22 March 2010

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများ၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချူပ်တို့မှဘန်ကီမွန်းထံပေးစာ

Open Letter to Ban Ki-Moon_ABMA+88+ABFSU_Bur

၂၀၁၀ ရွေးကောက်ပွဲ နှင့် သူတို့အမြင်များ..

Voices for 2010 Election

ရန်ကုန်မှာ ကျင်းပပြုလုပ်သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်



poetry

ယနေ့နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှအကြံပြုချက်

Fdb Suggestion Letter to Nld 210310

အာဏာရှင်စနစ်အား ဆန့်ကျင် တော်လှန်ကြစို့

Anti-Dictatorship by Free Burma Federation(2)

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

21 March 2010

VOICE OF BURMA စာစောင်..754

VOB754KK

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း....



ပေးပို့ ပေးသူ အရှင်ထာဝရ အားကျေးဇူး တင်ရှိပါသည်.။

နအဖတို့ ရဲ့  လျှို့ ဝှက်မှတ်တမ်းတွေက နအဖတွေရဲ့  သွေးခွဲဖြိုခွဲ ဖဲ့ထုတ်စည်းရုံး အင်အားသုံး တိုက်ခိုက်မှုတွေကို အစီအစဉ်ကျကျ လုပ်နေတယ်ဆိုတာ ပြသနေပါတယ်။



(အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် စာပုံပေါ်တွင် mouse click နှိပ်၍ ဖတ်ကြည့်နိုင်ပါတယ်)။



နအဖဟာ ၄င်းတို့ အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ဖို့ အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့တယ်။ အမျိုးသားညီလာခံ အဆင်ပြေပြေကျင်းပနိုင်ဖို့ အတွက်ကို နအဖကို ဆန့် ကျင်နေကြတဲ့ အင်အားစုတွေကို အချိုသပ်နည်းနဲ့  သဘောထားပျော့ပြောင်းပြပြီး ဟန်ဆောင်တွေ့ ဆုံစကားပြောတာတွေ လုပ်ပြခဲ့တယ်။ အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းပြခဲ့ပြီး ထိုက်သင့်တဲ့ အခွင့်အရေးတွေ ပေးမလိုလိုနဲ့  အပြောချိုပြခဲ့ကြတယ်။ ဒီအင်အားတွေကို အသုံးချပြီးတော့ အမျိုးသားညီလာခံကြီးကို နအဖက အင်အားတွေပြခဲ့တယ်။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို နအဖတွေ လက်ဝါးချင်းရိုက်ပြီး အချောသတ် အတည်ပြုတော့မယ့်အချိန်ကြတော့ စောစောက ရသင့်ရထိုက်မယ့် အခွင့်အရေးတွေများ အထိုက်အလျောက် ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့  စောင့်ဆိုင်းနေသူတွေ မှန်းချက်နဲ့  နှမ်းထွက်မကိုက် ဖြစ်ခဲ့ကြတယ်။ နအဖရဲ့  ၂၀၀၈ ခုနှစ် အတုအယောင်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးသာ ပြီးသွားတယ်၊ လိုရာကြိုးဆွဲကခံခဲ့ရတဲ့ အင်အားစုတွေကတော့ သမိုင်းကြောင်းတွေပျက်စီး၊ လက်နက်အင်အား လူအင်အားတွေ လျော့ပါး၊ စုစည်းမှုတွေ ပြိုကွဲနဲ့  နောက်ဆုံး နယ်ခြားစောင့်တပ်သာ လုပ်ပါတော့လို့  ဖိအားပေးခံရတာက လွဲ ဘာမှ အမြတ် မရလိုက်ပါဖူး။

အခုလာမယ့် နအဖတို့ ရဲ့  ရွေးကောက်ပွဲမှာလည်း ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အင်အားစုတွေ တိုင်းရင်းသားပါတီတွေကို နေရာပေးမှာ မဟုတ်ပါဖူး။ နအဖဟာ သူတို့  စိတ်တိုင်းကျရွေးချယ်ထားတဲ့ အမာခံ လက်ကိုင်တုတ်တွေနဲ့ သာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး ငြိမ်းအဖွဲ့ တွေကို အိမ်တစ်အိမ်ရဲ့  အစေခံလို ခိုင်းတာလုပ်၊ ပြောတာ နားထောင်၊ ပေးတာယူ ပြန်မပြောနဲ့ ဆိုတဲ့ အပေါ်စီးကနေ မောက်မောက်မာမာ ဆက်ဆံသွားမှာ ဖြစ်ပါတယ်။

မူလကတည်းက ငြိမ်းအဖွဲ့ တွေကို ခုတုံးလုပ် အသုံးချဖို့ အတွက်သာ ရည်ရွယ်ခဲ့တဲ့ နအဖဟာ ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးပမာ မက်လုံးတွေပေး ခြောက်လုံးတွေထုတ်ပြီး အနုနည်း အကြမ်းနည်းနဲ့  သူတို့ စဉ်တဲ့အကွက်ထဲဝင်အောင် လုပ်ခဲ့တာမို့ ၊ ယခုအခြေအနေအချိန်အခါမှာတော့ နအဖတို့ ရဲ့  မူလဇာတိရုပ်အတိုင်း မောက်မောက်မာမာ အထက်စီးနဲ့  ပြန်လည်ဆက်ဆံနေတာကို ငြိမ်းချမ်းရေးယူထားတဲ့သူတွေ ရင်ဆိုင်နေရပါပြီ။

နအဖတို့ အလိုကျ နယ်ခြားစောင့်တပ်အနေနဲ့  နေမှာလား၊ မနေဖူးဆိုရင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးလို့  အာဏာရူးနအဖတွေရဲ့  မျက်နှာဖုံးပြောင်း အာဏာရှင်အစိုးရပေါ်လာပြီဆိုတာနဲ့  ငြိမ်းအဖွဲ့ အားလုံးကို နယ်ခြားစောင့်တပ်အနေနဲ့ သဘာတူခဲ့ မတူခဲ့ အပျောက်ရှင်းတော့မှာ မလွဲပါဖူး။

ယခုအခါမှ နအဖဟာ ငြိမ်းအဖွဲ့ တွေကို ခြေမှုန်းပြစ်ဖို့  အစီအစဉ်တကျ ပြင်ဆင်နေပါပြီ။ ငြိမ်းအဖွဲ့ တွေအနေနဲ့  နအဖတို့ ရဲ့  ခြေမှုန်းမှုကို မခံရလေအောင် လက်ဦးမှုရယူပြီး နအဖတွေကို စတင် တိုက်ပွဲဆင်မှာလားဆိုတာ ငြိမ်းအဖွဲ့ တွေရဲ့ အနာဂတ်အတွက် ဆုံးဖြတ်လုပ်ဆောင်သင့်ပါပြီ။

ယခုအောက်ဖေါ်ပြပါ နအဖရဲ့  လျှို့ ဝှက်မှတ်တမ်း (မတ်လ ၁၉၊ ၂၀၁၀ ခုနှစ် နေ့ စွဲ) ဟာဆိုရင် - နအဖဟာ ငြိမ်းချမ်းရေးယူခဲ့တဲ့ အင်အားစုတွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ “၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်” ကို နအဖတို့ ရဲ့  နယ်ခြားစောင့်တပ်အနေနဲ့  လုပ်ဖို့ ဖိအားပေးတိုက်တွန်းခဲ့ပေမယ့် ငြင်းဆန်နေတဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့  ခြေမှုန်းဖို့ အတွက် နအဖသတင်းပေးတွေ ထောက်လှမ်းရေးတွေသုံးပြီး ၀ တပ်မတော်အကြောင်းတွေကို စုံစမ်းအစီရင်ခံထားတဲ့ လျှို့ ဝှက်အစီရင်ခံစာဘဲ ဖြစ်ပါတယ်။


ပြန်လည်ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

သတင်းသမားကို တိုက်ခိုက်မှုများ....



