19 September 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံမှု အောက်တိုဘာလ(၂)ရက်နေ့စီရင်ချက်ချမည်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားတာကို အယူခံဝင်ထားတာမှာ ဒီကနေ့ ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ အဲဒီနောက် အမိန့်ချမှတ်ဖို့အတွက် အောက်တိုဘာလ ၂ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီကစပြီး ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးခဲ့ကြပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချဖို့ တရားရုံးက ရုံးချိန်းပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဥာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံကို ရှေ့နေကြီးဦးကြည်ဝင်းက လျှောက်လဲချက်ပေးခဲ့ပြီး ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးခဲ့သလို တဘက် အစိုးရရှေ့နေတွေကလည်း ပြန်လှန် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။

ဒီနေရာလေးနှိပ်လိုက်ပါ။
"အားလုံးပြီးသွားတဲ့အချိန်က ၃ နာရီခွဲ ၀န်းကျင်ရှိပါပြီး ၃ နာရီခွဲဝန်းကျင်အချိန်မှာ တရားရုံးက ဒီအမှုတွေကို အမိန့်ချမှတ်ဖို့ဆိုပြီး အောက်တိုဘာလ ၂ ရက်နေ့ ၁၀ နာရီကို ရုံးချိန်းပေးလိုက်ပါတယ်။"

အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းပါ။

ပုံမှန်အားဖြင့်တော့ အဲဒီလို သတ်မှတ်ပေးလိုက်တဲ့ ရုံးချိန်းနေ့မှာ ဆုံးဖြတ်ချက် ထွက်တတ်ပေမယ့် တရားရုံးရဲ့ အဆင်သင့်ဖြစ်မှုပေါ် မူတည်ပြီး မထွက်တာတွေလည်းရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ လျှောက်လဲချက်ပေးခဲ့တဲ့အပေါ် အပြည့်အ၀ကျေနပ်မှုရှိပြီး တရားဥပဒေအတိုင်း အစီရင်ခံရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက မျှော်လင့်ထားပါတယ်။

"ကျနော် လုံးဝ ကျေနပ်တယ်။ ဆရာ ဦးကြည်ဝင်းက ပြောသင့်ပြောထိုက်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်၊ မှတ်ယူထိုက်တဲ့ ဥပဒေဆိုင်ရာ သဘောတရားတွေ ရှိသမျှအားလုံးကို အကောင်းဆုံး ပြောပြသွားနိုင်တယ်။ ရုံးကို လျှောက်လဲသွားနိုင်တယ် လို့ ကျနော် အဲဒီလို လက်ခံထားပါတယ်။ နိုင်ငံရေး ပယောဂ မပါဘူး၊ တရားဥပဒေစိုးမိုးမှု ရှုထောင့်သက်သက်ကနေ စီရင်မှုရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ လွတ်မြောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"

အယူခံလွှာလျှောက်လဲချက်ကို ကြားနာခဲ့တဲ့ တရားရုံးပတ်ဝန်းကျင်တ၀ိုက် အရင်ရက်တွေကထက် ထူးထူးခြားခြား လုံခြုံရေး တွေချထားပြီး ကြားနာပွဲလုပ်တဲ့ တိုင်းတရားရုံးထဲကိုလည်း ၀င်ခွင့်မရသလို စစ်ဆေးတာတွေလည်းရှိတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်

"လုံခြုံရေးတွေကတော့ အများကြီးပဲ။ ပြည့်နေတာပဲ ခါတိုင်းနဲ့မတူဘူး။ အ၀င်အထွက်တွေတောင် တော်တော်ကျပ်တယ်။ ခါတိုင်းဆိုရင် ဒီမှာက သိပ်မရှိဘူးလေ။ ရဲတွေဘာတွေ မရှိဘူး။ အခုဆိုရင် ရဲကားတွေကလည်း ပြည့်နေတာပဲ။ ဟိုဘက် သုံးလေးစီး၊ ဒီဘက် သုံးလေးစီးနဲ့လေ။ ရဲကားချည်းပဲ ၁၅ စီးလောက် ရှိတယ်။ သွားရလာရတာ အဆင်မပြေဘူး။ ဒီမှာလာကြည့်တဲ့သူတွေလည်း အတော်များတယ်။ စိတ်ဝင်စားကြတာပေါ့နော်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့။ သူတို့ အခု တော်တော်စစ်တယ်။ ခါတိုင်းဆိုရင် ဘယ်ရုံးသွားမှာလဲ ဆိုတာမျိုး မစစ်ဘူး။ အခု တော်တော်စစ်တယ်။ တိုင်းရုံးဆိုရင် ၀င်လို့မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာ လျှောက်လဲချက်ကို တရားရုံးက ကြားနာတဲ့နေ့ မတိုင်ခင်ညမှာပဲ အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ကြားနာပွဲလုပ်တဲ့ ဒီကနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် အကျဉ်းသားတွေ စပြီးလွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့မှာ စုစုပေါင်း အကျဉ်းသားအရေအတွက် ဘယ်လောက်လွှတ်ပေးခဲ့တယ် ဆိုတာ တိတိကျကျ မသိရသေးဘဲ လွှတ်ပေးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ပတ်ဝန်းကျင်ပါတယ် လို့တော့ သတင်းရင်းမြစ်အသီးသီးကနေ ပြောပြချက်တွေအရ သိထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် အကျဉ်းကျသူတွေ လွတ်မြောက်လာတာကို ၀မ်းသာကြိုဆိုပေမယ့် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လိုတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အဲန်အယ်လ်ဒီပဲ ဖြစ်ဖြစ်၊ သာမန် ရာဇ၀တ်သားပဲဖြစ်ဖြစ်၊ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ် အကျဉ်းထောင်က လွှတ်တာကို ကျနော် ကြိုဆိုပါတယ်။ အခု ကျနော်တို့ အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော အဖွဲ့ဝင်တွေ လွတ်မြောက်လာတာကို အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်အဖြစ် အများပြည်သူ အကုန်လုံး ကျေကျေနပ်နပ်ဖြစ်၊ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွတ်မြောက်ဖို့ လိုတယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြောခဲ့တာပါ။

ရင်းမြစ်။။ VOA

*မြတ်လေးငုံ* မှပြန်လည်ဖော်ပြပေးလိုက်ပါတယ် ၊မျှဝေခံစားနိုင်ကြပါစေ။

Type the rest of your post here.

18 September 2009

ယနေ့ နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်သူများစာရင်း။



ယနေ့ အင်းစိန်ထောင်မြင်ကွင်း


၁။မအိမ့်ခိုင်ဦး (အင်းစိန်)

၂။ဦးတင်မြင့် (အင်းစိန်)

၃။ကိုညီညီမင်း (ဘူးသီးတောင်)

၎။ကိုကျော်ကျော်သန်း(အင်းစိန်)

၅။မုံရွာအောင်သျှင်(ခေါ်)ဦးအေးကြူ(အင်းစိန်)

၆။ဦးနိုင်းနိုင်း(အင်းစိန်)

ရ။မတင်တင်မြင့်(အင်းစိန်)

၈။မသန်းသန်းဌေး(အင်းစိန်)

၉။မသန်းသန်းစိန်(မန္တလေး)

၁၀။မသန်းမင်းစိုး(အင်းစိန်)
ဒီနေရာလေးကိုနှိပ်လိုက်ပါ။
၁၁။မကြည်ကြည်မင်း(အင်းစိန်)

၁၂။ကိုဇော်ထွတ်အောင်(ကလော)

၁၃။ဦးတင်မျိုးထွတ်(ခေါ်) ကိုဦး (အင်းစိန်)

၁၄။ဦးဝင်းမြင့်(အင်းစိန်)

၁၅။ဦးကျော်မောင် (မြစ်ကြီးနား)

၁၆။ဦးနေဝင်း(မြစ်ကြီးနား)

၁ရ။ဦးကြည်လင်း(မြစ်ကြီးနား)

၁၈။ဦးစိုးဝေ(ခေါ်)သန်းဇော် (မြစ်ကြီးနား)

၁၉။စန္ဒောဘာသ (အင်းစိန်)

၂၀။ကိုအောင်ကြီး(အင်းစိန်)

၂၁။ဒေါ်မိမိစိန်(အင်းစိန်)

၂၂။ဦးဝင်းထိန်(ကသာ)

၂၃။ဦးစိုးဟန်(လာရှိုး)

၂၄။ဦးဘိုကြီး (ပဲခူး)

၂၅။ဒေါ်ခင်ခင်လေး(ပဲခူး)

၂၆။ဦးဖေတင် (ပဲခူး)

၂ရ။ဦးတင်မြင့်

၂၈။ဒေါ်ဇင်မာထွေး (မော်လမြိုင်)

၂၉။ကိုမျိုးလှိုင် (မော်လမြိုင်)

၃၀။ကိုမိုးလွင် (မော်လမြိုင်)

၃၁။ကိုမျိုးမင်းလွင် (မော်လမြိုင်)

၃၂။မဌေး(ခေါ်)စန်းစန်းမြင့်(အင်းစိန်)

၃၃။ကိုသက်ဦး(တောင်ငူ)

၃၄။ဦးပါဏ္ဍီတ(ခေါ်)မြင့်အေး(တောင်ငူ)

၃၅။ကိုဇော်ထွန်း (တောင်ငူ)

၃၆။ကိုဘိုဘို(မြင်းခြံ)

၃ရ။မစန္ဒာ(မြင်းခြံ)

၃၈။ပြည်ဖြိုးအောင်

၃၉။ကျော်ဝဏ္ဍစိုး

၄၀။ဦးဘိုချစ် (သာယာဝတီ)

၄၁။ကိုအေးမင်းမင်း(သာယာဝတီ)

၄၂။ကိုတင်ထွန်း (သာယာဝတီ)

၄၃။ကိုရွှေသာ(သာယာဝတီ)

၄၄-အီးကြောင်(ခ)ကိုအောင်သွင် (ရွှေဘိုထောင်)

၄၅-ကိုအောင်မျိုး (ရွှေဘို) (ရွှေဘိုထောင်)

၄၆-ဦးသန်းထွန်း(ကွတ်ခိုင်) (ရွှေဘိုထောင်)

၄၇-ဦးမောင်မောင်ထွေး(သိန္ဒီ) (ရွှေဘိုထောင်)

၄၈-ဦးတင်မောင်ညွန့်(စစ်ကိုင်း) (ရွှေဘိုထောင်)

၄၉-ဦးအောင်ဆွေ(စစ်ကိုင်း) (ရွှေဘိုထောင်)




1. Ma Eik Khaing Oo (Insein)

2. U Tin Mya (Insein)

3. Ko Nyi Nyi Min (Butheetaung)

4. Ko Kyaw Kyaw Thant (Insein)

5. Monywar Aung Shin (a) U Aye Kyu (Insein)

6. U Nine Nine (Insein)

7. Ma Tin Tin Myint (Insein)

8. Ma Than Than Htay (Insein)

9. Ma Than Than Sint (Mandalay)

10. Ma Thin Min Soe (Insein)

11. Ma Kyi Kyi Min (Insein)

12. Ko Zaw Htut Aung (Kale)

13. U Tin Myo Htut (a) Kyaw Oo (Insein)

14. U Win Myint (Insein)

15. U Kyaw Maung (Myintkyina)

16. U Nay Win (Myintkyina)

17. U Kyi Lin (Myintkyina)

18. U Soe Wai (a) Than Zaw (Myintkyina)

19. Shin Sandaw Batha (Insein)

20. Ko Aung Gyi (Insein)

21. Daw Mi Mi Sein (Insein)

22. U Win Htein (Kathar)

23. U Soe Han( Lashio)

24. U Bo Gyi (Pegu)

25. Daw Khin Khin Lay (Pegu)

26. U Pe Tin (Pegu)

27. U Tin Myint

28. Daw Zin Mar Htwe (Moulmein)

29. Ko Moe Hlaing (Moulmein)

30. Ko Moe Lwin (Moulmein)

31. Ko Myo Min Lwin (Moulmein)

32. Ma Htay (a) San San Myint (Insein)

33. Ko Thet Oo (Taungoo)

34. U Pannita (a) Myint Aye (Taungoo)

35. Ko Zaw Tun (Taungoo)

36. Ko Bo Bo (Myingyan)

37. Ma Sanda (Myingyan)

38. Ko Pyait Phyo Aung (Pa-Ai)

39. Ko Wunna Soe (Pa-Ai)

40. U Ba Chit (Tharawaddy)

41. Ko Aye Min Min (Tharawaddy)

42. Ko Tin Tun (Tharawaddy)

43. Ko Shwe Thar (Tharawaddy)

ဆက်လက်ဖော်ပြပေးပါမည်။

ရင်းမြစ်။ ။AAPP
Type the rest of your post here.

17 September 2009

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ဖြစ်ရပ်များ*ဆိုတဲ့ခေါင်းစဉ်လေးနဲ့
အတူ ကျမ တို့နိုင်ငံမှာစစ်အာဏာရှင်တွေက N.L.D. ပါတီဝင်တွေအပေါ်မှာ ညှင်းပန်းနှိပ်စက်ပုံတွေ ကျမ လက်လှမ်းမှီသလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။

ကျမ(မြတ်လေးငုံ)ကိုယ်တိုင်(သံတိုင်ကြားကN.L.Dလူငယ်များရဲ့ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ဖြစ်ရပ်များ)ဆိုတဲ့အစီစဉ်လေးကို နောက်တဦးအနေနဲ့ N.L.D (လူငယ်)တဦးဖြစ်ခဲ့တဲ့ကိုဝင်းလှိုင်နဲ့စကားလက်ဆုံမေးမြန်း ထားခဲ့တာတွေကို ပြန်လည်ဖော်ပြပေးပါမယ်။

ကိုဝင်းလှိုင် နဲ့ အရင် မိတ်ဆက်ပေးပါမယ်။




ဒီနေရာလေးကိုနှိပ်လိုက်ပါ။

မြတ်လေးငုံ။ ။
ဒီနေ့ညီမက အကိုရဲ့ ထောင်တွင်း အတွေ့အကြုံလေးတွေ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင် တယောက်အနေနဲ့မေးမြန်းမယ်နော်..။ ကိုဝင်းလှိုင် N.L.D ပါတီကို ဘယ်ချိန်စတင်ဝင်ရောက်ခဲ့ပါသလဲ?

ကိုဝင်းလှိုင်။ ။
(၁၉၈၈)ခု.စက်တင်ဘာလ(၂ရ)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကိုစတင်တည်ထောင်ခဲ့ပါတယ်၊
ပါတီ စတင်တည်ထောင်ချိန်တည်းကနေပြီးပါဝင် ခဲ့တာပါ။

မြတ်လေးငုံ။
ကိုဝင်းလှိုင် က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ ဘာတာဝန်ယူရပါသလဲရှင်?။

ကိုဝင်းလှိုင်။
ပါတီ စတင်တည်ထောင်ခြင်းမှာတော့ ဗဟိုလူငယ်ခေါင်းဆောင်တဦး အနေနဲ့ပါဝင်ခဲ့ပါတယ်။

မြတ်လေးငုံ။
၁၉၉၀ ရွေးကောက်ပွဲမှာ ကိုဝင်းလှိုင် ဘာတွေလုပ်ဆောင်ခဲ့ပါသလဲရှင်?။

ကိုဝင်းလှိုင်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တပ်ကုန်းမြို့နယ် အမှတ်(၂)၊ မန္တလေးတိုင်း။နေပြီးရွေးချယ်ခံခဲ့ပါတယ်။

မြတ်လေးငုံ။
ပြိုင်ဘက်ပါတီနဲ့ မဲအရေအတွက်ဘယ်လောက်နဲ့နိုင်ခဲ့ပါသလဲရှင်?။

ကိုဝင်းလှိုင်။
ဒီငြိမ်း၊တစည၊ယူအပ်ဒီပီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်၊ယှဉ်ပြိုင်ခဲ့တာပါ။၇၂%ကျော်အနိုင်မဲနဲ့
တပ်ကုန်း(၂)မြို့နယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။

မြတ်လေးငုံ။
အကို တပ်ကုန်းမြို့နယ်ရဲ့ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်တော့အသက်ဘယ်လောက်ရှိသွားပြီးလဲပြော
ပြပေးပါအုံးနော်?။

ကိုဝင်းလှိုင်။
ညီမသိပါတယ်၊ (၂၅)နှစ်ပါ။

မြတ်လေးငုံ။
ကိုဝင်းလှိုင်နိုင်ငံရေးအကျဉ်းသားဘဲနော်?၊ဘာအမှုနဲ့ထောင်ကြခဲ့ပါသလဲ?၊ထောင်ဘယ်နှစ်နှစ်အမိန့်ချခံခဲ့ရပါ
သလဲ?၊ ဘယ်နှစ်နှစ် ထောင်ထဲမှာနေခဲ့ရပါသလဲ?၊နောက်အကို အမှုတွဲတွေကိုပြောပြပေးပါလား?၊

ကိုဝင်းလှိုင်။
ဟုတ်ပါတယ်။အကိုတို့အမှုကတော့ -ပုဒ်မကတော့၅(က(ခ)ည၊
အမိန့်ချခံထားရတာကတော့(၁၀)နှစ်ပါ၊ နှစ်ပြည့်နေခဲ့ ရပါတယ်၊အမှုတွဲတွေကတော့........

