15 September 2009

နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေး (ခေါ်) မနှင်းမေအောင် မုံရွာထောင်တွင်းတိုက်ပိတ်ခံထားရခြင်း။



မနိုဘယ်အေး(ခေါ်)မနှင်းမေအောင်

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်သည် အသည်းရောဂါ ဝေဒနာခံစားနေရပြီး ယခုတွင် မုံရွာ အကျဉ်းထောင်ထဲမှာ တိုက်ပိတ် ခံထားရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မနိုဘယ်အေးအား မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခံနေရခြင်းဖြစ်ကြောင်း သေချာမသိရှိသေးပါကြောင်း။
မနိုဘယ်အေးသည် အသည်းရောင်အသားဝါ ရောဂါ ဝေဒနာကို အင်းစိန်ထောင်တွင် ရှိစဉ်ကတည်းက ခံစား နေခဲ့ရပြီး ယခု မုံရွာထောင်တွင် သူ၏ရောဂါ ပိုမိုခံစားနေခြင်း ကြောင်းကိုလဲသိရှိခဲ့ရပါသည်။

မနိုဘယ်အေး၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းမှာ သမီးဖြစ်သူ မနိုဘယ်အေး ၏ မည်သည့်သတင်းကိုမှ ယခုထိ မကြားသိ ရသေးပါကြောင်းပြောခဲ့ပါသည်။မနိုဘယ်အေး၏ မိခင်သည် လာမည့် ၁၆ ရက်နေ့တွင် မနိုဘယ်အေး
ကို ထောင်ဝင်စာ သွား တွေ့ရမည်ဖြစ်ကြောင်း သိရပါသည်။

၈၈ မျိုးဆက်သစ် ကျောင်းသား အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် မနိုဘယ်အေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်ခဲ့မှုနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့မူကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားခဲ့ရသည်။ ထို့မှ တဆင့် ဖေဖော်ဝါရီလတွင် မုံရွာထောင်သို့ ပို့ဆောင် ခံခဲ့ရသည်။

မနိုဘယ်အေးသည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဇူလိုင် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဇွန်လ အစောပိုင်းက အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း AAPP က သတင်းထုတ်ပြန်ခဲ့သေပါသည်။

သတင်းအပြည့်အစုံသိချင်ပါကဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် + (၀) ၈၁ ၃၂၄ ၈၉၃၅

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.