10 February 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဒုဥက္ကဌ ဘဘဦးတင်ဦး ပြောကြားသော ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်း။

အလင်းအိမ်မဂ္ဂဇင်း

အလင်းအိမ်မဂ္ဂဇင်း

အလင်းအိမ်မဂ္ဂဇင်း (၅)နှစ်မြောက် ဝတ္ထုတိုပြိုင်ပွဲနှင့် အွန်လိုင်းရသရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း ပြိုင်ပွဲ ..

ပေးပို့ပေးတဲ့ အကိုကြီး ကိုရဲငြိမ်းအား ကျေးဇူးတင်ပါသည်...။
အလင်းအိမ်မဂ္ဂဇင်း (၅)နှစ်မြောက် အထိမ်းအမှတ်အတွက် ဦးစီးကျင်းပမယ့် ဝတ္ထုတိုပြိုင်ပွဲ အတွက် စာမူများကို

ဆရာကြီးမောင်စွမ်းရည်၊
ဆရာကြီးဦးဝင်းဖေ
ကဗျာဆရာအောင်ဝေး
စာရေးဆရာ ထိန်လင်း
တို့မှ အကဲဖြတ်ရွေးချယ်မှာ ဖြစ်တဲ့ အတွက် ဝါသနာရှင်..၊ ကလောင်ရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်..

အဆိုပါ သတင်းနဲ့ အတူ... http://www.thebestnovel.com/ အင်တာနက် စာမျက်နှာမှ ယနေ့ရက်စွဲနဲ့ အွန်လိုင်းရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း အွန်လိုင်း ရသဝတ္ထုတို ပြိုင်ပွဲ ပြုလုပ်မှာဖြစ်ပြီး...

ဆရာကြီးဦးဝင်းဖေ
ဦးဝင်းငြိမ်း(ရွှေအမြုတေမဂ္ဂဇင်း)
ဆရာမခင်ခင်ထူး
ဆရာနေဝင်းမြင့်
ဦးမင်းဒင် 
တို့မှ အကဲဖြတ် ရွေးချယ်ကြမှာ ဖြစ်ကြောင်း ကြေငြာထားပါတယ်.. ။ ပြိုင်ပွဲစည်းကမ်းများနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက..
http://www.thebestnovel.com/ မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်..။

7 Day ဂျာနယ်..

7 Day ဂျာနယ်..

07 February 2011

ရန်ကုန်မြို့လယ်တွင် အဆောက်အအုံအစွန်း ပြိုကျ၍ လူတစ်ဦး သေဆုံး

ရန်ကုန်မြို့မှ သက်တမ်းလွန် အဆောက်အဦးတစ်ခု... (ပုံ Google Search)
သန်းဌေး
01/14/2011 - 18:32
အခင်းဖြစ်ပွားရာအနီးမှာပင်  အဆောက်အအုံပြိုကျ၍   ဆယ်လအတွင်း သေဆုံးသူ  နှစ်ဦးရှိသွားပြီဖြစ်သည်။

ရန်ကုန်မြို့လယ် ၂၉ လမ်းရှိ ဘုံ ဘေဘားမားစာပုံနှိပ်တိုက်ဘေး ကပ်လျက်ရှိ အဆောက်အအုံအ စွန်းပြိုကျသွားသောကြောင့် လက် ဖက်ရည်ထိုင်သောက်နေသူ အမျိုး သမီးကြီးတစ်ဦး သေဆုံးသွား ကြောင်း သတင်းရရှိသည်။

    ဇန်န၀ါရီ ၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပန်းဘဲတန်းမြို့ နယ် အမှတ် (၆)ရပ်ကွက်၊ ၂၉ လမ်း အနော်ရထာလမ်းနှင့် ကုန် သည်လမ်းကြား ဘုံဘေဘားမား စာပုံနှိပ်တိုက်နှင့်ကပ်လျက် ၂၀၁၀ မတ်လက ပြိုကျခဲ့သောအဆောက် အအုံနေရာအနီးရှိ အဆောက်အ အုံအစွန်းပြိုကျရာ လက်ဖက်ရည် ထိုင်သောက်နေသူ ဒေါ်ငြိမ်း(၅၀ နှစ်)ပေါ်သို့ အုတ်နံရံတုံးများပြိုကျ ပြီး အုတ်ကျိုးများကြောင့် ဦးခေါင်း ခွံကွဲ၊ ညာခြေသလုံးကျိုးကာ သေ ဆုံးသွားခြင်းဖြစ်သည်။

    ““မနေ့ မနက်ကတည်းက တစ်နေကုန် မိုးရွာထားတော့ အဲဒီ့နံရံက ရေအိနေပြီး ပြိုကျတာ ဖြစ်နိုင်တယ်။ ၀ုန်းဆိုအသံလည်း ကြားရော ကျွန်တော်တို့လည်း အိမ်ထဲက ပြေးထွက်ကြည့်တော့ အမျိုးသမီးကြီးတစ်ဦးရဲ့ ခေါင်း ပေါ် အုတ်ကျိုးတုံးကြီးပိပြီး သေနေတာတွေ့ရတယ်””ဟု အခင်းဖြစ်သည်ကိုမြင်တွေ့ခဲ့ရသော အခင်းဖြစ်နေရာ မျက်စောင်းထိုး
ရှိ ၂၉လမ်းထဲမှ ရွှေပန်းထိမ်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။
    ယခုပြိုကျသော အဆောက် အအုံစွန်းသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၄ ရက်(တနင်္ဂနွေ)ညနေ ၄ နာရီ ၄၅မိနစ်က ပြိုကျခဲ့သော လမ်း ၃၀ နှင့် ၂၉ လမ်းကြား ကုန် သည်လမ်းပေါ်ရှိ အဆောက်အ အုံနှင့်ကပ်လျက် တစ်ဆက်တည်း ရှိနေသော အဆောက်အအုံဖြစ် ကြောင်းတွေ့ရှိရသည်။ မတ်လ ၁၄ ရက်က အဆောက်အအုံ ဟောင်းပြိုကျခဲ့မှုတွင်လည်း ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်။
    ““ဟိုတုန်းက ပြိုကျတာလည်း တနင်္ဂနွေ၊ အခုလည်း တနင်္ဂနွေ နေ့တွေမို့ တော်သေးတယ်၊ လူ ရှင်းနေလို့။ တခြားရက်တွေဆို လူ တွေ တော်တော်များများထိမှာ။ လက်ဖက်ရည်ဆိုင်ထိုင်သောက် နေကြတာ၊ ခုံတွေစီလို့။ အမြဲတမ်းရှိနေကျပဲ””ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့ သော ၂၉ လမ်းအတွင်းနေထိုင်သူ လူငယ်တစ်ဦးကပြောသည်။

    သေဆုံးသွားသော ဒေါ်ငြိမ်း (၅၀ နှစ်)မှာ ရန်ကုန်မြို့ တစ်ဖက် ကမ်းရှိ ဒလမြို့နယ် တပင်ရွှေထီး ရပ်ကွက် ၅ လမ်းနေသူဖြစ်ပြီး၊ အိန္ဒိယနွယ်ဖွားဖြစ်ကာ အ၀တ် လျှော်သောအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးကပြောသည်။

    ယခုသေဆုံးသူအား ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပြီး၊ သေမှု သေခင်းအမှတ် ၂/၁၁ ဖြင့် ဆက် လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရင်းမြစ်... 7 Day News 

 အရက်ကရေထက် ဈေးပေါလာတဲ့ နောက်မှာ..

