2010
နအဖ စစ်အစိုးရ ၏ မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဝင်မည့်ပါတီများ...
Junta's
05 April 2010
04 April 2010
မြန်မာပြည်ကတက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသူ/သားများ ကျပ်ငွေတစ်သိန်း ပေးခြင်းဖြင့် အောင်၊ ရှုံး သိနိုင်
၂၀၀၉-၂၀၁၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသူ/သားများ အောင်စာရင်းမထွက်ခင် အောင်၊ ရှုံး သိလိုပါက ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် သိနိုင်သည်။“အခုကျောင်းသားတွေ ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို အောင်ချင်တယ်ဆိုလို့ရှိရင် ဆရာမကို တစ်သိန်းပေးပြီးတော့ ဆရာမမှာ အဆက်အသွယ်ရှိတယ် အောင်ဖို့လုပ်ပေးမယ်” ဟု အထက်တန်းပြဆရာမတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး မုဒုံမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မုဒုံမြို့ပေါ်တွင် ကျောင်းသူ/သားများ စာမေးပွဲဖြေဆိုပြီးချိန်တွင် အောင်နိုင်သည်ဟု ခန့်မှန်းထားသည့် ကျောင်းသူ/သားများမှလွဲပြီး၊ မအောင်နိုင်ဘူး၊ အရည်အချင်း ညံ့သည့် ကျောင်းသူ/သားများကိုသာ ရွေးချယ်ပြီး၊ ဆရာ/ဆရာမကိုယ်တိုင် အိမ်တိုင်ရာရောက် စာမေးပွဲအောင်လိုပါက တစ်ယောက် တစ်သိန်းနှုန်းဖြင့် ၄င်းတို့အား ပေးနိုင်လျှင် စာမေးပွဲအောင်ရန် လုပ်ပေးမည်ဟု မုဒုံမြို့ပေါ်ရှိ ကျောင်းသူ မိဘတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ငွေတစ်သိန်းအကုန်ကျခံပြီး၊ အောင်စာရင်းမထွက်ခင် အောင်၊ ရှုံး သိနိုင်သည်ဆိုတာကို အမှန်တကယ်ပင်ဖြစ်တယ်၊ မယုံမရှိနဲ့ဆိုပြီး၊ ၎င်းအထက်တန်းပြ ဆရာမက ပြောသည်။ယမန်နှစ်က အဆောင်နေကျောင်းသူတစ်ဦးကလည်း ၎င်း၏ မိဘထံသို့ ဆရာမကိုယ်တိုင်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စေလိုပါက ငွေပေးနိုင်လျှင် အောင်ပေးလို့ရသည်ဟု ဆရာမတစ်ဦးက ပြောသည်။ ထိုကျောင်းသား၏ မိဘကလည်း ငွေပေးပြီးမှအောင်ရတာကို မလိုလားသဖြင့် ထိုဆရာမတောင်းသည့်ငွေကို မပေးလိုက်ရသည်ဟု ၎င်းက ပြောသည်။
“ဆရာမက ကျနော့်ကိုပြောတာ ငွေသုံးသိန်းအကုန်ခံနိုင်ရင် စားမေးပွဲအောင်ဖို့ လုပ်ပေးမယ်တဲ့၊ ကျနော်လည်း ယုံပြီးပေးလိုက်တာပေါ့၊ အောင်စာရင်းထွက်တဲ့အချိန်မှာ အောင်စာရင်းသွားကြည့်တာ ကျနော့်နာမည်မပါခဲ့ဘူး၊ ရှုံးတာပဲ ပေးထားတဲ့ ပိုက်ဆံလည်းပြန်မရဘူး၊ အလိမ်ခံလိုက်ရတယ်လို့ သတ်မှတ်လိုက်ရတာပေါ့” ဟု မုဒုံမြို့မှ့ ကျောင်းသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဆရာ/ဆရာမတို့မှ ငွေကြေးပေးနိုင်လျှင် စာမေးပွဲအောင်နိုင်သည်ဟု ကျောင်းသားမိဘများထံ ငွေကြေး သိန်းချီတောင်းခံထားပြီး၊ အောင်စာရင်းထွက်လာမှ ရှုံးသည်ဆိုသည့် ကျောင်းသူ/သား အများအပြားရှိကြောင်း ၄င်းက ဆက်ပြောသည်။
ယခုနောက်ပိုင်း ကျောင်းသားမိဘများက ထိုကဲ့သို့ အလိမ်ခံမျိုး မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် မိမိတို့၏ သားသမီးများအတွက် ငွေကြေအကုန်ကျမခံတော့ပဲ တကယ့်အရည်အချင်းစစ်နှင့်သာ ဖြေဆိုအောင်နိုင်သည်သာ အကောင်းဆုံးဖြစ်သည်ဟု လက်ခံလာကြကြောင်း ၄င်းက ပြောသည်။
သတင်းရင်းမြစ်(IMNA)

ထိုးသားဗိုက်မှောက် ဒိုင်တိုက်ဆောက် ဆိုသည့်စကားအတိုင်းမြန်မာပြည်က နှစ်လုံးသုံးလုံး
“နှစ်လုံး သုံးလုံး ” ဆိုသည်မှာသာမန် သချာင်္ဂဏန်း အရည်အတွက်ကို ဆိုလိုခြင်း မဟုတ်။ ဂဏန်း နှစ်လုံး သုံးလုံး တိုက်ကို အလျော်အစားပြုသည့် လောင်းကစားများကို လျှို့ဝှက် ကုဒ်အဖြစ် ခေါ်ခြင်းသာဖြစ်သည်။
သာမန်ပြည်သူများထံမှ အဆိုပါ ဝေါဟာရ ဆင်းသက်ခဲ့ကြသည်ဟုတော့ မထင်မိပါ။ စကားလုံးများ သည် တစ်စုံတစ်ခု ထူးခြားမှုကို ပြနေသလိုပင်။ဗမာပြည်တွင် လောင်းကစားလောကတွင်း မည်သူများ ပါဝင်ပတ်သက်နေသည် ဆိုသည်ကို အဆိုပါစကားလုံးများက ရည်ညွန်းနေပုံရသည်။
နှစ်လုံးဆိုသည်မှာ ထိုင်းနိုင်ငံ စတော့ ရှယ်ယာဈေးကွက်တွင် တစ်ရက်နှစ်ကြိမ်ထွက်သည့် ကိန်းဂဏန်းများအနက် နောက်ဆုံး နှစ်လုံးကို ယူ၍ ကိုရွှေဗမာများ အလောင်းအစားပြုလုပ်ခြင်းဖြစ်ပြီး ဂဏန်းနှစ်လုံးစလုံးတူညီပါက ထိုးသည့် ငွေပမာဏ၏ အဆ (၈ဝ) ခန့်ကို ထိုးသားက ရရှိပါသည်။
