24 October 2009

၈၈ မျိုးဆက် ကျောင်းသူ မမာမာဦးကို ဗန်းမော်ထောင်သို့ ပြောင်းရွှေ ..။



မမာမာဦး..။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ မမာမာဦးကို အာဏာပိုင်တွေက လက်ရှိ သာယာဝတီထောင်ကနေ ဗန်းမောင်ထောင်ကို စက်တင်ဘာ ၂၆
ရက်နေ့က ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်၊ အောက်တိုဘာ ၁၉
ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးဝင်းမောင်က သာယာဝတီထောင်မှာ ထောင်ဝင်စာ သွားတွေ့မှ
မမာမာဦးကို စက်တင်ဘာ ၂၅ ရက်ကတည်းက အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ထောင်အာဏာ
ပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်၊ အင်းစိန်ထောင်ကို သွားမေးတော့ စက်တင်ဘာလ ၂၆
ရက်နေ့ ကတည်းက ရန်ကုန်ကနေ မန္တလေးထောင်ကတဆင့် ဗန်းမော်ထောင်ကို ပို့လိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်၊ မမာမာဦးကို အင်းစိန်ထောင်ကိုပို့စဉ် ၂ဝဝ၅မှာ လွှတ်ပေးစဉ်က
ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကြွေး၅ နှစ်ကိုပါ တိုးပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇ဝ နဲ့ ဗန်းမော်ထောင်ကို
ပြောင်းရွေှ့လိုက်တာ ဖြစ်တယ်လို့ထောင်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်၊ ဒါကြောင့်
မမာမာဦးရဲ့ဖခင် ဦးဝင်းမောင်က ဗန်းမောင်ထောင်ကို အမြန်ဆုံး သွားတွေ့နိုင်ဖို့ကြိုးပမ်းနေတယ်
လို့မိသားစုနဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။


ရင်းမြစ်..။DVB.။

မြတ်လေးငုံ ...။