တဖက်သတ်ထင်သလို လုပ်တဲ့အစိုးရနဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ လုပ်ရပ်ကို ကမ္ဘာကသိသွားမှာ အမြဲတမ်း စိုးရိမ်နေကြပါတယ်။ ဒါကြောင့်လည်း သတင်းချုပ်ချယ်ဟန့်တားတာနဲ့ အမှောင်ချတာတွေကို မကြာခဏ လုပ်လေ့ရှိပါတယ်။ မတ် ၁၃-၂၀၊ ၂၀၁၀ - ဒီလိုချုပ်ချယ်ထားတာကို ဂရုမစိုက်ဘဲ သတင်းဖြန့်ဝေနေသူတွေကို မညှာမတာ အပြစ်ပေးလေ့ ရှိပါတယ်။

သတင်းဖြန့်ဝေလို့ ဖမ်းဆီးထောင်ချခံရသူတွေထဲမှာ စာနယ်ဇင်းလောကမှ သတင်းသမားတွေ ပါဝင်သလို တာဝန်သိပြီး သတင်းပေးပို့တဲ့ ပြည်သူတွေလည်း ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၀) ကျော်မှာ သတင်းသမားတွေ တိုက်ခိုက်ခံရပုံကို CPJ - Committee to Protect Journalists သတင်းသမား ကာကွယ်ရေးကော်မတီမှ စာမျက်နှာ (၃၆၀) အစီရင်ခံစာကို ဖေဖေါ်ဝါရီလလယ်မှာ ထုတ်ပြန်လိုက်ပါတယ်။ သတင်းသမားများကို တိုက်ခိုက်မှုများ "Attacks on the Press in 2009" လို့ အမည်ပေးထားပါတယ်။ မြန်မာပြည်က သတင်းသမားတွေအကြောင်း စာမျက်နှာ (၈) မျက်နှာ ရေးထားတာကို တွေ့ရပါတယ်။ မတရားလုပ်မှု၊ အနိုင်ကျင့်မှုများကို ပြည်တွင်းပြည်ပမှာ သိရှိသွားအောင် လုပ်နိုင်ရင် ရပ်ဆိုင်းသွားတာမျိုး (ဒါမှမဟုတ်)၊ လျော့နည်းသွားတာမျိုးရှိတဲ့အတွက် သတင်းပေးပို့တာဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ယူဆကြပါတယ်။

ဒါပေမဲ့ ဒီလိုသတင်းပေးပို့သူတွေကို အာဏာရှင် အစိုးရတွေက နှောင့်ယှက်လွန်းတဲ့အတွက် အမေရိကန်နိုင်ငံခြား သတင်းထောက်တွေက သတင်းသမား ကာကွယ်ရေးကော်မတီကို နယူးရော့ခ်မြို့ မှာ ၁၉၈၁ ခုနှစ်က တည်ထောင်ခဲ့တာမို့ အနှစ် (၃၀) နီးပါး ရှိနေပါပြီ။ ၁၉၉၂ က စပြီး ပြုစုလာခဲ့တဲ့ စာရင်းအရဆိုရင် အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းသမားပေါင်း (၈၀၀) ကျော် နေပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာ (၇၀) အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ (၂၀) ကျော်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ (၇၀) ကျော် အသတ်ခံရပါတယ်။ မြန်မာပြည်မှာ သတင်းယူနေတုန်း အသတ်ခံရသူမှာ ဂျပန်သတင်းထောက် ကေဂျီ နာဂါးအိ ဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေဖြစ်တဲ့ မအိမ့်ခိုင်ဦး၊ မလှလှဝင်း နဲ့ ကိုဝင်းမော် တို့ကို မြန်မာ့သတင်းသမဂ္ဂ ညီလာခံက ကေဂျီ နာဂါးအိ ဆု ချီးမြှင့်ဂုဏ်ပြုထားပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတဲ့အထဲက မနှစ်က တရာကျော်ကိုသာ လွှတ်ပေးပါတယ်။ ဒီအထဲမှာ သတင်းသမား (၃) ယောက် ပါဝင်ကြောင်း CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရန်ကုန်ကုလသမဂ္ဂရုံးရှေ့ မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို သတင်းပေးပို့မှုနဲ့ ၂၀၀၈ မှာ ထောင် (၂) နှစ်ကျသွားခဲ့တဲ့ Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး၊ ဒီဆန္ဒပြပွဲကို သတင်းယူလို့ ထောင် (၇) နှစ်ကျသွားခဲ့တဲ့ Weekly Eleven သတင်းထောက် ကိုကျော်ကျော်သန်း နဲ့ ၂၀၀၈ မှာ ထောင် (၇) နှစ်ကျသွားခဲ့တဲ့ Myanmar Nation သတင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင် တို့ (၃) ဦးဟာ ၂၀၀၉ ခုနှစ်မှာ လွတ်မြောက်သွားသူတွေ ဖြစ်ပါတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ ကို သတင်းပေးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ မလှလှဝင်း၊ ကိုဝင်းမော် နဲ့ ကိုငွေစိုးလင်း တို့အကြောင်းကို CPJ အစီရင်ခံစာမှာ ဖော်ပြထားတာကို မတွေ့ရပါဘူး။ နာဂစ်လေဘေးဒုက္ခသည်များအကြောင်း ဗွီဒီယို ရိုက်ကူးသူ ဒီမိုကရက်တစ်မြန်မာအသံက ဓါတ်ပုံသတင်းထောက် တီ နဲ့ ဇီ အကြောင်းကိုသာ ဖော်ပြထားပါတယ်။ သူတို့ (၂) ဦးစလုံး သတင်းမှတ်တမ်းတင် Rory Peck ဆု ချီးမြှင့်ခံရပါတယ်။ ဒါပေမဲ့ သတင်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးအပြီး (၆) လအကြာမှာ ဓါတ်ပုံဆရာ တီ အဖမ်းခံလိုက်ရပါတယ်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဓါတ်ပုံဆရာဇီကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ CPJ နှစ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဖမ်းခံနေရတဲ့ မြန်မာသတင်းသမားတွေဖြစ်တဲ့ ဦးနေမင်း၊ ဦးနေဘုန်းလတ်၊ ဦးစိန်ဝင်းမောင်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးအောင်ကျော်ဆန်း၊ ဦးသန့်ဇင်စိုး နဲ့ ဦးပိုင်စိုးဦး စတဲ့ သတင်းသမား (၈) ဦးရဲ့  အမည်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလွတ်သတင်းသမား နေမင်း လို့ လူသိများတဲ့ ရှေ့ နေဦးဝင်းရွှေ မှာ အကျဉ်းကျသတင်းသမားတွေထဲမှာ ၀ါအရင့်ဆုံး ဖြစ်ပုံရပါတယ်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံနဲ့ ပတ်သက်ပြီး BBC ကို သတင်းပေးပို့ရာမှာ အဓိကအခန်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ မှာ အဖမ်းခံရပြီး ထောင်ဒဏ် (၁၄) နှစ်ကျခံရသူ ဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ (၉) နှစ်နေခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လွတ်လာပါတယ်။ နိုင်ငံခြားရောက် အတိုက်အခံအဖွဲ့တွေကို သတင်းပေးပို့မှုနဲ့ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ အလွတ်သတင်းသမား ဦးနေမင်း အဖမ်းခံရပြန်ပါတယ်။ ကျန်တဲ့ သတင်းသမားတွေကတော့ သံဃာများ ဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲအကြောင်း နိုင်ငံခြားကို သတင်းပေးပို့မှုနဲ့ အဖမ်းခံကြရတာ ဖြစ်ပါတယ်။