(၁)။ဦးကြည်မောင်- ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (ဗဟန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၂)။ဦးချမ်းအေး - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (မော်လမြိုင် ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်)
(၃)။ဦးစိုးသိမ်း(မောင်ဝံသ) - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်(ဝေါပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၄)။ဦးတင်ထွတ်- ဗဟိုအလုပ်ကော်မတီဝင် ( အိမ်မဲပြည်သူ့လွတ်ကိုယ်စားလှယ်)
(၅)။ဦးကျော်မင်း - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (ပုသိမ်အနောက်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၆)။ဗိုလ်မှုးကြီးစိုးညွန့်- ရန်ကုန်တိုင်းစည်း(ကျောက်တန်းပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၇)။ဗိုလ်ကြီးတင်ဝင်း- (ဗဟိုကော်မတီ)
(၈)၊ဦးမောင်မောင် -ဗဟိုကော်မတီဝင်(ရေကြည်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၉)။ဦးသိန်းတန် -ဗဟိုကော်မတီဝင် (မန္တလေးတိုင်းစည်း)
(၁၀)။ဦးအုံးကြိုင် -ဗဟိုကော်မတီဝင်(မန္တလေးတိုင်းစည်း)
(၁၁)၊၊မုံရွာဦးတင်ရွှေ -ဗဟိုကော်မတီဝင်(မန္တလေးတိုင်းစည်း)
(၁၂)။ကိုမြင့်စိုး - (ဗဟိုအလုပ်ကော်မတီ)
(၁၃)။ကိုဝင်းလှိုင် -(တပ်ကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၁၄)။ကိုကိုကြီး- (ဗဟိုလူငယ်)
(၁၅)။ကိုမိုးဇော်ဦး -(ဗဟိုလူငယ်)
(၁၆)။ကိုရန်အောင် (ရန်ကုန်တိုင်းလူငယ်တာဝန်ခံ)
.တို့ပါဘဲ။

မြတ်လေးငုံ။
ကိုဝင်းလှိုင်ကို စစ်အာဏပိုင်တွေက အိမ်မှာလာဖမ်းတာလား?။

ကိုဝင်းလှိုင်။
(၂၃.၁၀.၁၉၉၀)မှာ အကိုပါတီရုံးကနေပြီးအိမ်အပြန် နောက်ကနေလိုက်လာပြီး အိမ်ရောက်တာနဲ့ ခန နေပြီးသူတို့ကရောက်လာပြီးလိုက်ခဲ့ပါဆိုပြီးခေါ်တာပါ။

မြတ်လေးငုံ။
ကိုဝင်းလှိုင်ကိုဘယ်ကိုခေါ်သွားတာလဲပြောပြပေးပါလား?။

ကိုဝင်းလှိုင်။
ဖမ်းပြီးရေကြည်အိုင်စစ်ကြောရေးမှာထားတယ်၊၂၈ရက်လောက်စစ်ကြောရေးမှာစစ်ပြီးတော့မှအင်စိန်ထောင်
ထဲကိုပို့တယ်၊(၆)လလောက်ထားပြီးတော့မှ ထောင်ချတယ်။

မြတ်လေးငုံ။
ထောင်ချပြီးတော့ဘယ်ထောင်တွေပြောင်းခဲ့ရပါသလဲပြောပြပေးပါလားရှင်?။

ကိုဝင်းလှိုင်။
ထောင်ချလိုက်ပြီးအင်စိန်မှာထားတယ်၊တိုက်ထဲမှာထားတယ်၊နောက်ဟိုပြောင်းဒီပြောင်းနဲတိုက်တွေစုံနေ
အောင်ပြောင်းခဲ့ရပါတယ်၊(ဦးရဲထွန်း၊ဘဘဦးဝင်းတင်၊မင်းသိင်္ခင်္၊စံဇာဏီဘို၊)ရယ်နောက်ပါတီကကိုယ်စားလှယ်
တွေ၊ပါတီကလူငယ်တွေနဲ့နေခဲ့ရတယ်၊အခန်းစုံအောင်နေရတော့လူစုံသွားတယ်လေ၊နောက်သရက်ထောင်
ကိုပြောင်းခဲ့ရတယ်၊

မြတ်လေးငုံ။
သရက်ထောင်ဆိုတော့အကိုရေ ထောင်ဝင်းကြေးပေးရမှာပေါ့နော်။

ကိုဝင်းလှိုင်။
ပေးခဲ့ရတာပေါ့။

မြတ်လေးငုံ။
ကိုဝင်းလှိုင်ထောင်ထဲမှာနေစဉ် စိတ်ခံစားမှုလေးတွေအများကြီးရှိမှာပါ၊အဲဒီထဲကတခုလောက်ပြောပြပေး
ပါလား။

ကိုဝင်းလှိုင်။
အများကြီးထဲကပြောရမယ်ဆိုရင်တော့....စိတ်ပိုင်းဆိုင်ရာမွန်းကြတ်မှုတွေအရမ်းများခဲ့ရပါတယ်၊အသက်ရှင်
သန်မှုအတွက်အာမခံချက်မဲ့နေတဲ့နေ့ရက်တွေကိုဖြတ်သန်းခဲ့လို့ဘဲ။လူဂုဏ်သိက္ခာကိုအနိမ့်ကျဆုံးချေမှုန်းခံခဲ့
ရတဲ့ငရဲညတွေ...အဲဒီအတွေအကြုံတွေအမြောက်အများရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။စိတ်ခံစားမှုတွေခံခဲ့ရပေ
မယ့်ပိုဆိုးတဲ့ဘဝအကြားကပြည်သူလူထုအတွက်ကြေကွဲခံစားနေရတုန်းပါပဲ။ကျောပြင်ကဒဏ်ရာတွေရခဲ့တဲ့
နေ့ရက်တွေ၊စိတ်ထဲနာကျင်မှုတွေက၊အငတ်ဘေးရင်ဆိုင်ခဲ့ရတဲ့ညတွေ၊ဂုဏ်သိက္ခာကိုနင်းချေခံနေရတဲ့အချိန
်တွေကိုအကိုတို့ခံစားခဲ့ရပေမဲ့ယနေ့ဗမာပြည်သူတွေရဲ့ဘဝတွေထက်ပိုမဆိုးခဲ့ပါဘူး။

မြတ်လေးငုံ။
ထောင်ထဲကတွေကြုံမှုတခုလောက်ပြောပြပေးပါလားရှင်?။

ကိုဝင်းလှိုင်။
ဘုန်းကြီးတပါးအပေါ်ထောင်မှူးးရဲ့ရင့်သီးရက်စက်တဲ့ဆက်ဆံရေးကြောင့်အားလုံးမကြေနပ်တဲ့အခြေအနေမှာ..
ထောင်ဆူပူမှုဖြစ်ပွားခဲ့တယ်ဆိုပြီး တိုက်ပိတ်ခံခဲ့ရတယ်၊၊ ထောင်အာဏပိုင်တွေကို လက်အုပ်ချည်နှုတ်ဆက်ဖို့
အမိန့်ပေးလို့အာဏဖိဆန်ခဲ့လို့ တိုက်ပိတ်ခံခဲ့ရတယ်၊၊ ထောင်ထဲမှာဘဝမသေဘို့ အတွက်ဖတ်ရှုလေ့လာစရာ
စာအုပ်တွေခိုးခြောင်ခိုးဝှက်ဖတ်ကြရတယ်လေ့လာကြရပါတယ်၊အဲဒါကိုထောင်အာဏပိုင်က သလာစီတော့
သိသွားတဲ့အခါမှာထောင်ဆူပူမှုဖြစ်ပြန်တယ်။နောက်ဆုံးအကြိမ်တိုက်ပိတ်ခံရပြန်တယ်။(သလာစီတယ်ဆိုတာ
ကတော့ ရှာဖွေရေးလုပ်တာကိုပြောတာနော်)။

မြတ်လေးငုံ။
အကိုကတိုက်(၃)ကြိမ်ပိတ်ခံရတာပေါ့နော်၊ထောင်အာဏပိုင်တွေကတိုက်ပိတ်ခံရတဲ့အကျဉ်းသားတွေကို
ဘာတွေလုပ်လဲပြောပြပေးပါနော်?။

ကိုဝင်းလှိုင်။
တိုက်ပိတ်တယ်ဆိုတာက..ရိုက်နှက်ပြီးတိုက်ထဲကိုခေါ်သွားတယ်၊အဲဒီတိုက်ဆိုတာကအလုံပိတ်အခန်း၊
မှောင်မဲနေတာဘဲ၊အလင်းရောင်နဲနဲလေးဝင်နိုင်တဲ့အခန်း၊တိုက်ပိတ်ရင်အဝတ်တထည်ကိုယ်တခုနဲ့နေခဲ့ရတယ်၊
ပုံစံ(တာလပေါငပိ)နဲ့စားရတယ်။ရေပေးမချိုးဘူး။မိလ္လာပေးမချဘူး။တခါတလေအဆိုးဝါးဆုံကတော့..ညီမရယ်
အခန်းထဲမှာလောက်ကောင်တွေကျလာအထိနေခဲ့ရပါတယ်။တိုက်ပိတ်ခံရရင်(၂)ပါတ်ကနေ(၃)လထိကိုခံရပါ
တယ်။

မြတ်လေးငုံ။
အကိုသရက်ထောင်ကနေဘဲပြန်လွတ်ခဲ့တာပေါ့နော်၊ထောင်ကဘယ်အချိန်ပြန်လွတ်ခဲ့တာလဲ?။


ကိုဝင်းလှိုင်။
ဟုတ်ပါတယ်၊1999 . January မှာပြန်လွတ်လာပါတယ်။


မြတ်လေးငုံ။
အကို ခုထိ ထောင်ထဲမှာကျန်နေသေးတဲ့လူတွေကိုဘယ်ပြောချင်သေးလဲအကို?။ နောက် ထောင်ထပ်ပြီး
ကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကို အနေနဲ့ဘာပြောချင်ပါသေးလဲရှင်?။

ကိုဝင်းလှိုင်။
ထောင်ဆိုတာ သူရဲကောင်းတို့အတွက်တော့ ရဲတိုက်ပေါ့။ ကြောက်တတ်သူတွေအတွက်တော့ ငရဲပေါ့။ အခု ထောင်ထဲက သူရဲကောင်းတွေကို အလေးပြုပါတယ်။ ဗမာပြည်ကိစ္စက မပြီးသေးတော့ ထောင်ထဲက သူတွေလဲ ဆက်နေကြရအုံးမယ်။ ရင်နာစရာတော့ ကောင်းတယ်။ နာကျင်မှုတွေက ကုစားစရာမရှိဘူး။ နစ်နာမှုတွေက အလျော်အစား မရှိဘူး။ တဖက်သတ်ကြီး ဖြစ်နေတယ်။ ဒါပေမဲ့ ရဲဘော်တွေ အားတင်းထားပါလို့ အားပေးပရစေ..။

မြတ်လေးငုံ။
အကိုလက်ရှိဘယ်မှာဆက်ပြီးလုပ်နေသေးလဲ?။

ကိုဝင်းလှိုင်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှာတွဲဘက်အတွင်းရေးမှူး(၁)။
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များသမဂ္ဂ။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ။
မြန်မာနိုင်ငံရှေ့နေများကောင်စီ။

မြတ်လေးငုံ။
အကိုရေ ညီမ ကိုနောက်ဆုံးအနေနဲ့ဘာပြောချင်သေးပါသလဲ?။

ကိုဝင်းလှိုင်။
ညီမဘလော့လေးက ကောင်းတယ်။ ဒီထက်ဆက်ကြိုးစားပါ။ ကိုယ်မှာအတွေ့အကြုံတွေ များထားတဲ့အမျိုးသမီး တယောက်အနေနဲ့ ပြန်ပြီးမျှဝေပေးပါ။

မြတ်လေးငုံ။
အကိုကျေးဇူးတင်ပါတယ်၊ညီမဘလော့လေးမှာစိတ်ရှည်စွာနဲ့ပြောပြပေးတဲ့အကိုကြီးကိုဝင်းလှိုင်ကိုကျေးဇူး
အထူးတင်ပါတယ်။

ကိုဝင်းလှိုင်။
အကိုတို့ စိတ်ကူးရှိပြီး မလုပ်နိုင်သေးတဲ့ အလုပ်ကိုအကိုတို့ ညီမလေးကလုပ် တော့ အားပေးရတာပေါ့။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*
Type the rest of your post here.

*မြန်မာနိုင်ငံရေး အကျဉ်းသားများ အခြေအနေဆိုး*


နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကမ္ဘာတ၀န်းက တောင်းဆိုနေကြပေမဲ့ လွှတ်မပေးသေးတဲ့အပြင် အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသားတွေကို မတရား ပြုကျင့်တာတွေ၊ အသက် အန္တရာယ် ခြိမ်းခြောက်တာတွေက ဆက်ဖြစ်နေဆဲပါ။ ဒီထဲမှာ အခုနောက်ဆုံး ထွက်လာတဲ့ ဖြစ်ရပ်တခုကတော့ ဖျာပုံ ထောင်ဘက်က ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အကျဉ်းသားတွေကို လွှတ်ပေးဖို့ လုပ်နေပါပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကတိပေး ပြောဆိုခဲ့တာဟာဖြင့် ၂လ ကျော်လာခဲ့ပါပြီ။ ခုချိန်ထိတော့ လွှတ်ပေးမယ့် အရိပ်အယောင်တွေကို မတွေ့ရသေး တဲ့အပြင် အကျဉ်းကျနေသူတွေအဖို့ အခက်အခဲမျိုးစုံ၊ အနိုင့်အထက် ပြုကျင့်ခံရမှုမျိုးစုံ၊ အသက်အန္တရာယ် ခြိမ်းခြောက် ခံရ မှုမျိုးစုံ၊ ကျန်းမာရေး ချို့ယွင်းမှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ သတင်းတွေ ပိုပိုပြီး ကြားလာရပါတယ်။

ဒီထဲမှာ အခုနောက်ဆုံး ထွက်လာတဲ့ ဖြစ်ရပ်ကတော့ ဖျာပုံထောင်ဘက်က ဖြစ်ပါတယ်။ ဖျာပုံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးပဲရှိပြီး အဲဒီထဲမှာ တဦးကတော့ မန္တလေးက ကိုရွှေမောင်ပါ။ သူ့အခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူက ပြောပြပါတယ်။

“မနေ့တုန်းက ကျမ တွေ့ပြီးပြန်လာတော့ ကျမယောက်ျားရဲ့ အခြေအနေက တော်တော်ကြီးကို ဆိုးနေတယ်ရှင့်။ တော်တော်ကြီးကို အင်အားချည့်နဲ့ပြီးတော့ သူ့ကိုတွေ့လိုက်ရတာ ကျမရင်ထဲမှာ တော်တော်လည်း ခံစားရတယ်။ အခုလက်ရှိမှာ လည်း ကိုရွှေမောင်က အစာအိမ်ဖြစ်နေတယ်၊ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်နေတာပေါ့။ သူ့ခန္ဓာကိုယ်က တုန်နေတာ ကျမနဲ့ စကားပြောနေတုန်း။ တုန်နေတော့ ကျမ သူ့လက် တွေကို အတင်းဆွဲကြည့်တော့ သူ့ရဲ့လက်သည်းတွေမှာ အမည်းပြောက်တွေ ဖြစ်နေ တယ်။ သူ အတွင်းရောဂါလည်း ဖြစ်နေလောက်တယ်လို့ ကျမ ယူဆတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့အတွက် ကျမက ကိုရွှေမောင့်ကို ငွေအလုံအလောက် ပေးထားပါ လျက်နဲ့ ကိုရွှေမောင့်ကို သွေးပေါင်တောင် ချိန်မပေးဘူး။”

ထောင်အာဏာပိုင်တွေဟာ ခြိမ်းခြောက်မှုမျိုးစုံ၊ အကျပ်ကိုင်မှုမျိုးစုံ သုံးပြီး နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရိုက်ချိုး ဖို့ ကြိုးစားတာတွေ၊ သာမန် ရာဇ၀တ် အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြား အဆင်မပြေဖြစ်အောင် သွေးထိုးလှုံ့ဆော်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိဖြစ်အောင် လုပ်ဆောင်တာ မျိုးတွေ ရှိတယ်ဆိုတာကို အကျဉ်းကျခဲ့ဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြန်ပြောပြခဲ့ဖူးပါတယ်။ အခုလည်း ကိုရွှေမောင်ဟာ အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပုံ ရှိပါတယ်။

“၈ လပိုင်းလောက်က ၄ လက္မ သံမှို သူ့အခန်းထဲက တွေ့တယ်တဲ့။ အဲဒါကို ကိုရွှေမောင်က ထောင်ဖောက်မယ့် လူစားပဲ ဆိုပြီးတော့ ကိုရွှေမောင့်ကို ရုံးတင်ပြီး စစ်ဆေးတယ်တဲ့။ စစ်ဆေးတော့ ကိုရွှေမောင်က လုံးဝ လက်မခံဘူး။ ဒါက ကျနော် လည်း မသိဘူးတဲ့၊ ဒီသံမှို ဘယ်လိုရောက်တာလဲ ကျနော် မသိဘူးပေါ့။ အဲဒါ ကိုရွှေမောင်ကို ဇွတ်ဝန်ခံခိုင်းတယ်တဲ့၊ ထောင်ပိုင် က။ သူတို့က အဲဒီလို ကိုရွှေမောင့်ကို စွပ်စွဲချက်တွေနဲ့၊ ကိုရွှေမောင်ကလည်း လုံးဝ ငြင်းတာပေါ့။ ငြင်းတော့ သူတို့ အထ မမြောက်ဘူး။ အထမြောက်ရင် ကိုရွှေမောင့်ကို ရိုက်သတ်မယ့်သဘောမျိုး။ ထောင်ဖောက်ပါတယ်ဆိုပြီး ရိုက်သတ်ချင်တဲ့ သဘောမျိုးပေါ့။ ကိုရွှေမောင့် အသက်အန္တရာယ်အထိ သူတို့ ရန်ရှာလာတယ်။”

ဖျာပုံထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ ဇနီးဖြစ်သူ ပြောပြသွားတာ ဖြစ်ပါတယ်။

ကိုရွှေမောင်ဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက သံဃာတော်တွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီးတော့ မန္တလေး မှာ အဖမ်းခံရပြီး မန္တလေးထောင်ကနေ အင်းစိန်ထောင်၊ အဲဒီကနေ ထောင်ဒဏ် ၈ နှစ် ချခံရပြီးတဲ့နောက် ဖျာပုံထောင်ဆီ ရွှေ့ပြောင်းခံထားရတာပါ။

အခုဖြစ်ရပ်ဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် အာဏာပိုင်တွေက ဆိုးဆိုးရွားရွား ပြုမူဆက်ဆံတာတွေ ရှိနေတယ် ဆိုတာကို နောက်ထပ် သက်သေပြလိုက်တာဖြစ်ပြီး ဖုံးအုပ်မရဘဲ ထွက်လာခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေအရေး လုပ်ဆောင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒီ့ထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ဖို့ လိုနေတယ် ဆိုတာကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုပါလို့လည်း ကိုတိတ်နိုင်က ပြောပါတယ်။

“နိုင်ငံတကာကနေ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ၊ လွှတ်ပေးပါဆိုပြီး တောင်းဆိုရုံ၊ ပြောနေရုံနဲ့တော့ ထိရောက် တဲ့ ဖိအား ဖြစ်လာမယ်လို့ ကျနော်တို့ အနေနဲ့တော့ မထင်ပါဘူး။ အမြန်ဆုံး နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို ရှာကြံပြီး အသုံးပြုရမယ်ဆိုတဲ့ ကိစ္စမျိုးက ကုလသမဂ္ဂ အနေနဲ့ရော၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ရော ဒီနေ့ ဒီအချိန်မှာ အရေးတကြီး စဉ်းစားဖို့ လိုနေပြီဆိုတဲ့အကြောင်း ကျနော်တို့ ပြောချင်ပါတယ်။”

AAPP အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရှိပြီး အကျဉ်းသား အရေအတွက် လျော့ သွားတယ်မရှိဘဲ တဖြည်းဖြည်း တိုးလာနေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ရင်းမြစ်။ ။VOA

