23 July 2012

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ပြည်ခိုင်ဖြိုးပါတီဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပြောကြား



မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြင့်သည့် မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖြေကြားပြောဆိုခဲ့ကြောင်း Eleven Media Group ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် များနှင့် မီဒီယာများ၊ ပြည်သူ့အသံများက တရုတ်နိုင်ငံ၏ မြစ်ဆုံစီမံကိန်း ဆောက်လုပ်နေမှုများကို ကန့်ကွက်ခဲ့သည့်အတွက် ယင်းမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် ရန်ကုန်မြို့တော်ဝန်ပောာင်း(ငြိမ်း) ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
“မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက သူ့သက်တမ်းအတွင်းမှာ ဆက်မလုပ်တော့ပါဘူးလို့ ပြည်သူတွေကို ကတိပေးမှုအပေါ် ဦးအောင်သိန်းလင်းက ခြေနဲ့ဖျက်လိုက်တာပါပဲ။ အရင်အကျင့်ပောာင်းတွေကတော့ ပြန်ပေါ်လာပါပြီ။ သမ္မတကြီးအနေနဲ့ ဒီကိစ္စကို သေသေချာချာစဉ်းစားသင့်ပါတယ်။ ဦးအောင်သိန်းလင်းရဲ့ သူ့သဘောနဲ့သူ ပြောဆိုနေမှုတွေကိုလည်း ရပ်တန့်သင့်ပါတယ်”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်သီး၏ ပြောကြားခဲ့သည်။
ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ပြည်ခိုင်ဖြိုး(USDP)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် အငြင်း ပွားဖွယ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။
သတင်း... Eleven Media Group Website