သုံးလုံးဆိုသည်မှာ ထိုင်းနိုင်ငံမှ ဖွင့်လှစ်ထားသည့် ထီပေါက်စဉ်၏ နောက်ဆုံး (၃)လုံးကို ယူ၍ အလောင်းအစားပြုလုပ်ခြင်း ဖြစ်ကာ သုံးလုံးစလုံးတူညီပါက ထိုးသည့်ငွေ၏ အဆ (၅၅ဝ) မှ (၆ဝဝ) အထိကို ဒိုင်လုပ်သူက အလျှော်ပေး ရလေသည်၊ အဆိုပါထီက တစ်လလျှင်နှစ်ကြိမ်ထွက်သည်။
စီးပွားရေးချွတ်ခြုံကျနေကာ ကုန်းကောက်စရာမရှိဖြစ်နေသည့် ဗမာပြည်သူများက နှစ်လုံးနှင့် သုံးလုံးလောင်း ကစားကို ဆင်းရဲတွင်းမှ လွတ်မြောက်လမ်းအဖြစ် ယုံကြည်ကြ၍ ထိုးသူများရှိသလို တချို့ကတော့ စားဝတ်နေရေး ပြေလည် စေရန် စီးပွားရေး လုပ်ငန်းတစ်ခုကဲ့သို့ နေ့စဉ်ထိုးနေသူများလည်း ရှိသည်။
ထိုသို့ ထိုးကြသည့် အထဲတွင် သာမန်ပြည်သူများသာမက စစ်တပ်၊ ရဲ ၊ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံမှ ၀ါသနာရှင်များ ပုဂ္ဂိုလ်များကိုယ်တိုင်က ထိုးကြသလို ပေါက်ဂဏန်းထိအောင် တွက်နည်းပေါင်းစုံဖြင့် တွက်ချက်တတ်ကြပြန်သည်။အလောင်းအစားမှန်လျှင် ဒိုင်ကတော့ အသာစီးကနေသည်၊ နှစ်လုံးတွင် ထိုးသား အဆ (၁ဝဝ) လျှင် ဖြစ်နိုင်ချေ (၁ဝ)ရာခိုင်နှုန်းမျှသာရှိသည်။ သုံးလုံးဆိုလျှင်တော့ အဆ (၁ဝဝဝ) လျှင် ဖြစ်နိုင်ချေ အနည်းငယ်သာရှိသည်။
အလောင်းအစားလုပ်သူများသည် တစ်ရက်ပေါက်နိုးပေါက်နိုးဖြင့် ရှုံးမဲမဲကာ နောက်ဆုံးတော့ စီးပွားပျက်သွား သူများ မြောက်မြားစွာကို ကိုယ်တိုင်တွေ့မြင်ဘူးသည်။
လွန်ခဲ့သည့် (၃) ရက်ခန့်က အရောင်းအဝယ်လုပ်နေသည့် မိတ်ဆွေတစ်ယောက်နှင့် တွေ့ဖြစ်သည်။ သူတို့အရပ် ဒေသ က ဒေသခံများ နှစ်လုံး သုံးလုံး လောင်းကစားကြောင့် ဒုက္ခရောက်ကြရပုံ အာဏာပိုင်များက လောင်းကစား ဒိုင်ထံမှ လာဘ်ငွေယူ၍ ခွင့်ပြုထားပုံများကို စိတ်မကောင်းစွာဖြင့် ဆောင်းပါးရှင်အား ပြောပြသွားသည်။
လောင်းကစားကြောင့် ရပ်ကွက်သူ/သားများ ဒုက္ခရောက်နေပုံကို ၎င်း၏ အစပိုင်းရင်ဖွင့်သံက ဒီလိုပါ။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပေါက်ကုန်းအုပ်စု ကုက္ကိုလ်တောရပ်ကွက်မှာ နှစ်လုံးနှင့် သုံးလုံး လက်ကြီးလောင်း ကစားဒိုင်ကြောင့် ဒေသခံ တို့ ဒုက္ခများနေကြတယ်စသဖြင့်ဖြစ်သည်။သူတို့ လောင်းကစားကြောင့် လူမှုရေးဒုက္ခများ ခံစားနေရပုံကိုတော့ အခုလို အသေးစိတ် ဆက်ပြောသည်။
“ရပ်ကွက်ထဲမှာ မိသားစုတွေ ဘယ်လိုဖြစ်နေသလဲဆိုတော့ ကလေးတွေကိုယ်တိုင် နှစ်လုံး သုံးလုံး ရွေးနေကြတယ်၊ လူတွေက အဆင်မပြေကြတာလေ၊ မိသားစုတွေရန်ဖြစ်ကြတယ်ဆိုလဲ နှစ်လုံးထိုးလို့၊ ဆိုင်ပြုတ်သွား တယ်ဆိုလည်း နှစ်လုံးထိုးလို့၊ ရပ်ကွက်ထဲမှာ ဆင်းရဲဒုက္ခရောက်နေတာ၊ ဒီနှစ်လုံး သုံးလုံးက ဒုက္ခပေးနေတာ ”
စီးပွားရေးအဆင်မပြေရာမှ ထွက်ပေါက်အဖြစ် လောင်းကစားလုပ်မိသဖြင့် အကြွေးသံသရာမှ ရုန်းမထွက်နိုင်ပုံ၊အရောင်း သမားနှင့်ထိုးသား ငွေရေးကြေးရေးကိစ္စကြောင့် တုတ်တပျက် ဓါးတပျက် ရိုက်ပုတ် ဖြေရှင်းရပုံများကိုလည်း သူကြုံ တွေ့ရသမျှကို ထပ်ပြောသည် ၊၊
“ဒီရပ်ကွက်ထဲမှာ လောင်းကစားကြောင့် လွန်ခဲ့တဲ့လက ပြဿနာတစ်ခုဖြစ်သေးတယ်။ ဒိုင်က တစ်လ (၃) သောင်း နဲ့ ကုက္ကိုလ်တောရပ်ကွက်ထဲက အောင်မင်း ဆိုတဲ့စာရေးတစ်ယောက်ငှားထားတယ်၊ သူ့ညီမကလဲ နှစ်လုံး သုံးလုံးပဲ ရောင်းတယ်၊ သူ့တို့ အဖေက ဦးမောင်မောင်တဲ့ ”
“သူ့ညီမကရောင်းတာ၊ ရောင်းပေးတဲ့မိန်းမက ပိုက်ဆံမပေးနိုင်လို့၊ နေ့စဉ် နေ့စဉ်ဆိုတော့ အကြွေးကထပ်ထပ်တက် သွားတာ အကြွေးရစရာ (၈) သောင်းဖြစ်သွားတာပေါ့။ အတိုးနဲ့ဆို (၉) သောင်းလောက် တက် သွားတာပေါ့။ ဟိုကလည်း မပေးတဲ့ အခါကျတော့ သူ့အဖေဦးမောင်မောင် ကိုယ်တိုင် ပိုက်ဆံမပေးရကောင်း လားဆိုပြီး ဂေါ်ပြားကြီးကိုင်ပြီး လိုက်တောင်းတာ ရန်ဖြစ်ပြီးရိုက်ကြသေးတယ်လေ ” ဟု သူက ပြောသည်။ဒီကိစ္စများကို ရယက (ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့) ကိုပဲတိုင်တိုင် (ရဲ) စခန်းမှူးကိုပဲတိုင်တိုင် ဒိုင်များက ငွေပေး၍ နှုတ်ပိတ်ထားသဖြင့် အကျိုးမရှိဖြစ်ရသည့် သူ့အတွေ့အကြုံကို လည်းရှင်းပြသည်။
အရောင်းကိုယ်စားလှယ်နှင့် ထိုးသားတို့ အကြွေးမပေးသည့် ကိစ္စနှင့်ပတ်သက်၍ ထွေးလုံးရိုက်နှက်ကြသည့် အမှု အခင်းကိစ္စ ရပ်ကွက်အဏာပိုင်များထံ ရောက်ရှိသွားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိခဲ့ဟုဆိုသည်။