6191
“အရက်ဖြတ်လိုသူအချို့ ကုသမှုခံယူလေ့ရှိသည့် စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)ကိုတွေ့ရစဉ်”
ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူ သောက်သုံးနိုင်သည့် အရက်မျိုးစုံ ပေါများလာခြင်းကြောင့် အရက်သောက် သုံးသူဦးရေ မြင့်တက်လာကာ အရက်နှင့် ဆက်စပ်သော ရောဂါများဖြစ် ပွားမှုနှင့်အရက်ကြောင့် ဖြစ်ပွားသော မှုခင်းများ မြင့်တက်လာကြောင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ စုံစမ်းသိရှိရပါသည်။
 ဈေးကွက်ထဲက အရက်တွေ
ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီးနောက်တွင် ပုဂ္ဂလိကပိုင် အရက်ချက်စက်ရုံများ အများအပြားပေါ်ပေါက်လာသလို ဈေးကွက်အတွင်း၌လည်း တံဆိပ်အမျိုးမျိုး၊ အမျိုးအစားအမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးဖြင့် အရက်များ ရောက်ရှိလာကြသည်။ လက်ရှိဈေးကွက် အတွင်း၌ အရက်အမျိုးအစား ရာဂဏန်းနီးပါးရှိနေပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးရာမှ ကျပ်ထောင်ဂဏန်းအတွင်း ရှိနေသည်ဟု သိရသည်။

“အရက်သောက်လွန်းရင် ချေဖျက်ဖို့ ကြိုးစားပေးရတဲ့ အသည်းက အလုပ်ပိုလုပ်ရတယ်။ ချို့ယွင်းဖို့ပိုလွယ်တယ်။ လက်ရှိ လူမှုဝန်းကျင်မှာ ဘီပိုး၊ စီပိုးတို့လို အသည်းရောဂါပိုးတွေ ရှိနေတာများတယ်။ ဒါကြောင့် အရက်နဲ့ အဲဒီရောဂါပိုးတွေပေါင်းပြီး အသည်းက ပိုပျက်စီးဖို့ လွယ်တယ်။ အသည်းရောဂါ၊ အသည်းကင်ဆာဖြစ်တဲ့သူတွေ များလာတယ် . . .”

အရက်ဆိုသည်မှာ အသီးအနှံ တစ်ခုခုမှရရှိသော ကစီဓာတ်နှင့် သကြားဓာတ်တို့ကို ကစော်ဖောက်ခြင်းဖြင့် ရရှိခြင်းဖြစ်ပြီး လူသိများသော အရက်အမျိုးအစားတွင် ဘီယာ၊ ၀ီစကီ၊ ရမ်၊ ဘရမ်ဒီ၊ ၀ိုင်၊ ဂျင်၊  စသည့် အနောက်တိုင်းအရက်များ နှင့် ဒေသအလျောက် ချက်လုပ်သော ခေါင်ရည်၊ ထန်းရည်၊ ဓနိရည်၊ ကောက်ညှင်းအရက်၊ ဆန်အရက် စသည့် အရက်များလည်း ပါဝင်ကြောင်း၊ ထိုအရက်များတွင် အရက်ပါဝင်မှုပမာဏနှင့် အရက်မဟုတ်သည့် ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်မှု အနည်းအများကွာခြားနိုင်ကြောင်း နှင့် လူအများသောက်သုံးလျက်ရှိသည့် အထက်ဖော်ပြပါအရက် အမျိုးအစားများသည် အီသိုင်း အယ်လ်ကိုဟော(Ethyl Alcohol) သို့မဟုတ် Ethnol (CH3, CH2 OH) ဖြစ်ကြောင်း ပညာရှင်များထံမှ သိရှိရပါသည်။
ထို့ပြင် အရက်သည် စွဲလမ်းစေနိုင်သော ဂုဏ်သတ္တိရှိသည့်အပြင် အရက်သောက်သုံးပြီး အချိန်ခဏ အတောအတွင်း ဦးနှောက်ကို လှုပ်ဆွခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကနဦး အချိန်တွင် စိတ်ပျော်ရွှင်စေခြင်း၊ များသွားသည့်အချိန်တွင် စိတ်လေးလံစေခြင်း၊ ငိုက်မြည်းစေခြင်း၊ ပုံမှန်မဟုတ်သည့် စိတ်ငြိမ်ကျမှုရှိခြင်း၊ ထုံထိုင်းစေခြင်း၊ ကိုယ်လက်လေးလံလာစေခြင်း၊ အစပိုင်းတွင် အိပ်ပျော်စေသကဲ့သို့ ရှိသော်လည်း နောက်ပိုင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေခြင်း စသည့်အနေအထားတို့ ဖြစ်ပေါ်စေကြောင်း၊ သောက်သုံးလိုက်သော အရက်သည် ကိုယ်ခန္ဓာအတွင်းရှိ အရည်စနစ်သို့ပျံ့နှံ့ရောက်ရှိသွားနိုင်ပြီး ကလာပ်စည်းများ၏ ဇီဝကမ္မဖြစ်စဉ်အပေါ် အနှောင့်အယှက် ဖြစ်စေပြီး ဦးနှောက်၊ အသည်း၊ ဗဟို နာပ်ကြောစနစ်၊ အစာအိမ်၊ အူလမ်းကြောင်းတို့ကို ထိခိုက်ပျက်ယွင်းစေနိုင်ကြောင်း ကျန်းမာရေးပညာရှင် များက ရှင်းပြခဲ့ပါသည်။
"ဈေးကွက်ထဲမှာ အရက်ပြင်းတွေများနေသလို ဘီယာကိုလည်း အရက်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။ ဘီယာထဲမှာပါဝင်တဲ့ အရက်ပမာဏပေါ်မူတည်ပြီး သတ်မှတ်ရပါမယ်။ ဘီယာမှာ ပါဝင်တဲ့အရက် ပမာဏက ၁၂ ရာခိုင်နှုန်းထက်ပို ပါရင် အရက်ပါပဲ။ ဈေးပေါပေါ၊ ဈေးကြီးကြီး အလွန်အကျွံသောက်ရင်တော့ အရက်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားကြရမှာပါ" ဟု အထွေထွေ ရောဂါကုဆရာဝန်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းလွင်သိန်း က ပြောကြားခဲ့ပါသည်။
 ဘာကြောင့် အရက်သောက်ကြတာလဲ
မြန်မာနိုင်ငံတွင်  ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးအရ အရက်သောက်ခြင်းမှာ ငါးပါးသီလကို ဖောက်ဖျက်ခြင်းကြောင့် အရက်သေစာသောက်သုံးမှုကို အထူးရှောင်ကြဉ်လေ့ရှိသလို မြန်မာ့လူမှု အသိုင်းအ၀ိုင်းတွင်လည်း အရက်သမားဆိုသည်မှာ လူအများ၏ ကဲ့ရဲ့ခံရလေ့ရှိခြင်းကြောင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်လေ့ရှိကြသည်။
သို့သော် ပြောင်းလဲလာသော လူနေမှုအကျင့်စရိုက်များ၊ ပြည်ပမှ ယဉ်ကျေးမှုဓလေ့များ ကူးစက်လာ ခြင်းကြောင့် အရက်သောက်သုံးခြင်း မှာ ထူးဆန်းသောအရာဟုမမြင်ကြ တော့ဘဲ ကြီးငယ်မရွေးအရက်သောက် သုံးသောအလေ့အကျင့် ရရှိလာကြသည်။ ထို့အပြင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အခြေခံ လူတန်းစားများအတွက် အရက်သောက်ခြင်းသည် ထွက်ပေါက်သဖွယ် ဖြစ်လာခြင်းတို့ကြောင့် အရက် သောက်သုံးမှု မြင့်တက်လာရကြောင်း လေ့လာသူတို့က ဆိုကြသည်။
"အခြေခံလူတန်းစားတွေ အထူးသဖြင့် လက်လုပ်လက်စားတွေက အရက်ကိုပင်ပန်းမှုအကြောင်းပြပြီး သောက်သုံးလေ့ရှိပါတယ်။ အထူးသဖြင့် လယ်ထဲကိုင်းထဲဆင်းရတဲ့သူ တွေဆိုရင်အရက်ကို ဆေးဖြစ်ဝါးဖြစ် ဆိုပြီး သောက်ကြလေ့ရှိပါတယ်။ အဲဒါကြောင့် နယ်တွေမှာ အရက်က စပြီးဖြစ်ရတဲ့ မှုခင်းတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်တာတွေ့ရပါတယ်။ မြို့ပေါ်မှာတော့ အရက်အလွန်အကျွံသောက်လို့ စိတ်ရောဂါ၊ အသည်း ရောဂါနဲ့တခြားရောဂါတွေ ဖြစ်ပွားမှု နှုန်းများပါတယ်"ဟု အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးကပြောပါသည်။

“အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှုရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့ အာရုံတွေကြားရတာ၊ အာရုံကြောတွေ ထုံထိုင်းတာ၊ မှတ်ဥာဏ်ချို့ယွင်းတာ စတာတွေဖြစ်နိုင် . . .”