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

16 September 2009

ရန်ကုန်တိုင်းအတွင်း တရားမဝင် လုပ်ငန်းရှင်များ ပုံမှန်ဆပ်ကြေးထက် ပိုပေးနေရခြင်း။

ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန်ယူပြီးနောက် တိုင်းအတွင်း တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေးပေးနေရသူများက ပြောသည်။

ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင်တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်းပေးနေရရာမှ ယခုရဲမှူးကြီးအသစ်ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။

ဒဂုံမြို့နယ်၌ အနှိပ်ခန်းပိုင်ရှင်ကလဲ “ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ဒီဆိုင်က ရိုးရိုးအနှိပ်ခန်းပဲဆိုတော့ ကိစ္စမရှိဘူး။ ဆက်ဖွင့်ပါဆိုလို့ဖွင့်ထားပါသည်။

ဖရေဇာလမ်းပေါ်တွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူတဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ်ဆက်ကြေးပေးရကြောင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ရဲမှူးကြီးပြောင်း၍ ဆက်ကြေး တိုးမည်ပြောဆိုသော်လည်း မည်မျှတိုးမည်ဆိုသည်ကို မသိသေးကြောင်း ပြောသည်။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်းတပ်ဖွဲ့များ၊ စရဖ ၊များပါအဝင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံနေကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲလောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ ဥပဒေနှင့် ငြိစွန်းပြီး စီးပွားရှာနေသူများထံမှ ပုံမှန်ဆက်ကြေးကောက်ခံလေ့ ရှိကြသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်နေရာကိုရဲမှူးကြီးအောင်နိုင်သူ တာဝန်ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေးငွေများအပြောင်းအလဲသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ရန်ကုန်မြို့တွင်းငွေပေးလျှင်
လိုသလိုလုပ်နိုင်နေကြောင်း ထင်ရှားလျှက်ရှိသည် ကိုတင်ပြလိုက်ပါသည်။


မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရ သူများပြန်လည်လွတ်မြောက်။

စက်တင်ဘာလ (၁၃)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာပိုင်တို့က ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီး ၁၀ ဦး နှင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားသည်ဟု သိရှိရပါသည်။

တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသားကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုဖြင့် ၁ ရက်ကြာ ထိန်းသိမ်းထားပြီး အာဏာပိုင်များ က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် ဖမ်းဆီးခံထားရသော မြန်မာ အမျိုးသမီး ၁၀ ဦးသည် လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်မှ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်းပါသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၁၀ ဦးသည် မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့က စီစဉ်သည့် စွမ်းရည် မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု ကြားသိရပါသည်။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

ထိုနေ့တွင် ထိုင်းအာဏာပိုင်များက လူ့အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)၊ အမျိုးသား ကျန်းမာ ရေးနှင့် ပညာရေး ကော်မတီ (NHEC)၊ BWU အဖွဲ့ တို့၏ လုပ်ငန်းများ တည်ရှိသည့် နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၀င်ရောက် စစ်ဆေးသည့် ရဲအရာရှိများထံတွင် ရုံးများတည် ရှိရာ မြေပုံ များ၊ အချက် အလက်များ ပါရှိသည် ဟုကြားရပါသည်။

ချင်းမိုင်မြို့အတွင်း ဝင်ရောက်ဖမ်းဆီး အချိန်သည် ထိုင်းရဲနှင့် အာဏာပိုင်များက စီမံချက်အနေဖြင့် တရားမ၀င် နေထိုင်သူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို အရေးယူဖမ်းဆီးနေသော အချိန်လည်းဖြစ် သည်။

လူ့အခွင့်အရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းရဲက တနေ့တည်း ၀င်ရောက် ခြင်းကိစ္စနှင့် ပတ်သက်ပြီး အတိုက်ခံများက အမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြပါသည်။

အဖမ်းအဆီး သတင်းကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေးအဖွဲ့များ၊ သတင်းဌာနများ၏ ရုံးများ ပိတ်ထားကြပြီး တချို့ရုံးများသာပြန်ဖွင့်ထားပါသည်။

ရင်းမြစ်။ ။ဧရာဝတီ

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

15 September 2009

နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေး (ခေါ်) မနှင်းမေအောင် မုံရွာထောင်တွင်းတိုက်ပိတ်ခံထားရခြင်း။



မနိုဘယ်အေး(ခေါ်)မနှင်းမေအောင်

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်သည် အသည်းရောဂါ ဝေဒနာခံစားနေရပြီး ယခုတွင် မုံရွာ အကျဉ်းထောင်ထဲမှာ တိုက်ပိတ် ခံထားရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မနိုဘယ်အေးအား မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခံနေရခြင်းဖြစ်ကြောင်း သေချာမသိရှိသေးပါကြောင်း။
မနိုဘယ်အေးသည် အသည်းရောင်အသားဝါ ရောဂါ ဝေဒနာကို အင်းစိန်ထောင်တွင် ရှိစဉ်ကတည်းက ခံစား နေခဲ့ရပြီး ယခု မုံရွာထောင်တွင် သူ၏ရောဂါ ပိုမိုခံစားနေခြင်း ကြောင်းကိုလဲသိရှိခဲ့ရပါသည်။

မနိုဘယ်အေး၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းမှာ သမီးဖြစ်သူ မနိုဘယ်အေး ၏ မည်သည့်သတင်းကိုမှ ယခုထိ မကြားသိ ရသေးပါကြောင်းပြောခဲ့ပါသည်။မနိုဘယ်အေး၏ မိခင်သည် လာမည့် ၁၆ ရက်နေ့တွင် မနိုဘယ်အေး
ကို ထောင်ဝင်စာ သွား တွေ့ရမည်ဖြစ်ကြောင်း သိရပါသည်။

၈၈ မျိုးဆက်သစ် ကျောင်းသား အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် မနိုဘယ်အေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်ခဲ့မှုနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့မူကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားခဲ့ရသည်။ ထို့မှ တဆင့် ဖေဖော်ဝါရီလတွင် မုံရွာထောင်သို့ ပို့ဆောင် ခံခဲ့ရသည်။

မနိုဘယ်အေးသည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဇူလိုင် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဇွန်လ အစောပိုင်းက အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း AAPP က သတင်းထုတ်ပြန်ခဲ့သေပါသည်။

သတင်းအပြည့်အစုံသိချင်ပါကဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် + (၀) ၈၁ ၃၂၄ ၈၉၃၅

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.

14 September 2009

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ အစုလိုက်အပြုံလိုက် သားမယားအဖြစ် မတရားပြုကျင့်ခြင်းခံရ ခြင်း

လွန်ခဲ့သောသီတင်းပတ်အနည်းငယ်အတွင်းကကြေမွပျက်စီးခဲ့ရသောမြန်မာအမျိုးသမီးများ၏လုံခြုံမှုနှင့်ခါးသီး
လှသော အမျိုးသမီးများအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သော ဖြစ်ရပ်တခု မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် မယုံကြည်နိုင်လောက်စရာ ဖြစ်ပွားခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံအသီးသီးမှရောက်ရှိပြီး အလုပ်လုပ်ကိုင်နေထိုင်ကြသော မိန်းကလေးများစွာ ရှိနေပါသည်။ သက်ဆိုင်ရာသံရုံးများ ကူညီစောင့်ရှောက်မှု ကြောင့် အခြားလူမျိုးများ၏ ဘ၀မှာ လုံခြုံ စိတ်ချရသော်လည်း မြန်မာအမျိုးသမီးများ၏ ထိခိုက်နစ်နာမှုများက တော့ မယုံနိုင်စရာကောင်းလောက်ပင် အောက်ပါဖြစ်ရပ်များက သက်သေထူနေပါတော့သည်။

ဖြစ်စဉ်မှာ Taman Putri Wangsa Jalan Istimewa 7. No16 Kilang E.W တွင် အလုပ်လုပ်နေသော မိန်းကလေးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှု တခုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သော STAR သတင်းစာတစောင်ကတော့ အထ မမြောက်ခဲ့သော ကာအိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့် မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည်။ (The women, who were all in their 20s, were later ordered to strip but his attempt to rape them was unsuccessful and he left soon after. The star link http://news.asiaone.com/News/AsiaOne%2BNews/Crime/Story/A1Story20090911-167164.html အမှန်တကယ်ဖြစ်ပေါ်ခဲ့ပုံမှာ (၂၈.၈.၀၉) နေ့ မနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ထိုနေ့မ တိုင်ခင်ကထဲက မိန်းမများသီးသန့်နေထိုင်ရာ ထိုအိမ်အနီးသို့ မလေးရှားနိုင်ငံသားမှ ရောက်လာပြီ ဘောင်းဘီဇစ် များ ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြား ရာ မြန်မာအေးဂျင့်မှ ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည် ။
ဒီနေရာလေးကိုနှိပ်လိုက်ပါ။
အခင်းဖြစ်သည့်ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက်အိမ်နောက်ဖေးမှ ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို ဖွင့်စေပြီး နောက်ထပ်(၅) ယောက်ဝင်ရောက်လာ ကြပါသည်။ ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊ ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င် မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဒါးများဖြင့် ခြိမ်းချောက်ခံထားရ ခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။ ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံးစုစည်းစေကာ အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍ အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ မိန်းကလေး(၄)ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေးဟုထင်ရသော အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဤအမှုကို မြန်မာအမျိုးသမီးများက မြန်မာသံရုံးသို့တိုင်ကြားသော်လည်း မလေးရှားတရားဥပဒေဖြင့် အရေးယူရန်ဆောင်ရွက်ပေးခြင်းမရှိပဲ သံရုံးကိုတိုင်က သတင်းထိမ်ချန်ပြီး အလိုတူအလိုပါသဘောမျိုးဖြင့် ထိုမိန်းကလေးများကို တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်စေလိုက်သည်။ ဆက်လက်၍ သာမန်စောင့်ရှောက်မှု များဖြင့်သာ အကူအညီပေးထားပြီး မိန်းကလေး(၂) ဦးကို မြန်မာပြန်သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိပါသည်။ မိမိတို့မြန်မာနိုင်ငံသားများသည် ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ့်လူမျိုးအစိုးရ၏ ဖိနှိပ်စော်ကားမှုတွေကြောင့် လုံခြုံမှု ကင်းမဲ့နေရသဖြင့် အခြားနိုင်ငံများသို့နေထိုင်ကြပြန်တော့လည်း အခြားလူမျိုးများ၏ အစော်ကားကို ခံရ၊ အခြားအစိုးရ၏ ဥပက္ခာပြုခြင်းကို ခံရနှင့် လူသားခြင်းမစာနာမှု ၀ဲဂယက်ထဲတွင်လှုပ်လေမြုပ်လေဖြစ်နေရသည်။

မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများ NGOs နှင့် အာဏာပိုင်အဖွဲ့အစည်းများကလည်း သူတို့နိုင်ငံ သူတို့လူမျိုးနှင့်ပတ်သတ်လာလျှင် လက်ရှောင်ချင်ကြသည်မှာအထင်အရှား နှုတ်ဆိတ်နေချင်ကြသည်မှာ သိသာလွန်းလှပေသည်။ ဒီအခြေအနေ ဒီအခက်အခဲတို့ကြောင့် အကြောင်းတစုံတရာဖြစ်တိုင်း ကယ်ကူသူမဲ့နေ ရသည့် မိမိတို့မြန်မာလူမျိုးများအဖြစ်က ရင်နာစရာကောင်းလှပါကြောင်းတင်ပြလိုက်ရပါသည်။

After Brutal Group Rape, Girls were wounded and theirs belonging were robbed

Last a few days ago attacker who had raped and robbed all the girls goes through severe mental stress, traumatized and pulverized at Johor state, Malaysia the case happened unbelievable. Many girls from several countries come to Malaysia for their jobs opportunity, most of them feel safe because protection from their embassy but according this horrify even Myanmar girls are not excluded.

The groups of attackers who ordered to strip and raped the girls the accident happened at No.16, Jalan Istimewa 7 , KILANG E.W, Taman Putri Wansa , Johor Baru . According the star attempt to rape them was unsuccessful and left soon after actual happened was on the August 28, 2009 the man entered the hostel with a parang-wielding from the back door where he broke. Later the man called the rest of the four other partners. All ten women were fast asleep later he woke them up all the girls could not seek for the outside help because the men threatened with parang-wielding. Later robbed them of their mobile phones, jewelleries, ordered to strip and keep them in the one room and raped them. There were 10 girls at the accident and four of them, Ma Khine Khine Mar, Ma San Myint , Ma Sandar Htwe ,Ma Pa Pa Lin, Ma Nu Nu Lwin , Khaine Thazin , Khin Thae Cho were raped. The rest shouted for the help so the men stab two girls and run away.

Although, the case has been reported to Myanmar embassy which was the most responsible but no serious action taken, only provided temporary shelter and transferred the girls to the other place

Eventually, the girls transferred from their hostel and their where about is now unknown. Recording rape or interviewing victims of sexual violence is problematic in Myanmar women, where women fear social stigma or further trauma and sometimes recant their allegations out of shame.Laws regarding sexual assault, and harassment in among Myanmar women are weak whether the criminals are minors or not. It is becoming an issue due to sharp increase in sexual crimes.
Burglar enters women's dormitory but fails to rape them

By Loh Foon Fong

The Star/Asia News Network

Fri, Sep 11, 2009

KUALA LUMPUR: Seven Myanmar women factory workers were spared the ordeal of rape when a parang-wielding intruder broke into their hostel but could not get an erection.

The man entered the hostel at 2 AM when the women were fast asleep. He woke them up before robbing them of their mobile phones and jewelleries.

The women, who were all in their 20s, were later ordered to strip but his attempt to rape them was unsuccessful and he left soon after.

Terrified by the incident, the workers refused to continue living in the hostel in Taman Putri Wangsa in Johor Baru.

Myanmar embassy counselor, Ei Ei Tin said the embassy would provide temporary shelter for the women but it wanted the police to arrest the culprit.

"He has not been caught. He had a parang and ordered all of the women to surrender their money and to strip," she told The Star.

The counsellor said the embassy was writing a letter to the Human Resources Ministry to look into the plight of Myanmar workers in Malaysia.

"We also want the workers to have a safe place and not have 30 people live in one dormitory," she said.

The seven women who reported the case to the embassy had to live with more than 20 others in another dormitory and this caused a lot of discomfort and could pose a health risk, she said.

Tin urged the agents for foreign workers from Myanmar and their Malaysian counterparts to adhere to the laws in their treatment of workers.

There are 130,731 registered Myanmar workers in the services, manufacturing and plantation sectors in the country. -The Star/Asia News Network.

ပေးပို့ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲ မှ( ဥက္ကဌ)ကိုကျော်ကျော် အားအထူးကျေးဇူးတင်ပါသည်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

13 September 2009

ဦးဝင်းတင်၏ ဗမာပြည်သူတွေ မလိုအပ်တဲ့ ရွေးကောက်ပွဲ

ဦးဝင်းတင်၏ ဗမာပြည်သူတွေ မလိုအပ်တဲ့ ရွေးကောက်ပွဲ အမေရိကန်နိုင်ငံ Washington Post သတင်းစာ တွင်ရေးသားဖေါ်ပြခဲ့သော ဆောင်းပါး
( ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်ပြီး၊ အဖွဲ့ကို စတင်တည်ထောင်သူ တဦးလည်းဖြစ် ပါသည်။ သူသည် ၁၉၈၉ မှ ၂ဝဝ၈ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဘူးသည်။ )

ဘဘဦးဝင်းတင်

အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ်၏ မြန်မာပြည်ခရီးစဥ၊် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် သူ၏ တွေ့ဆုံဆွေးနွေးပွဲများသည် ယခုတလော ကမ္ဘာ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ဝက်ဘ် ၏ ဗမာအာဏာပိုင်များနှင့် အဓိပ္ပါယ် ရှိသော ဆွေးနွေးပွဲများ ဖြစ်မြောက်စေလိုသော ဆန္ဒအား ကျွန်တော်နားလည်ပါသည်။ သို့သော် သူ၏ကြိုးပမ်းမှုက ကျွန်ုပ်တို့၏
ဒီမိုက ရေစီရေး လှုပ်ရှားမှုကို ထိခိုက်နစ်နာစေခဲ့သည်။ သူက မှားယွင်းသော အကြောင်းကိစ္စအပေါ် အာရုံ စိုက်ခဲ့သည်။ ရေရှည်နိုင်ငံရေးမဟာဗျူဟာ တရပ်အနေဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူက ကျွန်ုပ်တို့အား ပါဝင်ယှဉ် ပြိုင်စေလိုနေခြင်းဖြစ်သည်။ သို့သော်လည်း စစ် အစိုးရက ကျင်းပပေးမည့် ‘ဗန်းပြရွေးကောက်ပွဲ’ သည် ဗမာပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေသောလွတ်လပ်မှုကိုလှောင်ပြောင်
ခြင်း မျှသာဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေလိမ့်မည်ဖြစ်သည်။

ပြီးခဲ့သည့် လွတ်လပ်သော ရွေးကောက်ပွဲတွင် ဗမာပြည်သူလူထုသည် စစ်တပ်အုပ်ချုပ်မှုကို တခဲနက် ဆန့်ကျင်ပယ်ချခဲ့ကြပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ပါလီမာန်၌ ၈ဝ ရာခိုင်နှုန်းကျော် ရွေးချယ်တင်မြှောက်ခဲ့သည်။ သို့သော် စစ်တပ်သည် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အား အစိုးရဖွဲ့ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။ ရွေးကောက်ပွဲ ကာလမှစ၍ ဗမာပြည် ဒီမိုကရေစီရေးလှုပ်ရှားသူများသည် ဗမာပြည်သူများအားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်ရေး၊ တရားမျှတရေး၊ တသီးပုဂ္ဂလနှင့် တိုင်းရင်းသားအခွင့်အရေးများ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ထောင်ချခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။

မပြီးဆုံးနိုင်သော ဒီမိုကရေစီရေးလှုပ်ရှားမှု ကာလတလျှောက်လုံး ငြိမ်းချမ်းရေးနှင့် အပြန်အလှန် လေးစားရေးအပေါ် အခြေခံ၍ ဗမာပြည်၏ အရေးကြီးသော နိုင်ငံရေးနှင့် လူမှုရေးပြဿနာများကို ဖြေရှင်း နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် တွေ့ဆုံဆွေးနွေးပွဲအား အစဉ်အမြဲ လမ်းဖွင့်ထားခဲ့ပါသည်။ဤပြဿနာနှစ်မျိုးသည်တခုနှင့်တခုဆက်စပ်လျက်ရှိသည်။ဗမာပြည်သည်တချိန်တခါက အာရှ၏ထမင်းအိုးဟုတင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသည်။ယနေ့ကာလတွင်စစ်အစိုးရ၏မှားယွင်းသောစီးပွားရေးမူဝါဒများနှင့် စစ်အုပ်ချုပ်မှု အဓွန့်ရှည်ရေးအတွက် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ဗမာပြည်သည် ဆင်းရဲမွဲတေသော နိုင်ငံတခုဖြစ်ခဲ့ရသည်။