ထင်ထင်ပေါ်ပေါ်ရောင်းချနေသည့် နှစ်လုံးနှင့် သုံးလုံးဒိုင်ကို ရဲများက ခြေရာခံမဖမ်းဆီးနိုင် - သည့်အချက် ဆိုအပေါ် သူ့အနေဖြင့် အံ့သြပုံမပေါ်ပါ။
“ဗန်းမော်မှာ နှစ်လုံး သုံးလုံးမှာ ဘုန်းကြီးဒိုင်ဆိုတာ နံမယ်ကြီးတယ်၊ ဘုန်းကြီးလူထွက်က ဖွင့်ထားလို့ဘုန်းကြီး ဒိုင်လို့ ခေါ်တာ။ သူ့မိန်းမနံမယ်က မစံပယ်တဲ့၊ ဥက္ကဌနံမယ်က သက်ဝင်းတဲ့၊ ပေါက်ကုန်းရပ်ကွက်ထဲမှာလဲ ရဲ စခန်းရှိတယ် နှစ်လုံးသုံးလုံးအမှု နဲ့သူ့တို့ဆီရောက်လဲ ဒီအတိုင်းပြီးသွားတယ်။ လောင်းကစားမှု ထိထိရောက် ရောက်အရေးယူရ မယ်လေ ။
သူတို့တိုးတိုးတိတ်တိတ်ပေးတဲ့ကိစ္စ၊ ကိုယ့်ကိုတော့ ဘယ်လောက်ပေးတယ်ဆိုတာ ဘယ်ပြောမလဲ၊ ရဲတွေကို မပေးလို့ ရှိရင် ဒီလောက်ထင်ထင်ပေါ်ပေါ်ရောင်းနေတာ ရမလား၊ စဉ်းစားကြည့်လေ။ ရဲတွေ ဒီလောက်အများကြီး ရှိတာ နှစ်လုံး ဆိုတာ နေ့စဉ်နဲ့အမျှရောင်းနေတာ သူတို့ဘာလို့မဖမ်းနိုင်ရမှာလဲ့ လစဉ်ကြေးပေးနေတယ်ဆိုတာ လည်းကြားနေ ရတယ် လေ ” လို့ သူက ဆိုသည်။
ထိုးသားဗိုက်မှောက် ဒိုင်တိုက်ဆောက် ဆိုသည့်စကားအတိုင်း လောင်းကစားဒိုင်များကြီးပွားနေကြကြောင်း သိရသည်။လောင်းကစားလုပ်သည့် ရပ်ကွက်သူ/သားများအကြား မကြာခဏရိုက်ကြပုတ်ကြ စကားများကြပါက - ဒီနှစ်လုံးထိုးလို့၊ စားစရာမရှိရင် နှစ်လုံးထိုးလို့ ဆိုသည့် အသံကိုသာကြားနေရသည်။
ယခုအချိန် ဒေသခံများက လူမှု့ရေး စီးပွားရေး အထွေထွေဒုက္ခများရင်ဆိုင်တွေ့နေချိန်တွင် ဒိုင်ချုပ်ကြီးကတော့ တစ်ရက် ရောင်းကြေး သိန်း (၂ဝ) (၃ဝ)လောက် ရရှိနေသည်။ ဟိန်းနေသည့် တိုက်အိမ်ကြီးနှင့် ကားကို တစ်စီးမှ နှစ်စီးဝယ်ယူ နိုင်သည်အထိ ချမ်းသာသွားသည်။ဒါ့ကြောင့်ဟုထင်သည် ဒီလောင်းကစားဒိုင်က တစ်မြို့လုံးကို အုပ်ချုပ်ထားသည်ဟု ခုလို ဆိုပြန်သည်။
“တစ်မြို့လုံးကြီးကို သူတို့ အုပ်ချုပ်ထားတာ (အဆိုပါ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း) ဇေယျသုခ ကိုယ်တော်တွေ ကအစ ၂ လုံးထိုးကြတာ၊ ၃ လုံးထိုးကြတာ၊ မံစီ မိုးမောက် တစ်နယ်လုံးပဲ၊ ချောင်းထဲဘက်ကနေဆို မန်သာရွာ အဲဒီအထိ နယ်ချဲ့ထားတယ်၊ ကားဆိုလည်း ပထမ ဂျစ်ကားအမိုးဖွင့်လေး၊ အခုဗင်ဖင်ကောက် တစ်စီးထပ်ဝယ်ထားပြန်ပြီ၊ဆိုင်ကယ် ဆိုတာတော့ မပြောနဲ့တော့၊ အစီးပေါင်းမြောက်များစွာပိုင်တယ်။ ” ဟု ပြောသည်။လောင်းကစားဒိုင်၏ ပိုင်ဆိုင်မှုများသည် ဆင်းရဲသားချွေးနဲစာများဖြင့် ၀ယ်ယူထားသည်ဟု သူအပါအ၀င် ဒေသခံများ တထစ်ချ ယုံကြည်နေကြသည်။
ဗမာစစ်အုပ်စုကြီးစိုးသည့် ယနေ့ကာလတွင် လောင်းကစားအမှုဖြင့် အကွက်ဆင်ဖမ်းဆီးခံခဲ့ရကာ ထောင်နန်းစံနေရ သည့် နိုင်ငံရေးသမားများရှိနေသည်ကိုတော့ ပြောမယုံကြုံဖူးမှ သိကြသည်။သို့သော် လက်ကြီးလောင်းကစားဒိုင်များမှ ရဲများ ဒေသအာဏာပိုင် အဖွဲ့အစည်းများကို လာဘ်ငွေပေးထားသဖြင့် အဖမ်းဆီးမခံရပဲ လွတ်မြောက်နေခြင်းကိုမူ အံ့သြသူမရှိကြချေ။
စိုင်းအောင်

နအဖစစ်အုပ်စုလက်တွင်းမှ ကစားစရာ မြန်မာကျပ်ငွေများ
မြန်မာနိုင်ငံအတွင်း လှည်ပတ်သုံးစွဲနေသည့် ပိုက်ဆံများ ပျောက်ကွယ်သွားလေပြီလား( သို့မဟုတ်) ကျပ်ငွေ တွေ ဘယ်ရောက်ကုန်ပြီလဲ လို့ လက်ရှိအခြေအနေကို အားမလိုအားမရဖြစ်နေသည့် နယ်စပ် ကုန်သွယ်စီးပွားရေး သမားကြီး များက မေးခွန်းထုတ်ချင်နေကြသည်။
တချို့သော စီးပွားရေးသမားကြီးများကတော့ ကျပ်ငွေတွေမည်သူ့လက်ထဲရောက်ရှိနေသည်ကို သိနေကြသည် .. ပြည် တွင်းရှိ လူအများစုကတော့ ငွေနှင့်ပတ်သက်၍ စိတ်ဝင်တစားရှိကြသော်လည်း လက်ရှိ စီးပွားရေးကြပ် တည်း နေခြင်း အပေါ်သာအာရုံစိုက် ငြီးတွားသမှုပြုနေကြသည်။သာမန်လက်လုပ်လက်စား မဆိုထားနှင့် ကျပ်သိန်းပေါင်းသောင်းချီ ရင်းနှီးမြုတ်နှံ စီးပွားရေးလုပ်ကိုင်နေသည့်လုပ်ငန်းရှင်များ ကိုယ်တိုင်ပင် လက်ရှိစီးပွားရေးအခြေအနေအောက်တွင် မလူးသာမလွန့်သာ ရှိနေကြသည်။
ယခင်နှစ်များက စီးပွားရေးကြပ်သည်ဟု ဆိုသော်လည်း လူးသာလွန့်သာ အခြေအနေရှိခဲ့ပြီး ယခုနှစ်စီးပွားရေး ကတော့ အဆိုးတကာ့အဆိုးဆုံးပါပဲဟု မြန်မာပြည်မြောက်ပိုင်းမှ တောင်သူတစ်ဦးက ငြီးငြူသံဖြင့်ပြောသည်။သို့သော် နယ်စပ်ကုန်သွယ်စီးပွားလှိုင်းများကလည်း ယခုဆိုလျှင် ထူးမခြားနားဟုဆိုရမည်။