 ခန္ဓာကိုယ်ရဲ့အရက်ဒဏ်ခံနိုင်ရည်
ခန္ဓာကိုယ်၏ ခံနိုင်စွမ်းရည် အနေအထားအရ အရက်ကိုအလွန် ကျွံသောက်၍ ဖြစ်စေ၊ အရက်ကို စွဲလန်းစွာ နှစ်ရှည်လများသောက်သုံးလျှင်ဖြစ်စေ ခံနိုင်စွမ်းရည်မရှိကြောင်း သိရပါသည်။
"အရက်ကို အလွန်အကျွံ သောက်လို့ပဲဖြစ်ဖြစ်၊ စွဲစွဲလမ်းလမ်း သောက်သုံးလို့ပဲဖြစ်ဖြစ်  အသည်း ရောဂါအပြင် အစာအိမ်ရောဂါ၊ ပါးစပ်နဲ့လည်ချောင်းရောဂါတို့အပြင် ကင်ဆာအထိဖြစ်နိုင်ပါတယ်။ တခြား စိတ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် အရက်သောက်ပြီးပြီ ဆိုရင် အရက်ကိုပြင်ပကိုပြန်စွန့်ထုတ်နိုင်ဖို့ သွေးအရည်ကြည်နဲ့ အသည်းတို့က ချေဖျက်ရတယ်။ အဲဒီနောက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် နှာခေါင်းနဲ့ ဆီးကနေ အပြင်ကို ပြန်ထွက်စေပါ တယ်။ ဒါပေမယ့် အယ်လ်ကိုဟော ၂ ရာခိုင်နှုန်းလောက်ပဲ အပြင်ကို ပြန်ထွက်နိုင်ပြီး ကျန်တာတွေက ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့ပါတယ်။ အရက် သောက်လွန်းရင် ချေဖျက်ဖို့ကြိုးစား ပေးရတဲ့အသည်းက အလုပ်ပိုလုပ်ရတယ်။ ချို့ယွင်းဖို့ပိုလွယ်တယ်။ လက်ရှိ လူမှုဝန်းကျင်မှာ ဘီပိုး၊ စီပိုး တို့လို အသည်းရောဂါပိုးတွေ ရှိနေတာများတယ်။ ဒါကြောင့် အရက်နဲ့ အဲဒီရောဂါပိုးတွေပေါင်းပြီး အသည်း က ပိုပျက်စီးဖို့လွယ်တယ်။ အသည်း ရောဂါ၊ အသည်းကင်ဆာဖြစ်တဲ့သူ တွေများလာတယ်"ဟု ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က ရှင်းပြခဲ့သည်။
"အရက်ကို သောက်ကြတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိနိုင်ပါ တယ်။ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းကြောင့်၊ စိတ်ခံစား ချက်ကြောင့် စသဖြင့်ရှိနိုင်တယ်။ အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှု ရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ၊  စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တွေဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ အရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့အာရုံတွေကြားရတာ၊ အာရုံ ကြောတွေ ထုံထိုင်းတာ၊ မှတ်ဥာဏ် ချို့ယွင်းတာ စတာတွေဖြစ်နိုင်တယ်။ အရက်သောက်လို့ စိတ်ဖိစီးသလို စိတ်ဖိစီးမှုကြောင့် အရက်သောက်ဖြစ်တာလည်း ရှိနိုင်တယ်။ အရက်သောက် သုံးသူတချို့မှာ စိတ်ဓာတ်ကျတဲ့ ရောဂါမျိုးစွဲကပ်တတ်တယ်။ လက်တွေ့နဲ့မလျော်ညီတဲ့ အတွေးမျိုး ၀င်တာလည်းရှိနိုင်တယ်။ ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေ၊ နာကျင်မှုတွေကို အခုအသက်အရွယ် အထိ စုစည်းသယ်ဆောင်လာပြီး အရက်ကို အသုံးချပြီး ဖြေသိမ့်တတ်ကြတယ်။ ဒါပေမယ့် အရက်ကြောင့် တချို့ခံစားမှုတွေပိုတိုးလာနိုင်တယ်။ အရက်ကိုအလွန်အကျွံ သောက်သုံးရင် အလုပ်အကိုင်ထိခိုက်နိုင်တယ်၊ အလုပ်မလုပ်နိုင်ရင် ၀င်ငွေကျဆင်းမယ်။ မိသားစုအပါအ၀င် အသိုင်းအ၀ိုင်းတွင်းမှာ ပြဿနာဖြစ်နိုင်တယ်၊ လူမှုစီးပွားဘ၀ ပျက်ယွင်းစေနိုင်တယ်" ဟု စိတ်ပညာပါမောက္ခ ဒေါက်တာ ဒေါ်ခင်အေးဝင်းက ဆိုပါသည်။
"အရက်သောက်ရင်ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေပါတယ်။ နည်းနည်းပဲသောက်မယ်ဆိုရင် နှလုံးသွေးကြောကို ပွင့်စေပါတယ်။ ဦးနှောက် သွေးကြောပိတ်တာကို ကောင်းစေပါတယ်။ အတိုင်းအတာနဲ့ သောက်သင့်ပါတယ်  နိုင်ငံတကာသတ်မှတ်ချက် တွေကတော့အမျိုးသားဆို တစ်ပတ် ကို ၂၁ ယူနစ်၊ အမျိုးသမီးဆို တစ်ပတ်ကို ၁၄ ယူနစ်သောက်ရင် ကျန်းမာရေးအတွက် အထောက်အကူ ပြုစေပါတယ်။ တစ်ယူနစ်မှာ ရှစ်ဂရမ် ပါရှိပါတယ်။ ဒီထက် ပိုရင်တော့ အရက်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ပမာဏများများ သောက်ရင် ခေါင်းကနေခြေထောက် အထိ ရောဂါတွေခံစားရပါမယ်"ဟု ကျန်းမာရေးပညာရှင်တစ်ဦးက ပြော ကြားပါသည်။
 အရက်ရဲ့နောက်ဆက်တွဲဆိုးကျိုးများ
မြန်မာနိုင်ငံတွင် အရက်ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများအရ ရှောင်ကြဉ်ရမည့် အရာတစ်ခုအဖြစ် သတ်မှတ်ထားကြသော် လည်း အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးသူများ အများအပြားရှိ နေသည့်အပြင် ကောင်းကျိုးဆိုးကျိုး သိမြင်မှုအားနည်းနေသေးသော ဆယ်ကျော်သက်အရွယ်များနှင့် နှစ်ဆယ်ကျော်လူငယ်များလည်း သောက်သုံးမှု ရှိနေကြောင်း သိရှိရသည်။ အရက်ကြောင့် ဖြစ်ပွားသော လူမှုစီးပွား ပြဿနာများ အများအပြားဖြစ်ပေါ် လာသည့်အတွက် နိုင်ငံအချို့တွင် အရက်သောက်သုံးရမည့် အနိမ့်ဆုံး အသက်အရွယ်၊အရက်ဝယ်ယူခွင့်ပြု သည့်ပမာဏ၊ အရက်သောက်သုံးခွင့် ပြုသည့်အချိန် အတိုင်းအတာစသည် တို့ကို သတ်မှတ်လာရကြောင်း   သိရပါသည်။
"အရက်အမျိုးမျိုး ရှိသလို သောက်သုံးသူလည်း အမျိုးမျိုး ရှိပါတယ်။ အရက်ကြောင့် လူမှုရေး ပြဿနာတွေ၊ မိသားစုပြဿနာတွေ ရှိလာနိုင်တယ်။ တခြားဖက်မှာလည်း  လူတွေရဲ့ လူမှုစီးပွားအဆင်မပြေမှု တွေ၊ နစ်နာမှုတွေ၊ နာကြည်းမှုတွေ၊ ဖိစီးမှုတွေကြောင့်အရက်ကိုပိုသောက် လာကြတာလည်းဖြစ်နိုင်တယ်။ မိဘ က သားသမီးကို စည်းကမ်း၊ ယဉ် ကျေးမှု စတာတွေနဲ့ မှန်ရာလမ်း ကြောင်းကို သိမ်းသွင်းပေးသလို အချိန်ပိုပေးတာမျိုးလုပ်ရမယ်။ အရွယ် အမျိုးမျိုး အလုပ်အကိုင်အမျိုးမျိုး လုပ်နေကြတဲ့ လူငယ်လူရွယ်တွေရဲ့ ဘ၀အဆင်မပြေမှုတွေ လျော့နည်း သွားအောင်လည်း လူမှုပတ်ဝန်းကျင်က ကူညီပံ့ပိုးပေးနိုင်ဖို့လိုတယ်။ အဓိကက Peer Pressure ပါ။ ကိုယ့် ရဲ့ပတ်ဝန်းကျင်က လူတွေအရက်သောက်ရင် လိုက်ပြီးအရက်သောက် တတ်တယ်။ ဒါကို ခုခံတားဆီးနိုင်ဖို့ ခက်ခဲတတ်တယ်။ ဒါကြောင့်မကောင်းတဲ့ဘက်ကို လမ်းမလွဲနိုင်အောင် လုပ်နိုင်တဲ့အခြေအနေမျိုးရှိဖို့ လိုတယ်" ဟု ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က သုံးသပ်သည်။
"အရက်သောက်တာကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ ဘာသာရေးတွေ အကုန် ထိခိုက်နိုင်ပါတယ်။ နောက်ပြီး အရက် သောက်တာကြောင့် ကားတိုက်မှု တွေ၊ ဆိုင်ကယ်တိုက်မှုတွေလို ထိမိ ခိုက်မိ၊ ထိခိုက်ဒဏ်ရာရရှိမှုနှုန်းတွေလည်း မြင့်တက်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုးကျိုးတွေကို ပြောရရင်စိတ်ကစဥ့်ကလျားဖြစ်တာ တွေကနေ နောက်ဆုံး ကိုယ့်ကိုယ် ကိုယ်သတ်သေချင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အရက်စွဲပြီး ကိုယ့် ကိုယ်ကိုယ်သေကြောင်းကြံတဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။ အရက်သောက်တာများလာပြီး ဦးနှောက်ကိုထိခိုက်လာမယ်။ ရောဂါ စဖြစ်ချိန်မှာ ဦးနှောက်ကပွလာမယ်။ အတွေးလွန် ပြီး ရူးချင်ထိတဲ့အထိ၊ ရူးသွားတဲ့ ဖြစ်ရပ်တွေရှိနိုင်ပါတယ်။ လူငယ် တွေမှာလည်း အရက်သောက်သူတွေ များလာပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ အရက်သောက်ရင် မြန်မြန်ရောဂါ ဖြစ်ပြီး မြန်မြန်သေဆုံးမယ်။ အရက် ကြောင့်ဖြစ်မယ့် ဘေးထွက်ဆိုးကျိုး တွေကိုလည်းသိစေချင်ပါတယ်။လူမှု ရေးပိုင်းအရပြောရရင် အိမ်ထောင် ပြိုကွဲတာ၊ အလုပ်ပြုတ်တာ၊ အထီးကျန်ဆန်တာ၊ ဆင်းရဲတာ၊ အိမ်ရာ ဆုံးရှုံးတာတွေဖြစ်နိုင်တယ်။ အရက်ကြောင်ကြတာကလည်း အရက် သောက်တာများပြီး ဦးနှောက်ထိခိုက်ပြီး ကြောင်သွားတာပါ"ဟု အထူးကု ဆရာဝန်တစ်ဦးက ထင်မြင်ချက်ပေး ပါသည်။
ထို့အပြင် စိတ်ကျန်းမာရေး ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာ ဦးထွန်းနေအောင်က "အရက်ကို ပျော်ရွှင်လို့သောက်ကြသလို၊ စိတ် ညစ်လို့ စိတ်ဓာတ်ကျပြီး စိတ်ထွက် ပေါက်တစ်ခုလို့သတ်မှတ်ပြီး သောက် ကြတာတွေရှိတယ်။ အရက်ကြောင့် ဦးနှောက်က အသိဥာဏ်ကင်းမဲ့ပြီး စိတ်ဓာတ်ကျလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာတွေရှိသလို စိတ်တက်ကြွပြီး ပတ်ဝန်းကျင်မှာရှိတဲ့သူ တွေကို အန္တရာယ်ပေးတဲ့ ဖြစ်ရပ်တွေ လည်း ရှိတယ်"ဟု ရှင်းပြပါသည်။
"အရက်ကို သောက်သုံးတဲ့ အရွယ်အမျိုးမျိုးမှာ ဆယ်ကျော်သက် အရွယ်သောက်တာ အန္တရာယ်အများဆုံးပဲ။ ဆယ်ကျော်သက်အရွယ်ရဲ့ ဦးနှောက်က ကြီးထွားဖွံ့ဖြိုးနေတဲ့ အာရုံကြော အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအခြေအနေမှာအရက်သေစာ အပါ အ၀င်မူးယစ်ဆေးတွေကြောင့် တစ်စုံတစ်ရာထိခိုက်သွားမယ်ဆိုရင် အများ ကြီးနစ်နာနိုင်တယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် အရက် သောက်သုံးသူတွေမှာ မှတ်ဥာဏ်နဲ့ သင်ယူမှုအမျိုးမျိုးတို့ စွမ်းဆောင်ပေးနေတဲ့ ဟစ်ပိုကင်းပတ် (Hippo-campus) ကို ထိခိုက်စေပါတယ်။ ဆယ်ကျော်သက်အရွယ်တွေရဲ့ ခံနိုင်ရည်အရ လူရွယ်နဲ့လူကြီးတွေထက် အဆအများကြီး ပိုပျက်စီးစေတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ် တွေ အရက်နဲ့မူးယစ်သေစာတွေ လုံးဝ မသောက်သုံးသင့်ဘူး"ဟု စိတ်ရောဂါကုဆရာဝန်တစ်ဦးက ထင်မြင်ချက်ပေးခဲ့ပါသည်။

အရက်ကြောင့် ဖြစ်ပေါ်သော ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် စီးပွားရေး၊ လူမှုရေး အနေအထား ပျက်ယွင်းမှုကြောင့် အရက်သောက်သုံးမှုကို စွန့်လွှတ်နိုင်ရန် ကြိုးစားသူများလည်း အများအပြားရှိနေကြောင်း သိရပါသည်။

"အရက်ဖြတ်တဲ့အချိန်မှာ ၄၈ နာရီကနေ ၇၂ နာရီအတွင်း သေ ချာဂရုစိုက်ရပါမယ်။ ရေရှည်စီမံ ကိန်းနဲ့သွားရပါမယ်။ အရက်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေကိုလည်း ကုသ ရတာများပါတယ်။ အရက်ဖြတ် ကြမယ်ဆိုရင် အရက်ဖြတ်မယ့်သူရဲ့ ယုံကြည်ချက်၊ တကယ်ဖြတ်ချင် စိတ်ရှိဖို့ လိုအပ်ပါတယ်။ အတင်း ဖြတ်ရင် ပြန်သောက်မှာပါပဲ။ တစ်ဦး ချင်းစီရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ပေါ် မူတည်ပြီး မြန်မြန်ပျက်တာနဲ့ ကြာ တာကွာမယ်။ အရက်ဖြတ်မယ်ဆို လည်း တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး စနစ်တကျဖြတ်သင့်ပါတယ်။ ကိုယ်တိုင်ဖြတ်မယ်ဆိုရင် အရက်ဖျက်နေစဉ်အတွင်း ခံစားရမယ့် ရောဂါတွေကြောင့် သေနိုင်ပါတယ်။ စနစ်တကျမဖြတ်လို့ သေတာတွေ လည်းရှိပါတယ်။ အရက်ဖြတ်နေစဉ် အတွင်းမှာ စိတ်ကယောက်ကယက် ဖြစ်မယ်။ လက်တွေတုန်မယ်။ ဆိုးကျိုးတွေကတော့ အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းသူတွေနဲ့ စနစ်တကျ ဖြတ်သင့်ပါတယ်"ဟု အထွေထွေရောဂါကု ဆရာဝန်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးဝင်းလွင်သိန်းက ပြောပါသည်။
 အရက်ကြောင့်ဖြစ်တဲ့မှုခင်းများ

အရက် မဆင်မခြင် သောက်သုံးခြင်းနှင့်အတူ စိတ်ခံစားမှုများကို အသိတရားနှင့် ထိန်းကွပ်နိုင်ခြင်း မရှိတော့ဘဲ ရာဇ၀တ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့ရသည်။
တစ်နိုင်ငံလုံး၌ဖြစ်ပွားခဲ့သော  လူသတ်မှုများထဲတွင် အရက်ကြောင့် ဖြစ်ပွားသော လူသတ်မှုများ ပါဝင်နေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၉ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့ သည့်လူသတ်မှု ၇၅ မှုတွင် အရက် ကြောင့် ဖြစ်ပွားမှု ရှစ်မှု ပါဝင်နေ သဖြင့် အရက်ကြောင့် လူသတ်မှုဖြစ်ပွားနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော်ရှိ သည်ဟုတွက်ဆနိုင်သည်။

အရက်ကြောင့်ဖြစ်ပွားသည့် မှုခင်းများနှင့်ပတ်သက်၍ အငြိမ်းစား အမှုလိုက် ရဲအရာရှိတစ်ဦးက "အရက်မူးပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်တာကအစ အရက်အလွန် အကျွံသောက်ပြီး အရက်ကြောင်ရာ ကနေ ကိုယ့်ကိုယ်ကိုသတ်သေတာ မျိုးတွေအထိ ကြုံဖူးပါတယ်။ ပြီးတော့ အရက်မူးပြီး ရထားသံလမ်း ပေါ်မှာအိပ်တာကနေ ရထားကြိတ် သေတာတွေ၊ မူးပြီးရေဆင်းကူးတာ ကနေ ရေနစ်သေတာတွေအများကြီး ကြုံဖူးပါတယ်။ တချို့မုဒိမ်းမှုတွေမှာလည်း အရက်ရဲ့စေ့ဆော်မှုကြောင့် ဖြစ်တာတွေပါနေတာလည်း ကြုံခဲ့ ဖူးပါတယ်။ လူသတ်မှုဖြစ်စဉ်တစ်ခုမှာဆို အရက်မူးပြီးလူစိတ်မရှိတော့တဲ့ လူတစ်ယောက်က သူ့အစ်မရယ်၊ တူမရယ်၊ တူမရဲ့ကလေးရယ်ကို  သတ်တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။ ဒီလိုပဲ အရက်ကြောင်ပြီး အိမ်ကိုမီးရှို့တာ မျိုးလည်းရှိခဲ့ပါတယ်။ အရက်တစ်ခုတည်းကြောင့် ရာဇ၀တ်မှုတွေ ဖြစ်ပွားတာတော့ မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုကြောင့်လည်းပါပါတယ်။  တချို့လူတွေအနေနဲ့ မကောင်းတာ တစ်ခုခု ရာဇ၀တ်မှုတစ်ခုခုလုပ်တော့မယ်ဆိုရင် အရက်သောက်ပြီး ရဲဆေးတင်တာမျိုး လုပ်တတ်ကြပါတယ်။ ရာဇ၀တ်မှုဖြစ်ပွားရာ အားလုံးရဲ့ တရားခံဟာ အရက်လို့ ပြောလို့မရပေမယ့် အရက်ကြောင့် ရာဇ၀တ်မှု အတော်များများ ဖြစ်ပွားခဲ့တာကိုတော့ လက်ခံရမှာဖြစ်ပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

အရက်ကြောင့် သူတစ်ပါးနှင့် မိမိကိုယ်ကိုယ်ကို ထိခိုက်စေသော  မှုခင်းများ ဖြစ်ပွားတတ်သကဲ့သို့ အရက် အမူးလွန်ကာ မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်တော့ဘဲ သေမှုသေ ခင်းဖြစ်ပွားခဲ့သည်များလည်း ရှိခဲ့ သည်။ အရက်ကြောင့်သေမှုသေခင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၀ ပြည့်နှစ် မေလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်တိုးချဲ့(၂/၁) ရပ်ကွက်၊ မြနန္ဒာလမ်းဘေးတွင် လူတစ်ဦးသေဆုံးနေပြီး သေဆုံးသူသည် အသက် ၅၂ နှစ်ရှိ ကျပန်း အလုပ်သမားအမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ယင်းနေ့ ညနေ ၄ နာရီခွဲ အချိန်တွင် အရက်အလွန်အကျွံမူးပြီး အိပ်နေရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြင်ပဒဏ်ရာမတွေ့ရှိရ ကြောင်းနှင့် ထောက်ကြန့်ရဲစခန်းက သေမှုသေခင်းအမှတ် ၄/၂၀၁၀ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
ထိုပြင် အရက်သောက်စား မူးယစ်ပြီး စက်တပ်ယာဉ်များ မောင်းနှင်သဖြင့် လူအသေအပျောက် များပြားသည့် ယာဉ်မတော်တဆဖြစ်ပွားမှု များရှိခဲ့ခြင်း၊ အရက်မူးအရှိန်ပြင်း မောင်းနှင်သဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ များပြားခြင်းတို့ ကြောင့် သက်ဆိုင်ရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်သူများက ယခုအခါတွင် ယာဉ်မောင်းနှင်သူများကို အရက်မူးတိုင်းကိရိယာများဖြင့် ရှောင်တခင်စစ်ဆေးမှု များလည်းပြုလုပ်နေရကြောင်း သိရှိ ရပါသည်။

မည်သို့ပင်ဖြစ်စေ ဈေးကွက်အတွင်းရှိ ဈေးချိုပြီး အလွယ်တကူ ၀ယ်ယူသောက်သုံးနိုင်သော အရက် များ များပြားပျံ့နှံ့လာခြင်း၊ လူကို ဘေးဥပဒ်ဖြစ်စေသော စံမမီအရက် များရှိနေခြင်း၊ အခြေခံလူတန်းစား အတော်များများ၏တန်ဖိုးနည်း ဖျော်ဖြေရေး စိတ်ထွက်ပေါက် တစ်ခုအတွက်ပဲဆိုဆို၊ အသက်အရွယ် အမျိုးမျိုး သောက်သုံးနေခြင်းများ ရှိနေရာ အရက်၏နောက်ဆက်တွဲ ဆိုးကျိုးများအတွက် သတိပြုစရာ ဖြစ်လာနေပြီ ဖြစ်ပါသည်။ အထူးသဖြင့် အရက်က ရေသန့်ထက် ဈေးပေါလာသည့်နောက်မှာတော့ . . .။

ရင်းမြစ်... (New Eleven Journal)

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ ၆၄-ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ)

ဓာတ်ပုံ တိုကျို ဦးသန်းဝင်း.....

06 February 2011

The Voice ဂျာနယ် 7-9

The Voice ဂျာနယ် 7-9

ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း “We are now in a crisis: the military government is getting stronger”


ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် သုံးပွင့်ဆိုင်စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး အပါအ၀င် ဒုတိယပင်လုံညီလာခံကြီးအား ယုံကြည်စွာ ပူးပေါင်း ပါဝင်ထောက်ခံရေးတို့ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုကို မိတ်ဆွေကောင်းစာကြည့်တိုက် (The Best Friend)မှ သဘောတူညီစွာ ထောက်ခံခဲ့ပါသည်။

မိတ်ဆွေကောင်းစာကြည့်တိုက် (အမေး)
ဒုတိယပင်လုံညီလာခံကြီးကို တိုင်းရင်းသားများ ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့အစည်း ဘယ်လောက်များများက ဘယ်အတိုင်းအတာ အထိထောက်ခံ နေကြတယ်ဆိုတာကို ဆရာကြီး အနေနဲ့ သိပါသလား… ?

ဆရာကြီး ဦးဝင်းတင် (အဖြေ)
တိုင်းရင်းသားအများစုကတော့ ဒုတိယပင်လုံညီလာခံကြီးအကြောင်းကို အတော်လေးပဲ စိတ်ဝင်တစားနဲ့ အားတက်သရော ကျွန်တော့်ကို ဆက်သွယ် မေးမြန်းကြပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့နဲ့ သူတို့က ပုံမှန်ဆက်သွယ်မှု အနည်းငယ်လေးတောင် မရတဲ့အတွက် ဘယ်လောက် ထောက်ခံပါတယ် ဆိုတာကို အတိအကျ ပြောဖို့ကျတော့ ကျွန်တော်လည်း မသိနိုင်သေးပါဘူးခင်ဗျာ။

အမေး၊ ၊ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ်ပဲအားတက်သရော တညီတညွတ်တည်း ပူးပေါင်းပါဝင်ကာ ထောက်ခံကြလိမ့်မယ်လို့ ဆရာကြီးထင်ပါသလား….?