စစ်အစိုးရသည် ‘ဗန်းပြရွေးကောက်ပွဲ’ များဖြင့် တရားဝင်မှုအရည်ခြုံရန် ကြိုးစားနေပြီး လာမည့်နှစ်တွင် ‘စည်းကမ်းပြည့်ဝသောဒီမိုကရေစီ’ ကို တည်ဆောက်မည်ဟု ကြွေးကြော်လျက်ရှိသည်။ ၂ဝဝ၈ ခုနှစ်၊ မေလတွင် လူ တစ်သိန်းကျော် သေဆုံးခဲ့ရသည့် ဆိုင်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပင် စစ်အစိုးရသည် ဟာသမြောက်သော အတုအယောင် လုပ်ငန်းစဉ်တရပ်ကို အသုံးချ၍ ၉၃ရာခိုင်နှုန်းကျော်သော မဲဆန္ဒရှင်များကအခြေခံဥပဒေကိုထောက်ခံကြောင်းကြေညာခဲ့သည်။ထိုအခြေခံဥပဒေသည်နိုင်ငံခြားအထောက်ပံ့ကိုရရှိခံစားသူများကိုရွေးကောက်ပွဲဝင်ခွင့်မရှိခြင်းအစရှိသည့်မသေချာမရေရာသောအဓိပ္ပါယ်ဖွင့်ဆိုချက်များ
ဖြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီရေးလှုပ်ရှားသူများကိုရွေးကောက်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်ရန်
တားမြစ်ထားကြောင်း တွေ့ရှိရသည်။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

အချို့သော နိုင်ငံတကာ လေ့လာသူများက လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို အခွင့်အလမ်းတရပ်အဖြစ်ရှုမြင်ကြသည်။သို့သော်စစ်အစိုးရ၏အခြေခံဥပဒေအရကျင်းပမည့်ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်လိမ့်မည်။ ကျွန်ုပ်တို့ တိုင်းပြည်၏ လွတ်လပ်မှုကို မည်သို့မျှ ဆောင်ကျဉ်းပေးနိုင်မှုမရှိမည့် ဖြစ်စဉ်တရပ်တွင် ပါဝင်ရန် မြန်မာပြည်သူလူထု သန်းပေါင်းများစွာ အပင်ပမ်းခံ၊ အဖမ်းအဆီးခံ၊ အနှိပ်စက်ခံ၊ အသက်သေခံ၍ တန်ဖိုးထားခဲ့သော ဒီမိုကရေစီစံနှုံန်းများကို ကျွန်ုပ်တို့ပေးဆပ်လိမ့်မည်မဟုတ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တောင်းဆိုချက်များသည်ကျိုးကြောင်းဆီလျော်ပါသည်။ဧပြီလတွင်နိုင်ငံရေး
အကျဉ်းသားများ လွှတ်ပေးခြင်း၊ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ခြင်း၊ အဖွဲ့ချုပ်ရုံးခန်းများအား ပြန်လည်ဖွင့်လှစ်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပေးခြင်း စသည့် အချက်များနှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် ညှိနှိုင်းရန် အားပေးထောက်ခံသည့် ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့သည်။ စစ်အစိုးရ၏ တုန့် ပြန်ချက်သည်ကား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အား ဆက်လက်အကျဉ်းချထားခြင်း၊ တိုင်းရင်းသား အဖွဲ့များကို အလုံးအရင်း စစ်ဆင်တိုက်ခိုက်ခြင်းနှင့် ဒီမိုကရေစီကို ထိန်းချုပ်ရန် ဥပဒေအမျိုးမျိုးဖြင့် ဆက်လက်ဖိနှိပ်နေခြင်းတို့ဖြစ်သည်။

နိုင်ငံတကာမိသားစုအနေဖြင့်မည်ကဲ့သို့သောအဓိပ္ပါယ်ရှိသည့်အခန်းကဏ္ဍမှပါဝင်နိုင်မည့်နည်း၊၊ဦးစွာပထမ
အနေဖြင့် ဝက်ဘ် ကဲ့သို့သော တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် တရုတ်ပြည်အား အထိတ်တလန့်ဖြစ်နေခြင်းမှ ရပ်ဆိုင်းရမည်။တရုတ်ပြည်အားဝိုင်းဝန်းထိန်းကျောင်းရန်မြန်မာစစ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်
ဆိုသောသူ၏စကားများသည်ခေတ်မမီတော့ပဲလက်တွေ့မကျသောအယူအဆများအပေါ်အခြေခံပြောဆိုခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် က ‘ကျမတို့ဟာ ဘယ်နိုင်ငံကိုမဆို အကြောက်တရားတွေ၊ မလုံခြုံမှုတွေနဲ့ ဆက် ဆံမှာမဟုတ်ပါဘူး၊ ကျမတို့ဟာ တရုတ်၊ အမေရိက၊ အိန္ဒိယ အစရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို တန်းတူရည်တူ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ အိမ်နီးချင်းတွေကို ရွေးချယ်ခွင့်မရှိတဲ့အတွက် တရုပ်ပြည်နဲ့လဲ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်းနားလည်ပါတယ်။’ ဟု ဝက်ဘ် အား အသိပေးပြောကြား၍ သူ၏ အယူအဆကို ပယ်ချခဲ့ပါသည်။

ဒုတိယအချက်အနေဖြင့်နိုင်ငံတကာမိသားစုနှင့်နိုင်ငံတကာအဖွဲ့အစည်းများကိုတိုက်တွန်းလိုသည်မှာမိမိတို့နှင့်
လည်းကောင်း၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်းကောင်းတွေ့ဆုံညှိနှိုင်းရန်အတွက်မြန်မာစစ်ခေါင်းဆောင်
်များကို ဆွဲဆောင်စည်းရုံးပေးရန်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည်ဗမာပြည်အပေါ် အရေးယူဒဏ်ခတ်မှုများပြုလုပ်ထားကြသည်။ကျွန်ုပ်တို့အားလုံးအမြတ်တနိုးအလေးထားသောဒီမိုကရေစီတန်ဖိုး
များနှင့်အညီ တရားမျှတသော စုစည်းထောက်ခံမှုကိုပြသသည့်အနေဖြင့်၎င်းတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။အကယ်၍စစ်အစိုးရသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသားကိုယ်စား
လှယ်များဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ တိုင်းရင်းသားလူနည်းစုများအပေါ် တိုက်ခိုက်နေမှုများ ရပ်ဆိုင်းခြင်းနှင့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရန် လိုအပ်သောလုပ်ငန်းများ အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် ဤပိတ်ဆို့ အရေးယူဒဏ်ခတ်မှုများ အချိန်တန်လျင် ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။

ယခုလောလောဆယ်အားဖြင့်ကျွန်ုပ်တို့၏သံန္နိဋ္ဌာန်ကိုမည်သူမျှသံသယမရှိကြပါလေကုန်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ဗမာ့လူ့ဘောင်ကိုရောင်ပြန်ဟပ်သောပုံရိပ်ဖြစ်ပါ၏။ကျွန်ုပ်တို့လိုလားတောင့်တ၍လှုပ်ရှားရုန်းကန်လျက်ရှိသော လွတ်လပ်မှုများကို ဗမာပြည်သူများထံမှတားမြစ်ရုတ်သိမ်းမည့်လုံးလုံးလျားလျားမှားယွင်းနေသော နိုင်ငံရေးဖြစ်စဉ်တခုတွင် ကျွန်ုပ်တို့အား ပါဝင်ဆောင်ရွက်ရန် ဖိအားပေး တိုက်တွန်းချက်များကို ကျွန်ုပ်တို့ လက်ခံမည်မဟုတ်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် ကျွန်ုပ်တို့ အစဉ်အမြဲ အသင့်ရှိပါ၏။ သို့သော် ငြားလည်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသော၊ လွတ်လပ်မှုပေါင်းများစွာ ရင်းနှီးခဲ့ရသော ဒီမိုကရေစီ တန်ဘိုးများ ပြည့်စုံရရှိရန် ကျွန်ုပ်တို့၏ လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ရန်လည်း စိတ်အားထက်သန်ဆဲဖြစ်ပါကြောင်း။

အမေရိကန်နိုင်ငံ Washington Post သတင်းစာတွင်ရေးသားဖေါ်ပြခဲ့သော ဆောင်းပါးအား N.L.D(LA)မှ ဦးမိုးဇော်ဦး ဘာသာပြန်ထားခြင်း ဖြစ်ပါသည်၊

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

12 September 2009

*(၁၂ /၂၀) မေ့မရတဲ့ စက်တင်ဘာလလေးရယ်။*

(၁၂ /၂၀ ) မေ့မရတဲ့ စက်တင်ဘာလလေးရယ်...ဆိုတဲ့ အဓိပ္ပါယ် လေးကတော့ ကျမ ဘဝရဲ့ တဦးတည်းသော
မေမေနဲ့ တဦးတည်းသော သားလေး တို့ရဲ့ မွေးနေ့ လေးပါ။ ကျမ အတွက် သိပ်ကို အရေးကြီးတဲ့ မေမေနဲ့သားလေးအတွက် အမှတ်တရ အကြောင်းလေးတွေ ကိုသတိတရနဲ့ ရေးထားလိုက်တာကတော့....

စက်တင်ဘာ၂၀ရက်နေ့ကိုပိုင်ဆိုင်ထားတဲ့ ချစ်မေမေ အတွက် မွေးနေ့လက်ဆောင်။

အရင်ရေးမဲ့အကြောင်းကတော့..မေမေအကြောင်းလေးပါ။မေမေ ကတော့ လာမယ်စက်တင်ဘာ(၂၀) ဆိုရင်
မေမေ မွေးနေ့လေးပါ ။မေမေ အကြောင်းကတော့ ကျမ သိပ်ရေးဘို့မလိုတော့ပါဘူး။ မေမေ အကြောင်းကို
ကျမ ထိုင်းနိုင်ငံရဲ့ အမေများ နေ့ကလဲရေးဖြစ်ခဲ့တယ်နော်။ မေမေက မျက်စိ နားနှာခေါင်း လည်ချောင်းဆေးရုံ (ရန်ကုန်မြို့)(Theater Sister) လုပ်ပါတယ်။ ခုတော့ ပင်စင် ယူသွားပါပြီး။

မေမေမွေးနေ့ အတွက် ကျမကို ကျွေးမွေးစောင့်ရှောက် သွန်သင်ဆုံးမခဲ့တဲ့ မေမေကို ကျမ သိပ်နှစ်သက်ခဲ့တဲ့ ကဗျာလေးနဲ့မွေးနေ့လက်ဆောင်အဖြစ်အမှတ်တရလုပ်ပါတယ်။ဒီကဗျာလေးကကျမတို့ခေါင်ဆောင်ကိုယ်တိုင်
စပ်ခဲ့တဲ့ကဗျာလေးပါ။

ဒေါ်အောင်ဆန်းစုကြည်၏

"ရဲရဲတောက် မိခင်ကဗျာ"

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌ မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုံ့ ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

(ဒေါ်အောင်ဆန်းစုကြည်)
---------------------------------------။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

ကျမ....အတွက် အမြဲတမ်း အခက်ခဲ ကိုမျှဝေပြီး ခံစားပေးခဲ့တဲ့ မေမေအတွက်.......

-မေမေ...သမီးဟာမေမေ လောက်ပေါင်းသင်းဆက်ဆံရေးမကောင်းခဲ့ပါဘူး။
မေမေ...သမီးဟာမေမေလို လူတိုင်းကိုမေမေလိုစိတ်မျိုးမထားနိုင်ခဲ့ဘူး။
မေမေ...သမီးဟာမေမေလို စိတ်စေတနာမကောင်းခဲ့ပါဘူး။
မေမေ...သမီးဟာမေမေလို သီးခံစိတ်မရှိဘူး။

ဒါပေမဲ့....မေမေလို... သမီး မေမေမြေးလေးအပေါ်မှာနားလည်အောင်လမ်း ညွှန်နိုင်ပါတယ်။
ဒါပေမဲ့...မေမေလို... သမီး မေမေမြေးလေးအပေါ်မှာလမ်းမှန်ကိုသွန်သင်ပြနိုင်ပါတယ်။
ဒါပေမဲ့...မေမေလို... သမီး မေမေမြေးလေးအပေါ်ကိုယ်တာဝန်ကိုကိုယ်ကျေပွန်နိုင်အောင်ဆုံးမနိုင်ပါတယ်.။
ဒါပေမဲ့...မေမေလို.... သမီး မေမေမြေးလေးကို မိခင်ကောင်းဖြစ်အောင်ကြိုးစားနိုင်ပါတယ်.။

မေမေ မွေးနေ့မှာ ကျန်းမာပါစေ၊စိတ်ချမ်းသာပါစေ၊မေမေမျှော်လင့်ထားတဲ့ လိုအင်ဆန္န အမြန်ဆုံးပြည့်ဝပါစေ
လို့ ဆုတောင်းပေးရင်းနဲ့ မေမေကို...လက်အုပ်မိုးပြီးကန်တော့လိုက်ပါတယ်မေမေ..။


စက်တင်ဘာ၁၂ရက်နေ့ ကိုပိုင်ဆိုင်ထားတဲ့ ချစ်သားလေး (မြတ်ပုည) ခေါ် (မီကို) လေးမွေးနေ့

သားကဒီနေ့ဆိုရင် (ရ)နှစ်ပြည့်ပါပြီး၊ လွန့်ခဲ့တဲ့ (ရ)နှစ်က ရန်ကုန်မှာမွေးခဲ့တဲ့သားလေးဟာခုတော့မဲဆောက်မှာ
ကြီးပြင်းလာခဲ့ ပါတယ်။မိဘတွေ သွားရာကို ဘယ်တော့မှာ စိတ်မညစ်တတ်တဲ့ ကလေးပါ။ရောက်တဲ့နေရာမှာ
အဆင်ပြေအောင်ပေါင်းသင်းတတ်တယ်၊

ကျမတို့ကို အားလုံးနားလည်ပေးတတ်ခဲ့တယ်၊မိဘမှာပိုက်ဆံမရှိတာလဲသူသိတယ်၊ရှိတာလဲသူသိပါတယ်။သူ့ကို
မွေးခါနီးမှာ အကိုဇာ(စံဇာဏီဘို)နဲ့အမကြီး(မခင်ခင်ဌေး)တို့အိမ်ရောက်တော့ ကိုစံဇာဏီဘိုက လာငါညီမကို
ဗေဒင် တွက်မယ်ဆိုပြီးတွက်ပေးခဲ့တယ်၊ကိုစံဇာဏီဘိုက ကျမတို့နဲ့တလမ်းထဲမှာငယ်ငယ်ကတူတူနေလာခဲ့တာပါ
ယခုတော့(ဗိုလ်ရာညွှန့်လမ်း)ယခင်ကတောဆင်းဒဝစ်လမ်းမှာပေါ့၊နောက်တော့ကြို့ကုန်းကိုပြောင်းသွားတာပါသူ့တို့က။ သူ့ ကျမကိုဗေဒင်တွက်တော့ကျမကိုဗိုက်ခွဲရမယ်၊ဆိုပြီးပြောပါတယ်၊ကျမကမထင်ခဲ့ဘူး၊ညီမဒီလောက်
အရပ်ရှည်တာဟုတ်ပါ့မလားအကိုရာလို့ပြောတော့သူကအေးကြည့်ဟုတ်မဟုတ်။ကျမမွေးတော့ဟုတ်ပါတယ်၊
ဗိုက်ခွဲခဲ့ရတာပါ၊

သားကငယ်ငယ်တည်းကျန်းမာရေးကောင်းတယ်၊ခုထိပါဘဲ၊သားအကြောင်းပြောရရင်မမောနိုင်ပါဘူး၊မိခင်ဆို
တော့လဲ၊ကျမတို့အတွက်သားကအားပါဘဲ၊ကျမတို့မဲဆောက်ရောက်တော့ ထိုင်းလိုမပြောတတ်၊သူစကားကို
မသိကိုယ်စကားသူမသိသနားပါ၏ပေါ့၊

နောက်တော့သားကျောင်းစတက်ခဲ့တယ်၊အဆင်ပြေပါ့မလား၊သူကျောင်းမှာစာလိုက်နိုင်မလားနဲ့လေ၊သူက
ဟုတ်နေတာဘဲ၊သိပ်မကြာလိုက်ဘူး၊သူထိုင်းလိုပြောလာတယ်၊ဟိုဟာကပါဒီဟာကပါနဲ့ကျမတို့ကိုဆရာစလုပ်
တော့တာ၊ခုထိပါဘဲ၊

ခုဆိုရင်ထိုင်းစကားကို ကျမတို့ကိုပြန်တောင် သူသင်ပေးနေပါပြီး၊ကျမတို့အိမ်ရှင်နဲ့စကားပြောလဲ သူပြော ပေးတယ်။ဆေးရုံ၊ဆေးခန်းသူပြောပေးတယ်၊နောက်ရုံးတွေသွားလဲ သူကိုအားကိုးနေရပါတယ်၊ နောက်TV
ကြည့်လဲသူကရှင်းပြပါတယ်။

မြန်မာစာကိုလဲ သူသိပ်ကြိုက်တယ်၊သူ့ကိုသင်ပေးထားတယ်၊ဒါပေမဲ့သူမြန်မာလို့ အပြောခံရမှာတော့သူရှက်သ
လိုဘဲ၊သူ့ကိုဆုံးမတိုင်းအမြဲပြောရတယ်၊ သားမေမေတို့ကမြန်မာ ဘာရှက်စရာရှိလဲ ဒါရှက်စရာမဟုတ်ဘူး
ကိုယ်မြန်မာကို မြန်မာလို့ မပြောတာကမှ ရှက်ဘို့ကောင်းတယ်သားလို့ သူ့အဖေနဲ့ ကျမအမြဲပြောပြရှင်းပြရတယ်၊

ပြောလွန်းလို့လားမသိဘူး၊ခုတော့ သူ့ကိုမေးတိုင်းသူမြန်မာဘဲ ပြောတော့တယ်၊အရင်ကတော့သူထိုင်းလို့ဘဲ
ပြောချင်တာ၊သူ့သူငယ်ချင်းတွေနဲ့တွေ့ရင် တော့ထိုင်းလိုဘဲသူပြောလေ့ရှိတယ်၊သူ့ဆရာမတွေနဲ့ပြောရင်လဲ
သူ့ကိုတဆင့်ပြောခိုင်းရတယ်၊သူ့ကိုဆရာမကကျမတို့ကိုတိုင်ရင်လဲသူ့ကအမှန်အတိုင်းပြောပြတယ်၊သားဆရာမ
ကဘာပြောလဲမေမေတို့ကိုပြောဆိုရင် သူမလိမ်ပါဘူး၊သားအတန်းထဲမှာ စကားများလို့မေမေတို့ကိုပြောပြတာပါ။

