ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာ အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော
 ဆွေးနွေးမှုတစ်ခုကို ကျွန်တော် ပြန် လည် သတိရမိပါသည်။ အထူးသဖြင့် 
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။ ယခုအခါ 
ကျွန်တော် သည် ပြည်သူ့လွှတ်တော်တွင် အဆိုပြုတင်သွင်းရာ၌ တာဝန်အရှိဆုံး 
ပုဂ္ဂိုလ် ဖြစ်နေပါသည်။
ထိုကြောင့် ဤစာဖြင့် ကျွန်တော် သင့် ထံသို့ အလေးအနက် တောင်းဆိုအပ်ပါသည်။
 မြန်မာနိုင်ငံ၏ လုပ်ဆောင်နေသော ဒီမိုကရက်တစ် 
ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန် အစိုးရနှင့် ကွန်ဂရက်က 
အကန့်အသတ်များ ကို လျှော့ချလာသဖြင့် ကျေးဇူးတင်ပါသည်။ သို့သော် အမေရိကန် 
ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုသော 
အချိန်တွင် သင်တို့နိုင်ငံအတွက် ကျွန်တော်တို့ နိုင်ငံ၏ ထုတ်ကုန်ကို 
ပိတ်ပင်ဆဲဖြစ်သည်ကို ကြားသိ၍ စိတ်မကောင်း ဖြစ်မိပါသည်။ 
ဤခွဲခွဲခြားခြားကိစ္စများမှာ ပြည်သူတို့၏ ဝေဒနာများကို ဖြေသိမ့်ခြင်းငှာ 
မစွမ်းသာပါ။ အထူးသဖြင့် ဝေးလံသော ဒေသများတွင် နေထိုင် သော 
တိုင်းရင်းသားများအတွက် အလွန် ထိခိုက်စေပါသည်။
ထို့ကြောင့် ရှမ်းပြည်နယ် ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် 
စားလှယ် ဒေါ်နန်းဝါနုက ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် 
ပြည်သူ့လွှတ်တော်သို့ အရေးကြီးသော အဆိုတစ်ခုကို တင်ပြခဲ့ပါ သည်။ သူ၏ 
အဆိုတွင် ''၂ဝဝ၃ ခုနှစ် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို 
ပြင်ဆင်ခြင်းနှင့် အက်ဥပဒေ အောက်မှ ပို့ ကုန် ကန့်သတ်မှု ပြင်ဆင်ချက်'' ကို 
တင်ပြရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ကြပါသည်။ ဆွေးနွေးပွဲအတွင်းတွင် 
ကျွန်တော်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဤအဆိုသည် 
မည်မျှအရေးပါအရာရောက်ကြောင်း၊ ပြည်သူ့လွှတ်တော်က အချိန်နှင့်အညီ ကူညီ 
ထောက်ပံ့မှု ပြုလျှင် ထိရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤတင်ပြမှုကို ယခုစာနှင့် အတူ ပူးတွဲတင်ပြပါသည်။ လူကြီးမင်းခင်ဗျား။ 
လွှတ်တော်သို့ တင်ပြသော အဆိုကို မီဒီယာများတွင် ထည့်သွင်းဖော်ပြရာ 
ပြည်သူများထံမှ ကျယ်ကျယ်ပြန့် ပြန့် ဂရုစိုက်အလေးထားမှုရကြောင်း ကျွန်တော် 
အလေးအနက်ထား တင်ပြလိုပါသည်။ လူကြီးမင်းအနေဖြင့် ဒီမိုကရက်တစ် ပြုပြင် 
ပြောင်းလဲရေးကို ထောက်ခံသူဖြစ်ပါက မြန်မာနိုင်ငံသို့ ချမှတ်ထားသော 
မည်သည့်ပုံစံ၊ မည်သည့်နည်း အကန့်အသတ်မျိုးမဆို ကူညီအဆုံး သတ်လာလျှင် 
အထူးကျေးဇူးတင်မိပါမည်။ လူကြီးမင်းမှတစ်ဆင့် အစိုးရနှင့် အမေရိကန် 
ကွန်ဂရက်ကို အကန့်အသတ်များ ဆောလျင် စွာ ရပ်ဆိုင်းလာပါလျှင် ကျွန်ုပ်တို့၏ 
နောက်ကြောင်း ပြန်မလှည့်သော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်၍ 
အင်အားတိုး ပွားလာမည်ဖြစ်ကြောင်း ပြောလိုပါသည်။ လူကြီးမင်းအနေဖြင့် 
ကျွန်ုပ်၏ တင်ပြချက်အား အလေးအနက်ထား လက်ခံစဉ်းစားပေးပါရန် တင်ပြအပ်ပါသည်။
သူရရွှေမန်း
ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်

