07 April 2013

နေပြည်တော်ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ငလျင်တွေ ဆက်တိုက်လှုပ်နေ

နေပြည်တော်ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တွေ ယခုရက်ပိုင်းအတွင်း ဆက်တိုက် လှုပ်ခတ်ကြောင်း သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ ယနေ့မနက် ငါးနာရီခွဲခန့်က နေပြည်တော်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄.၇ အဆင့် (အင်အားအနည်းငယ်)ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားပါတယ်။ ယခုလ ၃ ရက်နေ့ ည ၁၁း၀၀ နာရီလောက်ကလည်း နေပြည်တော်ရဲ့ အနောက်တောင်ဘက် ၄၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၅.၅ အဆင့် (အင်အားအသင့်အတင့်)ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက် က (မတ် ၃၁ ရက်နေ့)လည်း သပိတ်ကျင်းမြို့ရဲ့ မြောက်ဘက် ၂၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၄.၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။