ဟာသဆရာ ဇာဂနာ (ခေါ်) မောင်သူရ ဟာ ၁၉၉၀ ကနေ ၁၉၉၄ အထိ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး စစ်အစိုးရ တာဝန်ပျက်ကွက်ပုံကို BBC အပါအ၀င် နိုင်ငံခြားသတင်းဌာနတွေကို ပြောပြတဲ့အမှုနဲ့ ထောင်ဒဏ် (၅၉) နှစ် ချခံရသူဖြစ်ပါတယ်။ နောက်တော့မှ ထောင်ဒဏ် (၃၅) နှစ်အထိ လျှော့ချလိုက်တယ်လို့ သိရပါတယ်။ ဆရာဇာဂနာ ကို နိုင်ငံခြားအဖွဲ့အစည်းအချို့ က လူ့အခွင့်အရေးဆု နဲ့ စာပေဆုတွေ ချီးမြှင့်ထားပါတယ်။ နိုင်ငံခြားကို သတင်းပေးပို့မှုမှာ ကြီးလေးတဲ့အပြစ်ဒဏ် ပေးနေတာကိုကြည့်ရင် သတင်းပြန့်နှံသွားမှာကို စစ်အစိုးရ အလွန်စိုးရိမ် ပူပန်ကြောက်လန့်နေတာ ထင်ရှားပါနေပါတယ်။


သတင်းရင်းမြစ်..VOA

မြန်မာပြည်က ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလား လက်ဝါးကြီးအုပ်ရေးလား ...

ယခုနှစ်ဆန်းပြီးတာနဲ့ ရွေးကောက်ပွဲ ဆိုတဲ့ အသံတွေနဲ့ အတူ စီးပွားရေးနယ်ပယ်မှာလည်း လေလံလို့လွယ်လွယ်ခေါ်တဲ့ ချိတ်ပိတ် တင်ဒါတွေ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အတွက် ချိတ်ပိတ်တင်ဒါ ခေါ်ယူတာ၊ အဆိုပြုလွှာ ခေါ်ယူတာတွေ မကြာခဏ သတင်းစာထဲ ဂျာနယ်တွေထဲ မကြာခဏ တက်လာနေပါတယ်။


အမှန်တကယ်တော့ ဘယ်လေလံကိုမှ ထင်သာမြင်သာ ဈေးပြိုင်ပေးဆွဲပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ပေးတာ မဟုတ်ပါ။ အားလုံးနီးပါး လက်သင့်ရာပေးဖို့အတွက် အဆိုပြုလွှာ၊ ချိတ်ပိတ်တင်ဒါ ဆိုတာတွေကို ဟန်ပြလုပ်ကြတာပါ။ အစိုးရ စက်ရုံတွေ၊ ပြည်သူပိုင်သိမ်းထားတဲ့ သမ၀ါယမ ပိုင်တိုက်ခန်းတွေနဲ့ အခြားဝန်ကြီးဌါနပိုင် တိုက်ခန်းတွေကို ချိတ်ပိတ်တင်ဒါ ခေါ်ယူတယ် ဆိုပေမယ့်လည်း ဘယ်ဈေးနဲ့ တင်သွင်းရမလဲ အဲဒီ မြေအဆောက်အဦကိုရဖို့ ဘယ်လောက် ထပ်ပေးရမလဲဆိုတဲ့ ပေါက်ဈေးလည်း သူ့အဆက်အသွယ်နဲ့ သူရှိပါတယ်။



ဥပမာအားဖြင့် ပြင်ပပေါက်ဈေး သိန်း ၃၀၀၀ လောက်တန်တဲ့ မြေညီထပ် တိုက်ခန်း တစ်ခန်းကို သိန်း၂၀၀၀ စွန်းစွန်းနဲ့ ရချင်တယ်ဆိုရင် လုပ်ပေးနိုင်တဲ့ ဗိုလ်ချုပ်ကို သိန်း ၄၊၅ရာ ပေးလိုက်ရင် ရအောင်လုပ်ပေးတဲ့ အဖြစ်အပျက်တွေရှိပါတယ်။



ဒါပေမယ့် ယူမယ့်သူ သတ်မှတ်ပြီးသား မြေကွက်၊ စက်ရုံတွေလည်း သူ့ဟာနဲ့သူ ရှိပါတယ်။ အဲလိုဟာမျိုးကိုတော့ ဘယ်လောက် ဈေးများများပေးပါစေ ရမှာမဟုတ်ပါဘူး။ ထိပ်ဆုံးကလူကြီး သားသမီးတွေ လိုချင်တဲ့နေရာ အကွက်တွေကို ဘယ်သူ့မှ ရောင်းမပေးပါဘူး။



အခုလည်း ရန်ကုန်ဆိပ်ကမ်း နေရာတွေကို ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးမယ်လို့ သတင်းထွက်ပေါ်လာရုံပဲ ရှိပါသေးတယ်။ နောက်ကွယ်မှာတော့ ဘယ်သူရမယ်ဆိုတာကို ခွဲဝေပြီးဖြစ်နေပါပြီ။ အေးရှားဝေါလ် ဆိပ်ကမ်း နဲ့ တဆက်တစပ်ထည်း ဖြစ်နေတဲ့ သီရိမင်္ဂလာဈေးကိုတော့ လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင် ဦးစီးလုပ်ကိုင်နေတဲ့ အေးရှားဝေါလ်က ယူဖို့လျာထားပြီးပါပြီ။



ဆူးလေဆိပ်ကမ်း ၁ကနေ ၅အထိ ကိုတော့ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာတို့က အငှားလုပ်ကိုင်ကြမှာပါ။ ဗိုလ်တထောင် ဆိပ်ကမ်းကိုတော့ ကြယ်ငါးပွင့် သင်္ဘောလိုင်းကို လက်လွှဲယူမယ့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ယူမှာပါ။ အဆိုပါ ကိစ္စတွေကို ခွဲဝေရာမှာ အများပြည်သူသိအောင် ကြေငြာခြင်း တင်ဒါခေါ်ယူခြင်း လုံးဝမရှိပါဘူး။



နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ထိထိရောက်ရောက် စီမံခန့်ခွဲခြင်း မပြုနိုင်၊ အကျိုးအမြတ်များအောင် မစွမ်းဆောင်နိုင်တဲ့ အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ လမ်းကြောင်းကိုရွေးချယ်တာဟာ သဘာဝကျပေမယ့် ယခုလို လုပ်ပုံကိုင်ပုံမျိုးတော့ မဟုတ်ပါဘူး။ အများပြည်သူသိရှိအောင် ကြေငြာပြီး တန်ရာတန်ကြေးနဲ့ လုပ်ပိုင်ခွင့်ပေးခြင်းမျိုးသာ တိုင်းပြည် အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်အခရရှိပြီး အဆိုပါ ငွေကြေးတွေကို ပြည်သူ အများနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ သုံးစွဲနိုင်မယ့် သဘောပါ။ အခုလို လက်သင့်ရာ လက်သိပ်ထိုးပြီး ပြိုင်ဆိုင်မှုလည်း မရှိတဲ့ အနိမ့်ဈေးနဲ့ လုပ်ပိုင်ခွင့်ပြုခြင်းဟာ ကိုယ့်အိမ်က ပစ္စည်းကို ကိုယ်ခိုးရောင်းတဲ့သဘောနဲ့ အလားသဏ္ဍန် တူနေပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်ကပဲ နိုင်မယ်ဆိုတာကို နအဖအနေနဲ့ သံသယ မရှိပေမယ့် လွှတ်တော်ပေါ်လာတဲ့နောက်မှာ နိုင်ငံတော် ဘတ်ဂျက်၊ အသုံးစရိတ် ၀င်ငွေကအစ ဟန်ပြကြေငြာတာ မျိုးတော့ လုပ်ပြရပါတော့မယ်။ ယခုလက်ရှိ အုပ်ချုပ်နေသလို အစိုးရ အနေနဲ့ ရသုံးစာရင်း လုံးဝကြေငြာ ထုတ်ပြန်ခြင်းမပြုပဲ လုပ်လို့ရမှာ မဟုတ်တော့လို့ ဖြစ်ပါတယ်။



အဲဒါကြောင့်လည်း ရွေးကောက်ပွဲ မတိုင်ခင်၊ နောက်လာမယ့် စစ်တပ်အစိုးရမတက်ခင် ဥပဒေမဲ့ လုပ်နည်းလုပ်ဟန်မဲ့ လွှဲပေးပြောင်းပေး လုပ်နေကြတာပါ။ အခုဆိုရင် နအဖ ရဲ့ခါးပိုက်ဆောင်ကုမ္ပဏီ ပိုင်ရှင်သူဌေးကြီးတွေ ခမျာလုပ်ပိုင်ခွင့်တွေ ရောင်းချပေးတာတွေကို ယူလို့မနိုင်လောက်အောင် ဖြစ်နေပါပြီ။ အစိုးရထံမှ လေလံ၊ ချိတ်ပိတ်တင်ဒါ၊ ဘီအိုတီ စနစ်အစရှိတဲ့ နည်းမျိုးစုံနဲ့ ယူထားတာများလွန်းလို့ ငွေမပေးချေနိုင်တော့ပဲ ဘဏ်ချေးငွေ အဖြစ်သတ်မှတ်ပေးတဲ့ အနေအထားရောက်ရှိနေပါပြီ။



ဂျာနယ် သတင်းတွေမှာ လေလံဖြင့်ဝယ်ယူသည့် စက်ရုံမြေကွက် အစရှိသည်တို့ကို ငွေအကျေ မပေးချေနိုင်လည်း ဘဏ်ချေးငွေ အဖြစ်သတ်မှတ်ပေးမယ်ဆိုတာတွေ ဖေါ်ပြထားတာ တွေ့နေရပါတယ်။ ယခင်ဘယ်တုန်းကမှ မရှိခဲ့တဲ့ အဖြစ်ပါ။ နအဖ ခေါင်းဆောင်ဗိုလ်ချုပ်တွေနဲ့ အကျိုးတူ စီးပွားလုပ်ကိုင်နေတဲ့ နိုင်ငံတော် သူဌေးကြီးတွေကို မြန်မာနိုင်ငံဘဏ်က အတိုးနှုန်း သက်သာစွာနဲ့ ငွေချေးပေးတဲ့သဘောပါ။ မပေးနိုင်သေးလဲ ယူထားနောက် ငွေပေါ်မှ ပေးဆိုတဲ့သဘောပါ။



ယခုလို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းမျိုး လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘယ်ခေတ်မှာမှ မမြင်တွေ့ခဲ့ဖူးသေးပါဘူး။ ပြည်သူပိုင်သိမ်းဆည်း ထားတဲ့ တိုက်ခန်း၊ အဆောက်အဦ၊ စက်ရုံတွေကိုလည်း ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပါဘူး။ နကိုမူလပိုင်ရှင်ကို ချိတ်ပိတ်တင်ဒါ တင်သွင်းရာမှာ ပထမ ဦးစားပေး ရောင်းချပေးမယ်လို့ ပြောဆိုမှုရှိခဲ့ပေမယ့် လက်တွေ့မှာတော့ နီးစပ်တဲ့သူတွေ၊ လာဘ်ထိုးတဲ့သူတွေက လိုချင်တာကို အရင်ရွေးချယ်ခဲ့ကြတာပါ။



စစ်အစိုးရရဲ့ နိုင်ငံတော် စီမံကိန်းတွေကို အကောင်အထည်ဖေါ်ပေးနေတဲ့ ယုဇနကုမ္ပဏီ ကိုယ်တိုင် ကော့သောင်းမြို့က မြေနေရာအတွက် ချိတ်ပိတ်တင်ဒါ အဆိုပြုလွှာသွားတင်ရာမှာ နေပြည်တော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က အဲဒီနေရာအတွက်ကို လက်မခံခဲ့ဘူး လို့နီးစပ်သူတဦးက ပြောပါတယ်။ ဘာလို့ဆို အဆိုပါ နေရာကို ယူမယ့်သူ သတ်မှတ်ပြီးသား ဖြစ်နေလို့ အဆိုပြုလွှာတောင် လက်မခံတော့တာလို့ သိရပါတယ်။



သတင်းရင်းမြစ်..မိုးမခ

နယူးယောက်ရှိတရားမဝင်မြန်မာကောင်စစ်ဝင်ရုံးရှေ့တွင် (၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ကျင်းပပြုလုပ်ဗွီဒီယို

ခွေးဟောင်တာလူမသိ ခဲနဲ့ပေါက်တာ လူသိတယ်....။

ဖွတ်ရုံးရှေ့
ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲမှာ ခေတ္တထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက် လာတဲ့ အရှင်ထာဝရနဲ့ ဆက်သွယ် မေးမြန်းခဲ့တာကို ဖော်ပြလိုက်ပါတယ်။

