင်များ ပရိတ်သတ်များမှ သတ်မှတ် ရမှာဖြစ်ပြီး ပြဇာတ်နဲ့ကိုက်ညီတဲ့
ခေါင်းစဉ်ကို ရွေးချယ်ပြီး ဆုပေးမှာဖြစ်ပါတယ် ။ထို ဆုကို ၆ရက်နေ့ ရုံးတွင် ကြေငြာပါမယ်။
ထိုနောက်ဆုပေးပွဲကျင်းပပါတယ်။စကားရည်လုပွဲတွင်ပဲခူးတိုင်းမှပထမရန်ကုန်တိုင်းမှဒုတိယ
နောက်နှစ်သိမ့်ဆုများလည်းချီးမြှင့်ပါသည်။နောက်ဆုံးအစီစဉ်ကတော့ဖျော်ဖြေရေးအဖွဲ့အား
ဂုဏ်ပြုချီးမြှင့်ခြင်း ၊ အိုးစည် နှင့် အက သမားများအားဂုဏ်ပြုချီးမြှင့်ခြင်း များပြုလုပ်၍
အခမ်းအနားကို ၃ နာရီ ခန့်တွင်အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်ဟု သတင်းရရှိပါသည်.။