24 October 2009

ကိုညီညီအောင်၏ အမှုလာမည့် (၃၀)ရက်နေ့သို့ ထပ်မံချိန်းဆို။...။



အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုရုံးချိန်း ကို မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကြားနာစစ်ဆေးခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ရှေ့နေကြိးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

....အန်ကယ်တို့ ဒီနေ့ မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကိုညီညီအောင်ရဲ့ အမှုကြားနာ စစ်ဆေးပါတယ်။ ..ဒီနေ့တောာ့ သက်သေ(၂)ဦး ကိုစစစ်ပါတယ်။ တရားလိုဘက်က လ.ဝ.က အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦး တို့ကထွက်ဆိုပါတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား အတုပြုလုပ်မှုနဲ့ စွဲချက်တင်တာပါ။.... စုံစမ်း တွေ့ရှိချက်တွေကို တင်ပြသွားတာပါ။ .... ...အမှုက သက်သေတော့ မရှိပါဘူး ထွက်ဆိုချက်တွေက ကွဲလွဲနေပါတယ်။.. ဥပဒေအရ သက်သေမရှိရင် ပြစ်မှုမမြောက်ပါဘူး။... အစိုးရအရာရှိ(၂)ဦးပဲ ထွက်ဆိုသွားတာပါ။ ... အမှုအခြေအနေက ကောင်းပါတယ်။... ကိုညီညီအောင်နဲ့ စကားပြောဖို့ အခွင့်မရခဲ့ပါဘူး။ အမှုကို လာမည့်သောကြာနေ့ (၃၀)ရက်နေ့ကို ပြန်ချိန်းပါတယ်...။

... အဲ့ဒီအတွက်ကြောင့် (၃၀)ရက်နေ့ ရုံးချိန်းမတိုင်ခင် ကိုညီညီအောင်နဲ့တွေ့ခွင့်ရဖို့ မနက်ဖြန်မှာ စာတင်ပါမယ်။ ...ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ..... ဒီနေ့တရားရုံးကို အမေရိကန်ကောင်စစ်ဝန်ရယ်၊ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ် တက်ရောက်ခဲ့ပါတယ်။..... ဟုကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပါတယ်။ ..ယနေ့ အစိုးရ သက်သေများ၏ ထွက်ဆိုချက်များတွင် မှတ်ပုံတင် ကပ်ခွာအတု ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ...ကိုညီညီအောင် ကိုဖမ်းဆီးစဉ်က မှတ်ပုံတင်မှာ သက်သေခံ ပစ္စည်းများတွင် ပါဝင်ခြင်းမရှိခဲ့ပဲ ၊နောက်မှ ရှာဖွေတွေ့ရှိစာရင်းတွင် ကိုညီညီအောင်အား လက်မှတ်ထိုးခိုင်းသဖြင့် ထိုးပေးလိုက်ရကြောင်း ကိုညီညီအောင်မှ ရှေ့နေများအား ပြောဆိုခဲ့ပါတယ် ။ ထိုမှတ်ပုံတင်မှာလည်း ညောင်တုန်းက ဆိုက်ကားပိုင်ရှင် တစ်ဦး၏ နာမည်နှင့်မှတ်ပုံတင် ဖြစ်ကြောင်း လ.ဝ.က အရာရှိမှ ယနေ့ထွက်ဆို ..သွားပါတယ်။

ယခုအချိန်ထိ ကိုညီညီအောင်အား မိသားစုဝင်များနှင့် တွေခွင့် မပေးသေးကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။

သတင်း ပေးပို့ ပေးသူ .....ဒီမိုဝေယံ..။