သူ့ဆရာမတွေ့တိုင်းတိုင်ရင်သားစကားများလို့ဘဲအတိုင်ခံရပါတယ်၊ကျောင်းစာနဲ့ပတ်သက်ပြီးမတိုင်ခံရပါဘူး
ခုချိန်ထိပါ၊သားစကားမပြောနဲ့လေဆိုရင်၊ဟာမေမေကလဲဘယ်ဖြစ်မလဲစကားတော့ပြောမှာဘဲ.သားကစကား
မပြောဘဲမနေနိုင်ပါဘူးမေမေရာဆိုပြီးတော့အမြဲပြောတတ်တဲ့ကျမသားလေးပါ၊ကျမသားသိပ်ကြိုက်တာတခု
ကတော့စက်ရုပ် တွေဘဲ သူစိတ်ဝင်စားတယ်၊ကျန်တာဘာမှသူမကြိုက်ဘူး၊

သားအပါအဝင်သူငယ်ချင်းသုံယောက်ရှိတယ်၊ အားလုံးမြန်မာတွေဘဲ၊ သိပ်လဲချစ်ကြတယ်၊ခုတော့တိုက်ကွန်နို
တက်နေကြတယ်၊သူတို့သုံးယောက်ကဘာဘဲလုပ်လုပ်တူတူလုပ်တတ်ကြတယ်၊ကျောင်းစတက်တည်းကတူတူ
နေလာကြတာဒီနှစ်တော့အတန်းခွဲလိုက်ပါပြီးသူတို့ကိုဆရာမတွေကတူတူမနေတာကောင်းပါတယ်ဆိုပြီးခွဲ
လိုက်တယ်၊


(သားတို့သူငယ်ချင်းသုံးယောက်၊သားကအလည်ကပါ)။

ကျမသားလေး ခုထိတော့သူကြီးလာရင်ဘာလုပ်မယ်ညာလုပ်မယ်တော့မပြောဘူးသေးဘူးခုချိန်ထိ၊
ကျမကတော့အတတ်နိုင်ဆုံး သူ့ဖြစ်ချင်တာလုပ်ပေးမှာဘဲ၊မိဘတိုင်းကတော့ကိုယ့်သားသမီးတွေကို
ကောင်းစေချင်တာပါဘဲ၊ကျမ ဘဝ ရဲ့တိုင်ပင်ဖော် ဟာကျမသားပါဘဲ၊၊



(သားမီကို)
သူမွေးနေ့ လေးကိုနှစ်စဉ်ပြုလုပ်ပေးနေကြဆိုတော့ဒီနှစ်လဲအိမ်မှာပဲထမင်းနဲ့ကြက်သားဝက်သား၊နောက်ငါးပိရည်
တို့စရာအစုံလေးနဲ့ ဟင်းချို၊လေးကိုလာစားကြပါနော်၊ညနေပိုင်းဆိုရင်ရပါပြီးလာစားဘို့အားလုံးကိုဖိတ်ပါတယ်၊

သားအတွက် မွေးနေ့ လက်ဆောင် မေမေတို့ မိသားစုကဗျာလေး....သားဒီနေ့ကစပြီး မေမေနဲ့ဖေဖေတို့နဲ့
နှစ်တိုင်းပျော်ရွှင်ဖွယ်ရာမွေးနေ့များကိုဖြတ်သန်းနိုင်ပါစေ။

အခုဆိုရင်လေ...

ငါ့ကဗျာတွေက..

မင်းအတွက်ဖြစ်လာခဲ့ရပြီ...

“ ၈၈” မှာသိခဲ့တာ ..

မှတ်မှတ်ရရ မင်း်နဲ့ငါ ....

“ ၉၃” မှာပြန်တွေ့ရာ...

ဆန်းသစ်မှုလေးနဲ့ကွာ....

“ ၉၄” မှာနှစ်ယောက်တစ်ဘ၀...

ငါ့တို့ ကြည်းနှုးခဲ့ကြ...

“ ၂၀၀၂” မှာသားသား “ မီကို” တိုးခဲ့တာ...

ပျော်ရွှင်ခဲ့တာမင်းနဲ့ငါ...

သာယာချမ်းမြေ့...

မီကို တို့ မိသားစုလေးဟေ့.။

(၁၂/၂၀) မေ့မရတဲ့ စက်တင်ဘာလရယ်...မွေးနေ့လေးမှာ လာစားသွားကြနော်။

(ပဲထောပါတ်ထမင်း)



(ဝက်သားဟင်း)





(ကြက်သားဟင်း)


(ချဉ်ပေါင်ချဉ်စပ်)


(ငါးပိရည်တို့စရာ)




မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*


10 September 2009

*သံတိုင်ကြား က N.L.D လူငယ်များ ရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့များ*

*သံ တိုင် ကြား ကN.L.Dလူငယ်များရဲ့ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့များ* ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ကျမ တို့နိုင်ငံမှာစစ်အာဏာရှင်တွေကN.L.D.ပါတီဝင်တွေအပေါ်မှာညှင်းပန်းနှိပ်စက်ပုံတွေ ကျမ လက်လှမ်းမှီ
သလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။


ကျမ(မြတ်လေးငုံ)ကိုယ်တိုင်(သံတိုင်ကြားကN.L.Dလူငယ်များရဲ့ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ဖြစ်ရပ်များ)ဆိုတဲ့အစီစဉ်လေးကို ပထမဦးဆုံးအနေနဲ့ N.L.D (လူငယ်)တဦးဖြစ်ခဲ့တဲ့ကိုမိုးဇော်ဦးနဲ့စကားလက်ဆုံမေးမြန်း ထားခဲ့တာတွေကို ပြန်လည်ဖော်ပြပေးပါမယ်။


ကိုမိုးဇော်ဦးနဲ့ အရင်မိတ်ဆက်ပေးရရင်...


ကိုမိုးဇော်ဦးပါ
ဒီနေရာလေးကိုနှိပ်လိုက်ပါ။

ုမြတ်လေးငုံ ။
ကိုမိုးဇော် ဒီနေ့ညီမက အကိုရဲ့ ထောင်တွင်း အတွေ့အကြုံလေးတွေ နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင် တယောက်အနေနဲ့မေးမြန်းမယ်နော်..။ ကိုမိုးဇော် N.L.D ပါတီကို ဘယ်ချိန်စတင်ဝင်ရောက်ခဲ့ပါသလဲ?

ကိုမိုးဇော် ။
(၁၉၈၈)ခု.စက်တင်ဘာလ(၂ရ)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကိုစတင်တည်ထောင်ခဲ့ပါတယ်၊
ပါတီစတင်တည်ထောင်ချိန်တည်းကနေပြီးပါဝင် ခဲ့တာပါ။

မြတ်လေးငုံ ။
ကိုမိုးဇော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာဘာတာဝန်ယူရပါသလဲရှင်?

ကိုမိုးဇော် ။
ပါတီ စတင်တည်ထောင်ခြင်းမှာတော့ လူငယ်တဦး အနေနဲ့ပါဝင်ခဲ့ပြီး၊ ၁၉၈၉. ဇွန်လမှာ ဗဟိုလူငယ်၊
သုတေသနဌာန မှာတာဝန်ယူခဲ့ပါတယ်၊၊


မြတ်လေးငုံ။
၁၉၉၀ ရွေးကောက်ပွဲမှာ ကိုမိုးဇော် ဘာတွေလုပ်ဆောင်ခဲ့ပါသလဲရှင်?

ကိုမိုးဇော်။
ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟိုလူငယ် ) အနေနဲ့ပါဝင်ခဲ့ပါတယ။်


မြတ်လေးငုံ။
ကိုမိုးဇော် ထောင်ကျခဲ့တာ ဘယ်ပုဒ်မနဲ့လဲ?၊ နောက်ဘယ်သူတွေပါသေးလဲ? ၊ကိုမိုးဇော်ကို ဘယ်မှာလာ ဖမ်း ခဲ့ တာလဲပေးပါရှင်၊၊

ကိုမိုးဇော်။
ပုဒ်မကတော့၅(က(ခ)ည၊ (၂၃.၁၀.၁၉၉၀ )မှာ အိမ်ကိုလာပြီးခေါ်သွားပါတယ်။ အဓိက ကတော့ ဗဟိုကော်မတီ
အစည်းအဝေးကို လူငယ်တွေ ကတင်တဲ့ လိုင်းသုံးလိုင်းနိုင်ငံရေး လှုပ်ရှားမှုစာတမ်းတွေ့ကြောင့်ဖမ်းခဲ့တယ်။
နောက် ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ တလတိတိနေခဲ့ပြီး အင်စိန်ထောင်ရဲ့သီးသန့်တိုက်ကို
ရောက်ခဲ့ပါတယ်။အကို အမှုတွဲပါတဲ့ လူတွေကတော့ ၁၆ ယောက်ပါ၊ သူတို့တွေကတော့...

(၁)။ဦးကြည်မောင်- ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (ဗဟန်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်)
(၂)။ဦးချမ်းအေး - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (မော်လမြိုင် ပြည်သူ့လွတ်တော်ကိုယ်စား
လှယ်)
(၃)။ဦးစိုးသိမ်း(မောင်ဝံသ) - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်(ဝေါပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၄)။ဦးတင်ထွတ်- ဗဟိုအလုပ်ကော်မတီဝင် ( အိမ်မဲပြည်သူ့လွှတ်ကိုယ်စားလှယ်)
(၅)။ဦးကျော်မင်း - ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (ပုသိမ်အနောက်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၆)။ဗိုလ်မှုးကြီးစိုးညွန့်- ရန်ကုန်တိုင်းစည်း(ကျောက်တန်းပြည်သူ့လွတ်တော်
ကိုယ်စားလှယ်)
(၇)။ဗိုလ်ကြီးတင်ဝင်း- (ဗဟိုကော်မတီ)
(၈)၊ဦးမောင်မောင် -ဗဟိုကော်မတီဝင်(ရေကြည်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၉)။ဦးသိန်းတန် -ဗဟိုကော်မတီဝင် (မန္တလေးတိုင်းစည်း)
(၁၀)။ဦးအုံးကြိုင် -ဗဟိုကော်မတီဝင်(မန္တလေးတိုင်းစည်း)
(၁၁)၊၊မုံရွာဦးတင်ရွှေ -ဗဟိုကော်မတီဝင်(မန္တလေးတိုင်းစည်း)
(၁၂)။ကိုမြင့်စိုး - (ဗဟိုအလုပ်ကော်မတီ)
(၁၃)။ကိုဝင်းလှိုင် -(တပ်ကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၁၄)။ကိုကိုကြီး- (ဗဟိုလူငယ်)
(၁၅)။ကိုမိုးဇော်ဦး -(ဗဟိုလူငယ်)
(၁၆)။ကိုရန်အောင် (ရန်ကုန်တိုင်းလူငယ်တာဝန်ခံ)
.တို့ပါဘဲ။


မြတ်လေးငုံ။
ကိုမိုးဇော်ကို အမိန့်ချခဲ့တာ ထောင်ဒဏ် ဘယ်နှစ်နှစ်ချခဲ့တာလဲရှင်?

ကိုမိုးဇော်။
(၁၀)နှစ်ပါ။ (၁၅.၅.၁၉၉၁) မှာအမိန့်ချခဲ့ပါတယ်၊ အကိုတို့အမှုတွဲအကုန်းလုံး၁၆ယောက်မှာ (၁၀)နှစ်ကျတာရယ်
(၇)နှစ်ကျတာရယ်ပါတယ်။


မြတ်လေးငုံ။
ထောင်ဒဏ်(၁၀)နှစ် ဆိုတာအဲဒီအချိန်တုံးက အများဆုံးချတာဘဲနော်၊ ညီမသိသလောက်တော့။

ကိုမိုးဇော်။
ဟုတ်ပါတယ်။


မြတ်လေးငုံ။
ကိုမိုးဇော်ကို အမိန့်ချတဲ့ အဲဒီနေ့လေးက၈၈ထဲက နေကျောင်းတွေ မဖွင့်ဘဲထားပြီး ပထမဆုံး အကြိမ်ပြန်ဖွင့်ခဲ့
နေ့လေးတနေ့နော်.တက္ကသိုလ်ရဲ့ အဓိပတိလမ်းကြီး ပြန်လည်စိုပြေခဲ့တဲ့နေ့တနေ့ဆိုရင် မမှားပါဘူး.၊
ညီမ မှတ်မိတယ်၊ ကိုမိုးဇော် ကတော့ဘဝတက္ကသိုလ်ကို စတက်ရတဲ့ နေ့လေးပေါ့နော်။

ကိုမိုးဇော်။
ဟုတ်တယ်၊ ဘဝအတွေ့အကြုံတွေကို ထပ်ပြီးရလာတဲ့နေရာကို ရောက်ခဲ့ရတာဘဲ။


မြတ်လေးငုံ။
ကိုမိုးဇော် အင်စိန်ထောင် မှာဘဲ (၁၀) နှစ်လုံးလုံးနေခဲ့ရလား?

ကိုမိုးဇော်။
၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ထိနေခဲ့ရပါတယ်။ ၁၉၉၅သြဂုတ်လမှာ သရက်ထောင်ကို ပြောင်းရွေခဲ့ရတယ်။


မြတ်လေးငုံ။
သရက်ထောင်က သိပ်ကိုကြမ်းတန်းတဲ့ထောင်လို့ ညီမကြားဘူးခဲ့တယ် ဟုတ်လားအကို?

ကိုမိုးဇော်။
ဟုတ်ပါတယ်၊ တကယ်ငရဲဘုံပါဘဲ၊ သရက်ထောင် ကိုစတင်ဝင်တာနဲ့ ထောင်ဝင်ကြေးကို ပေးခဲ့ရတယ်။
(ထောင်ဝင်ကြေးဆိုတာကတော့ မိန်းဂျေထောင်ဘူးပေါက် ကနေကိုယ်နေရတဲ့အခန်းကို မရောက်မခြင်း
ထောင်ဝါတာတွေက တုတ်နဲ့ရိုက်တာပါဘဲ၊)သရက်ထောင်ကိုရောက်ပြီး ဆိုရင် ထောင်ဝင်ကြေးပေးခံရတာပါ။
အကိုက သိပ်မကြာဘူး တလလောက်ဘဲနေပြီး အင်စိန်ပြန်ရောက်ခဲ့တယ်။


မြတ်လေးငုံ။
ဘာလို့ အင်စိန် ကိုပြန်ရောက်ခဲ့ ရတာလဲ ကိုမိုးဇော်၊၊

ကိုမိုးဇော်။
အကိုတို့ အမှုလေ ၅(က)(ခ)ည အဲဒီအမှုအတွက် ပြန်စစ်ဆေးချင်း လို့ဆိုပြီးပြန်ခေါ်ယူစစ်ဆေးခဲ့တာပါ။


မြတ်လေးငုံ။
ကိုမိုးဇော်အမှု ပြန်စစ်ဆေးခံရတော့ ကိုမိုးဇော် နောက်ထပ် ပစ်ဒဏ် ခံရသေးလား?။

ကိုမိုးဇော် ။
မခံခဲ့ရပါဘူး။


မြတ်လေးငုံ ။
ကိုမိုးဇော် ညီမ သိတာတခုရှိသေးတယ်၊ ကိုမိုးဇော် ထောင်ဝင်စာပိတ်ခံခဲ့ရတယ် ဆိုတာလေ ဘာကြောင့် လဲဆိုတာ သေချာပြောပြ ပေးပါအုံးအကို။

ကိုမိုးဇော်။
ဟုတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (၁၉၉၅) မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ပထမဆုံးအကြိမ် လွတ်မြောက်လာလို့ ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆုပြီးလက်မှတ်ထိုးခဲ့ပြီး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ကိုပေးပို့ကြတယ်။ နောက်တခုကတော့ ကုလသမဂ္ဂအထွေထွေ
အတွင်းရေးမှူးး ထံကို ထောင်ထဲကလူအခွင့်ရေးချိုးဖောက်ခံရမှု တွေကိုစာတမ်းပြုစုပြီးတင်ခဲ့တာရယ်
နောက်တခု ကျန်သေးတယ်၊ အဲဒါက ထောင်အတွင်းအထိမ်းအမှတ် စာအုပ်များထုတ်ဝေခဲ့တယ် နိုင်ငံရေး
အကျဉ်းသား အားလုံးပေါင်းပြီးတော့ ထုတ်ခဲ့တယ်။ ဒါကို အာဏပိုင်တွေက သိသွားလို့ပါ။


မြတ်လေးငုံ။
ကိုမိုးဇော် ထောင်ဝင်စာ (၆)လ ပိတ်ခံရပြီး အင်စိန်ထောင်မှာ ဘဲဆက်နေခဲ့ရတာပေါ့နော်။

ကိုမိုးဇော်။
မဟုတ်ပါဘူး ၁၉၉၆ နိုဝင်ဘာလ မှာသရက်ထောင်ကိုပြန်ရောက်ခဲ့ပါတယ်။


မြတ်လေးငုံ။
ကိုမိုးဇော် သရက်ထောင် ကိုပြန်ရောက်တော့ ထောင်ဝင်ကြေးထပ်ပေး ခံခဲ့ရတာဘဲလား?။

ကိုမိုးဇော် ။
သရက်ထောင် ပြောင်းထပ်ပါတော့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၆ယောက်ဘဲပါတယ်၊ ကျန်တာကတော့
ရာဇဝင် လူဆိုးတွေနှစ်ကြီးသမားတွေက ၄၄ ယောက်ပါခဲ့တယ်။ ထောင်ဝင်ကြေး တော်တော် လေးခံ
လိုက်ရတယ်။ မိန်းဂျေ ရောက်တော့မှာ အကျိင်္တွေကို အားလုံးချွတ်ခိုင်းပြီး ဆေးမှင်ကြောင် ထိုးတာတဲ့လူတွေကို
ပိုပြီးရိုက်ခံရတယ်။ အကိုတို့ လဲရိုက်ခံရတာပါဘဲ၊ နောက်မှာ နိုင်ငံရေးအကျဉ်းသား၆ယောက်ကို အရင်ခေါ်ပြီး
နေရမဲ့အခန်းတွေ ကိုပို့ပေးခဲ့ပါတယ်။


မြတ်လေးငုံ။
သရက်ထောင် ရောက်တော့ အကိုအတွက်မမေ့နိုင်တဲ့ အတွေ့အကြုံတွေထဲက တခုလောက်ပြောပြပေး ပါလား။

ကိုမိုးဇော်။
တော်တော်များများရှိခဲ့တယ်။ တခုလောက်ဘဲပြောရမယ်ဆိုရင်တော့၊ ၁၉၉ရ ခုနှစ်တုံးအကြောင်းလေးကို ပြောပြပါမယ်၊ ကိုဆန်နီအကြောင်းလေး... ညီမကိုဆန်နီကိုသိတယ်နော်.. သူကိုထောင်မှူး(စိုးမြင့်အောင်)
အလွန်းဆိုးရွားသော ထောင်မှူးက အပစ်မရှိဘဲနဲ့ကြမ်းတမ်းသော စကားအသုံးအနှုန်း တွေနဲ့ပြောဆိုပြီးတော့
တုတ်နဲ့ မတရားသဖြင် ရိုက်ခဲ့တယ်။ ကျန်တဲ့ အကိုတို့ နိုင်ငံရေးအကျဉ်းသားတွေ မခံနိုင်လို့ထောင်မှူးက
ိုဝိုင်းအော်ကြတယ်၊ သရက်ရောက် နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလိုလိုပါဘဲ။ ဒါကိုထောင်ကိုဆူပူ အောင်လုပ်တယ်ဆိုပြီးထောင်ကို လှန့်ခဲ့တယ်။ ထောင်လှန့်ထားတဲ့ အချိန်မှာ ထောင်အာဏပိုင် သေနတ်နဲ့ ပစ်သတ်ခွင့်ရှိတယ် လိုလဲထောင်မှူး စိုးမြင့်အောင်ကပြောသေးတယ်။


မြတ်လေးငုံ။
ကိုမိုးဇော် တို့ဝိုင်းအော်တော့ထောင်မှူး ကအကိုတို့ကို ဘာမှမလုပ်ဘူးလား?