စက်တင်ဘာလ (၂၅) ရက်နေ့ ၅ဝဝဝ ကျပ်တန် ငွေစက္ကူအသစ်များအား ထုတ်ဝေသုံးစွဲတော့မည်ဟု ကြေငြာ လိုက်ပြီး နောက်ပိုင်း နယ်စပ်စီးပွားရေး အခြေအနေက ရုတ်တရက်ဆိုသလို တဆစ်ချိုးပြောင်းလဲ ကျဆင်းသွားခဲ့ ကြောင်း တရုတ်နယ်စပ်ရှိ ကုန်သယ်ကြီးတစ်ဦးက ဆိုသည်စီးပွားရေးလုပ်ငန်းများဟု ယေဘူယျဆန်ဆန်ခြုံငုံ ပြောသော်လည်း တကယ်တန်းတွင် လုပ်ငန်းအမျိုးအစား များ တူညီကြ သည်တော့ မဟုတ်ပါ ကုန်သယ်များ အခေါ် “လှိုင်း ”များကွဲနေကြသည်။
သို့သော် ယခုအခါ မည်သည့်လှိုင်းမဆို အများစုသည် ရောင်းသူမရှိ ဝယ်သူမရှိ အေးစက်ငြိမ်သက်နေသည်ဟု ဆိုသည် ...စီးပွားရေးလုပ်ငန်းများ ရပ်နားထားရသည်.... ရှေ့အလားအလားကို စောင့်ကြည့်နေကြသည်ဟု စီးပွားရေးသမား အများစုက ဆိုခြင်းဖြစ်သည်။
“၅ဝဝဝကျပ်တန် ငွေစက္ကူသစ်ထုတ်ဝေမှု ... မရေရာမသေချာလှသည့် မြန်မာ့နိုင်ငံရေး ရှေ့ခရီး ...ပြည်သူ လက်ထဲ မှ ငွေစက္ကူများ ဘယ်လိုပျောက်ကွယ်သွားလဲ ” စသည့် စဉ်းစားချက်များက သူတို့ခေါင်းထဲရောက်နေ ကြသည်ဟုဆိုလျှင်မှား မည် မထင်ပေ။မြန်မာပြည်၏ သေချာရေရာမှုမရှိလှသော ရှေ့ခရီးက စီးပွားရေးသမားများကို စိန်ခေါ်နေသည်ဟု ပြောရမည် ထင်သည်။
၅ဝဝဝ ကျပ်တန် ထုတ်ဝေပြီးမှ လောလောလတ်လတ် စီးပွားရေးအေးစက်သွားခြင်းဖြစ်သည်ဟု သူတို့က ဆို သော်လည်း ၅ဝဝဝ ကျပ်တန် ထုတ်ဝေသည့် အကြောင်းအရင်းနှင့် ယခုစီးပွားရေးရပ်တန့်နေခြင်းက တိုက်ရိုက်ဆက်နွယ်မှုရှိနေသည် လို့တော့ စီးပွားရေးသမားအများစုက မယုံကြည်ကြ။
ကုန်သည်ကြီးတစ်ဦး ကတော့ ငါးထောင်တန်ထုတ်ဝေစဉ်က သူကြုံတွေ့ခဲ့ရပုံကို အခုလိုပြောသည် “အောက်တို ဘာလ (၂)ရက်နေ့ ဘဏ်ကနေ ၅ဝဝဝ တန်ငွေတွေ ထုတ်ပေးတော့ ကျနော်တောင်ရချင်လို့ ဘဏ်ဝန်ထမ်းတွေ ဆီကနေ ၅ဝဝဝ တန်၂ ရွက် တောင်းပြီးထုတ်လာရတယ် သိပ်များများမထုတ်ဘူး” နောက်ပြီးတော့ သူ့ထင်မြင်ချက်ကိုလည်း အခုလိုထပ်ပြောသေးသည် “နအဖကလည်း သူတို့ကပိုင်ပြီလို့ ထုတ် တာဗျ မဟုတ်ရင် ငွေတွေဖေါင်းပွပြီး ကိုယ့်ရူးကိုယ်ပတ်မှာပေါ့ဗျ သူတို့ကလည်း ရိုက်ပြီးသားကို ဟန်ပြလောက် ထုတ်ပြလိုက်တဲ့ သဘောပဲ သိပ်များများစားစားမထုတ်ဘူး ထင်တယ် ” လို့ ပြောသည်။
၅ဝဝဝ တန် ငွေစက္ကူများ စတင်ထုတ်ဝေမည်ဟု ကြေငြာလိုက်ချိန်မှစ၍ နိုင်ငံနှင့်အဝှမ်း သာမက နယ်စပ်ဒေသ များတွင်ပါ လှုတ်ခတ်သွားတော့သည်။မြန်မာ ငွေကြေးမတည်မငြိမ်မှုများ ဖြစ်ပွားခဲ့ကာ နိုင်ငံခြားငွေနှင့် လဲလှယ်နူန်းများတွင်လည်း ကျလိုက် တက်လိုက် အမျိုးမျိုး ပြောင်းလဲနေသည်။ကုန်သည်နှင့်ဈေးသယ် အသိုင်းအဝိုင်းကပင် ငွေစက္ကူများထုတ်ဝေသုံးစွဲလျှင် ကုန်ဈေးနူန်းများ တက်လာမည် ဟုကြိုတင် ခန့်မှန်းပြောဆိုမှုများရှိခဲ့ကြသည် ရင်တမမနှင့်ငွေထုတ်မည့်အချိန်ကို စောင့်မျှော်နေကြရသည်။
တကယ်တန်း ငွေစက္ကူများထုတ်ဝေသည့် အခါမှာတော့ ကုန်ဈေးနူန်းသိသိသာသာ တက်လာခြင်း မရှိလာပဲထုတ်ဝေမည်ဟု ကြေငြာသည့်အချိန်က အမျိုးမျိုး အပြောင်းအလဲဖြစ်နေသည့် မြန်မာငွေနှင့်နိုင်ငံခြားငွေ လဲနှုန်း များလည်း ယခုဆိုလျှင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာငွေကြေးပုံမှန်အခြေအနေသို့ ရောက်ရှိလာပြီဟု ပြောနိုင်သည်။ သို့သော် နယ်စပ်စီးပွားရေးလုပ်ငန်းများ ကတော့ ပြန်လည် ဦးမော့လာခြင်း မရှိသေးပဲ ဖင်ထိုင်ကျနေဆဲဖြစ်သည်။အမှန်တကယ်တွင်လည်း စောစောက ကုန်သည် ပြောသလိုပင် ၅ဝဝဝကျပ်တန်ထုတ်ဝေခြင်းနှင့် နယ်စပ်စီးပွား ရေး ရပ်တန့် ခြင်းက တိုက်ရိုက်ဆက်စပ်ပုံမရှိဟူသည်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆရမည့်ပုံပေါ်နေသည်။
ဒါ့အပြင် နိုင်ငံ၏ ရှေ့ခရီးကလည်းမရေရာသည့်အပြင် ပြည်သူလူထုလက်ထဲ ငွေများများမကိုင်နိုင်အောင် ရှားပါး လာအောင် စစ်အုပ်စုက ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်ဆိုသည့် အဆို တရပ်လည်း ရှိနေပြန်သည်။လူတိုင်းက အခြေအနေကိုတော့ မျက်ခြေမပြတ်စောင့်ကြည့်နေကြသည်သာ မြန်မာနိုင်ငံတွင် ငွေစက္ကူနှင့် ပတ်သက်၍ မှတ်မှတ် ရရ ပြောစရာ နောက်ခံသမိုင်းကြောင်းများကလည်း ရှိနေခဲ့သည် မဟုတ်ပါလား။
