



အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ နှင့်အတူ မြန်မာနိုင်ငံ ၏ဝန်ကြီးချုပ်ဖြစ်သောသိန်းစိန်နှင့် ယနေ့မနက်တွင် နေပြည်တော်မှာတွေ့ဆုံ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ယနေ့ မနက်(၁၁)နာရီတွင် အင်းယားလိပ်ဟိုတယ်တွင် တွေ့ဆုံခဲ့ပါသည်။
၂၀၀၃ခုနှစ်မှစတင်၍နေအိမ်အကျယ်ချုပ်ကျခံစဉ်ကာလတလျှောက်တွင်ပထမဦးဆုံးအကြိမ်သတင်း
ဌာနများနှင့်တွေ့ခွင့်ရခဲ့ခြင်းလဲဖြစ်သည်။
ပန်းခရမ်းရောင်ဝတ်စဉ်ထားသောအသက်၆၄နှစ်အရွယ်ရှိဒေါ်အောင်ဆန်းစုကြည်သည်၊
စောင့်ဆိုင်နေကြသောသတင်းထောက်များနှင့် အစည်းဝေးခန်းမသို့ မဝင်မှီ ပြုံးပြနုတ်ဆက်ခဲ့
ယုံကလွဲပြီး စကားပြောခွင့်မရခဲ့ပါ။
အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ၂ဦးသည်မနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ဝန်းကြီးချူပ်ဖြစ်သော
သိန်းစိန်နှင့် မြို့တော်နေပြည်တော်တွင်တွေ့ဆုံခဲ့သည်ဟုသတင်းများကဆိုပါသည်။သို့သော် အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများအား ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့် မရခဲ့ပါ။အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများရောက်ရှိချိန်တွင် ဗိုလ်ချူပ်မှူးကြီးသန်းရွှေမှာ ဧရာဝတီတိုင်းသို့ ဆိုက်ကလုန်းနာဂစ် အကူအညီပေးသည့်လုပ်ငန်းများသို့ လှည်လည် စစ်ဆေးနေ
ခြင်းကြောင့် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးညဏ်ဝင်းကပြောခဲ့ရာ ယခု ခရီးစဉ်သည် အမေရိကန်နှင့်
မြန်မာအစိုးရအကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု ၏အစပထမဖြစ်ကြောင်း သို့သော် ကြီးကြီးမားမား
အပြောင်းအလွှဲဖြစ်မည်ဟု မမျှော်လင့် သေးကြောင်းပြောဆိုခဲ့ပါသည်..။
မြတ်လေးငုံ..။