29 October 2009

အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျန်းမာရေး ဆိုးဝါးနေ...။

အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ဦးတင်ယုကို ထောင်ဆေးရုံတင်ထားရတဲ့အတွက် မိသားစုက စိုးရိမ်နေပါတယ်။ ဦးတင်ယုဟာ အဖမ်းမခံရခင်ကနဲ့ စစ်ကြောရေးမှာ အရိုက်ခံရတဲ့ ဒဏ်တွေကြောင့် မျက်လုံးဝေဒနာနဲ့ အရိုးကျီးပေါင်းတက်တဲ့ ဝေဒနာတွေ ခံစားနေရတာပါ။ မျက်လုံးကို ခွဲစိတ်ကုသလို့ မရတော့ကြောင်း ဆရာဝန်က ပြောတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ ဦးတင်ယုရဲ့သား ကိုသန်းဇော်မြင့်ကိုလည်း ထောင်နှစ်ရှည်ချပြီး သထုံထောင်ကို ပို့ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူ ထောင်ဝင်စာ သွားတွေ့ပေမယ့် တိုက်ပိတ်ထားတာကြောင့် တွေ့ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုရွှေဂျိုး လည်း သွေးတိုးဝေဒနာ ဆိုးဝါးနေတဲ့အတွက် အင်းစိန်ထောင်ဆေးရုံတင်ထားရပါတယ်။ အင်းစိန်ထောင်ဆေးရုံမှာ ဆေးကုသခံနေတဲ့ အကျဉ်းသား၂ ဦး မနေ့ညက သေဆုံးသွားတာကြောင့် ထောင်ဆေးရုံ တင်ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ရင်းမြစ်..။DVB..။