အဖြေ၊ ၊ ဟုတ်ကဲ့ အမှန်ပါပဲ သိပ်ကို သေချာတာပေါ့ဗျာ။ အခု ကျွန်တော်တို့ဟာ မြောက်ပိုင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနဲ့ ကချင်တိုင်းရင်းသားများဆီမှ အဆက်အသွယ်တွေ ရရှိထားပါတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကိုလည်း ကျွန်တော်တို့ရရှိ ထားပါတယ်။ အဲဒီအချက်တွေဟာ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ့်ကိုအားတက်သရော တညီတညွတ်တည်းပူးပေါင်းပါဝင်ကာ ထောက်ခံနေကြတယ်ဆိုတာ ကိုဖော်ပြနေကြတာပဲလို့ ယူဆပါတယ် ခင်ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံ ညီလာခံကြီးကို မထောက်ခံကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အနည်းငယ်ကို ဆရာကြီးအနေနဲ့ ပြောပြလို့ရနိုင်ပါသလား။ ဘာကြောင့် သူတို့အနေနဲ့ ပူးပေါင်းပါဝင် ထောက်ခံချက် မပြုလုပ်နိုင်ကြတာလဲ ဆိုတာကိုပါ သိပါရစေ။

အဖြေ၊ ၊ တိုင်းရင်းသားအများစုကတော့ ထောက်ခံကြပါတယ်။ ဒါပေမယ့်လည်း န.အ.ဖ စစ်အာဏာရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြပြီး အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသားများ၊ ရှမ်းတိုင်းသားများ နဲ့ ရခိုင်တိုင်းရင်းသားများကတော့ မထောက်ခံချင် ကြဘူးပေါ့ဗျာ။ အခုလည်း သူတို့က ပါလီမန် ထဲရောက်နေကြပြီလေ။ အဲဒီတော့ သူတို့အနေနဲ့က ဘာမှကို ထောက်ခံချင်မှာ မဟုတ်တော့ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ကို ရခိုင်အဖွဲ့အစည်းတခုက ဒီလိုပြောသေးတယ်ဗျာ ´´သူတို့က ဒုတိယပင်လုံညီလာခံကြီးကို ထောက်ခံမယ်။ သို့သော် သူတို့က ပါလီမန်အတွင်းမှာပဲ ဆွေးနွေးချင်တယ်။ အပြင်မှာဆိုရင်တော့ မထောက်ခံနိုင်ဘူး´´ တဲ့ခင်ဗျ။

အမေး၊ ၊ အခြားအတိုက်အခံပါတီများနှင့် အတူ န.အ.ဖစစ်အစိုးရကို စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်မယ့် စားပွဲခုံကို ရောက်လာပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအများစုရဲ့ ထောက်ခံချက် ဘယ်လောက်အထိ လိုအပ်တယ်ဆိုတဲ့အကြောင်း အနည်းငယ်လောက် ပြောပြပေးနိုင်မလား။

အဖြေ၊ ၊ အဲဒါကတော့ ကျွန်တော်တို့ တစ်တွေဟာ ဘယ်လို သွေးစည်းကြပြီး ဘယ်လောက်တောင် စည်းလုံးညီညွတ်မှု ရှိကြတယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီစစ်အစိုးရရဲ့ တုန့်ပြန်မှုကိုပဲ စောင့်နေကြတာပါ။ အခုထိတော့ သူတို့က ဘာမှမပြောကြသေးပါဘူး။ သူတို့ဟာ ကျွန်တော်တို့တစ်တွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ရင်း နှုတ်ဆိတ်စွာနဲ့ ငြိမ်သက်နေကြဆဲပါပဲ။ အဲဒီတော့ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေး စားပွဲဆီကို သူတို့ဘယ်လိုရောက်လာလိမ့်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ သေချာတာကတော့ ကျွန်တော်တို့တစ်တွေ သွေးစည်းကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ အထူးကို လိုအပ်လှပါတယ်။ ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုပြီး ထောက်ခံမှုတွေကိုလည်း ဒီထက်ကိုပိုပြီးတော့ လိုအပ်နေပါသေးတယ်။ အဲဒါတွေ ကျွန်တော်တို့ဘက်က ပြည့်စုံလာတဲ့အခါ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေးစားပွဲဆီကို သူတို့ရောက်လာပါလိမ့်မယ်။ ဒါကလည်း အတော်လေးကို စောလွန်းပါသေးတယ်။ စစ်အစိုးရဟာ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ နေလိမ့်မယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုတည်း ရှိပါတယ်။ ပြီးတော့ သူတို့ဟာ အစိုးရအဖွဲ့အစည်းဖြစ်တယ်။ အစိုးရသစ်ဟာ စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေးစားပွဲဆီသို့ လာနိုင်အောင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရမယ်။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး စစ်အစိုးရဆီက ဘာသံမှမကြားရသေးပါဘူး။ ပါလီမန် ဒါမှမဟုတ် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆီမှ ဒုတိယပင်လုံညီလာခံအပေါ် ဘယ်အချိန်မှာ တုန့်ပြန်မှုရနိုင်မလဲလို့ ဆရာကြီးအနေနဲ့ မျှော်လင့်ပါသလဲ။

အဖြေ၊ ၊ ကျွန်တော့်အထင်ပြောရရင် ဘယ်အချိန်ဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။ ပထမဦးဆုံး ပါလီမန်အစည်းအဝေးမှာ အတိုက်အခံပါတီတွေနဲ့ ဘယ်အချိန်မှာ ဆွေးနွေးချင်တဲ့ အကြောင်းကို အနည်းငယ်လောက်တော့ အသိပေးလိမ့်မယ် ထင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ တစ်ဆင့်ပြီးတစ်ဆင့် တကယ့်ကိုစစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်လာအောင် ဖိအားပေးရမယ်။ ပြီးတော့ စစ်မှန်ပြီး ထိရောက်မှုရှိတဲ့ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ရလာတဲ့အထိတော့ ကြိုးစား သွားရမှာပေါ့ဗျာ။

အမေး၊ ၊ အကယ်၍ စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ပဲ ငြင်းပယ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဒုတိယပင်လုံညီလာခံ ကျင်းပရေးကို ခွင့်မပြုဘူးဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်လက်ပြီးလုပ်ဆောင် သွားမယ်ဆိုတဲ့ နောက်ထပ် နည်းလမ်းတွေများရှိရင် သိပါရစေ။

အဖြေ၊ ၊ သူတို့ တကယ်ပဲတွေ့ဆုံ ဆွေးနွေးရေးကို ငြင်းပယ်လိုက်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ နောက်တစ်ကြိမ် အစကနေပြီး ပြန်လုပ်ရလိမ့်မယ်။ စစ်အစိုးရမပါဝင်ပဲနဲ့ ကျွန်တော်တို့ဟာ သီးသန့်ကြီး ဘာမျှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ပါလီမာန်ကို ထိန်းချုပ်ထားနိုင်တဲ့ စစ်အစိုးရဟာ အင်မတန်မှကို ပိုပြီးတော့ အင်အား ကောင်းလာပါပြီ။ ပြီးတော့လည်း အတိုက်အခံ တိုင်းရင်းသားများကိုလည်း လိုက်လံချေမှုန်းနေကြပြီ။ အဲသလိုပေါ့ဗျာ သူတို့က တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်ဖို့ပိုပြီးတော့ ခက်သွားပြီပေါ့ဗျာ။ အဲသလိုဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့ကိုယ်တိုင် ပြောင်းလဲလာတဲ့ အချိန်ထိ ဆက်စောင့်ရလိမ့်မယ် ဒါမှမဟုတ် နောက်ထပ် အခွင့်အရေး တစ်ခုရလာတဲ့အထိ စောင့်ရမှာပေါ့ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံကြီးကနေပြီးတော့ ဘယ်လိုရလာဒ်များ ရလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလဲ။ ဒုတိယပင်လုံညီလာခံကြီးဟာ အားလုံးကေ မျှာ်လင့်ထားကြတဲ့ ပြောင်းလဲအောင် ဖော်ဆောင်နိုင်တဲ့ စွမ်းအား တစ်ခုပဲလားဆိုတာကို သိပါရစေ။