၁၉၈၇ စက်တင်ဘာလ (၅) ရက်နေ့က နိုင်ငံတစ်ဝှမ်းသုံးစွဲနေသည့် ရ၅ ကျပ်တန် ၃၅ ကျပ်တန် ၂၅ ကျပ်တန် ငွေစက္ကူများ အား တစ်ပြားတစ်ချပ်မှ လျှော်ကြေးမပေးပဲ တရားဝင်သုံးစွဲခွင့်ကို အုပ်စိုးသူ မဆလပါတီက ဖျက် သိမ်းပစ်လိုက်သည်။ထိုသို့ငွေစက္ကူများအား ဖျက်သိမ်းပစ်လိုက်ခြင်းက မဆလအစိုးရအဖို့ ကြမ္မာငင်ခဲ့ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ရသည်။
ထိုစဉ်က မြန်မာပြည် မြောက်ပိုင်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်သူပုန်များ၏လှည့်လည် သုံးစွဲနေသည့် ဘဏ္ဍာငွေကြေးအား တိုက်ရိုက်တိုက်ခိုက်သည့် အနေဖြင့်၎င်း ငွေကြေးဖေါင်းပွမှုကို လျှော့ချလိုခြင်းကြောင့်၎င်း အဓိကကျသည့် ရ၅ ကျပ်တန်အပါအဝင် ငွေစက္ကူ ၃မျိုးကို ဖျက်သိမ်းပစ်လိုက်သည်။
အကျိုးဆက်အနေဖြင့် ငွေစက္ကူ ၈၀ ရာခိုင်နှုန်းလည်း ပြည်သူလူထုလက်တွင်းမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့ သည်။နောက်တစ်နှစ်အကြာမှာတော့ မဆလစစ်အစိုးရသည် စိတ်ဆိုးဒေါသထွက်နေသည့်မြန်မာပြည်သူလူထုကြီး၏တော်လှန် အုံကြွမှု ကို ရင်ဆိုင်လိုက်ရပြီး တိုင်းပြည်အား (၂၆) နှစ် အုပ်စိုးခဲ့ရာမှ အာဏာကို လက်လွတ်ဆုံးရူံး ခဲ့ရ တော့သည်။
ဒီအဖြစ်အပျက်ကို လက်ရှိအာဏာသိမ်းယူထားသည့် နအဖစစ်အုပ်စုကလည်း ကောင်းကောင်းကြီး သိရှိသင်္ခန်းစာယူထား မည်သာဖြစ်သည်။လွန်ခဲ့သည့် (၄) နှစ်လောက်ကတည်းက ၅ဝဝဝ ကျပ်တန်ငွေစက္ကူများထုတ်ဝေသုံးစွဲတော့မည် ဆိုသည့် ကောလ ဟာလ သတင်းများ ပြင်ပလောကသို့ ပျံ့နှံ့ခဲ့ဘူးသည်။သို့သော် ကောလဟလသတင်းထွက်ပေါ်ပြီး နောက်(၅) နှစ်ခန့်ကြာလာသည့် ယခုအခါမှသာ အမှန်တကယ် ထုတ်ဝေခဲ့သည် ကိုကြည့်လျှင် နအဖစစ် အုပ်စုက ငွေစက္ကူနှင့်ပတ်သက်၍ ပြင်ဆင်မှု ရှိရှိ ဆောင်ရွက်ထားပုံပေါ် သည်။
နအဖစစ်အုပ်စုက ငွေစက္ကူနှင့်ပတ်သက်၍ မဆလကဲ့သို့သော အမှားမျိုး မကျူးလွန်မစေရန် သင်္ခန်းစာ ယူရာ တွင် ငွေစက္ကူဖျက်သိမ်းခြင်းကိုရှောင်ရှားခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။သို့သော်လည်း ပြည်သူလူထုလက်တွင်းမှ ငွေကြေးများအား နအဖစစ်အုပ်စုပိုင် ဘဏ္ဍာငွေအဖြစ် သိမ်းယူရာတွင်နည်းလမ်း မျိုးစုံနှင့်ဆောင်ရွက်ခဲ့သည်ကိုတော့ တွေ့မြင်ခဲ့ရသည်။
အထင်ရှားဆုံးကတော့ (၂ဝဝ၄)ခုနှစ်က တရားမဝင် လိုင်စင်မဲ့ယာဉ်များအား နိုင်ငံတော်ပိုင် သိမ်းဆည်းခဲ့ပြီး အဆိုပါ မော်တော်ယာဉ်များအား လေလံတင်ရောင်းချခြင်းများ နယ်စပ်မှဝင်ရောက်လာသည့် လိုင်စင်မဲ့ဆိုင်ကယ်များအား နိုင်ငံတစ်ဝှမ်းတွင် လိုင်စင်ပြုလုပ်ခြင်းများ နေပြည်တော်အပါအဝင် မြို့ကြီးများရှိ အိမ်ခြံမြေ အဆောက်အဦးများနှင့် စက်ရုံများအား လေလံတင်ရောင်းချခြင်းတို့ဖြစ်သည်။
၎င်းအပြင် မကြာသေးမှီကမှစတင်ခဲ့သော အခွန်ပညာပေးရေး အစီအစဉ်ဖြင့် စားသုံးသူများထံမှ ကုန်သွယ်ခွန်ကောက်ခံခြင်း နှင့် အခြားသောအခွန်အတုတ်မျိုးစုံတိုးချဲ့ကောက်ခံခြင်းတို့ အပါအဝင် ဖြစ်သည်။ထိုသို့သော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတစ်ဝှမ်းလှည်ပတ်နေသည့် ပြည်သူလူထုလက်ထဲမှ ကျပ်ငွေပေါင်း ဘီလျှံ ပေါင်းများစွာကို လက်တစ်ဆုပ်စာ နအဖစစ်အုပ်စုက အလကားနီးနီး သိမ်းကျုံးရယူလိုက် သကဲ့သို့ ဖြစ်နေလေ သည်။
ပြည်သူလူထုလက်ထဲ ငွေများများရှိနေမည်ကို မလိုလားခြင်းကြောင့် ယခုလိုပြုလုပ်ခြင်းဖြစ်နိုင်သည် အကြောင်း ကတော့ ပြည်သူလူထုကို မယုံကြည်၍ဖြစ်သည်ဟု ထောက်ပြကြသည်။ငွေကြေးနှင့်စီးပွားရေးကို အာဏာအတွက် စစ်အုပ်စုကိုယ်တိုင်က ကစားစရာလက်နက်သဖွယ် သဘောထားနေ နေပုံပေါ်သည် လိုအပ်လျှင် ကုန်ဈေးနှုန်းကို သေနတ်ဖြင့်ခြိမ်းခြောက်မှုများကိုပင် မကြာခဏပြုလုပ်တတ်သည်။
တိုင်းပြည်အား အမွေပိုင်ပစ္စည်းကဲ့သို့ သဘောထားနေသော နအဖစစ်အုပ်စုက စိတ်ကြိုက် ရောင်းချင်သည့် ပစ္စည်း ထုတ်ရောင်း ပေါင်ချင်သည့်ပစ္စည်း ဖြုတ်ပေါင် ဆိုတာမျိုး ပြုလုပ်နေသောကြောင့် ပိုက်ဆံများ ပြည်သူ လူထု လက်ထဲမှ ပျောက်ဆုံးသွားခြင်းလောဟု မေးခွန်းထုတ်ဖွယ်ဖြစ်သည်။
အရပ်ထဲတွင် ပြောစကားအရ ပန်နီထဲကလာတဲ့ဟာ ပန်နီထဲရောက်သွားခြင်းသာဟု ပြောရလိမ့်မည်။
ရင်းမြစ် ...သျှမ်သံတော်ဆင့်

တပ်မှုး၊တပ်သားပြောစကား အပိုင်း(၂) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး... ..
