06 November 2009

ယခုတွင် သရက်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျန်းမာရေးအလွန်ဆိုးရွား..။



မနီမိုလှိုင်


သရက်ထောင်၌ အကျဉ်းကျနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းကျွန်းမြို့နယ် လူငယ် တာဝန်ခံဟောင်း မနီမိုလှိုင်သည် ကျန်းမာရေး ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

မနီမိုလှိုင်သည် နာဂစ် ဒုက္ခသည်များကို ကူညီခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၀၇ သြဂုတ်လ လောင်စာ
ဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သူ မနီမိုလှိုင်၏ ကျန်းမာရေးသည် ပြီးခဲ့သည့်လဆန်းပိုင်းမှစ၍ ဆိုးရွားလာခြင်း ဖြစ်ပြီး ထောင်ဆရာဝန်ကလည်း ရောဂါအမျိုးအစားကို မပြောပြကြောင်း သိရသည်။

သူ့အား ၂၀၀၈ ခုနှစ် ဇွန်လက အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ အအေးဆိုင်တဆိုင်မှ ဖမ်းဆီးသွားပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ တရားမဝင် အဖွဲ့အစည်းကို ဆက်သွယ်မှုတို့ ဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရကြောင်း မိသားစုက ပြောသည်။

နိုင်ငံရေး အကျဉ်းသား မနီမိုလှိုင်သည် ယခုတွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်တခုဖြစ်သော
သရက်ထောင်တွင် ( ၆.၁၀.၀၉ )မှ စ၍ နေမကောင်းဖြစ်နေသည် ဟုကြားသိခဲ့ရပါသည်။ (၂၇.၁၀.၀၉)
နေ့ သံကြိုးရလို့ မိသားစု သွား ဝင်များသွားတွေ့ခဲ့သည်။ အစာအိမ်ဟုထင်ပြီး အစာအိမ် နဲ့ ပတ်သတ် ၍ ဆေးတိုက်ရာ မသက်သာသဖြင့် တိုက်ဖိုက် ပိုး တွေ့ သည့်ဟုဆိုကာ တဖြန် တိုက် ဖိုက်ဆေး ၆ လုံး ထိုး ခဲ့ပြန်သည် ။

ထိုသို့ ရောဂါကို သေချာမစစ်ဆေးဘဲ ၊ ရောဂါ မသက်သာ သေး သဖြင့် ဆရာဝန် က စိုးရိမ် ရ သည်
ဟုပြော လာပြန်သဖြင့် နောက်ဆုံးတွင်သွေးစစ် ပြီး အဖြေ ကို မိသားစု အား အသိမပေး ဘဲ ။ ဦးနှောက် အမြှေးရောင် ရောဂါမျိုးရိုးတွင်ရသည် ဟုပြောလာပြန်သည်။ (ဖခင်၊မောင်၊ညီမ) ဦးနှောက်အမြှေး ရောင်
ရောဂါ နဲ့ သေဆုံးခဲ့ဘူးသည်ကို ဆရာဝန် သိရှိထားသဖြင့် ထင်ကြေးနှင့်ပြောလာပြန်သည်။ မိသားစု မှ
အလွန်စိတ်ပူနေကြပါသည်။ယခုထိ ထိရောက်သောဆေးကုသမူ့ဘာမှ လုပ်ပေးမှုမရှိသေးဘဲ ရောဂါကို
ထင်ကြေးများဖြင့်သာ ပြောဆိုနေပါသည် ။ယခုတွင် မနီမိုလှိုင် ၏ကျန်းမာရေးမှာ အလွန် ဆိုးရွားနေ
ကြောင်း ကြားသိရပြီး မိသားစုဝင်များက အလွန်စိတ်ပူပန်နေကြပါသည်။

သတင်း ပေးပို့ လာသူ ...ကိုလူချော..။