12 October 2012

နိုင်ငံတကာအလုပ်သမားသမဂ္ဂ မြန်မာနိုင်ငံ၌ရုံးစိုက်မည်


မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများတောင်းဆိုပေးရေးနှင့် အလုပ်သမားသမဂ္ဂများ အများအပြား ပေါ်ပေါက် လာနိုင်စေရန်အတွက် နိုင်ငံတကာအလုပ်သမားသမဂ္ဂပေါင်းချုပ်(ITUC) ရုံးခွဲဖွင့်လှစ်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ITUC)မှ တာဝန်ရှိသူများ အောက်တိုဘာလ ၉ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Mount Pleasant Hotel အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
“မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ခုရှိနေပြီဆိုပေမယ့် မဖွံ့ဖြိုးသေးပါဘူး။ ဒီအဖွဲ့က မြန်မာအလုပ်သမားသမဂ္ဂဖွံ့ဖြိုးရေးအတွက်ပါ ဆောင်ရွက်ပေးသွားမှာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်နေတဲ့ပြဿနာတွေအတွက်လည်း ဖြေရှင်းပေးသွားမယ်လို့ သူတို့ကပြောပါတယ်”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ရရှိရေး၊ အလုပ်သ မားများ၏ အကျိုးစီးပွားအတွက် အခွင့်အရေးအကာအကွယ်ပေးမှုများ၊ စက်မှုလုပ်ငန်းခွင်ဆက်ဆံရေးတွင် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် လျော် ကန်သော အလေ့အထများ တိုးတက်ရရှိစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
“လက်ရှိမှာကို ပြည်တွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဖြစ်နေတဲ့ပြဿနာတွေက အများကြီးပါပဲ။ ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းကြီးက ပြည်တွင်းမှာရုံးခန်းလာဖွင့်မယ်ဆိုတော့ ပြည်တွင်းက အလုပ်သမားတွေအတွက် ဝမ်းသာစရာပေါ့။ ပြည်တွင်းမှာ အလုပ်သမားအဖွဲ့အစည်း တွေ အများကြီးရှိတယ်ဆိုပေမယ့် ဖွံ့ဖြိုးမှုမရှိသေးပါဘူး”ပာု အလုပ်သမားအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံတကာ အလုပ်သမားသမဂ္ဂပေါင်းချုပ်(ITUC)သည် ကမ္ဘာ့အကြီးဆုံးအလုပ်သမား အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၅၃ နိုင်ငံရှိ အလုပ်သမားသန်းကို ကိုယ်စားပြုသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း..yangonchronicle