"မနေ့က နေ့လည် ၁၁နာရီက ဦးဇင်းတို့လူ၇၀လောက် မြန်မာသံရုံးရှေ့ကို ရောက်တယ်။ ဆေးမှုတ်လှုပ်ရှားမှု အနေနဲ့သွားတာပါ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေး၊ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိဘူး တကမ္ဘာလုံးအနေနဲ့ ဝိုင်းဝန်းကန့်ကွက်ပေးဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပေးဆိုပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတယ်။ အဲ့ဒီ့အချိန်မှာ နအဖသံရုံး အရာရှိကထွက်လာပြီးတော့ ကြိမ်းလားမောင်းလားလုပ် ရန်စပြီး အိန္ဒိယရဲဋ္ဌာနကို လှမ်းခေါ်ပြီး ဖမ်းဆီးခိုင်းပါတယ်။

ဦးဇင်းတို့က ကားပေါ်ပြန်တက်ပြီး အေးအေးဆေးဆေးပြန်မယ့် အချိန်မှာရဲတွေရှေ့မှာ သံရုံးအရာရှိက မင်းတို့ဘာလားညာလား ဆိုပြီးရန်စစကား ထပ်ပြောတဲ့ အတွက် မခံမရပ်နိုင်တဲ့ ဆန္ဒပြလူငယ်တွေက အင်မတန်ဒေါသ ဖြစ်ပြီး ကမ္ဘာမကြေ သီချင်းကိုဆိုတယ်။ နောက်သူတို့က ရဲကိုကားထွက်ခွင့် မပေးခိုင်းတဲ့အတွက် ကားပေါ်က ပြန်ဆင်းလာပြီး သံရုံးရှေ့မှာရှိတဲ့ သူတို့ရဲ့ ပစ္စည်းတွေကို ရိုက်ချိုးပစ်တာတွေ ဖြစ်လာတာပါ..။ ပြောရမယ် ဆိုရင်တော့ ဦးဇင်းတို့ဘက်က စပြီးရန်စတာမဟုတ်ဘူး နအဖသံရုံးက စပြီးရန်စ စိန်ခေါ်တဲ့ အတွက်ကြောင့် လူငယ်တွေ အလွန်အင်မတန်မှ ဒေါသထွက်ပြီး ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတာပါ...။



နောက်ဦးဇင်းတို့အဖွဲ့ကို တင်မိုတင် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ နောက်ရဲစခန်းမှာ ဦးဇင်းတို့ကို ဘာကြောင့် ဖျက်ဆီးတာလဲ မေးပါတယ်။ ငါတို့ဖျက်ဆီးတာမဟုတ်ဘူး သူတို့ကငါတို့ကို စိန်ခေါ်တဲ့ အတွက်ကြောင့် မိုလို့ ငါတို့လုပ်တာလို့ ပြောလိုက်တယ်။ နောက်ဦးဇင်းတို့က အိန္ဒိယအစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး အာဏာရှင် မြန်မာအစိုးရကို ဆန့်ကျင်တာလို့ ပြန်ပြောပြပါတယ်။ နောက်ဦးဇင်းတို့ အခုအာမခံနဲ့ပါ စွဲချက် ၄ခုနဲ စွဲထားပါတယ်။ လာမယ့်အင်္ဂါနေ့မှာ တရားရင်ဆိုင်ရဦးမှာပါ...။

အထဲမှာ လွတ်လပ်မှုရှိပါတယ် သူတို့က ဦးဇင်းတို့ရဲ့လုပ်ရပ်ကိုအားပေးပါတယ်.. သံရုံးက သူတို့အထက်ကိုတိုင်တော့ သူတို့အနေနဲ့ အမှုမဖွင့်မရတဲ့ အတွက် တရားစွဲရခြင်းဖြစ်ပါတယ်။ တရားဥပဒေအရ ရင်ဆိုင်ရဦးမှာပါ...။



အခုတချို့ သတင်းဋ္ဌာနတွေမှာ (သတင်းဋ္ဌာနကြီးတခုက) ရေးထားတာက မြန်မာ့အရေး လှုပ်ရှားသူတွေ အကြမ်းဖက် ဆန္ဒပြတယ်လို့ ရေးထားပါတယ်...။ ဒါကိုဦးဇင်းတို့ လက်မခံနိုင်ပါဘူး.. ။ ဦးဇင်းတို့အကြမ်းဖက်တာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ နောက်ရဲက သိမ်းမိတာ တုတ်ဓားတွေ ပါတာမဟုတ်ပဲ ဆိုင်းဘုတ်တွေပဲ သိမ်းမိတော့ တရားစွဲဖို့ခက်နေတာပေါ့။ စွဲချက်တင်မရဖြစ်နေတယ်လေ။ နောက်ရဲတွေကိုယ်တိုင်က ရီနေတယ်လေ..။ ဦးဇင်းတို့ကို ပြန်တော့ ပြန်တာ့ဆိုပြီး အတင်းပြန်ခိုင်းတာ .. နောက်သံအမတ်က ဖမ်းခိုင်းတဲ့ အတွက်ကြောင့် အခုလိုဖြစ်ရတာပါ.. လွှတ်တော်အမတ်တွေ၊ တရားရုံးချုပ်ရှေ့နေတွေ နောက် UNHCR တို့ချက်ချင်းရောက်လာပြီး လာကူညီပေးတယ်။ ရဲတွေကို ပန်ကာတွေဖွင့်ခိုင်း ဘာခိုင်း အစားအစာမုန့်တွေက အစအကုန်ပါလာတာပါ။ အဲ့လိုနိုင်ငံခြားသားတွေတောင် အားပေးကူညီကြပြီး လူအများနားထောင်တဲ့ ဒီသတင်းဋ္ဌာနကြီးတခုက ဒီလိုအကြမ်းဖက်တယ်လို့ ရေးတာတော့ လက်မခံနိုင်ပါဘူး။ ဒီကလူတော်တော်များများကလည်း အဲ့ဒီအကြမ်းဖက်တယ် ဆိုတဲ့ စကားလုံးကို တော်တော်ဒေါသဖြစ်နေပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ စစ်အာဏာရှင်စံနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အတွက် စစ်အာဏာရှင် တော်လှန်တဲ့နေရာမှာ အကြမ်းဖက်တယ် ဆိုပြီးသုံးတဲ့ စကားလုံးကို လုံးဝလက်မခံနိုင်ပါဘူး. ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။

ရဲစခန်းမှာ
စွဲချက် တင်တဲ့ ပုဒ်မတွေကတော့... Twenty sive Burmese activists including a monk and five women, were charged by the Delhi police with sections 147, 149, 188 and 427. They are to be produced on March 20, 2010 in Partiala Court in New Delhi.

