25 July 2012

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့တွင်ပန်းလောင်မြစ်သဘာဝအတိုင်းစီးဆင်းရေးမြစ်သားမြို့တွင်လူထုဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့တွင် မြို့၏ ဘေးမှ ကွေ့ဝိုက်စီးဆင်းနေသော ပန်းလောင်မြစ်ပေါ်တွင်တည်ဆောက်ထားသည့် စမာဆည်ဖျက်သိမ်းပေးရန်နှင့် စမာဆည်ပေါ်ရှိရေလွှဲတံခါး တည်ဆောက်မှုအား ကန့်ကွက်သည့် အနေဖြင့် ပန်းလောင်မြစ်သဘာဝအတိုင်း စီးဆင်းရေး လူထုဆန္ဒဖော်ထုတ်ပွဲကို ဇူလိုင် ၂၅ရက် နံနက် ၉နာရီမှ ၁၀ နာရီအထိပြုလုပ် ခဲ့ကြသည်။ "တစ်မြောင်းကူးလည်း ရေမလွှဲ ၊နှစ်မြောင်းကူးလည်းရေမလွှဲ တောင်သူမွဲတာ ရေလွှဲဆည်ကြောင့်၊အကျိုးမပြုတဲ့ ရေလွှဲဆည်ဖျက်သိမ်းပေးပါ သမ္မတကြီး ၊တိုင်းပြည်ကြွေးမြီးလျော့လိုလျှင် အကျိုးမရှိရင် မလုပ်ကြပါနဲ့၊အသုံးမ၀င်တဲ့ ရေလွှဲဆည်တံခါးတပ်လည်း ဘာမှမထူး "စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်ကာမြစ်သားမြို့ လူထု ၁၀၀ က ငြိမ်းချမ်းစွာ၊လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့နေလူထုမှလည်း ဆန္ဒထုတ်ဖော်လှည့်လှည်သူများကို ၀န်းရံအားပေးခဲ့ကြသည်။ မြစ်သားမြို့ လူထုငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းကို ဥပဒေနှင့်အညီ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ခွင့် ရရန်လျှောက်လွှာတွင် ထည့်သွင်းတောင်းဆိုသည်။လူအင်အား ၊လှည့်လည်မည့်လမ်းကြောင်း အတိုင်းခွင့်ပြုခဲ့ခြင်း မရှိသော်လည်း ခွင့်ပြုမိန့်လမ်းကြောင်း ၊လူအင်အား အတိုင်းလှည်လည် ဆန္ဒထုတ်ဖော်ရာတွင်မှု နှောင်ယှက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ပြုလုပ်သူ မြစ်သားမြို့ခံ တစ်ဦးကပြောသည်။ မြစ်သားမြို့အနီး ပန်းလောင်မြစ်ပေါ်တွင် စမာရေလွှဲဆည်ကို ၁၉၉၇ / ၉၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စမာရေလွှဲဆည်ပေါ်ရှိ သဲထုတ်ရေတံခါးကို ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက တည်ဆောက်ပြီးစီးခဲ့ပြီး ပြီးခဲ့သည့် တနလာင်္နေ့ ဇူလိုင် ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မြစ်သားမြို့ခံများကပြောသည်။
သတင်း..... Popular Myanmar News Journal