22 October 2009

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အမွေအမှု ထပ်မံ ရုံးချိန်း ..။

နေအိမ်အကျယ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အကိုဦးအောင်ဆန်းဦးတို့ အကြား ဖြစ်ပွားနေတဲ့ အိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက ဒီနေ့ တိုင်းတရားရုံးမှာ တင်ပြချက်တချို့ ပြုလုပ်ခဲ့ပါတယ်။ ဦးခင်မောင်အးက အိမ်ဝင်း မြေအစိတ်အပိုင်းတချို့ အရောင်းအဝယ်လုပ်တဲ့ကိစ္စကို လက်မခံနိုင်ကြောင်း တင်ပြခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးဉာဏ်ဝင်း က ပြောပါတယ်။ “ရုံးချိန်းမှာ သူတို့ရဲ့ ရှေ့နေက ဦးခင်မောင်အေးဟာ ဒီထဲက အစိတ်အပိုင်းကို ရောင်းတယ် ပြုတယ် သတင်းစာထဲပါတယ်ပေါ့။


အဲဒီသတင်းစာထဲပါတဲ့ ကိစ္စတွေက ဆောင်ရွက်ခွင့်မရဘူး။ အခုထိ သူ့မှာ အကျုံးဝင်တယ်။ ဒါကြောင့်ရုံးကို သိအောင် တင်ပြတယ်။ မြေယာကိစ္စနဲ့ပတ်သက် ပြီးတော့ သက်ဆိုင်တဲ့ စာချုပ်စာတန်း၊ မှတ်ပုံတင်ရုံး၊ မြို့တော်တော်စည်ပင် အစရှိသည်ကို တရားဝင်ကန့်ကွက်စာတွေ ပေးပို့ပြီးဖြစ်တယ်ဆိုတာကို ဒီနေ့ရုံးမှာတင်ပြတာကိုရုံးးက မှတ်တမ်း တင်တာပေါ့။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒီနေ့ရုံးချိန်မှာ တရာရုံးထံ တစုံတရာ တင်ပြခဲ့တာမျိုး ရှိပါလားလို့ မေးကြည့်တော့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “မတင်ပြဘူး။ ကျနော်တို့က သူတို့သတင်းစာမှာ ကြော်ငြာတဲ့ ရှေံနှေများထံကို အရောင်းအဝယ် မလုပ်နိုင်ဘူး။ ဒီပစ္စည်းဟာ ကျနော်တို့အမှုသည် လက်ဝယ်မှာ ရှိတယ်လို့ ပြန်ကြားပြီးပြီ။ ကျနော်တို့က သီးခြား ဒီတရာရုံးကို မတင်ပါဘူး။ ဒီတရားရုံးနဲ့ ဒီကိစ္စလည်း မဆိုင်ဘူးလို့ ပြောရင်ရပါတယ်။” နေအိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းတွဲဘက် ၂ တိုင်းတရားသူကြီးရုံးးမှာ အမှု ဆက်စစ်နေတာ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြထားတဲ့ သက်သေတွေနဲ့ တွေ့ဆုံနိုင်ခြင်း မရှိသေးတာကြောင့် ရုံးချိန်းကို ဆက်လက် ရွှေ့ဆိုင်းနေရပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ကို ရက်ချိန်း ထပ်ပေးလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက် ၈ ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ရှင်းပြဖို့အတွက် သတင်းတပ်ဖွဲ့က နှုတ်နဲ့အကြောင်း ပြန်ကြားချက် ပေးထားတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်အရ ကျနော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနကို စည်းကမ်းချက်တွေ ပိုပြီးရှင်းလင်းအောင်၊ ပိုမိုအရဆကသအိးပ္ပာယ်သိအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က အမြင်တွေကို တင်ပြတယ်။


“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တင်ပြဖို့ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့ က ကျနော့်ကို ခေါ်ပြီး နှုတ်နဲ့ပြန်ကြားချက် ပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဆွေးနွေးဖို့ ရှိပေမယ့် အခုအထိ မလုပ်နိုင်ဘူး။ “ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ရတဲ့ အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်က တရားစီရင်ရေးဆိုင်ရာ ပြင်ဆင်မှုအတွက်ပဲ ဆောင်ရွက်ပါ၊ ဒီကိစ္စမပါဘူးလို့ ဆိုလို့ ကျနော်တို့ မဆွေးနွေးခဲ့ရဘူး။ တနာရီပဲအချိန်ပေးတဲ့ အတွက် အချိန် လုံးဝမရှိခဲ့ပါဘူး။” သတင်းတပ်ဖွဲ့က နှုတ်နဲ့ ရှင်းပြထားတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ တင်ပြနိုင်ခြင်း မရှိသေးတာကြောင့် ပြောမပြနိုင်သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရင်းမြစ်...ဒီမိုကတစ် မြန်မာ့အသံ..။

မြတ်လေးငုံ..။