ဓာတ်ပုံ ... အရှင်ထာဝရ
သတင်း.. ဒီမိုဝေယံ

မီဒီယာ များ လွတ်လပ်ခွင့် နဲ့ ၂၀၁၀ ရွေးကောက်ပွဲ

မီဒီယာက လူတွေကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံကြားတော့ ကိုယ့်တို့မှာ တာဝန်ရှိတယ် ဆိုပြီး အသီးသီး ထွက်ကြမေးကြ ရေးကြမယ်ပေါ့။ ရွေးကောက်ပွဲ ဥပဒေကို ဘယ်လိုမြင်လဲ ၊လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူတွေ ပါတီထောင်မလဲ၊ စသဖြင့်ပါ။ အန်အယ်လ်ဒီ ပါတီနဲ့ ပတ်သက်ပြီး သတင်းဂျာနယ်တွေမှာ မျှတစွာ ရေးခွင့်ရမယ်လို့ ဘယ်ဂျာနယ်လစ်မှ မမျှော်လင့်သေးပါဘူး။ အခြားသော လှုပ်ရှားမှုတွေ၊ အမြင်တွေအတွေ့ အကြုံရှိတဲ့ နိုင်ငံရေး သမားတွေကို မေးကြမြန်းကြတာပါ။


သို့ပေမယ့် အဲလို မေးကြမြန်းကြ ရေးကြပေမယ့်လည်း ၉၅ ရာခိုင်နှုန်းလောက်သော သတင်းများ၊ ဆောင်းပါးများဟာ စာပေစိစစ်ရေး ကနေ ကျော်ဖြတ်မလာနိုင်ကြပါ။ ရွေးကောက်ပွဲ မတိုင်ခင် လူတွေရဲ့ အသံတွေ၊ ပါတီတွေရဲ့ အသံတွေ ၊ နိုင်ငံရေးသမားတွေရဲ့ အသံတွေအားလုံး တိတ်ဆိတ်နေစေချင်ပြီး ကြံ့ဖွံ့နဲ့ န၀တ အသံတွေပဲ အစိုးရပိုင် သတင်းစာတွေကနေ ထုတ်ပြန်နေမှာလား လို့မေးစရာဖြစ်လာပါပြီ။



ဂျာနယ်တွေမှာ ဘာမှတောင် ဖေါ်ပြခွင့်မရကြရှာ. အစိုးရသတင်းစာထဲက ပါသလောက်အပြင် ယခင်ဟာတွေနဲ့ နှိုင်းယှဉ်တာ၊ ထပ်မံဖွင့်ဆိုရေးသားတာ၊ ဝေဖန် ထောက်ပြတာ၊ ချီးမွမ်းတာ၊ အပြစ်ပြောတာ ဆိုလို့ဘာမှ ရေးသားဖေါ်ပြခွင့် မရှိဘူးဆိုတယ်။ စိစစ်ရေးကို မတင်ပဲ ဒီအတိုင်းထည့်ရင် နိုင်ငံရေးပါရင် ထောင်ဒဏ် ၇နှစ်လို့ဆိုတယ်။ ဘယ်ပုဒ်မနဲ့ အရေးယူမလဲတော့ မသိပါ။ မြန်မာနိုင်ငံမှာက အရေးယူချင်ရင် အခြားမဆိုင်တဲ့ပုဒ်မ တွေနဲ့ အရေးယူလို့ရနေတာကြောင့် ပုဒ်မမရှိဘူးလို့တော့ မပြောရဲပါဘူး။



ဗီဒီယိုရိုက်တဲ့ သတင်းထောက်ကို တရားမ၀င်ဆိုင်ကယ် စီးနင်းမှုနဲ့ ထောင်ဒဏ် ၇နှစ်ချလို့ရသလို ဖုန်းပြောခဆောင်ဖို့ ဖယ်ထားတဲ့ အက်ဖ်အီးစီ လက်ဝယ်ဆောင်ထားရင်လည်း လိုင်စင်မရှိတဲ့အတွက် အရေးယူမယ်ဆို အရေးယူလို့ ရပြန်ပါတယ်။ အဲလိုပဲ ခွင့်မပြုတဲ့ သတင်းကို ဖေါ်ပြမိတဲ့ အယ်ဒီတာကို အကောက်ခွန်မဲ့ ကွန်ပျူတာ သုံးစွဲမှုနဲ့ ထောင်ချတာမျိုးလည်း လုပ်ချင်လုပ်မှာပါ။



ဂျာနယ်တွေက နအဖကို ထောက်ခံချင်တောင်မှ ပေါ်ပေါ်တင်တင် ထောက်ခံလို့မရဘူး။ နည်းနည်း နဲ့ခပ်လျှိုလျှိုနဲ့ ပဲထောက်ခံစေချင်တယ်။ ရွေးကောက်ပွဲကို မလုပ်ချင်ပဲ လုပ်ရပုံပေါ်တယ်။ အဲဒါကြောင့် လက်နှေးနေတဲ့ သဘောလည်း ဖြစ်မယ်။



ယခုလို ဖြတ်တောက်ထားတဲ့ ကြားထဲမှာ အချို့သော တတိယအုပ်စုရဲ့ `အသံ´ဂျာနယ်လို `၁၁ ခုမြောက် အပတ်စဉ် ´ဆိုတဲ့ ဂျာနယ်လို အခွင့်ထူးရတဲ့ ဂျာနယ်တွေမှာတော့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်တဲ့ အချို့သော သတင်းများ ထည့်သွင်း ဖေါ်ပြခွင့်ရတာ တွေ့ရပါတယ်။ သူ့ဂျာနယ်မှာ ဖေါ်ပြခွင့်ရလို့ အဲဒီလို သတင်းမျိုးကျွန်တော့် ဂျာနယ်မှာ ဘာလို့ဖေါ်ပြခွင့် မပေးတာလဲလို့ ပြောခွင့်မရှိပါဘူး။ စာပေစိစစ်ရေးက တာဝန်ရှိသူတွေက အဲလို တန်းညှိတာမျိုး ပြောရင် စိတ်ဆိုးကြပါတယ်။ မတူဘူး မတန်ဘူးလို့ပဲ ပြန်ပြောပါတယ်။


နောက်ကွယ်က ညွှန်ကြားချက်လား၊ နောက်ကွယ်က ဆက်ဆံရေးလား ဆိုတာတော့ မသိနိုင်ပါဘူး။


အခုလို မီဒီယာ လွတ်လပ်ခွင့်လို့ဆိုလိုက်လို့ သူများနိုင်ငံတွေလို ပေမှီဒေါက်မှီ မီဒီယာ လွတ်လပ်ခွင့်ကိုပြောတာမဟုတ် သေးပါဘူး။ မြန်မာပြည်က စာပေ စိစစ်ရေးကြီးကိုဖြတ်ရတဲ့ ဖြစ်စဉ်ထဲက အတိုင်းအတာတခုထိ လွတ်လပ်ခွင့်ကိုသာ ရည်ညွှန်းပြောဆို နေတာ ဖြစ်ပါတယ်။



မီဒီယာ မှာ နိုင်ငံရေး အကြောင်း မဖေါ်ပြရလို့ ဆိုခဲ့ရင် ပါတီတွေနဲ့ လူထုအကြားမှာ အဆက်အသွယ် ဖြတ်တောက်ထားချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။



နိုင်ငံရေးပါတီတွေ ဘာလုပ်နေလဲဆိုတာ လူထု မသိစေချင်သလို လူထုဘာတွေ လိုလားသလဲ၊ ဘယ်လိုမြင်သလဲဆိုတာကိုလည်း နိုင်ငံရေးပါတီတွေ မသိအောင် ကြားမှာ ဖြတ်တောက်ထားတဲ့ ရည်ရွယ်ချက်ပဲ လို့ယူဆရပါတယ်။