ကိုမိုးဇော်။
လုပ်တာပေါ့။ သရက်ထောင်မှာ အပြင်းထန်းဆုံးဖြစ်ရပ် တခုပါဘဲထောင်းမှူးက ထောင်ဝါတာအားလုံးကို ကျန်တဲ့ အကျဉ်းသားတွေကို အားလုံးဝိုင်းရိုက်ခိုင်းတာပြီးတာနဲ့သူမကြေနပ်သေးဘူး၊ သူကိုတိုင်လိုက်ကြည့်ပြီး၊
သူထင်တဲ့ လူတွေကိုေ ခ်ါပြီး ပစ်ဒဏ်တိုက်ကိုပို့ခဲ့တယ်။


မြတ်လေးငုံ။
ကိုမိုးဇော် ပစ်ဒဏ်ပေးတဲ့ထဲမှာ ဘယ်သူတွေပါလဲ?၊ ဘယ်လောက်တောင် အပစ်ပေးခဲ့လဲ ပြောပြပေးပါလား?။

ကိုမိုးဇော်။
၁၆ ယောက်ပါသွားတယ်။ အဲဒီထဲမှာ အကိုအပါအဝင်ပေါ့၊ အပစ်ကိုတော့ ၂ ပါတ်ချခဲ့တယ်။ ဒီ ၁၆ ယောက်လုံး
ကိုတော်အပစ်ပေးတဲ့ တိုက်ကိုအသွားမှာလမ်းတောက်လျှောက် ဟိုဘက် ဒီဘက်ဝိုင်းရိုက် ကြတာဘဲ၊
ခေါင်းရယ်ကျောရယ် ဂုတ်ရယ်ကိုရိုက်တာပါ။ အကိုကတော့ အဲဒီမှာခေါင်းကိုထိမှာဆိုလို့ လက်နဲ့ကာတာ
လက်ညိုးကျိုးသွားခဲ့တယ်။ ကိုယ်နေရမဲ့တိုက်ကို ရောက်တော့တခန်းကို ၂ယောက်နေခဲ့ရတယ်။ ကိုယ်ဝတ်ထားတဲ့ အဝတ်တထည် ကိုယ်တခုဘဲပါတယ်။ စောင်မရှိဘူး။ ခေါင်းအုံးမရှိဘူး။ ဖျာမရှိဘူး။ စားဘို့
အတွက်ဒန်ခွက်တခွက် ပုဂံတချပ်တာ ဘဲပေးတယ်။နောက် အပေါ့အလေးအတွက် ဖလားတခုပေးတယ်။
ရေချိုးခွင့်မရှိဘူး။ မျက်နှာသစ်ခွင့်။ သွားတိုက်ခွင့်မရှိဘူး။အခန်းအပြင်ကိုလုံးဝထွက်ခွင့်မရှိဘူး။ ကျန်းမာရေးကိုလဲဘာတခုမှမလုပ်ပေးဘူး။ အကိုဆိုရင်ကျိုးနေတဲ့လက်ညိုလေးက အရမ်းကိုက်လာလို့ပြချင် တာကိုပြောတာလုံးဝမလုပ်ပေးခဲ့ပါဘူး။ ကိုယ်စွန့်ထားတဲ့အပေါ့အလေးတွေကိုလဲ အပြင်မှာပြစ်ခွင့်မရှိဘူး။
ဒါကြောင့်ကိုယ်အခန်းထဲမှဘဲအလေးကိုစွန့်ပြီးနေခဲ့ရတယ်။အပေါ့ကိုတော့ဖလားထဲမှာစွန့်ခဲ့ရတယ်။
မနက်ကိုဆန်ပြုတ်ကျွေးတယ်။ နေ့လည်ကြတော့ပဲဟင်းနဲ့ထမင်းလာပို့တယ်။ ညစာမနက်စာပေါ့။ သူပေးတဲ့
ဒန်ခွက်လေးကတော့ မနက်ကိုဆန်ပြုတ်ထည့်ထားတယ်။နေ့လယ်နဲ့ညနေကြတော့ပဲဟင်းထည့်သောက်ပေါ့
အင်းညကြပြန်တော့ ဒီဒန်ခွက်လေးကိုဘာလုပ်ရပြန်လဲဆိုတော့ကိုယ်စွန့်ထားတဲ့အပေါ့ တွေကို ဖလားပြည့်
နေတာနဲ့အပြင်ကို ခပ်ပြီးသွန်ခဲ့ရပြန်တယ်လေ။ ဒီလိုနဲ့ဘဲ ဒန်ခွက်ကလေးလဲ အလုပ်သုံးလုပ်ကိုလုပ်ခဲ့ရပါတယ်။
် ပစ်ဒဏ်၂ပါတ်အတွင်ဒီလိုမျိုးတွေကြုံတွေခဲ့ရပါတယ်။


မြတ်လေးငုံ။
ကိုမိုးဇော် သရက်ထောင်မှာ ဆေးမှူးတွေ ဘယ်နှစ်ယောက်လောက်ရှိလဲ၊?

ကိုမိုးဇော် ။
၂ယောက်ရှိတယ်။ တယောက်ကဆေးခါးကြီး (ကျော်မြင့်)့။ သူကိုဘာလိုဆေးခါးကြီးကျော်မြင့် လို့ပေးထား
ရတာလဲဆိုရင်သူက ဒိတ်လွန်တဲ့ဆေးတွေကိုရောကြိုပြီး လူနာတွေကို ရေနွေးနဲ့တိုက်လို့ပါ။ နောက်တယောက်ကတော့သေပလေ့စေ(စောထွန်းအောင်ကြည်)သူကြတော့အပ်ငွေရှိလားဆိုပြီး လူနာကို အရင်မေးတယ်လေ. အပ်ငွေရှိရင် သူက ဆေးကုတယ်၊ မရှိရင်သေပလေ့သေကွာ ဆိုပြီးထားလိုက်တာဘဲ။ (အပ်ငွေဆိုတာကတော့ထောင်ဝင်စာလာလို့အိမ်က ထောင်ဝန်းထမ်းတွေကိုအပ်ထားတဲ့ငွေကိုခေါ်ပါတယ်။)


မြတ်လေးငုံ။
ကိုမိုးဇော် တို့ထောင်ထဲမှာ နေနေရတဲ့အချိန်တွေမှာ တခါတလေ စိတ်ပျော်ရွှင်ဘို့လုပ်ခဲ့ကြသေးလားအကို။

ကိုမိုးဇော်။
လုပ်ခဲ့ရတာပေါ့၊ မွေးနေ့အထိမ်းးအမှတ်တွေ၊ ကိုယ်ဖတ်ဘူးတဲစာအုပ်တွေ အကြောင်းကို ဖလှယ်တာတွေ၊
ကိုယ့်ကောင်မလေး သူ့ကောင်မလေး အကြောင်းတွေပြောကြပေါ့ ကျောင်းတက်တုံးက ပျော်ရွှင်ခဲ့ရတာ တွေပြောရင်းနဲ့၊ စိတ်ထွက်ပေါ်က်ကို ရှာခဲ့ရတာပေါ့။ တာတွေကလဲ ထောင်ထဲမှာ အခြေအနေပေးမှာ
လုပ်လို့ရပါတယ်။

မြတ်လေးငုံ။
ကိုမိုးဇော် နှစ်ပြည့် နေခဲ့ရတာပေါ့နော်။

ကိုမိုးဇော်။
ဟုတ်ပါတယ်။ ၁၉၉၉ ဖေဖော်ဝါရီလ မှာလွတ်မြောက်ခဲ့ပါတယ်။


မြတ်လေးငုံ။
ကိုမိုးဇော်လွတ်လာပြီး၊ သရက်ထောင်ထဲမှာ သူငယ်ချင်းတွေ ကျန်ခဲ့မှာဘဲနော် လွတ်ရက်စေ့ပြီးမလွတ်တဲ့
လူတွေ ရှိသေးလားအကိုခုထိလေ။

ကိုမိုးဇော် ။
ရှိသေးတယ်၊ ကိုဘမျိုးသိန်း၊ ကိုသန်းဇော်၊ တို့က နှစ်ပြည့် လို့ကျော်နေပါပြီ မလွတ်သေးဘူး။ သူတို့က
အနှစ်(၂၀) အမိန့်ချခံခဲ့ရတာပါ၊


မြတ်လေးငုံ။
ကိုမိုးဇော် နောက်ဆုံး မေးချင်တာက ခုလက်ရှိ အကိုဘယ်မှာ ဆက်လက်လုပ်နေပါသလဲ ဆိုတာကိုပါ?

ကိုမိုးဇော်။
လက်ရှိကတော့ N.L.D(LA)မှာ ဗဟိုကော်မတီဝင် လုပ်ရင်း N.L.D(LA) နိုင်ငံခြားရေးဌာနမှာ အတွင်းရေးမှုး
ကိုဆက်လက်လုပ်ကိုင် နေဆဲပါ။


မြတ်လေးငုံ။
ကိုမိုးဇော် ဘာပြောချင် ပါသေးလဲ?

ကိုမိုးဇော်။
ခု အကိုပြောတဲ့စကားတွေဟာညီမနဲ့ပြောနေရတာသိပ်မကြာလိုက်ပါဘူး။တကယ်တော့အဲလိုဖြတ်သန်းခဲ့ရတဲ့
အချိန်တွေဟာ သိပ်ကို ကြမ်းတမ်းခဲ့ရပါတယ်။ ယနေ့ချိန် ထိ မြန်မာပြည်က ထောင်တွေ အသီးသီးမှာ နေနေခဲ့ရသေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေကိုတကယ် ကိုယ်ခြင်းစာနာ ပြီး ဂုဏ်ယူလေးစားလျှက်ပါ။


မြတ်လေးငုံ။
ညီမ ကို စိတ်ရှည်စွာနဲ့ ပြောပြပေးခဲ့တဲ့ ကိုမိုးဇော် ကိုကျေးဇူးပါဘဲ။

ကိုမိုးဇော်။ ။
ထောင်ထဲက အခြေအနေတွေကို ဒီလိုမျိုးတွေ စိတ်ရှည်စွာနဲ့ စာမျက်မှာပေါ်မှာ တင်ပြပေးတဲ့. ညီမမြတ်လေးငုံ
ကိုလဲ ကျေးဇူးပါဘဲ။


ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ကပါတီဝင်တိုင်း ကိုစစ်အာဏာပိုင်တွေဟာ မတရား
ဖမ်းဆီးချူပ်နှောင်းခံခဲ့ရတဲ့ အကြောင်းတွေကို ကျမ လက်လှမ်းမှီ သလောက်တင်ပြပေးသွားပါမည်ရှင်။


မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

* ကျန်းမာရေး မကောင်းသော နိုင်ငံရေးအကျဉ်းသားများ ဆေးရုံတက် ကုသခွင့်မပြု *

*ကျန်းမာရေး မကောင်းသော နိုင်ငံရေးအကျဉ်းသားများဆေးရုံတက်ကုသခွင့်မပြု*မော်လမြိုင်အကျဉ်းထောင်မှ ကိုချစ်မင်းလေး၊ ထောင်ဒဏ် (၁၀၄) နှစ်အပြစ်ပေးခံထားရသည့် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိုဘိုမင်းယုကို၊ ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော News Watch ဂျာနယ်မှ ကိုဇော်ထွန်းနှင့် နိုင်ငံရေးအကျဉ်းသူ မမြတ်ကေသီအောင် တို့သည် ထောင်တွင်း၌ ကျန်းမာရေးအခြေအနေ ဆိုးရွားလျှက်ရှိ
သော်လည်း ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဟု သတင်းရရှိသည်။

သရက်ထောင်တွင် ထိန်းသိမ်းခံထား ရသည့် ကိုဘိုမင်းယုကို မှာမန္တလေးတွင် ထောက်လှမ်းရေးကစစ်ဆေး
မေးမြန်းစဉ် ရရှိခဲ့သောဒဏ်ရာများအပြင် မန္တလေးအကျဉ်းထောင်တွင် တိုက်ပိတ်ထားစဉ်ကခြေထောက်များချိ၍ လမ်းကောင်းစွာမလျှောက်နိုင်ဖြစ်ခဲ့ရသည်။ ယခု သရက်အကျဉ်းထောင်တွင်ရှိနေသော ကိုဘိုမင်းယုကိုမှာ
အစာအိမ်ရောဂါနှင့် ခြေထောက်ချိနဲ့ခြင်းရောဂါတို့ကို ခံစားနေရသော်လည်း အကျဉ်းထောင် အာဏာပိုင်များက ဆေးဝါးစောင့်ရှောက်မှုမပေးဟု သတင်းရရှိသည်။ သရက်ထောင်တွင် ကိုဘိုမင်းယုကိုနှင့်အတူရှိသော ထောင်ဒဏ် နှစ် ၅၀ ကျခံနေရသည့် ကိုညီညီမှာလည်း အစာအိမ်ဝေဒနာကိုခံစားနေရသည် ဟုသိရသည်။

ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်း၏ဇနီးဖြစ်သူ မမြတ်ကေသီအောင် အားထားရှိရာ ထားဝယ်ထောင်
တွင်းရှိ အမျိုးသမီးဆောင်မှာ ကျန်းမာရေးနှင့် လျှော်ညီခြင်းမရှိ ဟုမကြာခင်က ထောင်မှလွတ်မြောက်လာသည့် သာမန်အကျဉ်းသူတစ်ဦးက Freedom News Group သို့ ပြောသည်။ မကေသီအောင်သည် ယခင်နှစ်ဒီဇင်ဘာလကကုသခွင့်မပေးပဲ ယခင်သီတင်းပတ်က မန္တလေးထောင်သို့ ပြန်လည်ပို့ ဆောင်ကာ
ထောင်တွင်းဆေးရုံ၌ပင် ကုသပေးသည် ဟု သူမ၏ မိသားစုဝင်တစ်ဦးကပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဆင်းရဲကျပ်တည်းစွာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် ထောင်ဝင်စာတွေ့မည့်သူပင်မရှိတော့သည့် မော်လမြိုင် အကျဉ်းထောင်မှ ကိုချစ်မင်းလေးမှာ ကျောရိုးကျဉ်းပေါင်းတက် ရောဂါဝေဒနာကိုခံစားနေရသော်လည်း ထောင်ဆရာဝန်က လုံလောက်သည့် ဆေးဝါးညွှန်ကြားမှု မပေးဟု သိရသည်။ ကိုချစ်မင်းလေးသည် ဆုံးပါးသွားသောမိခင်၏ နာရေးအားလိုက်ပါပို့ ဆောင်ခွင့်မရ ဟုသိရသည်။

အင်းစိန်အကျဉ်းထောင် အဆောင် ၃ တွင် ထိမ်းသိမ်းခံထားရသည့် News Watch ဂျာနယ်မှ ကိုဇော်ထွန်းသည် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အာရုံကြောအားနည်းခြင်းရောဂါ ကိုခံစားနေရသော်လည်း ထောင်အာဏာပိုင်
များက ပြင်ပဆေးရုံသို့ထုတ်၍ကုသခွင့်မပေး ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက် တစ်ဦးကပြောသည်။

ကျန်းမာရေး ချို့ ယွင်းနေသာ နိုင်ငံရေး အကျဉ်းသားများအတွက် သက်ဆိုင်ရာ ထောင်အာဏာာပိုင်များက ပြင်ပဆေးရုံများတွင် တက်ရောက်ကုသခွင့်ရရှိရန်အကျဉ်းဦးစီးဌာနညွှန်ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာတင်ပေးသော်လည်း အကြောင်းပြန်ကြားခြင်း လုံးဝမပြုဟု အင်းစိန် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက
Freedom News Group သို့ပြောသည်။

စစ်အစိုးရစတင်အာဏာသိမ်းပိုက်ချိန်မှစ၍ယခုအချိန်အထိနိုင်ငံရေးအကျဉ်းသားတော်တော်များများ
အကျဉ်းထောင် အတွင်း မသေသင့်ဘဲသေဆုံးခဲ့ရခြင်းများမှာ၊ များပြားခဲ့ရပါသည်၊ နိုင်ငံရေးအကျဉ်းသားများ
အားလိုအပ်သောဆေးဝါးများကိုယနေ့အထိသေချာ ကုသခွင့်ကိုမပေးသေးပါ၊၊

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

08 September 2009

*ဆရာတော် ဦးဥတ္တမ * အမှတ်တရ




*ဆရာတော် ဦးဥတ္တမ*အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်
ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်မည်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးသို့ အသိပေး တိုက်တွန်းအပ်ပါသည်။


ဆရာတော်ဦးဥတ္တမ
• လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ။
• ဟေ့ကောင် ကရက်ဒေါက်(အင်္ဂလိပ်ဘုရင်ခံ)မင်းထွက်သွားစမ်းပါ။
• ဒါတို့နိုင်ငံ…………?



ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် )

ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင်
(ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927 )

အဖအမည် - ဦးမြသာဦး။

မိခင်အမည်-ဒေါ်အောင်ကျော့ဖြူ။

မွေးသက္ကရာဇ် - ခရစ်နှစ် ၁၈၈၀- ခု။ဒီဇင်ဘာ(၂၈)ရက်။

မွေးချင်း- ၃ယောက်တွင်အကြီးဆုံးသား။ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့်
ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။

မွေးရပ် - စစ်တွေမြို့ ။
Type your summary here.