အဖြေ၊ ၊ ဒါတွေဟာ ကျွန်တော်ကိုက အာဏာအပြောင်းအလဲ ဖြစ်ချင်လို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖြစ်ဖို့အတွက် နည်းလမ်းတစ်ခုရဖို့ရယ်၊ တကယ့်ကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖြစ်လာစေမယ့် နည်းလမ်းတွေကိုပဲ မျှော်လင့်ကြတာပါ။ စစ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ သူတို့တစ်တွေဟာ ဒီအချက်ကိုတော့ လုံးဝကို သဘောပေါက်ထားရမယ်။ အဲဒါကဘာလဲဆိုတော့ အခုလက်ရှိ ပြဌာန်းပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်ကို အကျိုးသာမဲ့စေပြီး လုံးဝအလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့မျှော်လင့်တာက အာဏာကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ ဘာကို လိုချင်သလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲခုံမှာ တကယ့်စစ်မှန်ပြီး အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့ပါပဲ။ ပြီးတော့ တိုင်းရင်းသား အားလုံးနဲ့ အတူတကွ တကယ်စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု စစ်စစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ အတွက် နည်းလမ်းတွေရှာဖွေဖို့ပဲမျှော်လင့်တာပါ။ အဲဒါပါပဲဗျာ။ တွေ့ဆုံ ဆွေးနွေးပွဲစပြီးပြီဆိုရင် ကျွန်တော်တို့ အချိန်နည်းနည်းတော့ ယူလို့ ရတာပေါ့ဗျာ။ ပြီးတော့မှ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြီးတော့ သုံးသပ်ကြရမှာပေါ့။ အဲဒါတွေပြီးတော့မှတစ်ခါ တရားမျှတပြီး လွတ်လပ်မှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲအသစ် တစ်ခု ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေရှာလို့ရတာပဲဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး အနှစ်ချုပ်လိုက်ရင် NLDရဲ့အဓိက မျှော်လင့်ချက်က အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ရယ် တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း ယုံကြည်စွာလက်ခံနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ပဲ မဟုတ်လား။

အဖြေ၊ ၊ ဟုတ်ကဲ့၊ အဲဒါမှန်ပါတယ်။

အမေး၊ ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေကြတဲ့ ကမ္ဘာ့ပြည်သူအားလုံးက ဒုတိယပင်လုံညီလာခံ ကြီးကို ထောက်ခံကြဖို့တွက် ဆရာကြီးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

အဖြေ၊ ၊ အားလုံးကိုပြောချင်တာကတော့ ကျွန်တော့်နာမည်က ဦးဝင်းတင်ပါ။ ကျွန်တော်က အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ NLDကပါ။ ကျွန်တော် ကမ္ဘာ့ပြည်သူအားလုံးကို တကယ်ပဲ တောင်းဆိုချင်ပါတယ်ဗျာ။ အဲဒါက ကျွန်တော်တို့တစ်တွေဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ အင်မတန်မှ အခက်အခဲ အကျပ်အတည်းထဲကို ရောက်နေကြပါတယ်။ ဒီစစ်အာဏာရှင်တွေဟာ ပိုပြီးတော့ အင်အားကြီး သထက်ကြီးလာနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီကို ရောက်အောင်ပို့ပေးဖို့ အင်မတန်မှ လိုအပ်လှပါတယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာသာ နိုင်ငံရေးပြဿနာတွေကို တကယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်း နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့် ပါတယ် ဗျာ။

အမေး၊ ၊ ပင်လုံညီလာခံကြီးဟာ အင်မတန်မှကို ကြီးမားတဲ့ တန်ဖိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဟာ အဲဒီ့ ပင်လုံညီလာခံကြီးက နေပြီးတော့ ပထမဦးဆုံး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုမျိုးဆက်သစ်လူငယ်တွေ အတွက် ဒုတိယပင်လုံညီလာခံကြီးဟာ ဘာကြောင့် အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ဆရာကြီးအမြင်နဲ့ ပြောပြပေးပါ။

အဖြေ၊ ၊ ဒါဟာ ကျွန်တော်တို့တကယ့်ကို စိုးရိမ်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒုတိယပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အရေးတယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မျိုးဆက်သစ်လူငယ်တွေက ပင်လုံစိတ်ဓါတ်ရဲ့ အတွေ့အကြုံအကြောင်းအရာတွေ၊ နိုင်ငံရေးတွေကို ပြောနေကြမယ့်အစား ပူးပေါင်းပါဝင် ထောက်ခံကြဖို့ကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုစစ်စစ် တစ်ခုဖြစ်လာဖို့အတွက် တိုက်ပွဲဝင်နိုင်အောင် စိတ်ကိုဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချထားရမယ်။ ဒါဟာ အင်မတန်မှကို အရေးကြီးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖြစ်စေမယ့် စိတ်ဓါတ်မျိုးမရှိပဲနဲ့ ဘာမှအလုပ်မဖြစ်ပါဘူး။ ခိုင်မာတဲ့ ပင်လုံစိတ်ဓါတ်စစ်စစ် တကယ့်ကို လိုအပ်ပါတယ်။ ခိုင်မာတဲ့ ပြည်ထောင်စုတစ်ခု ဖြစ်လာဖို့ပေါ့ဗျာ။ ဒါတွေဟာ သိပ်ပြီးတော့ကို အရေးကြီးပါတယ်။

အမေး၊ ၊ နိုင်ငံတကာအနေနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် တိုင်းရင်းသားများ အပါအ၀င် အတိုက်အခံပါတီ အားလုံးနှင့်အတူ ဘယ်လိုများ အကူအညီ ပေးနိုင်မလဲဆိုတာကို သိပါရစေ.

အဖြေ၊ ၊ နိုင်ငံတကာမိသားစုအနေနဲ့ စစ်အစိုးရကို အခုအချိန်ထိ အတော်လေးပဲ ဖိအားပေး တွန်းတွန်းတိုက်တိုက် ပြောဆိုကြတာတွေရှိနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာ့နိုင်ငံရေး အကြောင်း ဆွေးနွေးကြတာတွေ အပါအ၀င် စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခြင်း စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အခုထိတော့ ဒီအချက်တွေဟာ လုံလောက်တဲ့ဖိအားပေးမှုတွေ ဖြစ်မလာသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရဟာ အခုထိကို တုန့်ပြန်မှု တစ်စုံတရာ မရှိသေးပါဘူး။ အဲဒီတော့ နိုင်ငံတကာအနေနဲ့ ဒီ့ထက်ပိုပြီးတော့ ဖိအားပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အစိုးရဟာ အင်မတန်မှ ခေါင်းမာသလို နိုင်ငံတကာရဲ့တောင်းဆိုမှု ဖိအားပေးမှုတွေ အလုံအလောက် မရှိဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေး စားပွဲကို ရောက်မလာပဲ ဆက်ပြီးတော့ကို ခေါင်းမာနေကြဦးမှာပါ။

အမေး၊ ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုက အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်တွင်း စည်းလုံးညီညွတ်မှု အင်အားက ပင်လုံညီလာခံအတွက် ဘယ်လောက်ရှိတယ်လို့ ထင်ပါလဲ။

အဖြေ၊ ၊ ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားကတော့ အတော်လေးကို အားကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မာတဲ့ သန္နိဋ္ဌာန် အပြည့်အ၀ရှိပြီး ပြည်သူလူထုအားလုံးရဲ့ ချစ်ခင်လေးစား ယုံကြည်မှုတွေကို ရရှိထားသလို လူထုကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် စုစည်းနိုင်တဲ့ အင်အားတွေရှိပါတယ်။ ပြည်သူလူထုက ပြောတဲ့စကားဆိုရင် အသေအချာကို နားထောင် ပေးလေ့ရှိပါတယ်။ ဒါကလည်း အများကြီးထဲက တစ်ခုပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ ဆင်းရဲနေပါတယ်။ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူလူထုအားလုံးဟာ အတော်လေးကို ဒုက္ခရောက်နေကြပါတယ်။ စီးပွားရေးအခြေအနေဟာ ရစရာမရှိအောင် ချွတ်ခြုံကျနေတဲ့အတွက် ပြည်သူလူထုဟာ နေ့စဉ်ဘ၀မှာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲ့သလို တူညီတဲ့ ခံစားမှုတွေဟာ ပြည်သူလူထုကို စည်းလုံးညီညွတ်စေဖို့ အတွက် ခွန်အားတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအခက်အခဲ အကျပ်အတည်း အားလုံးဟာ စစ်အစိုးရကြောင့် ဖြစ်နေတယ်ဆိုတာကို ပြည်သူလူထုက ကောင်းကောင်းကြီးကို သိကြပါတယ်။ ဒါကြောင့်မို့လို့ စစ်အာဏာရှင်စံနစ်ကို တော်လှန်ဖို့အတွက် ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားဟာ အတော်လေးကို အားရစရာ ကောင်းပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေထဲမှာလည်း ပိုပြီးတော့ စည်းလုံးညီညွတ်မှု ရှိလာပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားများကရော လူထုကပါပိုပြီးတော့ သွေးစည်း လာကြသလို နိုင်ငံရေးအရ ညီညွတ်မှုတွေလည်း ပိုပြီးတော့ ရှိလာပြီလို့ ကျွန်တော်ထင်ပါတယ်။

