09 October 2012

ကော့သောင်းကျောက်မီးသွေးစက်ရုံရပ်ဆိုင်းရေး ပါတီ၊ ကွန်ရက်နှင့် ဒေသခံများတောင်းဆို


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း သန်းဖြိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကော့သောင်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှုများရပ်ဆိုင်းပေးရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ အမေ့အိမ်ပညာရေးကွန်ရက်နှင့် ဒေသခံပြည်သူလူကိုယ်စားလှယ်များက တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ကော့သောင်းကျောက်မီးသွေးစက်ရုံတည်ဆောက်မှုတွေ တရားဝင်ရပ်ဆိုင်းပေးဖို့အတွက် ပါတီတွေ၊ ကွန်ရက်တွေ၊ ဒေသခံတွေတောင်းဆို သွားမှာပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ဒါကိုပြန်စမယ်လို့ အသံပြန်ထွက်လာပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပေးစေလိုပါတယ်”ပာု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း ကော့သောင်းကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် သက်ဆိုင်ရာသို့တင်ပြ၍ အသိပညာပေးပောာပြောပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် ဒေသခံအင်အားငါးသောင်းဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ တိုင်းဒေသကြီးအစိုးရထံ လက်မှတ် ထိုးတောင်းဆိုခြင်း၊ ကျောက်မီးသွေး ၏ဆိုးကျိုးများအကြောင်းကို ဒေသခံများအားပညာပေးခြင်း စသည့်ကိစ္စရပ် များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကော့သောင်းကျောက်မီးသွေးစက်ရုံ စပြီးဆောက်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့တာပါ။ ခုလောလောဆယ်တော့ ဒေသခံတွေကို ဆိုးကျိုးတွေက ဘာရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက် တယ်ဆိုတာတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေကလည်း အရှန်အပာုန်မြှင့် လုပ်ဆောင်နေပါတယ်”ပာု ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။
ကော့သောင်းမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ထုတ်လွှတ်လျက်ရှိသည့် မီးအားများမှာ နေ့ဘက် တွင် ၅၀၀ ကီလိုဝပ်ခန့်နှင့် ညဘက် ၁.၂ မဂ္ဂွါဝပ်ခန့်သာရှိသည့်အတွက် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားပိုမိုသုံးစွဲနိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ ကော့သောင်းကျောက် မီးသွေးသုံးဓာတ် အားပေးစက်ရုံ ကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
     သတင်း...Express Time