ပညာအရေအချင်း -

အသက်(၁၃)နှစ်အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။
(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြသည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့်ရန်ကုန်၊မအူပင်၊ပဲခူး၊တောင်ငူ၊မန္တလေးနှင့်ပခုက္ကူမြို့များတွင်လှည့်လည်နေထိုင်
်ပညာသင်ယူခဲ့သည်။ဗုဒ္ဓစာပေကျမ်းဂန်များကိုလည်းအပတ်တကုတ်လေ့လာကြိုးပမ်းဆည်းပူးခဲ့သည်။
တောင်ငူမြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။ တောင်ငူမြို့ မှ
ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင်အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ယူသည်။

ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀) အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံသည်။အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။

သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A=youngmen'sbuddhistsassociations)ကိုတက္ကသိုလ်ပညာတတများဖြစ်သောဦးဘဖေ
(ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။ အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး
(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူနေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင်ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ပြင်သစ်ဘာသာစကားကိုးမျိုးကို
တတ်မြောက်သည်။

လက်ရှိနေရပ် - ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ
(College Square ) - မဟာဗောဓိအသင်း(Maha Bodhi Society)။

အလုပ်အကိုင် - ဘုန်းကြီး - ၀ါဒဖြန့်ချီရေးသမား။

ပုံသဏ္ဌာန်

အရပ်အမြင့် - ၅ ပေ ၄ လက်မ။

ကိုယ်လုံးကိုယ်တည် - တောင့်တင်းသည်။

ဆံပင် - ပြောင်အောင်ရိတ်ထားသည်။

မျက်ခုံးများ - ပါး၍ကောက်ကွေးသည်။

နဖူး - ကျယ်၍မြင့်သည်။

မျက်လုံးများ - နက်ပြောင်သည်။

မျက်စိအမြင် - မျက်မှန်တပ်ရသည်။

နှာခေါင်း - ကြီးသည်။

ပါးစပ် - စိစိပိတ်သည်။

လက်ချောင်းများ - တို၍ တုတ်သည်။်

နားရွက်များ - အနေတော်။ ဦးခေါင်းနှင့် ကပ်နေသည်။နားဖောက်ထားသည်။

မျက်နှာ - ၀ိုင်းသည်။

အသားရောင် - အ၀ါရောင်ဖျော့ဖျော့။

မှတ်ဆိတ်မွှေး - မရှိ။

နှုတ်ခမ်းမွှေး - မရှိ။

အမှတ်အသား - အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း

ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံးရှိသည်။ နဖူး၏ လက်ျာဘက်၌
အမာရွတ်တစ်ခုရှိသည်။

ထူးခြားချက်များ - မတ်မတ်လမ်းလျှေက်သည်။ စကားကို ကျယ်ကျယ်နှင့်မြန်မြန်
ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံး
ရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။

ဝတ်ဆင်နေကျ - ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။

မြင်လျှင်မှတ်မိသောအရာရှိများ
မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက်လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။

“ဦးဥတ္တမပန်းခြံ”
“၂၂ နှစ် ကြာခဲ့ပြီးမှ”
ကမ္ဘာ့နိုင်ငံရေးဗဟုသုတကို ဗမာ့နိုင်ငံရေးလောကသို့ သယ်ယူဆောင်ကြဉ်းလာ၍ ဗမာပြည်သူပြည်သားများအား နိုင်ငံရေးအသိဉာဏ်မျက်စိကို ပထမဆုံး ဖွင့်ပေးခဲ့သည့်

ဆရာတော်ဦးဥတ္တမ…

အင်္ဂလိပ်အစိုးရ၏ စစ်တပ်၊ ပုလိပ်တပ်၊ ရုံး၊ ထောင်၊ ဂါတ်အမျိုးမျိုးနှင့် ဥပဒေဆိုးကို ရောစွက်ကာအဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုကိုခံနေရချိန်တွင်ဗမာပြည်သူပြည်သားရဟန်းရှင်လူများအားနယ်ချဲ့ဆန့်ကျင်ရေးသဘောတရားနှင့် လက်တွေ့လုပ်ငန်းကို ပထမဆုံး ပေါင်းစပ်ပေးခဲ့သည့် ဆရာတော်ဦးဥတ္တမ……နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေးအရ ပထမဆုံး ဖမ်းဆီးထောင်ချခြင်းခံရ၍ ဗမာတစ်မျိုးသားလုံးအား ရှေ့ဆောင်လမ်းပြခဲ့သည့်ဆရာတော်ဦးဥတ္တမ…….ဆရာတော်၏ဘွဲ့အမည်နာမသည် ဆရာတော်ပျံလွန်တော်မူခဲ့သည့် ၁၉၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၂၂ နှစ် ကြာခဲ့ပြီး လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၁၂ နှစ်တိုင်တိုင် ရှိခဲ့ပြီးမှ “ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးအဖွဲ့”၏ ၆-နှစ်တိုင်တိုင် ကြိုးပမ်းမှုကြောင့် လွန်ခဲ့သော ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက် (ဆရာတော်၏ ၈၂ နှစ်မြောက် မွေးနေ့ဖြစ်သော ပြာသိုလဆန်း ၁၂ ရက်) နေ့က ရန်ကုန်မြို့တော်မှ ပန်းခြံတစ်ခုအား “ဦးဥတ္တမပန်းခြံ”ဟူ၍ အမည်တပ်သတ်မှတ်ခြင်းခံခဲ့ရ လေသည်။

“တိုက်ဆိုင်မှုတစ်ခု”

မည်သို့င်ဖြစ်စေ ယင်းအမည်တပ် သတ်မှတ်မှုသည် တစ်စုံတစ်ခုသောတိုက်ဆိုင်မှုကြောင့် ထူးခြားသည် ဆိုင်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်နယ်ချဲ့သမားများ ဗမာပြည်ကို ၀င်ရောက် သိမ်းပိုက်ပြီး အင်္ဂလိပ်စစ်တပ် အလုံးအရင်းနှင့် တပ်စခန်းချရာစစ်နယ်မြေကို အကြောင်းပြု၍ အမည်ပေးခဲ့သော ရွှေတိဂုဏ်စေတီတော်ခြေရင်းမှ“ကန်တော်မင်ပန်းခြံ”ကိုယင်းအင်္ဂလိပ်နယ်ချဲ့စစ်တပ်များ၏အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးနှိပ်စက်မှုများအကြားမှ မတုန်မလှုပ် နောက်မဆုတ်ဘဲ ရဲရဲတောက်ရင်ဆိုင်ခဲ့သောဆရာတော်ဦးဥတ္တမ၏ ဘွဲ့အမည်ကို ပြောင်းလဲကာ “ဦးဥတ္တမပန်းခြံ”ဟူ၍ သတ်မှတ်လိုက်သောကြောင့်ပင် ဖြစ်ပေသည်။

“လေးကိုင်းသဏ္ဍာန် နံရံကြီး”

အဆိုပါဦးဥတ္တမပန်းခြံစတင်ဖွင့်လှစ်သည့်နေ့ကဦးဥတ္တမ၏နိုင်ငံရေးဆောင်ရွက်ချက်များကိုပန်းချီဖြင့်သရုပ်ဖော်ထားသည့်ရှည်လျားသည့်ပိတ်ကားနံရံကြီးနှင့်ထိုနံရံကြီးရှေ့အလယ်ဗဟိုတွင်ဦးဥတ္တမရုပ်တုပု့တော်(ရွှံ့စေးနှင့်ကိုယ်တပိုင်း) ကို တွေ့မြင်ကြရသည်။

ယင်းနံရံပန်းချီနှင့် ဆရာတော်၏ ရုပ်တုပုံတော်များမှာ ယာယီဆင်ယင်ပြသထားခြင်း ဖြစ်သည်။ တကယ်တန်း ထုလုပ်ပြီးစီးသည့်အခါတွင် လေးကိုင်းသဏ္ဍာန် နံရံကြီးမှာ အလျား ၆၅-ပေ အမြင့်၁၂ပေရှိမည်ဖြစ်၍နံရံကြီးရော နံရံမှ ကိုယ်လုံးကြွရုပ်ပုံများပါ အင်္ဂတေဖြင့် တွေ့မြင်ကြရမည် ဖြစ်သည်။

ဦးဥတ္တမ ပုံတော်မှာလည်း အလုံးစုံပြီးစီးသည့်အခါတွင် အမြင့် ၉-ပေရှိ မတ်တတ်ရပ် ကြေးရုပ်ပုံတော်ကြီးအဖြစ် သွန်းထုပြုလုပ်ထားရှိမည်ဟု သိရသည်။အဆိုပါ နံရံပန်းချီရုပ်တုများနှင့်အထူးသဖြင့် ဦးဥတ္တမဆရာတော်၏ ကြေးရုပ်ပုံတော်ကို ပန်းပုဆရာကြီး ဦးဟန်တင်က သွန်းလောင်းထုလုပ်ရန် စီစဉ်ရာထားသည်။

“ပန်းပုဆရာ၏ အနုပညာ”

ပန်းခြံဖွင့်ပွဲ အခမ်းအနားနေ့က မြင်တွေ့လိုက်ရသော ဆရာတော်၏ ကိုယ်တပိုင်းရုပ်ထုမှာ ဆရာဦးဟန်တင်၏ အနုပညာလက်ရာ မြောက်မှုကို အပြည့်အ၀ ဖော်ပြနေသည်ဟုပင် ဆိုနိုင်သည်။ဦးဟန်တင်သည် ဆရာတေ်၏ ပုံကို လွန်ခဲ့သော ၂-နှစ်ခန့်ကပင် ထုလုပ်ခဲ့သည်ဟု သိရသည်။ သို့ထုလုပ်စဉ်က ယင်းပုံတူရုပ်တုကို မည်သူကမှ ခိုင်းစေခြင်းမပြုခဲ့သည်မဟုတ်၊ ပန်းပုဆရာပီသသည့် ဦးဟန်တင်၏ အနုပညာဗီဇကြောင့် တိုင်းပြည်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်များ၏ ရုပ်တုပုံတူများကို အချိန်ရတိုင်း အလဟဿမဖြစ်စေဘဲ ထုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤတွင် ၁၉၅၄ ခုနှစ်ကပင် စတင်၍ တိုးချဲ့ဖွဲ့စည်းခဲ့သောဦးဥတ္တမအထိမ်းအမှတ်ကော်မတီသည်ဆရာတော်ကို ဂုဏ်ပြုသောအားဖြင့် ကြေးရုပ်ပြုလုပ်ထားရှိရန်နှင့် ဦးဥတ္တမလမ်း ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမ စာသင်ကျောင်း စသည်တို့ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အစိုးရတို့နှင့် တဘက်မှ အရေးဆိုနေလေရာ ဦးဟန်တင်သည် ယင်းကော်မတီနှင့် တွေ့ဆုံကာ ဆရာတော် ဦးဥတ္တမပုံတူရုပ်တုကို ပြသခဲ့သည်။


“မျက်ရည်ကျရှာသူ”

ကော်မတီကလည်း ပို၍ တိကျသေချာစေရန် ဆရာတော်ဦးဥတ္တမ နှစ်မ ဒေါ်အိမ်စိုးကို ခေါ်၍ ရုပ်တုကို ပြသခဲ့ရာ ဒေါ်အိမ်စိုးသည် ဦးဟန်တင်၏ လက်ရာဖြစ်သော ဆရာတော်၏ကိုယ်တပိုင်းရုပ်တုကို ကြည့်ကာ မျက်ရည်ကျခဲ့ရရှာသည်။

သို့ဖြစ်ရာ ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ပေးချက်အရ ဆရာတော်၏ ကြေးရုပ်ပုံတူ (တကိုယ်လုံး) ထုလုပ်ပြီးစီးသည့်အခါတွင် ဆရာဦးဟန်တင်၏ လက်ရာပြောင်မြောက်မှုဖြင့် ဆရာတော်၏ ကြေးရုပ်မှာ ယခုထက် ပိုမိုသက်ဝင် လှုပ်ရှားလာလိမ့်မည်ဟု မျှော်လင့်ရသည်။


ဆရာတော်ဦးဥတ္တမ


ဆရာတော်ဦးဥတ္တမ သည် ကျဉ်းမြောင်းနုန့်နဲ့သော အမျိုးသားစိတ်ဓာတ်များ ကမ္ဘာကိုလွှမ်းခြုံ၍ နေစဉ်၌ပင် လွတ်လပ်ရေးစိတ်ကား တမျိုးသားတည်း တပြည်ထောင်တည်းအတွက်သာ မဟုတ် နယ်ချဲ့ကိုလိုနီ စံနစ်အောက်၌ စုန်းစုန်းမြုပ်သော အာရှတိုက်ကြီးတတိုက်လုံးအတက်ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ရုံမက နယ်ချဲ့ ၏မျက်နှာကို ရဲရဲကြည့်ကာ နယ်ချဲ့ ၏အင်အားဖြင့် ဖိနှိပ်သမျှသောဆင်း ရဲ ဒုက္ခမျိုးမျိုးတို့ကို မတွန့်မဆုတ် ခံယူခဲ့၏။

ဆရာတော်၏ကြိုးပမ်းမှုကြောင့်မန်မာနိုင်ငံသားတို့သည်အိပ်သောယေက်ျားနိုးသောလားသို့လွတ်လပ်ရေးလမ်းစကိုမြင်ကြရ၏။ ဆရာတော်ကား ယခုမြန်မာ နိုင်ငံတော်သူနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရ၍ ခံစားစံစားနေရသော အချုပ်အခြာ အာဏာပိုင်လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သောအာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေ တည်း။

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး

ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်သည့်၊ မြရှင်သကျ၊ သမ္ဗုဒ္ဓ၏၊ ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊ မဟစ္ဆရီ၊ အံ့လောက်ဘိသား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊ မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက်ပင်၊ ရွှေလမ်းထွင်သား၊ အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊၀ံသပါလိတ်၊ ရဲတိဟိတ်သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊ မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်၊ ဘက်ကင်းတေဇော်ရှိန်ဘုရား။သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့် နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင်ဖြစ်ပေသည်။


ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့အပိုင် ဆူးကလပ်ရွာတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောပြောမှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းချခံခဲ့ရသည်။၁၉၂၂ ခု ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာတော် ထောင်မှ လွတ်မြောက်လာသည့်အခါ ၁၉၂၂ ခု ဇူလိုင်လ ၂၃ ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့ ဂျူဗလီဟောတွင် တခဲနက် ဂုဏ်ပြုပူဇော်ကြသည်။ ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတဆရာ ဦးမောင်ကြီးက အထက်ဖော်ပြပါ ဘဒ္ဒန္တဥတ္တမအရှင်သူမြတ် ဘုန်းတော်ဘွဲ့မင်္ဂလာရတုဖြင့် ရေးသားပူဇော်ဂုဏ်ပြုခဲ့လေ ည်။


ဆရာတော်ဦးဥတ္တမသည် ဤသို့ ချီးကျူးပူဇော်ခံထိုက်အောင်ပင် ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေးတို့တွင်အမျိုးသားများတက်ကြွလာစေရန်ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးပမ်းခဲ့သည်။ဆရာတော်ဦးဥတ္တမ၏ဘ၀နိဒါန်းပိုင်းသည်တနိုင်ငံလုံးအုတ်အုတ်ကျက်ကျက်တခဲနက်ဖြစ်အောင်အောင်မြင်ကျော်ကြားခဲ့သော်
လည်း ဆရာတော်၏ ဘ၀နိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။

တနည်းဆိုလျှင်နိုင်ငံရေးခေါင်းဆောင်ဗိသုကာတဦး၏ဘ၀ကိုနိုင်ငံရေးကပင်ဖျက်ဆီးခဲ့ခြင်းဖြစ်ပေသည်။
ဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟော စင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။

သူပြောသမျှ စကား၊ သူဟောသမျှ ရဲရဲတောက် တရားများသည် လွတ်လပ်ရေး မွတ်သိပ်နေသူပြည်သူများအဖို့ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့နေကြရရာမှ ရင်ကော့ခေါင်းမော့လာနိုင်ကြသည်။“ဆာဂျီနယ် ကရက်ဒေါက်………သင် ဗမာပြည်က ထွက်သွားလိုက်ပါ”ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ်ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေးသားပေးပို့ လိုက်သည့်အခါ အမျိုးချစ်သူများက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ခဲ့ကြသည်။
ဆရာတော်အား ဆူကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟောပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ် အပစ်ပေးလိုက်သည့်အခါ ပုသိမ်မှစ၍ တနိုင်ငံလုံး သံဃသမဂ္ဂီ အသင်းများ၊ ကုမ္မာရီအသင်းများမှာ အုံကြွမှုပေါ်ပေါက်လာ၍ တနိုင်ငံလုံး စည်းလုံးမိသွားကြသည်။


ဆရာတော်ဦးဥတ္တမသည်ပြည်သူများ၏လေးစားကြည်ညို၍ပြည်သူများနှင့်တသွေးတည်းတသားတည်းဖြစ်သည်။ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့်၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃နှစ်ရုံးတင်အပြစ်ပေးခံခဲ့ရသည့်အခါဖိုက်စကွဲယား(ပန်းခြံဗန္ဓုလပန်းခြံ)တွင်သွေးမြေကျလူထုဆန္ဒပြပွဲ
ဖြစ်ပွားခဲ့ပြီးယင်းမှအစပြု၍ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလွှမ်းမိုးပြန့်ပွားသွားကြပြန်သည်။
ဆရာတော်၏ ဘ၀နိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင်။ဆရာတော်၏ ဘ၀နိဂုံးပိုင်းက ထိုသို့မဟုတ်ပြီ။

အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်သုတ်ခွပ်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက်သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် စီစဉ်သည်။သည်တွင်နိုင်ငံရေးပါတီများအဖို့အနိုင်ရရှိရန်ကြိုးပမ်းရာ၌ဆရာတော်ဦးဥတ္တမကိုချဉ်းကပ်စည်းရုံးကြသည်။

ထိုအချိန်ကဆရာတော်မှာဆီးချိုရောဂါနှင့်အသက်အရွယ်ကြီးရင့်လာ၍စိတ်ပန်းကိုယ်နွမ်းဖြစ်နေသဖြင့်
လည်းကောင်း၊နိုင်ငံရေးခေါင်းဆောင်များစည်းရုံးမှုမရှိဘဲရာထူးအာဏာရရှိရေးသာကြိုးပမ်းနေကြသဖြင့်
လည်းကောင်း နိုင်ငံရေးလုပ်ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒိယနှင့် ဗမာပြည် အလျဉ်းသင့်သလို နေထိုင်လျက် ရှိနေသည်။