အမေး၊ ၊ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အတိုင်းအတာကိုရော ဆရာကြီးအနေနဲ့ ဘယ်လောက် ရှိတယ်လို့ ထင်ပါသလဲ။

အဖြေ၊ ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်သိပ်ပြီးတော့ မသိပါဘူးဗျာ။ မြန်မာလူမျိုးတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအတော်များများကို ရောက်နေကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးပါတီထဲမှာ ရှိမနေကြသလို နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့လည်း တရားဝင် ဖွဲ့စည်းမထားနိုင်ကြပါဘူး။ ကျွန်တော်အနေနဲ့ သူတို့ ဘယ်လောက် စည်းလုံးညီညွတ်မှု ရှိသလဲဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် သူတို့အများစုဟာ စစ်အစိုးရရဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အမိနိုင်ငံမှထွက်ခွါသွားကြ တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူလူထုတွေ နိုင်ငံမှ ထွက်ခွါသွားရတဲ့ အဓိကအကြောင်းအရင်းရဲ့ တရားခံက စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဲဒီအမြင်နဲ့ကြည့်ရင်တော့ ပြည်ပရောက်ပြည်သူတွေအားလုံးဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် တကယ့်ကို စည်းလုံးညီညွတ်နေကြမှာပါ။

အမေး၊ ၊ ဆရာကြီးဦးဝင်းတင် ထောင်ထဲမှာ ၁၉နှစ်ကြာ အကျဉ်းကျခံပြီးလွတ်မြောက်လာ ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် အခုဆိုရင် အတိုက်အခံ ခေါင်းဆောင်များအနေနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တဲ့ အနေအထားကို ရရှိနေသလိုပါပဲ။ အဲဒီအနေအထားဟာ လွှတ်တော်ပြီးသွားရင် အဆိုးဘက်ကို ဦးတည် ပြောင်းလဲသွားနိုင်တယ်လို့ ထင်ပါသလား ဒါမှမဟုတ် လတ်တလော အခြေအနေဟာ မပြောင်းလဲပဲ ဆက်လက် တည်တံ့သွားလိမ့်မယ်လို့ ထင်ပါသလား။

အဖြေ၊ ၊ ကျွန်တော်တို့ အဲသလိုပဲ မျှော်လင့်ပါတယ်။ အခုအချိန်ထိအောင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀)ကျော် အကျဉ်းကျခံ နေရပါသေးတယ်။ ပြီးတော့ မြန်မာပြည်သူ လူထုအားလုံးဟာ ဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်နေကြရပါသေးတယ်။ ဒါကြောင့် လူထုအုံကြွမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ပြည်သူလူထုဟာ အခုဆိုရင် သူတို့ရဲ့နိုင်ငံရေးအမြင် တွေကိုပိုပြီးတော့ ထုတ်ဖော်လာကြတယ်။ စစ်အာဏာရှင်ဟာ ကျွန်တော်တို့နဲ့ တစ်နေ့မဟုတ် တစ်နေ့တော့ မဖြစ်မနေပူးပေါင်းလာရပါလိမ့်မယ်။ အခုဆိုရင် ပြည်သူလူအားလုံးဟာ နိုင်ငံရေး နိုးကြားမှုသိပ်ပြီးတော့ကို ရှိလာနေကြပါပြီ။

အမေး၊ ၊ ဒါဆိုရင် ဆရာကြီးနဲ့ အခြား NLD ခေါင်းဆောင်များဟာ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ သဘောလား။

အဖြေ၊ ၊ သိပ်ကိုသေချာတာပေါ့ဗျာ။

အမေး၊ ၊ ဥပမာအားဖြင့် ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပြည်တွင်းပြည်ပမှာ အတွေ့အကြုံ ပေါင်းများစွာရှိခဲ့တဲ့ ဆရာကြီးဦးဝင်းတင်လို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်တွင်းမှာ ရှိကြတဲ့ မျိုးဆက်သစ် လူငယ်များအပေါ် ဘယ်လိုများ အကြံအဥာဏ် ပေးချင်ပါသလဲ။

အဖြေ၊ ၊ ဟုတ်ကဲ့ ကောင်းပါပြီဗျာ။ ကျွန်တော့်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို အကြံဥာဏ်ပေးစရာ အများကြီးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် အကြံဥာဏ် ပေးချင်တာကတော့ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်မှု ရအောင် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ကြပါ။ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းကြပါ။ စစ်အာဏာရှင် စံနစ်ဆိုးကြီး ရှိနေသေးသမျှ ကာလပတ်လုံး ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ သူတို့မှာ အနာဂါတ် မျှော်လင့်ချက် မရှိဘူးဆိုရင် ကျွန်တော့ အကြံဥာဏ်တွေဟာလည်း အသုံးမ၀င်ပဲ အလကားဖြစ်သွားမှာပါ။ အဲဒီတော့ မိမိနိုင်ငံအတွက်၊ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် စစ်အာဏာရှင်စံနစ်ကို အပြီးသတ်ချေမှုန်းကြပါလို့၊ ဒါပါပဲဗျာ။

အမေး၊ ၊ မြန်မာပြည်သူလူထုဟာ နေ့စဉ်နှင့်အမျှ ဘ၀အခက်အခဲတွေ အကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မိသားစု စားဝတ်နေရေး အတွက်ကိုသာ နေ့စဉ်နဲ့အမျှ ရုန်းကန် လှုပ်ရှား နေကြရပါတယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုက ဘယ်လိုများ တိုက်ပွဲဝင်နိုင်မလဲ ဆိုတာကို ဆရာကြီး အနေနဲ့ ပြောပြပေးစေ ချင်ပါတယ်။

အဖြေ၊ ၊ အဲဒါကတော့ဗျာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ အပေါ်မှာအတော်လေးကို မူတည်ပါတယ်ဗျာ။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ တတွေဟာ ဘာသာတရားကိုလွန်စွာမှ လေးစားကိုင်းရှိုင်းကြတဲ့ လူမျိုးဖြစ်ပါတယ်။ ပြီးတော့ ဘာသာတရားရဲ့ဆုံးမမှုဟာ ကိုယ်ကျင့်တရားအတွက် အင်မတန်မှကို အရေးပါပါတယ်။ ဒါ့ကြောင့် ရဟန်း၊သံဃာတော်များဟာလည်းပဲ ကျွန်တော်တို့တတွေအတွက် အင်မတန်မှကို အရေးကြီးလှ ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဆရာတော် သံဃာတော်များက ဦးဆောင်၍ စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူလူထုရှေ့က မားမားမက်မက်ရပ်တည်ကာ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာလည်းပဲ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ပပျောက်သွားစေဖို့ ဆရာတော်၊ သံဃာတော်များကဦးဆောင်ပြီး ပြည်သူလူထုနဲ့တကွ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ လျှောက်ထားချင်ပါတယ်။

မှတ်ချက်၊ ၊ ဆရာကြီးဦးဝင်းတင်ရဲ့ တွေ့ဆုံမေးမြန်းမှုဖြစ်တဲ့   “We are now in a crisis: the military government is getting stronger” ကိုမြန်မာလိုဖတ်ရှုနိုင်စေရန်အတွက် တတ်နိုင်သလောက်ကြိုးစား၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးထားပါတယ်။ အကယ်၍ လိုအပ်မှုများရှိခဲ့ပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါကြောင်း။

ဦးဣသရိယ...

ပေးပို့ပေးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော်ဦးဣသရိယ အားကျေးဇူးတင်ပါသည်.။

ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၁မှ ၅ ) (ကိုမောင်မောင်ဝမ်း)