သတင်းရင်းမြစ်...မိုးမခ

အနှိပ်ခန်း ( မာဆတ် ) များ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး

ရွေးကောက်ပွဲ ဥပဒေ၊ ပါတီ နဲ့အမတ်တွေ အကြောင်းပြောနေရင်းကနေ အနှိပ်ခန်းအကြောင်း ဘယ်နှယ်လုပ် ရောက်သွားပါလိမ့်လို့ စာဖတ်သူတွေ မျက်စေ့လည်ကောင်း လည်သွားပါမယ်။ အမှန်ကတော့ ရန်ကုန်မြို့နဲ့ တကွမြန်မာနိုင်ငံရဲ့ လုပ်စားလို့ကောင်းတဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှကို ဦးတေဇရဲ့ ထူးကုမ္ပဏီကသာ လက်ဝါးကြီးအုပ်ကာ လုပ်စားနေတာကြောင့်ပါ။

မာဆတ်လို့ပဲ ခေါ်ခေါ် အမျိုးသားသီးသန့် အလှပြင်ဆိုင်လို့ပဲ ခေါ်ခေါ် ဗြူတီပါလာလို့ပဲ ခေါ်ခေါ် ရန်ကုန်မြို့မှာ ဆိုင်းဘုတ်တင်ပြီး တစ်မျိုး ဆိုင်းဘုတ်မတင်ပဲ တဖုံ လူနေအိမ်ခန်းများ အကြား၊ရပ်ကွက်များအကြား မှိုလိုပေါက်အောင် ဖွင့်လှစ်နေကြတာပါ။

အချို့အမျိုးသားတွေကလည်း အိမ်မှာ အိပ်ရတာ မီးကမလာ၊ အိုက်ကအိုက်သနဲ့ မာဆတ်မှာ ငွေ ၄၊ ၅ထောင်ပေးပြီး ၁ ဆက်ရှင် ၂ဆက်ရှင် အိပ်ရတာက အိပ်လို့ကောင်းတယ် ဆိုတာမျိုးလည်း ရှိပါတယ်။ ချဲဒိုင်၊ ဘောလုံးပွဲဒိုင်လုပ်သူ တချို့ဆိုရင်လည်း ညည အိမ်မှာ မအိပ်ပဲ မာဆတ်မှာ သွားအိပ်တာက လုံခြုံရေးအရ စိတ်ချရတယ်လို့ ယူဆကြပါတယ်။ ရဲက အကောက်အစားယူပြီး စောင့်ရှောက်ပေးထားတဲ့ နေရာမို့လို့ ဘယ်လုံခြုံရေးကမှ ဧည့်စာရင်းလာမစစ်သလို ခြေရာလည်း ခံဖို့မလွယ်လို့ ပါတဲ့။

ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမကြီးပေါ်က လူနေအိမ်ခန်းများ အကြား အနှိပ်ခန်း ဖွင့်ထားတော့ အဲဒီအနှိပ်ခန်းဆီကို ညကြီးမင်းကြီး မူးပြီး ဧည့်သည်တွေက ခဏခဏ အနီးအနားက အခန်းကိုမှားပြီး တံခါးခေါက်လို့ အိမ်နီးနားချင်းတွေ ခမျာစိတ်ညစ်နေကြရတယ်လို့ အဆိုပါတိုက်မှာ နေသူက ရင်ဖွင့်ပါတယ်။ ရဲကို ရ၀တကိုတိုင်ရအောင်လည်း အဲဒီအနှိပ်ခန်းမှာ နေ့တိုင်းရဲက ငွေလာယူနေကြ၊ ရ၀တကလည်း ရဲကအကာ အကွယ်ပေးထားပြီး သူတို့ကိုလည်း အနည်းနဲ့ အများပေးကမ်းထားတော့ တိုင်ပေမယ့် မထူးဇတ်လမ်းဖြစ်နေတယ် လို့ပြောပါတယ်။

မာဆတ်က အခုအခါမှာ အစိုးရပိုင် နိုင်ငံတော်ပိုင် လုပ်ငန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမ၀င်နဲ့ ပေါ်ပေါ်တင်တင် လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်တာ တကြောင်း၊ လူနေတိုက်ခန်းများ အကြား၊ ရပ်ကွက်များထဲမှာ အလှပြင်ဆိုင် အမည်နဲ့ ရုပ်ဖျက်ပြီး လုပ်ကိုင်နေတာ ကြောင့် အနှိပ်ခန်းစီးပွားရေးကိုလည်း နိုင်ငံတော် သူဌေးကြီးတွေ ၀င်ရောက်လုပ်ကိုင်ပြီး စနစ်တကျ ဖြစ်စေရင် ပိုကောင်းမလားလို့ အကြံပေးချင်တာပါ။ အနှိပ်ခန်း လုပ်ငန်းတွေ ရန်ကုန်မှာ ၃ ထောင် ၀န်းကျင် ရှိတယ်လို့ တလောက မဇ္ဈိမ သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

ရန်ကုန်မြို့က ဓါတ်ဆီဆိုင်တွေကို ဦးတေဇက ချိတ်ပိတ်တင်ဒါ ယူလိုက်သလိုပဲ အနှိပ်ခန်းတွေကိုပါ လွှဲပြောင်းယူပြီး လမ်းတလမ်းထဲမှာ ရပ်ကွက်တကွက်ထဲမှာ လိုင်စင်နဲ့ စနစ်ကျအောင် ဖွင့်ရင် သွားတဲ့သူတွေ အတွက်လည်း အိမ်ကြိုအိမ်ကြား ရှာစရာမလို၊ မှားစရာမလိုပဲ လွယ်လွယ်ကူကူ အညောင်းဖြေနိုင်ကြမှာပါ။ အဲဒီအတွက်လည်း စားသုံးသူတွေက ထူးကုမ္ပဏီကို အထူးပဲ ကျေးဇူးတင်ကြလိမ့်မယ် လို့ထင်ပါတယ်။

ရန်ကုန်မြို့မှ ရပ်ကွက်နေလူထုအတွက် စိတ်အနှောင့်အယှက်၊ ကုမ္ပဏီတွေလုပ်ရင် စားသုံးသူတွေအတွက် ပိုမိုအကျိုးရှိမလား၊ တိုင်းပြုပြည်ပြု လုပ်ငန်းရှင်တွေဆိုတော့ မြန်မာစားသုံးသူများ အဆင်ပြေပြေနဲ့ စနစ်တကျ ၀န်ဆောင်မှု ရယူနိုင်ကြအောင် ရည်ရွယ်ပြီး ကန်ထရိုက်ပေးစေချင်တာပါ။

ဆိပ်ကမ်းချည်းပဲ ကန်ထရိုက်မယူပဲ အနှိပ်ခန်းလည်း ကန်ထရိုက်ယူစေချင်ပါတယ်။

သတင်းရင်းမြစ်...မိုးမခ

ရွေးကောက်ပွဲအပေါ် ပြည်နယ်နှင့်တိုင်းသဘောထားဗဟိုကတောင်းခံ...။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီး ဗဟိုကော်မတီ အစည်းအဝေးအမီ အဖွဲ့ချုပ်ဗဟိုက တိုင်းနဲ့ပြည်နယ်အသီးသီး က အဖွဲ့ချုပ်ပါတီဝင်တွေရဲ့ သဘောထားကို ဗဟိုက တောင်းခံထားကြောင်း ပါတီဝင် တွေက ပြောပါတယ်။ အဖွဲ့ချုပ်ဗဟိုမှာ လာမယ့် ၂၉ ရက်နေ့မှာ စုံညီ အစည်းအဝေးပြုလုပ်ပြီး ဆုံး ဖြတ်ကြမှာ ဖြစ်လို့ ခုလို သဘောထား တောင်းခံထားတာ ဖြစ်ပါတယ်။



