07 October 2012

ပုဂ္ဂလိက ဘဏ်များနှင့် ပတ်သက်၍ ပြည်ပတွင် ဖြစ်ပေါ် နေသော သတင်းများမှာ ကောလာ ဟလများ သာဖြစ် ကြောင်း နှင့် ပုဂ္ဂလိက ဘဏ်များ အပေါ် ယုံကြည်မှုရှိရန် ဗဟိုဘဏ်မှပြောကြား

ယခုရက်ပိုင်း ကာလတွင် ပုဂ္ဂလိက ဘဏ်လောကနှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ထွက်ပေါ် လျက် ပြည်သူ လူထုအနေဖြင့် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ကာ မေးမြန်း စုံစမ်းမှုများ ရှိနေကြောင်း သိရှိရသည်။အဆိုပါ သတင်းများနှင့် ပတ်သက်၍ ကောလာ ဟလများ သာဖြစ်ပြီး ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက် စေရန် အလို့ငှာ မလိုလားသူများ ထုတ်လွှင့်သော သတင်းသာ ဖြစ်ကြောင်း၊ မှန်ကန်မှု မရှိကြောင်း၊ ပုဂ္ဂလိကဘဏ် များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စနစ်တကျ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် ဘဏ် လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းဥပဒေ များနှင့်အညီ လုပ်ငန်းများကို တည်ငြိမ်ခိုင်မာ စွာဖြင့် လည်ပတ် လုပ်ကိုင် လျက်ရှိကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိက ဘဏ်အားလုံး အပေါ် ပြည်သူလူထု အနေဖြင့် စိတ်ချ ယုံကြည်စွာ ဆက်သွယ် ဆောင် ရွက် နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန် ထားကြောင်း သတင်း ရရှိသည်။