22 October 2009

NLD အဖွဲ့ဝင် (၃)ဦးကိုတရားမ၀င်ထွက်ချက်တွေနဲ့ ရုံးတင်စစ်ဆေး...။

လှိုင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ကိုရွှေဂျိုးခေါ်ကိုကိုမြစိုးအပါအ၀င်(၃)ဦးကို
စစ်အစိုးရအာဏာပိုင်တွေကတရားမ၀င်ဖမ်းဆီးချုပ်နှေင်ခဲ့ပြီး၊တရားမ၀င်သက်သေထွက်ချက်
တွေနဲ့ရုံးတင်စစ်ဆေးနေကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်ကအောက်တိုဘာလ(၂၀)ရက်
နေ့ကထုတ်ပြန်ကြေငြာခဲ့တယ်။


ကိုရွှေဂျိုး၊ဒေါ်မြင့်မြင့်စိုး နဲ့ ကိုစိန်လှိုင်တို့ (၃)ဦးကိုတရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်
ဆိုပြီးပြီးခဲ့တဲ့မတ်လကဖမ်းဆီးခဲ့ပါတယ်။အဲနောက်မေလကျမှတရားစွဲဆိုခဲ့ပါတယ်။မတ်လကနေ
မေလအထိဖမ်းဆီးထားတဲ့ကာလဟာတရားမ၀င်ဖမ်းဆီးထားတာဖြစ်ကြောင်းဒီကိစ္စကအာဏာပိုင်
တွေကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုသာဖြစ်ကြောင်း အာရှလူ့အခွင့်ရေးကော်မရှင် ကပြောကြောင်း
ပြောပါတယ်။

ကိုရွှေဂျိုးတို့ ၃ ဦးကို မတ်လ ကနေ မေလ အတွင်းအောင်သပြေ စစ်ကြောရေးစခန်းမှာ ညည်းပန်း
နှိပ်စက်ပြီး စစ်ဆေးခဲ့တာပါတယ်။ ကိုရွှေဂျိုးအပါအ၀င်(၃)ဦးကို နိုင်ငံရေးအကျဉ်းသားတွေရဲ့
မိသားစုတွေကို ထောက်ပံဖို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေထံကနေ
ထောက်ပံငွေ ဒေါ်လာ ၁သောင်း ၅ထောင်ရယူတယ်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ကိုရွှေဂျိုး အမှု မှာ ရဲက ရိုက်နှိုက်စစ်ဆေး လို့ရရှိတဲ့ အချက်လက်တွေကို အခြေခံပြီး တရားရုံးမှာ
သက်သေအဖြစ်ရဲတွေကတင်သွင်းထားကြောင်း၊ ရဲ စစ်ဆေးချက်တွေကို တရားရုံး သက်သေခံ
အဖြစ်တင်သွင်းခွင့်မရှိကြောင်း၊ ကိုရွှေဂျိုးတို(၃)ဦးကို စွပ်စွဲထားတဲ့ တရားမ၀င်အသင်းအပင်းများနဲ့
ဆက်သွယ်ဆိုတဲ့သက်သေခံအထောက်အထားတရားရုံးမှာတင်သွင်းနိုင်ခြင်းမရှိတာကိုလည်းတွေ့ရ
ကြောင်း၊ဒါကကိုရွှေဂျိုးတို့၃ဦးကိုပြန်လွှတ်ပေးရမှာဖြစ်ကြောင်းအာရှလူ့အခွင့်အရေးကော်မရှင်က
တောင်းဆိုထားပါတယ်။

ရင်းမြစ်..။RFA...။

မြတ်လေးငုံ..။