ဒါနဲ့ ပတ် သက်ပြီး တနင်္သာရီတိုင်း ကော့သောင်းထမြို့နယ် အဖွဲ့ချုပ်ဝင်တွေက လာမယ့် ၂၁ ရက်နေ့မှာ ရွေးချယ်ဆုံးဖြတ်ပြီး တိုင်းကနေ တဆင့် ဗဟိုဆီ တင်ပြရမှာ ဖြစ်တယ်လို့ ကော့သောင်းမြို့နယ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်မောင်က ခုလို ပြောပါတယ်။ “ကျနော်တို့က အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အကုန်လုံးအပြင် ကျနော်တို့အဖွဲ့ကို စိတ်ပါဝင်စား သူတွေကိုပါ ဖိတ်လိုက်မယ်လေ၊ ကျယ်ကျယ်ပြန့်ပြန့်ပေါ့၊ ဝင်သင့် သလား၊ မဝင်သင့်ဘူးလား ဆိုတဲ့ အပေါ်မှာပေါ့နော်၊ ဆုံးဖြတ်ချက်ပေးလို့ ရအောင်၊ ကျနော့် တဦးတည်း အမြင်ကတော့ မဝင်သင့်ဘူးလို့ ထင်တယ်။ သိတဲ့အတိုင်းပဲလေ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရွှေဂုံတိုင်ကြေ ညာစာတမ်းနဲ့ ပတ်သက်ပြီး လက်ခံထားပြီးတော့ ပြောထားတဲ့ အပိုင်းတွေ ရှိတယ်။



“နောက်တချက် ဒု-ဥက္ကဋ္ဌ ဘဘဦးတင်ဦးကလည်း သူပြောသွားတဲ့ စကား ထဲမှာ ရှိတယ်လေ၊ ကျနော်တို့ အဖွဲ့ချုပ်ကြီးက ၈၈ မျိုးဆက်ရဲ့ ကျေးဇူးရှိတယ်ပေါ့။ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ အဖွဲ့ချုပ်၊ ခုချိန်မှာ ကျနော်တို့ တောင်းဆို ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း အချက်ပါ နိုင်ငံရေးအကျဉ်းသားတွေ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကလည်း မလွတ်လာဘူး။ လွှတ်ပေး တာမျိုး မရှိဘူး။



ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာမှ သူတို့ဘက်က တစုံတရာ ပြုပြင်ပြောင်းလဲပေးတာတွေလည်း မရှိဘူး။” အလားတူ ကချင်ပြည်နယ်ဘက်မှာလည်း ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး သဘောထားတောင်းထားကြောင်း မြစ်ကြီးနားမြို့နယ်အဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ ဦးနေဝင်းက ပြောပါတယ်။ “အန်ကယ်တို့ ဟိုနေ့ကတော့ ဦးကတော့ သဘောထားတောင်းထားတော့ ပေးထားပြီးပြီလေ၊ ပြည်နယ်ကို သဘောထားတောင်းတော့ ပြည်နယ်က သဘော ထားပေးဖို့ ဟိုနေ့က အားလုံးညိုနှိုင်းပြီး တင်ထားတာရှိတယ်။ အန်ကယ်တို့ သဘော ဆန္ဒအရကတော့ ဦးတို့ရဲ့ ရည်ရွယ်ချက်ကိုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်တာကိုး အများပါဝင်ခွင့် မရှိရင်၊ နိုင်ငံရေးအကျဉ်းသားတွေမှ ပါဝင်ခွင့် မရှိရင် တော့ ဒါ မှတ်ပုံတင်တာကို သဘောမတူနိုင်ဘူးပေါ့။” မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာလည်း ဒီလ ၁၆ ရက်နေ့က ပါတီရုံးးဖွင့်ပွဲနဲ့ အတူ ရွှေဂုံတိုင်ကြေညာစာတမ်းတွေ ဝေငှပြီး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောပါတယ်။




ဒီဆွေးနွေးချက်အပေါ် သူ့ရဲ့ သဘောထားက ....“ဖွဲ့စည်းပုံထဲမှာ ပါတဲ့ဥစ္စာက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးမှာ ရာသက်ပန် စစ် တပ်ကနေပြီးတော့ ပါဝင်ရန်ဆိုတာကြီးပါနေတော့ အန်တီတို့ရဲ့ ရည်ရွယ်ချက်နဲ့ သူ တို့ရဲ့ အာဏာရှင် စနစ်တည်မြဲရေးနဲ့က ဆန့်ကျင်နေတယ်၊ ၉ဝ ခုနှစ်ရလဒ်ကို မဝင် လို့ရှိရင် အလိုလိုပျက်မယ်၊ ဝင်လို့ရှိရင်လည်း ပျက်မှာပဲ၊ အဲဒီတော့ မဝင်ဘဲနဲ့ ပျက် တာက သူတို့ဖျက်တာ။ “နောက်တခုက ၂ဝဝ၈ အခြေခံဥပဒေကြီးကို ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတာကြီးက ပါပြီးတော့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ဝင်လိုက် မယ်ဆိုရင် အာဏာရှင်စနစ် တည်တံ့ခိုင်မြဲဖို့အတွက် ကျားကန်ပေးတာနဲ့ တူနေ တယ်၊ အဲဒီတော့ အန်တီတို့က လိုချင်တဲ့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီကို မ ရောက်ဘူး။



ပြည်သူကို သစ္စာဖောက်ရာကျတယ်၊ အရင်တုန်း က ၉ဝ ခုနှစ် ရွေး ကောက်ပွဲ တုန်းကဆိုရင် ခေါင်းစဉ်ကိုက ကော်မရှင်မှာက ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲလို့ ပါတာ၊ အခု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လို့ပဲ ပါတယ်။ ဒီမိုကရေစီဆိုတာ တလုံးတောင် မပါဘူး။ “အဲဒီတော့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီကိုရရှိဖို့အတွက် အန်အယ်လ် ဒီ က ထောင်ကျခံကြ၊ မိသားစုတွေ ဒုက္ခရောက်ကြ၊ သေကြကြေကြ၊ တိုက်ပွဲတွေ တိုက်ခဲ့ရတာတွေကို အလကား မဖြစ်သွားအောင်၊ တကယ်လို့ ရွေးကောက်ပွဲ ဝင် မယ့်ဘက်က မဲသာသွားရင် လူထုအတွက်လည်း သစ္စာဖောက်ပြီးတော့ ကိုယ့် ခေါင်းဆောင် ကို ကိုယ်ဖြုတ်ချသလို လုပ်မယ့် ဒီရွေးကောက်ပွဲမှာ ဝင်ချင်တဲ့လူတွေ အားလုံးကို အန်တီတို့က ဒီဥစ္စာကို စဉ်းစားပေးပါ။”


သတင်းရင်းမြစ်...DVB