ထိုစဉ် ငါးဖွင့်ဆိုင်အဖွဲ့မှ ဆရာတော်အား လှည့်ဖျားစည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေးစိတ်မကုန်သောဆရာတော်မှာငါးပွင့်ဆိုင်အတွက်မဲဆွယ်ပေးရန်ရန်ကုန်သို့ရောက်ရှိခဲ့ပြန်သည်။
နိုင်ငံရေးပါတီအချို့မှမျိုးချစ်လူငယ်အချို့ကဆရာတော်ထံသွားရောက်၍မေတ္တာရပ်ခံသော်လည်းအရှိန်အ၀ါ
ကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။

ဆရာတော် ဦးဥတ္တမသည် ငါးပွင့်ဆိုင်အတွက် အနယ်နယ်တရားဟောရာတွင်လေယာဉ်ပျံနှင့်ပင်ခမ်းခမ်းနားနား ကြွရောက်ဟောပြောရသည်။ ဆရာတော်ကို မမြင်မတွေ့ရသည်မှာ ကာလအတန်ကြာပြီဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရားပွဲမှာ ပရိသတ်တိုးမပေါက်အောင် စည်းကားသည်။

၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဖေခေါင်းဆောင်သောငါးပွင့်ဆိုင်အဖွဲ့၊ဒေါက်တာဘမော်အဖွဲ့၊ဦးချစ်လှိုင်အဖွဲ့၊ ကိုယ့်မင်းကိုယ့်ချင်းတိှုှ့ဗမာသခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ဆရာတော်၏ အရှိန်အ၀ါဖြင့် အခြားနိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင်က အပြတ်အသတ် အမတ် ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်းဝန်ကြီးရာထူးအဝေမတည့်သောကြောင့်ငါးပွင့်ဆိုင်ခေါင်းဆောင်ဦးဘဖေမှာအစိုးရမဖွဲ့နိုင်တော့
ချေ။ အမတ် ၁၆ နေရာသာ ရရှိသည်။ ဒေါက်တာ ဘမော်ကညွန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန်ရာထူး ရယူသွားလေသည်။သည်တွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေးသံဝေဂရစရာ ကြုံရလေတော့သည်။

နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အ၀ါဖြင့် ၀န်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ်စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါသည်ဘ၀ဖြင့် ပြုစုသူ ကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန် လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။

ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ပိုသီပတ်ပီ ၀တ်ရုံ၍ လွယ်အိတ်ကြီး တလုံးလွယ်ကာ ထီဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်းစာများကို တောင်ယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိသည်။

အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။

ဆရာတော်ဦးဥတ္တမသည်ကိုယ်စိတ်နှစ်ပါးဝေဒနာနှစ်ရပ်စလုံးခံစားနေရလေသည်။ဆရာတော်အားပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များ သမဂ္ဂအသင်း၏ ၄ ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်ကြသည်။
ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း အပြစ်တင်ဝေဖန်ကြလေသည်။

ရခိုင်ရဟန်းတော်များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယသမဂ္ဂအသင်းတိုက်သို့ သွားရောက် တွေ့ဆုံသည့်အခါ သွားရောက်တွေ့ဆုံသူများကိုအတွေ့မခံငြင်းဆန်လျက်သတိမကောင်းတော့ဘဲ လုပ်ချင်ရာ လုပ်နေလေပြီ။သည်တွင် သူရိယတိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင်သံဃာတော်များက
ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြသည်။

အထူးခန်းမရှိသေးသဖြင့်ရန်ကုန်ဆေးရုံကြီးအခန်းနံပါတ်၈ခုတင်နံပါတ်၁၇ကုသိုလ်ဖြစ်အခန်းတွင်တင်ပို့ကုသကြသည်။သြဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘကလေး၊ မြို့တော်ဝန် ဦးဘ၀င်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွားရောက်၍ ဆရာတော်အား အားပေးစကား ပြောကြားရာ ဆရာတော်မှာ စကားပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။

သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘကလေး အကူအညီဖြင့်ပင် ကုသိုလ်ခန်းမှ အထူးခန်း ၁၃ ခုတင် နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစ ပြုလာသည်။

သို့သော် မအူပင် ထောင်ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ခြေထောက်ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြစ်ကုမှသာ အသက်ရှင်နိုင်တော့မည်။ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက်သီတင်းသုံးနေလေသည်။ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည်
နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။



ဆရာတော် ဦးဥတ္တမ ပန်းခြံ



ဆရာတော် ဦးဥတ္တမ ရဲ့အမှတ်တရကိုကျမသတိတရနဲ့ရေးခဲ့တာပါ။သူရဲ့ဖြတ်သန်းလာခဲ့တဲ့
သမိုင်းတလျှောက်ကို သေချာအသေးစိတ်ဖတ်ရှုချင်ရင်တော့ ( http://ottama.multiply.com/)
အဲဒီနေရာလေးတွင် အသေးစိတ်လေ့လာနိုင်ပါသည်။ကျမကိုယ်တိုင်လဲ ဖတ်ရှုပြီးပြန်လည်
မျှဝေလိုက်ပါသည်။

ရင်းမြစ်။( http://ottama.multiply.com/)

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*


Type the rest of your post here.

06 September 2009

*နိုင်ငံရေးအကျဉ်းသား အာကာဗိုလ် အတွက်အမှတ်တရ*

အာကာဗိုလ်ကိုသိကြမယ်ထင်ပါတယ်။သူက(GenerationWave)မျိုးဆက်သစ်လူငယ်များအစည်းအရုံးက
လူငယ်တဦး။သူ့ကိုအိမ်မှာတော့ ချစ်ကို ။သူ့အကြောင်းလေးကိုအမှတ်တရအနေနဲ့ သူ့အဒေါ်ဖြစ်တဲ့ကျမက သတိတရနဲ့ သူအကြောင်းလေးကို ရေးလိုက်ပါတယ်။

(အာကာဗိုလ်(ခ)ချစ်ကို)


အာကာဗိုလ်ကိုယ်တိုင်ရေးခဲ့တဲ့ကဗျာလေးပါ
Type your summary here.



ချစ်ကိုအကြောင်းရေးရင်သူ့မိဘကိုအရင်ပြောပြမယ်။သူအဖေကကိုခင်မောင်ချိုအမေကမဒယ်ဘီလှိုင်
်(ကျမအမပါ)။သူ့မှာညီလေးတယောက်ရှိတယ်သူကမင်းကို။ချစ်ကိုကငယ်ငယ်တည်းကစာတော်တယ်ဒဂုံ(၁)
ကျောင်းမှာစာတော်တဲ့လူတွေထားတဲ့(S)အခန်းကပါ။အတန်းထဲမှာအမြဲဆုရတယ် နှစ်တိုင်းပါ။ သူ့ကိုဆရာ ဆရာမတိုင်းချစ်ချင်ကြပါတယ်။၁၀တန်းကို ၅ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့တယ်။

ချစ်ကိုဆိုတာသူ့ကိုအိမ်ကခေါ်ကြတာပါ။ကျောင်းမှာတော့အာကာဗိုလ်လို့သူငယ်ချင်းတွေကခေါ်ကြပါတယ်။
ချစ်ကိုကသိပ်ကြောက်တတ်တယ်။ရှက်လဲရှက်တတ်ပါတယ်။အရမ်းလဲလှချင်တယ်။သူ့ကစိတ်သဘောအရမ်း
ကောင်းတယ်။စိတ်သိပ်နူတယ်။မိဘကိုလဲနားလည်တတ်တဲ့ခလေးပါ။

သူဆေးကျောင်းတက်မယ်ဆိုတော့ကျမတို့ကအဆင်ပြေပါမလားဆိုပြီးထင်နေတာသူဝါသနာမပါပေမဲ့သူ့အမေ
ကျမအမက ဖြစ်စေချင်လို့ သူဆေးကျောင်းကို တက်ခဲ့ပါတယ်။နောက်မကြာပါဘူးကျောင်းဆက်မတက်ချင်လို့ စင်္ကာပူမှာကျောင်းသွားတတ်ခဲ့တယ်။ဆေးကျောင်းဒုတိယနှစ်ကိုဆက်မတက်တော့ဘဲစင်္ကာပူမှာကျောင်းဆက်
တက်ခဲ့တယ်။

စင်္ကာပူကပြန်လာတော့အရင်လိုမဟုတ်တော့ဘူးလူကြီးတယောက်လိုပြောတယ်။သူ့ကိုကြည့်ရတာလေးနက်
လာတယ်။အရာရာကိုပါ။သူကသိပ်နွဲ့လို့အိမ်ကစိတ်ပူကြတယ်အရင်နဲ့မတူတော့တဲ့ ချစ်ကို ဟာ လူကြီးလေး ဖြစ်လာခဲ့တာပါဘဲ။သူ့အဒေါ်တွေထဲမှာကျမနဲ့ သူ့နဲ့ကတော်တော်အနေနီးပါတယ်။ချစ်လဲချစ်တယ်။

သူနိုင်ငံရေးအကြောင်းတွေကိုလေ့လာခဲ့တယ်သူသိချင်လာတယ်။သားတို့နိုင်ငံမှာဘာမှလုပ်လို့မရဘူး။လူငယ်
တွေကိုသားသနားတယ်ဆိုပြီးသူပြောခဲ့တယ်။စစ်အစိုးရကပြည့်သူတွေကိုအားလုံးအမှောင်ချ ထားခဲ့တာနော်။ လူငယ်တွေအတွက်ဘာတိုးတက်မှုမှာမပေးဘူး။လူငယ်တွေတိုးတက်မှာလဲသိပ်ကြောက်တယ်။ပြည့်သူတွေကြည့်လိုက်ရင်လဲစားဝတ်နေရေးတွေအတွက်ရုန်းကန်နေရတယ်။ကျန်တာမစဉ်းစားရဲ့ဘူးတနေ့တနေ့ကိုယ့်ဝမ်းစာ
ကိုမနည်းရှာဖွေနေရတယ်။သူ စင်္ကာပူကပြန်လာတော့ ကိုယ့်တိုင်းပြည်နဲ့သူရောက်ခဲ့တဲ့စင်္ကာပူနိုင်ငံကိုယှဉ်ပြီး
သူပြောပြတယ်။

နောက်အရင်ကကျမအမျိုးသား ဒုတိယအကြိမ်ထောင်ထဲမှာတုံးကသူက(၈)တန်းတက်တုန်းပါ။သူအမြဲပြောတယ် အန်တီဘာလို့နိုင်ငံရေးလုပ်တာလဲအန်တီတို့လင်မယားနှစ်ယောက်အေးအေးနေတာမဟုတ်ဘူးလို့သူပြောခဲ့
စကားကိုသူပြန်မှတ်မိတယ်။သူစင်္ကာပူကပြန်လာတော့သူကျမကိုပြန်ပြောပြခဲ့တယ်။အန်တီတို့ဘာကြောင့်နိုင်ငံ
ရေးကိုစိတ်ဝင်စားတယ်လုပ်ချင်ကြတယ် ဆိုတာသားနာလည်ပါပြီ အန်တီ။

သားလဲ သားတို့လိုလူငယ်တွေအတွက်တခုခုလုပ်ပေးချင်လိုက်တာဆိုပြီးသူပြောခဲ့ပါတယ်။သူပြန်ရောက်ပြီး သိပ်မကြာဘူးနောက်ကျမတို့လဲမဲဆောက်ဘက်ကိုထွက်လာခဲ့ရတာ။ချစ်ကိုအဖမ်းခံရတယ်ဆိုတဲ့သတင်းဝင်
လာတော့ကျမပူထူးသွားတယ်။ရင်ထဲမှာစို့နစ်သွားတယ်။ဟယ်ငါ့သားလေးဘာလို့နေမလဲဆိုပြီးစိတ်တွေမငြိမ့်ခဲ့
ပါဘူး။သူ့ဘဝမှာသူအဆင်ပြေပြေနေခဲ့ရတယ်သူခုရောက်တဲ့နေရာမှာအဆင်ပြေပါ့မလားဟိုဟာဖြစ်မလား ဒီဟာဖြစ်မလား မလားတွေကျမအတွက်များခဲ့ရပါတယ်။

၂၀၀၈ခုနှစ်၊ မတ်လ ၁၂ရက်နေ့ ညနေမှာဖမ်းခံခဲ့ရပါတယ်။သူကိုဖမ်းတဲ့နေရာကတော့ရန်ကုန်မြို့၊ ဆရာစံလမ်း မှာဖွင့်လှစ်ထားတဲ့ Gold Feather စားသောက်ဆိုင်မှာသားချစ်ကိုရဲ့သူငယ်ချင်းတွေနဲ့ညစာစားနေတုံးမှာ စစ်အာဏပိုင်တွေက ဖမ်းခဲ့တာပါ။သားချစ်ကိုနဲ့တူတူသူ့ရဲ့သူငယ်ချင်း(၅)ယောက်ပါဝင်ခဲ့တယ်။

သူတို့ကတော့ကျော်ကျော်(ခ)ဇေယျာသော်၊ရန်ကုန်နည်းပညာတက္ကသိုလ်မှမဟာဘွဲ့အင်ဂျင်နီယာကျောင်းသားအောင်ဇေဖြိုး၊ရန်ကုန်ဆေးတက္ကသိုလ်(၁)မှဒုတိယနှစ်ကျောင်းသားဟောင်းအာကာဗိုလ်၊ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ်မှဒုတိယနှစ်အဝေးသင်ဥပဒေကျောင်းသားသီဟ၀င်းတင်၊နောက်သူငယ်ချင်းနှစ်ဦးကဝေလင်းဖြိုး၊ ရန်နိုင်သ၊ူအပါအ၀င် စုစုပေါင်း (၆) ဦးပါ။

သူတို့ကိုဘာအမှုနဲ့ဖမ်းတာလဲဆိုတော့မျိုးဆက်သစ်လူငယ်များအစည်းအရုံး(generationwave)အဖွဲ့ဝင်များဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ပြီမတရားအသင်းဖွဲ့စည်းတည်ထောင်မှုပုဒ်မ(၆/၈၈)ဥပဒေဖြင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။သူ့အတွက်တော့ထောင်ဆိုတာအိမ်မက်တောင်သူမမက်ခဲ့ဘူးပါဘူး။ကျမတို့ကိုထောင်
အကြောင်းမေးတိုင်းသူသိပ်ကြောက်တယ်။တကယ်လဲသိပ်ကိုကြောက်ဘို့ကောင်းအောင်စစ်အစိုးရကလုပ်ထားတာကိုကြောက်ကြမှာပေါ့ ။

ဒါပေမဲ့ကျမတူလေးကခုတော့ဒီထောင်ဆိုတာကိုကြောက်စိတ်မရှိတော့တာသေချာနေပါပြီ ။နိုင်ငံရေးလုပ်တဲ့ လူတွေမည်သူမဆိုထောင်ကိုရောက်ကြရတာသူကောင်းကောင်းသိနေပါပြီ။သူ့စိတ်ထဲမှာထောင်ဆိုတဲ့နေရာဟာသူအတွက် သူရောက်ဘူးတဲ့နေရာတစ်ခုလိုသူနေတတ် နေပါပြီ ။

ကျမမေမေသူ့အဘွားကတော့ပြောတယ်တော်သေးတယ်ကျမတို့လင်မယားမရှိလို့ရှိရင်မလွယ်ဘူး၊ကျမတို့
လင်မယားလဲထောင်ထဲရောက်မှာဘဲဆိုပြီးပြောသေးတယ်။နောက်သူ့ရဲ့ကျန်းမာရေးကိုစုံစမ်းရတယ်။အရေးကြီးတာကျန်းမာရေးနောက်ဆက်စုံစမ်းကြည့်တော့သူတို့ကိုဘယ်ပုဒ်မနဲ့ဆွဲထားလဲဆိုတာသိခဲ့ရပါတယ်၊မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) အဖွဲ့ဝင်များဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ပြီး ၄င်းတို့ 
အား မတရားအသင်း ဖွဲ့စည်း တည် ထောင်မှု ပုဒ်မ (၆/၈၈) ဥပဒေဖြင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။



ချစ်ကို နဲ့အမှုတွဲတွေကိုတော့၂၀၀၈ နိုဝင်ဘာလ ၂၀ရက်နေ့မှာအမိန့်ချခဲ့ပါတယ်။


၁။ ကျော်ကျော်(ခ)ဇေယျသော် ၆ နှစ်

၂။အောင်ဇေဖြိုး ၅နှစ်

၃။သီဟဝင်းတင် ၅နှစ်

၎။အာကာဗိုလ် ၅နှစ်

၅။ဝေလင်းဖြိုး ၅နှစ်

၆။ရန်နိုင်သူ ၅နှစ်

အသီးသီး ကို အာဏပိုင်တွေကထောင်ချခဲ့ပါတယ်

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသောအဖွဲ့ဝင်များကိုဝေးလံသောဒေသများရှိထောင်များသို့ယနေ့ပြောင်းရွေ့
နေရာချထားလိုက်သည်။ကိုဇေယျာသော်ကိုကော့သောင်းထောင်၊ကိုအောင်ဇေဖြိုးကိုတောင်ငူထောင်၊ကိုသီဟ
ဝင်းတင်ကို ညောင်ဦးထောင်နှင့်ကိုအာကာဗိုလ်ကို ကျောက်ဖြူထောင်သို့အသီးသီးပြောင်းရွှေ့လိုက်သည်။

ကျမတူလေးလိုဘဲသူတို့ယုံကြည်ရာကိုလုပ်နေကြတဲ့(GenerationWave)အဖွဲ့လူငယ်တွေကိုလဲကျမဒီနေရာက
နေ လေးစားစွာဖြင့် ဂုဏ်ပြုပါတယ်။



ကျမတူလေးကိုကျမအမြဲမှာချင်တာကတော့(သားရေဘဝဆိုတဲ့လူဘဝကြီးမှာအရေးကြီးဆုံးကသမိုင်းဘဲ၊သားအတွက်အမြဲအားပေးနေမဲ့ဒယ်ဒီနဲ့မာမီအတွက်သားကအာဇာနည်ပါ၊ညီလေးမင်းကိုအတွက်သားကလမ်းပြမြေပုံ၊
သားတို့သူငယ်ချင်းတွေအတွက်နောက်သားတို့ရဲ့ (Generation Wave)မျိုးဆက်သစ်လူငယ်များအစည်းအရုံး အတွက်လဲသားကသူရဲကောင်း၊)ဆိုတာသားမှတ်ထားလိုက်ပါ။


ကျမတူလေးအတွက်ကျမဒီနေရာကနေပြီးဂုဏ်ယူစွာနဲ့ ဒီပို့စ်လေးကိုတင်ပေးလိုက်ပါတယ်။ကျမဒီပို့စ်လေးကို (Generation Wave)မျိုးဆက်သစ်လူငယ်များအစည်းအရုံးကနေပြီးဓာတ်ပုံတွေယူသုံးထားပါတယ်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*
Type the rest of your post here.