06 November 2009

အင်းစိန်ထောင်ရှိ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်ကို သူ၏အဒေါ်(၂)ဦးနှင့် ပထမအကြိမ် တွေ့ခွင့်ပြု....။


ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ အဒေါ်တွေနဲ့ တွေ့ခွင့်ပြုလိုက်ပါတယ်။ အင်းစိန်ထောင်မှာရှိတဲ့ ကိုညီညီအောင်ကို ဒေါ်စုစုကြည်နဲ့ ဒေါ်ခင်ခင်ဆွေတို့ ၂ ဦး သွားတွေ့ခဲ့တာလို့ မိသားစုဝင်တဦး က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ကတည်းက အဖမ်းခံနေရတဲ့ ကိုညီညီအောင်ကို တွေ့ခွင့်ရဖို့ အာဏာပိုင်တွေဆီ အကြိမ်ကြိမ် စာရေးတောင်းဆိုခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ဘဲ အမေရိကန် ထိပ်တန်း သံတမန်အဖွဲ့ ရောက်လာချိန်ကျမှ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တရားဝင်ဗီဇာနဲ့ ပြန်လာတဲ့ ကိုညီညီအောင် ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး လိမ်လည်မှု ပုဒ်မ ၂ ခုနဲ့ တရားစွဲထားကာ မင်္ဂလာဒုံတရားရုံးမှာ စစ်ဆေးနေရာကနေ တောင်ပိုင်းခရိုင် တရားရုံးကို လွှဲပြောင်းပြီး ဒီလ ၁၆ ရက်နေ့မှာရုံးချိန်းပေးထားတယ်လို့ သူ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကိုညီညီအောင်နဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရင်းမြစ် ...DVB..။