အတင်းမဟုတ်သော သတင်းကဗျာ..
အတင်းမဟုတ်သော သတင်းကဗျာ
ယနေ့ နေသာ၏ ၊ လေမလာသဖြင့်ပူသည်
ရေအေးအေးတိုက်ပါ ၊ မီးမလာသောကြောင့် ရေမအေးပါ
ရေမလာသဖြင့်လည်း ရေမချိုးရပါ
မြန်မာလူမျိုးများ အလွန်ယဉ်ကျေးကြပါသည်
ကြီးကြီးငယ်ငယ် ဟူသမျှ လက်ဖက်ရည်ဖိုးပေးပါသည်
ယူနီဖောင်းလေးသာဝတ်ခဲ့ကြပါ။
ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းရောင်းသူများကို ဖမ်းနေပါသည်
ကြည့်ချင်လျှင်5 movies သာဝယ်ကြည့်ရပါမည်
နိုင်ငံခြားသူများ ခါးပေါ်လျှင် censer ဖြတ်ပါသည်
မြန်မာမလေးများ ထမီရင်လျား ရေချိုးခန်းများအား…….
လူငယ်များအတွက် ရည်စူးပါသည်။
အရက်သေစာယမကာ သောက်သုံးမှု လျှော့ချနေပါသည်
ရုပ်သံလိုင်းများ တွင်မကြေငြာရပါ ဆိုင်းဘုတ်ကြီးများ
လည်းမထောင်ရပါ ၊ ကားများတီင်သာ ဗွီနိုင်းကပ်၇ပါမည်
ကြော်ငြာမော်ဒယ်များ ရင်ညွန့်အထက် အ၀တ်မရှိစေရ
စကတ်ပေါင်လည်မကျော်စေရ
မည်သည့် position မဆိုလက်ခံပါသည်
Censer တင်ရန်မလိုအပ်ပါ
The World ကြီးပူနွေးနေပါသည်
ရေခဲတောင်များလည်း အရည်ပျော်နေပါသောကြောင့်
ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်ပြီး ရေကြီးမှုများဖြစ်နေပါသည်
ထိုဘေးများမဖြစ်စေရန်အလို့ငှာ ရန်ကုန်မြို့ တွင် မြောင်းများ
ကျယ်ကျယ်တူး ဖို့ကြိုးစားနေပါသောကြောင့် မိမိအသိစိတ်ဓာတ်ဖြင့်
မိမိဖာသာတူးရပါမည်
ရေအေးအေးတိုက်ပါ ၊ မီးမလာသောကြောင့် ရေမအေးပါ
ရေမလာသဖြင့်လည်း ရေမချိုးရပါ
မြန်မာလူမျိုးများ အလွန်ယဉ်ကျေးကြပါသည်
ကြီးကြီးငယ်ငယ် ဟူသမျှ လက်ဖက်ရည်ဖိုးပေးပါသည်
ယူနီဖောင်းလေးသာဝတ်ခဲ့ကြပါ။
ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းရော
ကြည့်ချင်လျှင်5 movies သာဝယ်ကြည့်ရပါမည်
နိုင်ငံခြားသူများ ခါးပေါ်လျှင် censer ဖြတ်ပါသည်
မြန်မာမလေးများ ထမီရင်လျား ရေချိုးခန်းများအား…….
လူငယ်များအတွက် ရည်စူးပါသည်။
အရက်သေစာယမကာ သောက်သုံးမှု လျှော့ချနေပါသည်
ရုပ်သံလိုင်းများ တွင်မကြေငြာရပါ ဆိုင်းဘုတ်ကြီးများ
လည်းမထောင်ရပါ ၊ ကားများတီင်သာ ဗွီနိုင်းကပ်၇ပါမည်
ကြော်ငြာမော်ဒယ်များ ရင်ညွန့်အထက် အ၀တ်မရှိစေရ
စကတ်ပေါင်လည်မကျော်စေရ
မည်သည့် position မဆိုလက်ခံပါသည်
Censer တင်ရန်မလိုအပ်ပါ
The World ကြီးပူနွေးနေပါသည်
ရေခဲတောင်များလည်း အရည်ပျော်နေပါသောကြောင့်
ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်ပြီး ရေကြီးမှုများဖြစ်နေပါသည်
ထိုဘေးများမဖြစ်စေရန်အလို့ငှာ ရန်ကုန်မြို့ တွင် မြောင်းများ
ကျယ်ကျယ်တူး ဖို့ကြိုးစားနေပါသောကြောင့် မိမိအသိစိတ်ဓာတ်ဖြင့်
မိမိဖာသာတူးရပါမည်
ဦးဦး မှော်ဆရာ
03 April 2010
ဧပြီလ (၁) ရက်နေ့ ထုတ် သတင်းစာမှာ အဲလိုပါလို့ သန်းရွှေသေပြီးဖြစ်ခဲ့တာပါ..

ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူြး
ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူြး
နအဖ ခေါင်းဆောင်များ
ထိုသို့ အရှေ့ဆုံးမှ ဖေါ်ပြရမည်ဟူသည့် ညွှန်ကြားချက် အတိုင်းရေးသားခဲ
အဆိုပါ သတင်းထောက်က
“အစိုးရသတင်းစာ မှာ နအဖခေါင်းဆောင် တွေအကြောင်းရေးသား ဖေါ်ပြတယ်ဆိုရင် အဲဒီသတင်းတွေဟာ သတင်းစာပညာအရာ အညံ့ဆုံး နမူနာတွေ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆို တိုအောင် ရှင်းအောင် စာဖတ်သူနားလည်လွယ်အောင် ရေးခွင့်မရှိပဲ သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေကို တန်းစီပြီး ရေးလိုက်တာ စာကြောင်းသုံးကြောင်း လောက်ရောက်တာတောင် ဘယ်သူဆိုတာ မသိနိုင်သေးတဲ့အဖြစ်မျိုး၊နောက်တခါ ဘာသတင်းလဲ ဆိုတာထက် လာကြည့်တဲ့သူ၊ လာစစ်ဆေးတဲ့သူကို ဦးစားပေးဖေါ်ပြတဲ့ အတွက်မူရင်းရေးချင်တဲ့ အကြောင်းက နောက်မှာ မှိန်မှိန်ပဲ ကျန်တော့တဲ့ ဟာမျိုး၊နောက် နိုင်ငံခြားခေါင်းဆောင်တွေ လာတွေ့တယ်ဆို ဘာတွေဆွေးနွေးတယ် ဆိုတာတလုံးတပါဒမှ မပါဘဲ ၊ ဘယ်သူတွေရှိနေကြတယ်ဆိုတာပဲ ပါတာမျိုးပေါ့ ဒါကြောင့် သတင်းစာပညာ သင်တန်းတွေမှာ အညံ့ဆုံး ဥပမာပေးရင် အစိုးရသတင်းစာက သတင်းတွေကို ဥပမာပေးလေ့ရှိတာ”ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကြောင့် အစိုးရသတင်းစာတိုက်မှ တာဝန်ရှိ ၀န်ထမ်းများအား ဖမ်းဆီးခြင်းသို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းမျိုး မကြားသိရသေးသော်လည်း ဖြေရှင်းတောင်းပန်ရသည်ဆိုသည့် အနေအထားတွင် ရှိသည်ဟု အစိုးရ သတင်းစာတိုက်ဝန်ထမ်း တဦးကပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ဗိုလ်ချုပ်ခင်ညွှန့်သတင်းနှင့် ကမ္ဘာ့လူလိမ်ကြီးများဟူသည့် သတင်းတို့ကို ဟိုဘက်ဒီဘက် ဖေါ်ပြမိသည့် အတွက်သတင်းစာတိုက်ဝန်ထမ်းများ အဖမ်းခံရခြင်း၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စကားရပ်ကို `မ´ဖြုတ်လိုက်ပြီး ဒီမိုကရေစီရနိုင် ဟုဖေါ်ပြမိသဖြင့် ၀န်ထမ်းများ စစ်ဆေးခံရပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်း တို့မကြာခဏဖြစ်ပွားခဲ့သည်။
သတင်းရင်းမြစ်..မိုးမခ
ထောက်လှမ်းရေး ၆ နဲ့ ရေနံချောင်းချောက်မြို့နယ်ကကျောင်းသား စကားအချေအတင် ပြောပုံလေးပါ..
ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊ အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊
ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။
သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။
ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။
“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။

ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။
“ဆရာတို့ ၆ ကလား”တဲ့ ။
ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။
“အေး ၆ က ပဲ”
အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။ မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။
ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -
“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။
ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။
စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။
ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။
ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။
“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။
“ရေနံချောင်း ချောက်ကပါ”လို့ မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။
အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။
“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။
ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။
“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။
စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။
“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”
အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -
“လာပြန်ပြီလား ဒီ ၆ ”တဲ့။
(ထက်ရာဇာ)
နှလုံးဟာဒယ ရွှင်ပြနိုင်ကြပါစေ။“ဆရာတို့ ၆ ကလား”တဲ့ ။

မြဝတီ နယ်စပ် စီးပွားရေးစက်မှုဇုံရှိ အထက်တန်းစားသူခိုးများကို နအဖ မှ ထိရောက်စွာ အရေးမယူရဲသေး..
မြဝတီ စီးပွားရေးစက်မှုဇုံ အရာရှိများ အပြောင်းအလဲလုပ်ပြီး လာဘ်ပေးလာဘ်ယူမှုများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
ယမန်နေ့က လက်ရှိညွှန်ကြားရေးမှူးနေရာသို့ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်စိုးသိန်းအား ပြန်လည်တာဝန်ပေးအပ်ပြီး ၎င်းတို့အနေဖြင့် အဂတိလိုက်စားမှုများ ရှိခဲ့ခြင်းကို အရေးယူခြင်းမရှိကြောင်း ဒေသခံက ပြောသည်။
“အခု ဦးဝင်းမြင့်နေရာမှာ အရင်က ဒီမှာတာဝန်ကျခဲ့ဖူးတဲ့ ဦးအောင်စိုးသိန်းကို (၃၁.၃.၂၀၁၀) ရက်နေ့ ရက်စွဲနဲ့ ပြန်ခန့်လိုက်တယ်။ ဦးအောင်စိုးသိန်းက တရားမဝင် ငွေကြေး၊ ကုန်ပစ္စည်းတွေသွင်းတာ လုပ်တယ်၊ တခြားအာဏာပိုင်တွေနဲ့လည်း အဆင်ပြေတော့ ကုန်စည်နဲ့လိုင်စင်မဲ့ကားတွေကိုလည်း ပတ်လမ်းကနေ သွင်းတာလုပ်တယ်၊ အဲဒါကို ပေါ်တင်ကြီးလုပ်တာ အရေးယူတာ တခါမှ မလုပ်ဖူး” ဟု တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ပြောသည်။
ထို့အပြင် တပ်မဗျူဟာမှူးအနေဖြင့်လည်း ဝင်ငွေလျော့နည်းလာသည့်အတွက် ဒေသခံရဲများကို အစည်းဝေးခေါ်ယူ၍ ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။
“တပ်မနဲ့ တံတားကျိုးဂိတ် ပတ်လမ်းတွေကို ဖောက်ခွဲပစ်ခတ်မှုတွေလုပ်မဲ့ သတင်းတွေရထားတယ်ဆိုပြီး ရဲတွေကို တပ်မမှူးက ခေါ်ပြောတော့ ရဲတွေကလည်း ဂိတ်မစောင့်ရဲတော့ဘူး၊ အဲဒီမှာ လိုင်စင်မဲ့ကားတွေ ဖြတ်တာကို ငွေကောက်တာတွေလုပ်နေတာ” ဟု ပြောသည်။
ကုန်စည်ပစ္စည်းများ တင်ဆောင်လာသည့် ကားကြီးတစင်းလျှင် မြဝတီမှအထွက် လမ်းဂိတ်ကြေး ကျပ်( ၇၀,၀၀၀) မှ (၁၈၀,၀၀၀) အထိ ပေးဆောင်နေရကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ဆက်ပြောသည်။
လိုင်စင်မဲ့ကားများ ဖြတ်ကျော်လျှင် တစီး ကျပ်ငွေ တသိန်းမှ နှစ်သိန်းအထိ တောင်းယူ၍ ဖြတ်သန်းခွင့် ပြုထားပြီး ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် တာဝန်ကျသည့် အရာရှိများ ဥပဒေမဲ့လုပ်ရပ်များကို စစ်အစိုးရအနေဖြင့် အရေးယူခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။
သတင်းရင်းမြစ်...ရိုးမ(၃)
လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အဖွဲ့ချုပ် လျာထား
မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။
“နိုင်ငံတကာ ဆက်ဆံရေးလည်း ဆက်လုပ်သွားမယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတဲ့ ဟာမျိုးပေါ့။ လူထုရဲ့ အကျိုးစီးပွားကိုလုပ်တဲ့ ဟာမျိုးတွေ၊ ဆောင်ရွက်တဲ့ ဟာမျိုးတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု အကျိုးစီးပွားတွေ၊ လူထုသက်သာချောင်ချိရေးတွေပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
HIV/AIDS စွဲကပ်နေသူများအား ကူညီစောင့်ရှောက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီပံ့ပိုးသည့် လုပ်ငန်းများကို နမူနာပြ၍ သူက ပြောဆိုသွားသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးက အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများ၊ မဟာမိတ်အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းကာ လူထုကိုတိုက်ရိုက်ထိတွေ့သည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အဓိက အတိုက်အခံပါတီကြီးဖြစ်သော အဖွဲ့ချုပ် က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်သောအားဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှေ့လုပ်ငန်းစဉ်က အရေးပါလာခဲ့သည်။ နောက်ဆုံးသတ်မှတ်ထားတွင် မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမှာ ဖြစ်သည့်အတွက် တရားဝင်ပါတီ မဟုတ်တော့သည့်အခါ မြန်မာ့နိုင်ငံရေးမှ ပျောက်ကွယ်သွားလိမ့်မည်ဟု စိုးရိမ်မှုများ ရှိလာသည်။
