16 September 2009

ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရ သူများပြန်လည်လွတ်မြောက်။

စက်တင်ဘာလ (၁၃)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာပိုင်တို့က ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီး ၁၀ ဦး နှင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားသည်ဟု သိရှိရပါသည်။

တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသားကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုဖြင့် ၁ ရက်ကြာ ထိန်းသိမ်းထားပြီး အာဏာပိုင်များ က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် ဖမ်းဆီးခံထားရသော မြန်မာ အမျိုးသမီး ၁၀ ဦးသည် လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်မှ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်းပါသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၁၀ ဦးသည် မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့က စီစဉ်သည့် စွမ်းရည် မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု ကြားသိရပါသည်။

ဒီနေရာလေးကိုနှိပ်လိုက်ပါ။

ထိုနေ့တွင် ထိုင်းအာဏာပိုင်များက လူ့အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)၊ အမျိုးသား ကျန်းမာ ရေးနှင့် ပညာရေး ကော်မတီ (NHEC)၊ BWU အဖွဲ့ တို့၏ လုပ်ငန်းများ တည်ရှိသည့် နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၀င်ရောက် စစ်ဆေးသည့် ရဲအရာရှိများထံတွင် ရုံးများတည် ရှိရာ မြေပုံ များ၊ အချက် အလက်များ ပါရှိသည် ဟုကြားရပါသည်။

ချင်းမိုင်မြို့အတွင်း ဝင်ရောက်ဖမ်းဆီး အချိန်သည် ထိုင်းရဲနှင့် အာဏာပိုင်များက စီမံချက်အနေဖြင့် တရားမ၀င် နေထိုင်သူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို အရေးယူဖမ်းဆီးနေသော အချိန်လည်းဖြစ် သည်။

လူ့အခွင့်အရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းရဲက တနေ့တည်း ၀င်ရောက် ခြင်းကိစ္စနှင့် ပတ်သက်ပြီး အတိုက်ခံများက အမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြပါသည်။

အဖမ်းအဆီး သတင်းကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေးအဖွဲ့များ၊ သတင်းဌာနများ၏ ရုံးများ ပိတ်ထားကြပြီး တချို့ရုံးများသာပြန်ဖွင့်ထားပါသည်။

ရင်းမြစ်။ ။ဧရာဝတီ

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.