ရခိုင်ပြည်နယ်တွင်း
ခုရက်ပိုင်းတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင်
လုပ်ပေးဖို့ ဒီနေ့မွန်းလွဲပိုင်း ၁ နာရီလောက်က သံဃာတော်အပါး ၁၀၀ ကျော်လောက်
က အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ သံဃာတော်တွေက
ပိုစတာတွေကိုင်စွဲပြီး ဆူးလေးဘုရား ရင်ပြင်မှာ လှည့်လည် ဆန္ဒပြခဲ့ကြပြီး
ခုရက်ပိုင်းအတွင်း သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် လည်း
မေတ္တာပို့ အမျှပေးဝေမှုတွေ လုပ်ခဲ့ကြပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြပွဲကို စောင့်ကြည့်မှုရှိပေမယ့် နှောင့်ယှက်တားဆီးတာတွေ မရှိဘူးလို့ သံဃာတော်တွေက မိန့်ပါတယ်။








သတင်း.. DVB