“အဓိက လတ်တလော အဖွဲ့ချုပ် ရဲ့ ရပ်တည်ချက်ပေါ့။ နောက်တခါ ရှေ့ဆက်ပြီးတော့ ဘယ်လို တိုင်းရင်းသား ပါတီများနဲ့ လက်တွဲဆောင်ရွက်သွားမလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးကြပါတယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
CRPP အစည်းအဝေးပွဲကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်းတို့ အပါအဝင် CRPP အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။
အဖွဲ့ချုပ် က မိမိရဲ့ မူဝါဒအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့အတွက်ကြောင့် ဒီရပ်တည်ချက်ကို အားလုံးက အလေးထားတယ်။ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း၊ ဆက်လက်ပြီး CRPP မှာ အဖွဲ့ချုပ် နဲ့ အတူ လက်တွဲဆောင်ရွက်သွားဖို့ သဘောထားတွေကို ဆွေးနွေးကြတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
စစ်အစိုးရအနေဖြင့် အဖွဲ့ချုပ် အား အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့လျှင်လည်း ပျက်ပြယ်သွားသည်ဟု မယူဆဘဲ၊ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားသွားမည်ဆိုသည့် အချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းရင်းမြစ်.. (မဇ္ဈိမ)
၂၀၁၀ရဲ့ ရွေးကောက်ပွဲဟာ တရားလား မတရားလား ဆိုတာကို လာဖတ်လိုက်ပါ မျက်မမြင် တွေပါမကျန် လိမ်နေကြတဲ့စစ်အုပ်စု...။
မြန်မာနိုင်ငံက မျက်မမြင်လူဦးရေ (၂) သိန်းလောက်ကို နအဖက ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးခိုင်းမယ်၊ တစ်ကိုယ်တည်းသမား မျက်မမြင်တွေဆိုရင် မဲရုံမှူးတွေက ကိုယ်စား ဆောင်ရွက်ပေးမယ်တဲ့။ ဖြစ်ရလေ နအဖရွေးကောက်ပွဲရယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သိန်းစိုး ( နအဖစစ်ဥပဒေချူပ်ရုံးမှာ တာဝန်ယူခဲ့ပြီး ယူနီဖောင်းချွတ် အရပ်ဝတ်နဲ့  ပြည်သူကို မတရားဥပဒေများနဲ့ ဖိနှိပ်ဆက်ဆံနေသော နအဖလက်ပါးစေ ဒုတိယတရားသူကြီးချူပ်) က သန်းရွှေရဲ့  တော်ကောက်ခြင်း ခံရလို့  အရှင်မွေးတော့ နေ့ ချင်းညချင်းဆိုသလို ထင်ပေါ်လာပေမယ့် အရှင်သခင်ရဲ့  ညွှန်ကြားချက်အတိုင်း ဤ သည် မရွေး ပြောပြ လုပ်ပြနေရတာကတော့ အောက်ဖေါ်ပြပါ ဒို့ တာဝန် (၃) ရပ်ပါဘဲ။

နအဖလက်ပါးစေ သိန်းစိုးက ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးကတော့ ၁။ တက်ရောက်ကြသည်၊ ၂။ ဆွေးနွေးမှာကြားသည်၊ ၃။ ရုပ်သိမ်းလိုက်သည် ဆိုတဲ့ (၃) ခုပါဘဲ။
ဒီအစည်းအဝေးတွေက ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်များကတော့ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲ လိမ်ဆင်ကြီး ဇာတ်လမ်းအတွက် မျက်မမြင်တွေဆီကပါ မဲလိမ်ယူကြဦးမှာ ဖြစ်ကြောင်းပါ။
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
02 April 2010
မြန်မာပြည်မှဂန္ဒီဟုတင်စားခံရသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များပါတီဝင်များအားလုံးကိုလေးစားစွာဖြင့်ဦးညွှတ်ပါတယ် NLD
မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော အဖွဲ့ချုပ်ပါတီ၏ အီးစီစုံညီ ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ ပါသည်။
ထိုဆုံးဖြတ်ချက်ကို အဖွဲ့ချုပ် ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟို ကော်မတီဝင် ၁၁၃ဦး တက်ရောက်ခဲ့ ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ် အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြ ရာတွင် အဖွဲ့ချုပ်ပါတီသည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူ လူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွား မည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း အဖွဲ့ချုပ် အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ် နေပြီဟု ကြေငြာ သွားခဲ့ပါသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထား အမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည် ပြောပြရာတွင် သူမအနေနှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-
၁။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
၅။ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
၆။အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။
ထို ဆုံးဖြတ်ချက်သည် အဖွဲ့ချုပ် ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါ သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် အဖွဲ့ချုပ် သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်းသော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် အဖွဲ့ချုပ် အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထားသူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိလျှက်၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီ တညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ အဖွဲ့ချုပ် ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည် လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။
အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင် သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်းစွာဖြင့် ရင်ဆိုင်ကြရုံသာရှိသည်။
တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် အဖွဲ့ချုပ် သည် သူ့အားယုံကြည်စွာ ထောက်ခံခဲ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက် ပြီ ဖြစ်သည်။
နအဖအနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ အဖွဲ့ချုပ်ပါတီ တရပ်လုံးကို ခြေမှုန်း လိုက်သော်မှ ထိုသမိုင်း ဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ အဖွဲ့ချုပ်အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။
မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် အဖွဲ့ချုပ် သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ အဖွဲ့ချုပ်ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ တခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ လူထုများ အတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ်အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။
သို့ဖြစ်ပါ၍ မြန်မာပြည်၏ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများပေါ်တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ကဗျာဆရာကိုစောဝေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် မှကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်က ပြန်လည်လွတ်မြောက်လာ..
၂ဝဝ၈ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က “အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာရေးသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ ကဗျာဆရာကိုစောဝေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်ကပြန်လည်လွတ်မြောက် လာကြောင်းသိရှိရပါတယ်။
ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး ဧပြီလ၁ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။ ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါဘူး။
ကဗျာဆရာကိုစောဝေရဲ့ ဖေဖော်ဝါရီလ ၁၄ကဗျာ
မနေ့က ပြန်လည်လွတ်မြောက်တဲ့ သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးလည်း ပါဝင်ကြောင်းသိရှိရပြီး (၂)ဦးလုံး လွတ်ရက်စေ့ပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ကြောင်းသိရှိရပါတယ်။
သတင်း... ဒီမိုဝေယံ
သတင်း... ဒီမိုဝေယံ
Subscribe to:
Posts (Atom)

.jpg)