
 
 
 
ယနေ့ မဟာစင်မုန်တိုင်း ဝင်ရောက်နေစဉ် အပျက်အစီး မြင်ကွင်းတချို့ (တရုတ်ရုပ်သံ)
မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို
 ................................................................................
 စစ်တွေ၊ မေ ၁၅
 
 ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည် 
စခန်းများမှ  ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့် 
အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည်  အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင် 
ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင် လှုံ့ဆော်နေသူများ ရှိနေကြောင်း 
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် 
ဦးဦးလှသိန်းက ပြောကြားသည်။
 
 
လွန်ခဲ့သောရက်ပိုင်းက ဒုက္ခသည် စခန်းတစ်ခုတွင် အစည်းအဝေး ပြုလုပ်ပြီး 
နေရာပြောင်းရွှေ့ရန် ဒုက္ခသည် များနှင့် သဘောတူညီမှုရသဖြင့် 
နေရာပြောင်းရန်ကားများ စေလွှတ် လိုက်သောအခါ ကားနှင့်လိုက်ရန် 
ငြင်းဆန်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆိုသည်။
 
"မုန်တိုင်းဖြတ်ဖို့ ရက်အားဖြင့် တစ်ရက်နှစ်ရက်ပဲကြာမှာပါ။ မူလနေရာမှာ 
ပြန်နေလို့ရတယ်။ အစိုးရက အကောင်းဆုံး ဖြစ်အောင် လုပ်နေပေမယ့် သူတို့မှာ 
နောက်က တယ်လီဖုန်းတွေနဲ့ ဆက်နေတဲ့ ရန်ကုန်က အဖွဲ့အစည်းတွေ ရှိနေတယ်"ဟု 
ဦးဦးလှသိန်းက ထပ်မံ ပြောကြားသည်။
 
 အစိုးရအဖွဲ့က ပြန်လည် 
နေရာချထားပေးရန် စီစဉ်မှုများ တွင်လည်း ဒုက္ခသည်များနှင့် ညှိနှိုင်း ရာတွင် 
သဘောတူညီမှု ရရှိခဲ့သော်လည်း အမှန်တကယ် အဆောက်အအုံများ ဆောက်၍ အမှန်တကယ် 
လုပ်ကိုင်ရာတွင် သဘောတူထားသော ဘင်္ဂါလီများက ငြင်းဆန်မှုများရှိခဲ့ပြီး 
ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်က အဖွဲ့အစည်း ရှိသည်ဟု  
ပြောဆိုခြင်းဖြစ်ကြောင်း ၄င်းကပြောဆို ခြင်းဖြစ်သည်။
 "ခဏခဏ 
ကျွန်တော်တို့နဲ့ တွေ့တယ်။ ဆွေးနွေးတာတွေ သဘောတူတယ်။ တကယ်လုပ်ရင် 
ပျက်သွားတယ်။ အဲလိုခဏခဏ ကြုံနေရတယ်" ဟု ဦးဦးလှသိန်းက ထပ်မံပြော ကြားသည်။
 
 အစိုးရအနေနှင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ရနိုင်သည့် အခြေအနေများ 
ရှင်းပြပြီး  ပြောင်းရွေ့ရန် ဒုတိယသမ္မတ အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ UN 
အဖွဲ့အစည်း ခေါင်းဆောင်များ စည်းရုံးနေသော်လည်း ဘင်္ဂါလီဒုက္ခသည်များ  ဆက်လက် 
ငြင်းဆန်နေကြကြောင်း၊ သဲချောင်း၊ ဘောဒူဖ အပါအဝင် ဘင်္ဂါလီဒုက္ခသည်များမှ 
ဒုက္ခသည် အချို့ကို ဘေးလွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်း 
စည်ပင်သာယာရေးဝန်ကြီ ဦးလှဟန်က ပြောကြား သည်။
 
 "မုန်တိုင်းဝင်မှာ 
သေချာပြီ ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို 
အတင်းအဓမ္မ နေရာပြောင်းမယ်" ဟု ဦးဦးလှသိန်းက ဆိုသည်။
 
 
အစိုးရအစီအစဉ်အရ အဆိုပါ ဒုက္ခသည်များ စစ်တွေမြို့ တပ်နယ်မြေအတွင်းရှိ 
အဆောက်အအုံအပြင် အခြားဘေးလွတ်ကင်းရာ နေရာများကို ပြောင်းရွှေ့ထားရန် 
စီစဉ်ထားပြီး ယင်းနေရာမှာ မုန်တိုင်း သဘာဝဘေးအန္တရာယ်အတွက် လုံခြုံစိတ်ချ 
ရကြောင်း  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
 "နာဇီရွာကို 
ပြောင်းပေးမယ်ဆိုရင် ပြောင်းမယ်။ မဟုတ်ရင် မပြောင်းဘူး" ဟု သဲချောင်း 
ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ကဆိုသည်။
 
 
စားနပ်ရိက္ခာနှင့် အခြားအထောက် အပံ့ပစ္စည်းများ ခံစားခွင့်မရရှိသဖြင့် 
မပြောင်းရွှေ့နိုင်ကြောင်း သံထော်လီရွာမှ ပြောင်းရွှေ့လာသူများ နေထိုင်သည့် 
ဒါးပိုင် ဒုက္ခသည်စခန်းမှ အသက် ၃ဝ အရွယ် မာမွတ်နော်ဖိက ပြောကြားသည်။
 
 "စစ်တပ်နယ်မြေဆိုရင် မပြောင်းချင်ဘူး။ ကြောက်တယ်" ဟု ဒါးပိုင်ဒုက္ခသည် စခန်းမှ အမျိုးသားတစ်ဦးက ဆိုသည်။
 
 မုန်တိုင်းသဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ရန် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေး  
ကော်မတီကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီရှစ်ခုကို ထပ်မံဖွဲ့စည်းဆောင် 
ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly